အသက်ရှည်ဆေးပင် ပရန္နဝါ (သို့မဟုတ်) အားဆေးဘုရင် ပရန္နဝါ

အသက်ရှည်ဆေးပင် ပရန္နဝါ (သို့မဟုတ်) အားဆေးဘုရင် ပရန္နဝါ

ပရန္နဝါပင် အကြောင်းကို လူသားတို့ သိရှိခဲ့သည်မှာ လွန်ခဲ့သည့်နှစ်ပေါင်း ၅၀၀၀ ကျော်ခန့်ကပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် “သင်္ဂရေ သံဟိတာ ဘာဝပ္ပကာသကျမ်း” နှင့် “ဗ္ဗဂုဏ ပကာသနီကျမ်း” ကြီးတို့တွင် ပရန္နဝါပင်အကြောင်းများကို တခမ်းတနား ရေးသားမှတ်တမ်းတင်ထားသည်ကို လေ့လာတွေ့ရှိရပါသည်။

ပရန္နဝါပင်သည် ဝမ်းမီးကို တောက်စေခြင်း…ဝမ်းနှင့်ဆီးသက်လျှောရွှင်စေခြင်း…သလိပ်ကို ပယ်ဖျက်ခြင်း…အန်စေတတ်ခြင်း..

ဖောရောင်ရောဂါများကို ပယ်ဖျက်ခြင်း…ဆီးရောဂါကို ပယ်ဖျက်တတ်ခြင်း စသောဂုဏ်သတ္တိများ အပြည့်ရှိသည်။

ထို့အပြင် ရေဖျဉ်းရောဂါ…အူရောင်ရောဂါ…ကိုယ်အပြင်၌ အင်္ဂါကြီးငယ်တို့ ဖောရောင်ခြင်းရောဂါတို့ကိုလည်း ပျောက်ကင်းစေသည်။

ပရန္နဝါပင်သည် အားဆေးဘုရင်ဖြစ်သလို…အသက်ရှည်ဆေးဘုရင်လည်း ဖြစ်သည်။ ထို့ကြောင့် မြန်မာ့ရိုးရာဓလေ့ ဆေးပညာ၌သာ တွေ့ရသော ပရန္နဝါဆေးနည်းကို တင်ပြလိုက်ပါသည်။

ပရန္နဝါအာဆေးနည်း

၁…ပရန္နဝါ ၊ပါးပါးလွှာ ၊သကာပျားနှင့် ဖက်။

၂…ဒန့်သလွန်ပွင့် ၊ အုန်းဆံရင့် ၊ ချင့်ချိန်ညီမျှစွက်။

၃…နေ့စဉ်မှန်မှန် ၊ စားသုံးပြန် ၊ အားအင်တိုး၍တက်။

ပရန္နဝါ အားဆေးကို နေ့စဉ်ပုံမှန်မှီဝဲခြင်းဖြင့် အားအင်ပြည့်ဖြိုး၍ ပန်းသေ,ပန်းညှိုးရောဂါပျောက်ခြင်း, မှတ်ဉာဏ်အားကောင်းခြင်း,ဦးဏှောက်များ ကြည်လင်၍ တရားဘာဝနာများ ကျင့်ကြံအားထုတ်နိုင်ခြင်း, အသက်ရှည်ခြင်း စသောဘအကျိုးကျေးဇူးများကို ခံစားရမည်ဖြစ်သည်။

Zawgyi







ပရန္နဝါအာဆေးနည်း




ပရန္နဝါ အားဆေးကို နေ့စဉ်ပုံမှန်မှီဝဲခြင်းဖြင့် အားအင်ပြည့်ဖြိုး၍ ပန်းသေ,ပန်းညှိုးရောဂါပျောက်ခြင်း, မှတ်ဥာဏ်အားကောင်းခြင်း,ဦးဏှောက်များ ကြည်လင်၍ တရားဘာဝနာများ ကျင့်ကြံအားထုတ်နိုင်ခြင်း, အသက်ရှည်ခြင်း စသောဘအကျိုးကျေးဇူးများကို ခံစားရမည်ဖြစ်သည်။

Leave a Comment