စီးပွားရေးလုပ်မယ်လို့ စဥ်းစားတဲ့အခါ မုဆိုးလိုကျင့်ပါ …

စီးပွားရေးလုပ်မယ်လို့ စဥ်းစားတဲ့အခါ မုဆိုးလိုကျင့်ပါ …

တခါတုန်းက စီးပွားရေးလုပ်တာ အဆင်မပြေလို့ စိတ်ညစ်နေတဲ့ လူငယ်လေးတယောက် ရှိတယ်။

လူငယ်လေးဟာ စိတ်ညစ်မှုတွေကို ဖြေဖျောက်ဖို့ သူ့အိမ်ရဲ့ မနီးမဝေးမှာရှိတဲ့ တောအုပ်လေးနားက စမ်းချောင်းလေးဘေးမှာ အေးအေးဆေးဆေး စိတ်ဖြေရင်း နည်းလမ်းသစ်တွေကို စဉ်းစားနေခဲ့တယ်။

အဲဒီလို နေ့စဉ်ထိုင်စဉ်းစားနေခဲ့တဲ့ နေ့ရက်တိုင်းမှာ သူ့နံဘေးကနေ မုဆိုးကြီးတဦးက တောကောင်တွေ တနေ့တမျိုး ရရလာကာ ဖြတ်သွားလေ့ရှိတာကို သတိထားမိတယ်။

အဲဒါနဲ့ တစ်ရက်တော့ ဗဟုသုတလည်းရအောင်ဆိုကာ မုဆိုးကြီးကို သားကောင်တွေ တနေ့တမျိုး ဘယ်လိုရအောင် လုပ်လဲလို့ မေးကြည့်ခဲ့တယ်။

မုဆိုးကြီးကလည်း အသက်ဝါကြီးသူ ဆိုတော့ လူ့လောကရဲ့ အတွေ့အကြုံများ အတော်အသင့် ရှိနေခဲ့ပြီ။ ဒါကြောင့်လူငယ်လေး စကားပြောတဲ့အခါမှာ ငါလည်း မင်းကို သတိထားမိပါတယ်။

ဘာကြောင့်ဒီနေရာမှာ လာလာပြီးထိုင်နေတာလဲလို့ ပြန်မေးတယ်။ ထိုအခါ လူငယ်ဟာ စီးပွားရေးလုပ်ရတာ အဆင်မပြေကြောင်း စိတ်ညစ်ညစ်နဲ့ ဖွင့်ဟပြောဆိုပါတော့တယ်။

ဒီအခါကျမှ မုဆိုးကြီးဟာ သူရဲ့မုဆိုးလောကနဲ့ ယှဉ်ပြီး စီးပွား ဘယ်လိုလုပ်ရတယ် ဆိုတာကို ပြောဆိုပါတော့တယ်။ စီးပွားရေး လုပ်တယ်ဆိုတာ အခုလုပ်ချင်တိုင်း ထလုပ်လို့ရတဲ့အရာ မဟုတ်ဘူး။

စီးပွားရေး မဆိုထားနဲ့ မင်းတို့တွေသင်တန်းလေးတစ်ခု တက်ချင်တယ် ဆိုရင်တောင်ကိုယ်တက်မယ့် သင်တန်းလေး ကောင်းမကောင်း၊ အခြေအနေ ဘယ်လိုရှိလဲ ကြိုတင် လေ့လာ စုံစမ်းရတယ်မဟုတ်လား။

ဒါ့ကြောင့် ကြိုတင်ပြင်ဆင်ခြင်းဟာ အောင်မြင်မှုအတွက် အရေးပါတဲ့ အချက်တချက်ပဲ။ စီးပွားရေးလုပ်တယ် ဆိုတာကလည်း ငါတို့လို မုဆိုးတယောက် သားကောင်လိုက်ဖို့ အားထုတ်ရတာနဲ့တူတယ်။

မုဆိုးဟာ သားကောင်မလိုက်ခင် တောရဲ့ အခြေအနေကို ကျွမ်းကျင်အောင် လေ့လာရတယ်။ ဘယ်နားမှာ ဘာရှိတယ်။ ဘယ်နေရာမှာ ဘယ်လိုလုပ်ရင်ဖြင့် သားကောင်ကို ရနိုင်မယ် စသဖြင့် လေ့လာမှတ်သားရတယ်။

ကိုယ်ကျင်လည်မယ့် နေရာမှာ မျက်စိလည် လမ်းမပျောက်သွားအောင်လည်း ကြိုးစားရတယ်။ သားကောင်လိုက်ရင်း လမ်းပျောက်သွားရင် သားကောင်လည်းရှုံး၊ လမ်းလည်းဆုံးတတ်သောကြောင့် ဖြစ်တယ်။

နောက်ပြီး တောကောင်တော့ ရချင်ပါရဲ့၊ တောကျွမ်းပေမယ့် သားကောင် ဖမ်းယူခြင်း အတတ်ပညာ မတတ်ရင်လည်း ငါတို့ လိုချင်တာ ရမှာမဟုတ်ဘူး။ တောလိုက်မယ်ဆိုမှတော့ တောင်ကောင်ရဖို့ ဒူးလေးပစ်တတ်ရမယ်။

အဲ့လိုမှ မပစ်တတ်ရင် အနည်းဆုံးထောင်ခြောက်တော့ ဆင်တတ်ရမယ်။ ဒါမှသာ လိုချင်တဲ့ တောကောင်ရမှာ ဖြစ်တယ်။

ဒူးလေးလည်း မပစ်တတ်၊ ထောင်ခြောက်လည်း မဆင်တတ်ရင်တော့ တောမလည်ခင် တတ်အောင်ကျင့်ကြံဖို့ ပထမဦးစွာ လိုအပ်မယ်။

နောက်တခုအနေနဲ့ ငါတို့အနေနဲ့ ဘာသားကောင် ရချင်တာလဲ၊ လိုချင်တာလဲဆိုတာ တွေးထားရတယ်။ ယုန်ကိုရချင်တာလား၊ ဂျီ၊ ဒရယ်ကို ရချင်တာလား။ တောင်ဆိတ်ကို ရချင်တာလား။

သို့မဟုတ် ငါးကိုရချင်တာလား အစရှိသဖြင့် ကိုယ်ရချင်တဲ့ ဟင်းသားက ကိုယ်လိုက်မယ့်တောမှာ ရှိပါ့မလား၊ ရနိုင်ပါ့မလား တွေးတတ်ရတယ်။

ငါးလိုချင်တယ်ဆို တောထဲသွားရှာလို့ မရဘူး။ ရေကန်ထဲ သွားရှာမှရမယ်။ ထို့အတူ ယုန်ရချင်ရင် ရေထဲသွားရှာလို့ မရဘူး။ တောထဲ သွားရှာမှရမယ်။ တောင်ဆိတ်ရချင် တောင်ကုန်းတွေပေါ် သွားရတယ်။

ဒါကြောင့် စီးပွားရေးလုပ်မယ်ဆို ငါတို့မုဆိုးတွေ ဘာသားကောင်ရချင်တာလဲ တွေးသလို ကိုယ်လုပ်မယ့် စီးပွားရေးက ဘာလဲ သိအောင်လုပ်ပါ။

ဒါ့အပြင် ငါတို့မုဆိုးတွေ တောကျွမ်းအောင် လေ့လာရသလို ကိုယ်လုပ်မယ့် စီးပွားရေးနယ်ပယ်ကို ကျွမ်းကျင်အောင် ကြိုတင် လေ့လာပါ။ ဥပမာ ကိုယ်က ပစ္စည်း အရောင်းအဝယ် လုပ်ချင်တယ် ဆိုပါစို့။

ကိုယ်ကျင်လည်မယ့် ဈေးကွက်က စားသုံးသူတွေက ဘာကြိုက်တတ်လဲ၊ ငွေပမာဏကို ဘယ်လိုတွေ သုံးစွဲသလဲ အစရှိသဖြင့် ဈေးကွက်နယ်ပယ်ရဲ့ လိုအပ်ချက် အသိပညာကို လေ့လာမှတ်သားရပါမယ်။

နောက်ဆုံးအနေနဲ့ ကိုယ်လုပ်တဲ့စီးပွားရေးက နေရာမှန်ဖို့ပါဘဲ။ ဆင်းရဲသားတွေကို ရွှေငွေကျောက်သံပတ္တမြား သွားရောင်းလို့ မရဘူး။ သူတို့ရဲ့ အဓိကလိုအပ်ချက်က စားဝတ်နေရေးဖြစ်တယ်။

ဒါကြောင့် သူတို့ကိုရောင်းချင်ရင် စားသောက်ကုန်နဲ့ အဝတ်အထည်ဘဲ အရောင်းသွက်မယ်။ရွှေငွေ၊ ကျောက်သံ ပတ္တမြား ရောင်းချင်ရင် သူဌေးအသိုင်းအဝိုင်းကပဲ ဝယ်ယူ သုံးစွဲနိုင်လိမ့်မယ်။ ဒါကြောင့်ကိုယ်ရောင်းမယ့် ဈေးကွက်နယ်ပယ်ကလည်း မှန်ကန်ဖို့ လိုအပ်တယ်။

မုဆိုးကြီးက လူငယ်ကို နိဂုံးစကားချုပ်ပေးလိုက်တာကတော့ စီးပွားရေး လုပ်မယ်ဆိုရင်၁။ ဘာရချင်လဲ၊ ဘာဖြစ်ချင်လဲ၊တွေးပါ။

၂။ ဖြစ်ချင်၊ ရချင်တဲ့အရာ ပေါ်လာရင် ဘယ်လိုပညာနဲ့ ရယူမလဲ လိုအပ်တဲ့ပညာ လေ့လာပါ။

၃။ ကိုယ်လုပ်မယ့် ဈေးကွက်နယ်ပယ်ကို လေ့လာပါ။

၄။ ကိုယ့်ကျင်လည်တဲ့ နယ်ပယ်ကိုမျက်စိ မလည်စေနဲ့။ မျက်စိမှားရင် အသိပါ မှားတတ်တယ်။

၅။ ကိုယ်လုပ်မယ့် စီးပွားနယ်ပယ်က ကိုယ်လုပ်တာနဲ့ ထပ်တူကျအောင်လုပ်ပါ။ စသည်တို့ ဖြစ်ပါတယ်။

Zawgyi

စီးပြားေရးလုပ္မယ္လို႔ စဥ္းစားတဲ့အခါ မုဆိုးလိုက်င့္ပါ …

တခါတုန္းက စီးပြားေရးလုပ္တာ အဆင္မေျပလို႔ စိတ္ညစ္ေနတဲ့ လူငယ္ေလးတေယာက္ ရွိတယ္။

လူငယ္ေလးဟာ စိတ္ညစ္မႈေတြကို ေျဖေဖ်ာက္ဖို႔ သူ႔အိမ္ရဲ႕ မနီးမေဝးမွာရွိတဲ့ ေတာအုပ္ေလးနားက စမ္းေခ်ာင္းေလးေဘးမွာ ေအးေအးေဆးေဆး စိတ္ေျဖရင္း နည္းလမ္းသစ္ေတြကို စဥ္းစားေနခဲ့တယ္။

အဲဒီလို ေန႔စဥ္ထိုင္စဥ္းစားေနခဲ့တဲ့ ေန႔ရက္တိုင္းမွာ သူ႔နံေဘးကေန မုဆိုးႀကီးတဦးက ေတာေကာင္ေတြ တေန႔တမ်ိဳး ရရလာကာ ျဖတ္သြားေလ့ရွိတာကို သတိထားမိတယ္။

အဲဒါနဲ႔ တစ္ရက္ေတာ့ ဗဟုသုတလည္းရေအာင္ဆိုကာ မုဆိုးႀကီးကို သားေကာင္ေတြ တေန႔တမ်ိဳး ဘယ္လိုရေအာင္ လုပ္လဲလို႔ ေမးၾကည့္ခဲ့တယ္။

မုဆိုးႀကီးကလည္း အသက္ဝါႀကီးသူ ဆိုေတာ့ လူ႔ေလာကရဲ႕ အေတြ႕အႀကဳံမ်ား အေတာ္အသင့္ ရွိေနခဲ့ၿပီ။ ဒါေၾကာင့္လူငယ္ေလး စကားေျပာတဲ့အခါမွာ ငါလည္း မင္းကို သတိထားမိပါတယ္။

ဘာေၾကာင့္ဒီေနရာမွာ လာလာၿပီးထိုင္ေနတာလဲလို႔ ျပန္ေမးတယ္။ ထိုအခါ လူငယ္ဟာ စီးပြားေရးလုပ္ရတာ အဆင္မေျပေၾကာင္း စိတ္ညစ္ညစ္နဲ႔ ဖြင့္ဟေျပာဆိုပါေတာ့တယ္။

ဒီအခါက်မွ မုဆိုးႀကီးဟာ သူရဲ႕မုဆိုးေလာကနဲ႔ ယွဥ္ၿပီး စီးပြား ဘယ္လိုလုပ္ရတယ္ ဆိုတာကို ေျပာဆိုပါေတာ့တယ္။ စီးပြားေရး လုပ္တယ္ဆိုတာ အခုလုပ္ခ်င္တိုင္း ထလုပ္လို႔ရတဲ့အရာ မဟုတ္ဘူး။

စီးပြားေရး မဆိုထားနဲ႔ မင္းတို႔ေတြသင္တန္းေလးတစ္ခု တက္ခ်င္တယ္ ဆိုရင္ေတာင္ကိုယ္တက္မယ့္ သင္တန္းေလး ေကာင္းမေကာင္း၊ အေျခအေန ဘယ္လိုရွိလဲ ႀကိဳတင္ ေလ့လာ စုံစမ္းရတယ္မဟုတ္လား။

ဒါ့ေၾကာင့္ ႀကိဳတင္ျပင္ဆင္ျခင္းဟာ ေအာင္ျမင္မႈအတြက္ အေရးပါတဲ့ အခ်က္တခ်က္ပဲ။ စီးပြားေရးလုပ္တယ္ ဆိုတာကလည္း ငါတို႔လို မုဆိုးတေယာက္ သားေကာင္လိုက္ဖို႔ အားထုတ္ရတာနဲ႔တူတယ္။

မုဆိုးဟာ သားေကာင္မလိုက္ခင္ ေတာရဲ႕ အေျခအေနကို ကြၽမ္းက်င္ေအာင္ ေလ့လာရတယ္။ ဘယ္နားမွာ ဘာရွိတယ္။ ဘယ္ေနရာမွာ ဘယ္လိုလုပ္ရင္ျဖင့္ သားေကာင္ကို ရႏိုင္မယ္ စသျဖင့္ ေလ့လာမွတ္သားရတယ္။

ကိုယ္က်င္လည္မယ့္ ေနရာမွာ မ်က္စိလည္ လမ္းမေပ်ာက္သြားေအာင္လည္း ႀကိဳးစားရတယ္။ သားေကာင္လိုက္ရင္း လမ္းေပ်ာက္သြားရင္ သားေကာင္လည္းရႈံး၊ လမ္းလည္းဆုံးတတ္ေသာေၾကာင့္ ျဖစ္တယ္။

ေနာက္ၿပီး ေတာေကာင္ေတာ့ ရခ်င္ပါရဲ႕၊ ေတာကြၽမ္းေပမယ့္ သားေကာင္ ဖမ္းယူျခင္း အတတ္ပညာ မတတ္ရင္လည္း ငါတို႔ လိုခ်င္တာ ရမွာမဟုတ္ဘူး။ ေတာလိုက္မယ္ဆိုမွေတာ့ ေတာင္ေကာင္ရဖို႔ ဒူးေလးပစ္တတ္ရမယ္။

အဲ့လိုမွ မပစ္တတ္ရင္ အနည္းဆုံးေထာင္ေျခာက္ေတာ့ ဆင္တတ္ရမယ္။ ဒါမွသာ လိုခ်င္တဲ့ ေတာေကာင္ရမွာ ျဖစ္တယ္။

ဒူးေလးလည္း မပစ္တတ္၊ ေထာင္ေျခာက္လည္း မဆင္တတ္ရင္ေတာ့ ေတာမလည္ခင္ တတ္ေအာင္က်င့္ႀကံဖို႔ ပထမဦးစြာ လိုအပ္မယ္။

ေနာက္တခုအေနနဲ႔ ငါတို႔အေနနဲ႔ ဘာသားေကာင္ ရခ်င္တာလဲ၊ လိုခ်င္တာလဲဆိုတာ ေတြးထားရတယ္။ ယုန္ကိုရခ်င္တာလား၊ ဂ်ီ၊ ဒရယ္ကို ရခ်င္တာလား။ ေတာင္ဆိတ္ကို ရခ်င္တာလား။

သို႔မဟုတ္ ငါးကိုရခ်င္တာလား အစရွိသျဖင့္ ကိုယ္ရခ်င္တဲ့ ဟင္းသားက ကိုယ္လိုက္မယ့္ေတာမွာ ရွိပါ့မလား၊ ရႏိုင္ပါ့မလား ေတြးတတ္ရတယ္။

ငါးလိုခ်င္တယ္ဆို ေတာထဲသြားရွာလို႔ မရဘူး။ ေရကန္ထဲ သြားရွာမွရမယ္။ ထို႔အတူ ယုန္ရခ်င္ရင္ ေရထဲသြားရွာလို႔ မရဘူး။ ေတာထဲ သြားရွာမွရမယ္။ ေတာင္ဆိတ္ရခ်င္ ေတာင္ကုန္းေတြေပၚ သြားရတယ္။

ဒါေၾကာင့္ စီးပြားေရးလုပ္မယ္ဆို ငါတို႔မုဆိုးေတြ ဘာသားေကာင္ရခ်င္တာလဲ ေတြးသလို ကိုယ္လုပ္မယ့္ စီးပြားေရးက ဘာလဲ သိေအာင္လုပ္ပါ။

ဒါ့အျပင္ ငါတို႔မုဆိုးေတြ ေတာကြၽမ္းေအာင္ ေလ့လာရသလို ကိုယ္လုပ္မယ့္ စီးပြားေရးနယ္ပယ္ကို ကြၽမ္းက်င္ေအာင္ ႀကိဳတင္ ေလ့လာပါ။ ဥပမာ ကိုယ္က ပစၥည္း အေရာင္းအဝယ္ လုပ္ခ်င္တယ္ ဆိုပါစို႔။

ကိုယ္က်င္လည္မယ့္ ေဈးကြက္က စားသုံးသူေတြက ဘာႀကိဳက္တတ္လဲ၊ ေငြပမာဏကို ဘယ္လိုေတြ သုံးစြဲသလဲ အစရွိသျဖင့္ ေဈးကြက္နယ္ပယ္ရဲ႕ လိုအပ္ခ်က္ အသိပညာကို ေလ့လာမွတ္သားရပါမယ္။

ေနာက္ဆုံးအေနနဲ႔ ကိုယ္လုပ္တဲ့စီးပြားေရးက ေနရာမွန္ဖို႔ပါဘဲ။ ဆင္းရဲသားေတြကို ေ႐ႊေငြေက်ာက္သံပတၱျမား သြားေရာင္းလို႔ မရဘူး။ သူတို႔ရဲ႕ အဓိကလိုအပ္ခ်က္က စားဝတ္ေနေရးျဖစ္တယ္။

ဒါေၾကာင့္ သူတို႔ကိုေရာင္းခ်င္ရင္ စားေသာက္ကုန္နဲ႔ အဝတ္အထည္ဘဲ အေရာင္းသြက္မယ္။

ေ႐ႊေငြ၊ ေက်ာက္သံ ပတၱျမား ေရာင္းခ်င္ရင္ သူေဌးအသိုင္းအဝိုင္းကပဲ ဝယ္ယူ သုံးစြဲႏိုင္လိမ့္မယ္။ ဒါေၾကာင့္ကိုယ္ေရာင္းမယ့္ ေဈးကြက္နယ္ပယ္ကလည္း မွန္ကန္ဖို႔ လိုအပ္တယ္။

မုဆိုးႀကီးက လူငယ္ကို နိဂုံးစကားခ်ဳပ္ေပးလိုက္တာကေတာ့ စီးပြားေရး လုပ္မယ္ဆိုရင္

၁။ ဘာရခ်င္လဲ၊ ဘာျဖစ္ခ်င္လဲ၊ေတြးပါ။

၂။ ျဖစ္ခ်င္၊ ရခ်င္တဲ့အရာ ေပၚလာရင္ ဘယ္လိုပညာနဲ႔ ရယူမလဲ လိုအပ္တဲ့ပညာ ေလ့လာပါ။

၃။ ကိုယ္လုပ္မယ့္ ေဈးကြက္နယ္ပယ္ကို ေလ့လာပါ။

၄။ ကိုယ့္က်င္လည္တဲ့ နယ္ပယ္ကိုမ်က္စိ မလည္ေစနဲ႔။ မ်က္စိမွားရင္ အသိပါ မွားတတ္တယ္။

၅။ ကိုယ္လုပ္မယ့္ စီးပြားနယ္ပယ္က ကိုယ္လုပ္တာနဲ႔ ထပ္တူက်ေအာင္လုပ္ပါ။ စသည္တို႔ ျဖစ္ပါတယ္။

Leave a Comment