မြန်မာနိုင်ငံမှ ကမ္ဘာကျော်ဘိန်းဘုရင် လော်စစ်ဟန် (သို့) “Godfather Of Heroin”

Godfather of Heroin (သို့) ဘိန်းဘုရင်လော်စစ်ဟန်

မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးရေးသမိုင်းကို ကြည့်ပါက ဗြိတိသျှတို့ အုပ်စိုးစဉ် ကိုလိုနီဘဝက စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဗြိတိသျှတို့က တရုတ်ပြည်ကြီးကို ဘိန်းစစ်ပွဲ ဆင်နွှဲပြီးနောက်ပိုင်း တရုတ်လူမျိုး အများအပြား မြန်မာနိုင်ငံ အတွင်းသို့ တံခါးမရှိ ဓါးမရှိ ၀င်ရောက် လာခဲ့ကြပါတယ်။

နောက်ပိုင်း မြန်မာပြည်မှာ တရုတ်ဘိန်းစားများ သာမက ဘိန်းရောင်းဝယ်သမားများ၊ ဘိန်းရှူခန်းများ ပေါ်ပေါက်ခဲ့ပြီး ဗြိတိသျှအစိုးရက ဘိန်းခန်းဖွင့်ခွင့် လိုင်စင်ပါ ထုတ်ပေးတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံနဲ့ ထိစပ်နေပြီး မြန်မာဘက်သို့ ဘိန်းစိုက်ပျိုးမှု ချဲ့ထွင်ရာတွင် ကိုးကန့်နဲ့ ၀ဒေသများတွင် ဘိန်းခင်းများ လွှမ်းခဲ့ပါတယ်။

ယခင်က ကြူကုတ်၊ ဝမ်တိန် နယ်စပ်မြို့များသည် ဘိန်းမှောင်ခိုကုန်ကူးရာ လမ်းကြောင်းများ ဖြစ်ခဲ့သည်။

ယနေ့ လူသိများသော ဘိန်းဘုရင် လော်စစ်ဟန်ကို မထင်မရှား ကိုးကန့်တရုတ် မိသားစုကနေ (၁၉၃၅) ခုနှစ်မှာ မွေးဖွားလာခဲ့တာ ဖြစ်ပြီး ဆယ်ကျော်သက်အရွယ်မှာ ကိုးကန့်စော်ဘွား မိသားစုရဲ့ လက်နက်ကိုင် တပ်ဖွဲ့ထဲကို ၀င်ရောက်ခဲ့ပါတယ်။

အသက််(၂၀)ကျော် အရွယ်မှာ ကိုးကန့်စော်ဘွားကြီးရဲ့ သမီးတော် (အိုလဗ်ယန်း ) ရဲ့ လက်ရုံးတပ်မှာ လော်စစ်ဟန်ဟာ တပ်မှုးတစ်ယောက်အဖြစ် တာဝန် ထမ်းဆောင်ခဲ့တာတွေဟာ သူရဲ့ ဘဝခရီး အစတွေပါ။

လော်စစ်ဟန်ကို တရုတ်နာမည်နှင့် အသံထွက်ပါက (လိုရှင်းဟန်) ဟူသော အသံက ပို၍ နီးစပ်ပါတယ်။ လော်စစ်ဟန်ရဲ့ဇနီး ကျန်ရှောင်ဝမ်သည် တရုတ်လူမျိုးဖြစ်ပြီး

၎င်းတို့မှာ သားသမီး ရှစ်ဦးရှိပြီး တစ်ဦးက စင်ကာပူတွင် တစ်ဦးက ထိုင်းနှင့် တစ်ဦးက ထိုင်ဝမ်တွင် တစ်ဦးက မြန်မာနိုင်ငံတွင် စသဖြင့် အခြေချပြီး စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့ကြပါတယ်။

လက်ရှိ မြန်မာနိုင်ငံတွင် လော်စစ်ဟန်သည် မြန်မာနိုင်ငံရဲ့ ထိိပ်ဆုံး စီးပွါးရေး လုပ်ငန်းကြီးဖြစ်သည့် (Asia World ) ကုမ္ပဏီကြီး တည်ထောင်ပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ သူ့သား Steven Law (ခေါ် ) ဦးထွန်းမြင့်နိုင်က စီအီးအို (အယ်ဒီ) အဖြစ် ဦးစီးလုပ်ကိုင်လျက် ရှိပါတယ်။

လော်စစ်ဟန် မမွေးခင် (၁၉၂၀ ) ပြည့်လွန် နှစ်များကတည်းက မြန်မာတရုတ် နယ်စပ်များတွင် ဘိန်းများ စတင် စိုက်ပျိုးခဲ့ပြီး ဖြစ်ပါတယ်။ ထိုခေတ်က လူသိများသော မူလဘိန်းဘုရင်မှာ အိုလစ်ဖ်ယန်း (Olive Yang) ဖြစ်ပြီး လော်စစ်ဟန် လူငယ်ဘဝကတည်းက ဘိန်းဘုရင်မ အိုလစ်ဖ်ယန်း၏ တပည့် ဖြစ်ခဲ့ပါတယ်။

ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှု ဖြစ်ပွါးပြီးနောက်ပိုင်း အိုလစ်ယန်းလည်း ထောင်ဒဏ် ချမှတ်ခံရပါတယ်။

အိုလဗ်ယန်း ထောင်ထဲမှာ ရှိနေစဉ် အချိန်တွေမှာ လော်စစ်ဟန်ဟာ ရွှေတြိဂံ ဘိန်းမှောင်ခိုလုပ်ငန်း လည်ပတ်ပုံကို ပိုရင်းနှီးလာပြီး ပြည်ပ ဘိန်းကုန်သည် တွေနဲ့ ထိစပ်မှု ရှိလာခဲ့ပါတယ်။

ဗမာပြည် ကွန်မြူနစ်ပါတီက အရှေ့မြောက် မြန်မာ – တရုတ်ပြည် နယ်စပ်မှာ စစ်မျက်နှာ အသစ် ဖွင့်တဲ့အခါမှာတော့ ကိုးကန့်စော်ဘွားနဲ့ အနွယ်တွေလည်း မောင်းထုတ်ခံရကာ (ဘိန်းဘုရင်မ အိုလဗ်ယန်း) လည်း တစ်ဇာတ် သိမ်းသွားပါတော့တယ်။

ဗမာပြည် ကွန်မြူနစ်ပါတီကြောင့် သူရဲ့အရှင်သခင် ကိုးကန့်စော်ဘွားလည်း မောင်းထုတ်ခံရ ၊ ကိုးကန့် ဘိန်းရာဇာပေါက်စတွေလည်း ဖရိုဖရဲ ဖြစ်တဲ့အခါမှာ လော်စစ်ဟန်လည်း ဗကပတွေကို စိတ်နာပြီး နယ်စွန် နယ်ဖျား ဒေသတွေကို ရောက်ရှိသွားပါတယ်။

မြန်မာနိုင်ငံ နိုင်ငံရေးတွင် ဗကပ အလံဖြူ ကွန်မြူနစ်ပါတီ တောခိုပြီးနောက် ပဲခူးရိုးမတွင် အခြေစိုက်ကာ ထကြွ ပုန်ကန်ခဲ့ပြီး၊ ပဲခူးရိုးမတွင် တပ်မတော်က ဖြိုခွင်းနိုင်သောအခါ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းသို့ ပြောင်းရွှေ့လျက် ၀၊ ကိုးကန့် တိုင်းရင်းသားများနှင့် ပူးပေါင်းကာ ဗကပတို့ ခြေကုတ် ယူခဲ့ပြန်ပါတယ်။

ထိုဒေသမှ ကွန်မြူနှစ်တို့ကို တပ်မတော်မှ နှိမ်နင်းသောအခါ ဦးနေဝင်း လက်ထက်က စီမံချက်အရ နယ်မြေခံ လက်နက်ကိုင်တိုင်းရင်းသားများကို ပြည်သူ့စစ်ကာကွယ်ရေးတပ် အသွင်နှင့် ပူးပေါင်းခဲ့ပါတယ်။ ထိုအခါ နောက်လိုက် လက်နက်ကိုင်အင်အား အသင့်အတင့်ရှိသော (လော်စစ်ဟန်) ကို ကာကွယ်ရေး ခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့ပါတယ်။

လော်စစ်ဟန် ခေါင်းဆောင်သော သူ့တပ်ဖွဲ့ တွေဟာ အစိုးရစစ်တပ်တွေနဲ့ ပူးပေါင်းပြီး ဗမာပြည် ကွန်မြူနစ်ပါတီကို ဆန့်ကျင် တိုက်ခိုက်ပေးခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ ဗိုလ်ချုပ်နေဝင်း အစိုးရက အသိအမှတ်ပြုတဲ့ ဘိန်းမှောင်ခိုဘ၀ ရောက်သွားပြီး ဒေသတွင်းမှာ တရားမ၀င် ဘိန်းထုတ်လုပ် ရောင်းချနိုင်ခွင့် ရရှိသွားပါတယ်။

အာဏာရှင် ဦးနေဝင်းရဲ့ ခွင့်ပြုမှုနဲ့ ဘိန်းသယ်ဆောင် ရောင်းချနိုင်ခဲ့တာဟာ လော်စစ်ဟန် တစ်ယောက် ကျိကျိတက် ချမ်းသာဖို့နဲ့ ဘိန်းရာဇာ ဖြစ်လာဖို့ လမ်းစ ဖြစ်လာပါတယ်။

ရွှေတြိဂံဒေသ ဘိန်းထုတ်လုပ်မှု မြင့်တက်လာတာနဲ့အတူ လော်စစ်ဟန်လည်း ကိုးကန့်နဲ့ ထိုင်း မြန်မာ နယ်စပ် မှာ ထင်ရှားသူ တစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။

နောက်ပိုင်း အရှေ့မြောက်ပိုင်း ဒေသကို ဗမာပြည် ကွန်မြူနစ်ပါတီ ရောက်ရှိလာပြီး ကိုးကန့် စော်ဘွားတွေကို မောင်းထုတ်လိုက်တဲ့အခါ လော်စစ်ဟန်အတွက် ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်အဖြစ် ရှေ့တန်း ရောက်ဖို့ အခွင့်အရေး ရလာပါတယ်။

၁၉၇၀ ကျော် အစပိုင်း ကာလတွေ အထိ သူဟာ အစိုးရ တပ်မတော်နဲ့ လက်တွဲပြီး ဗမာပြည် ကွန်မြူနစ် ပါတီကို ပူးပေါင်း တိုက်ခိုက်ခဲ့သလို ဘိန်းကုန်ကူးပြီးလည်း ချမ်းသာ ခဲ့ပါတယ်။

၁၉၇၃ ခုနှစ်မှာ ကာကွယ်ရေး တပ်ဖွဲ့တွေကို ဖျက်သိမ်းလိုက်တဲ့ နောက်ပိုင်းမှာတော့ သူ့တပ်ဖွဲ့ဟာ တရားမဝင် မြေအောက်တပ်ဖွဲ့ ဖြစ်သွားပြီး နောက်ပိုင်းမှာ ဘိန်းရာဇာ အဖြစ် ထိုင်းစစ်တပ်က သူ့ကို ဖမ်းပြီး မြန်မာအစိုးရလက် အပ် လိုက်ပါတယ်။

နာမည်ကြီး ဘိန်းသမားလည်း ဖြစ်ပြီးနိုင်ငံတကာကလည်း လိုလားနေတဲ့ ဘိန်းရာဇာ ဖြစ်တဲ့အတွက် မြန်မာ အစိုးရက သူ့ကို သေဒဏ် အပြစ်ပေး လိုက်ပါတယ်။

ဒါပေမဲ့ သူ့ကို ဘိန်းမှုနဲ့ အပြစ် ပေးခဲ့တာတော့ မဟုတ်ပါဘူး။သူ့ကို အစိုးရက ဘိန်းကုန်ကူးခွင့် ပေးထားတာ ဖြစ်တဲ့အတွက် သူ့ကို တရားစွဲတဲ့အခါ သူပုန်မှုနဲ့သာ တရားစွဲခဲ့ပါတယ်။

အဲဒီ (သေဒဏ်) ကိုလည်း ဘယ်တော့မှ လက်တွေ့ အကောင်အထည် မဖော်ခဲ့ပါဘူး။ သေဒဏ်နဲ့ အင်းစိန် ထောင် တွင်းမှာ အကျဉ်းကျခံရစဉ် သူဟာ တခြား အကျဉ်းသားတွေနဲ့လည်း မတူတဲ့ စည်းစိမ် အပြည့်အ၀ ခံစား ပြီးနေခဲ့ရပါတယ် ။

အဲဒီနောက် (၁၉၈ဝ ) ပြည့်နှစ် ဦးနေဝင်းလက်ထက်မှာ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်ပါတယ်။ အဲသလို လွှတ်ပေးလိုက်ပြီးတဲ့ နောက်မှာ သူဟာ လားရှိုး ပြန်သွားခဲ့ပါတယ်။ လားရှိုးမှာ အရင်က ကာကွယ်ရေးတပ်ထက် ပိုပြီး အင်အားကြီးမားတဲ့ ပြည်သူ့ စစ်ကို ထူထောင်ပါတယ်။

လော်စစ်ဟန် ထောင်ဒဏ် ကျခံနေရစဉ်မှာ သူရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ MTA ခေါင်းဆောင် (ခွန်ဆာ ) နဲ့ ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင် (ဖုန်ကြားရှင်) တို့ဟာ ထင်ရှားတဲ့ ဘိန်းရာဇာတွေ ဖြစ်လာခဲ့ကြပါတယ်။

လော်စစ်ဟန် ထောင်က လွတ်လာပြီးတစ်နှစ်အတွင်းမှပဲ ကိုးကန့်ဒေသမှာ ဘိန်းဖြူချက် စက်ရုံ (၁၇) ခုအထိ တိုးချဲ့ တည်ထောင်ခဲ့ပြီး၊ သူရဲ့ ဆုံးရှုံးခဲ့ရတဲ့ မူးယစ်ဆေးဝါး အင်ပါယာကို ပြန်လည်ကြိုးကိုင်ပြီး သူ မရှိစဉ် နေရာယူ ကြီးစိုးခဲ့သည့် ပြိုင်ဖက်ခွန်ဆာကို လွှမ်းမိုးရန် အစီအစဉ်ချ ဆောင်ရွက်ခဲ့ပါတယ်။

ဒါနဲ့ဘဲ ရွှေတြိဂံနယ်မှာ သူ့သြဇာ ကြီးထွား လာခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်း သူ့သြဇာ ပိုကြီးလာတာက (၁၉၈၉ )ခုနှစ် ကွန်မြူနစ် ပါတီ အတွင်းမှာ တိုင်းရင်းသားတွေရဲ့ ပုန်ကန်မှု ဖြစ်လာတဲ့အချိန်မှာ သူဟာ (နဝတ) အစိုးရအတွက် အလွန် အရေးပါတဲ့ လူတယောက် ဖြစ်လာခဲ့ပါတယ်။

အဲဒီအချိန် မြန်မာပြည်မှာ အလွန် အရေးကြီးတဲ့ (၁၉၈၈) ရှစ်လေးလုံး အရေးအခင်းကြီး ဖြစ်ခဲ့ပါတယ်။ ထောင်သောင်းချီတဲ့ ကျောင်းသားတွေဟာ တောခိုခဲ့ကြပါတယ်။

အဲဒီ အချိန်က ကျောင်းသား တွေကို လက်နက် ခွဲဝေ တပ်ဆင် ပေးနိုင်စွမ်း ရှိတဲ့ တခုတည်းသော လက်နက်ကိုင် တပ်ဖွဲ့ဟာ ဗမာပြည် ကွန်မြူနစ် ပါတီပေါ့။

ကျောင်းသားတွေကို ကွန်မြူနစ်ပါတီက လက်နက် တပ်ဆင် ပေးနိုင်ခဲ့ရင် အခြေအနေတွေဟာ တမျိုးတဖုံ ဖြစ်သွားနိုင်ခဲ့ပြီး ဒါပေမဲ့လည်း အဲဒါတွေ က ဖြစ်မလာခဲ့ပါဘူး။ နောက်ပိုင်း ကွန်မြူနစ်များကို တိုက်ခိုက်ရာတွင် လော်စစ်ဟန်၏ အကူအညီ ရရှိခဲ့ပြီး (၁၉၈၉ ) ခုနှစ်တွင် ကိုးကန့်နှင့် ၀ သောင်းကျန်းသူ အဖွဲ့များက ကွန်မြူနစ်တို့ ရဲ့ ခေါင်းဆောင်မှုကို ဆန့်ကျင် တော်လှန်နိုင်ခဲ့ပါတယ်။

ဗမာပြည် ကွန်မြူနစ် ပါတီကို တိုင်းရင်းသားတွေက ပုန်ကန်လိုက်တဲ့အခါ ထောက်လှမ်းရေး ဗိုလ်ချုပ် ခင်ညွန့်က တိုင်းရင်းသားတွေနဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ ပြန်ပြီး မပေါင်းစည်းနိုင်ဖို့ စေ့စပ်တဲ့အဖွဲ့ တဖွဲ့ေလွှတ်လိုက်ပါတယ်။

အဲဒီအဖွဲ့က အောလစ်ဗ်ယန်း၊ လော်စစ်ဟန်နဲ့ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးတို့ ခေါင်းဆောင်တဲ့ အဖွဲ့ပါပဲ။

ကျောင်းသားတွေကို လက်နက် မထောက်ပံ့ဖို့နဲ့ အစိုးရနဲ့ စစ်ရပ်စဲရင် ရမယ့် စီးပွားရေး လုပ်ပိုင်ခွင့်တွေနဲ့ တိုင်းရင်းသား အဖွဲ့တွေကို မြန်မာစစ်အစိုးရက အပိုင် စည်းရုံး နိုင်ခဲ့ပါတယ်။

စစ်အစိုးရကို ကူညီခဲ့မှုကြောင့်မျက်နှာသာပေးခြင်း ခံခဲ့ရပြီး ဗမာပြည် ကွန်မြူနစ်ပါတီကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ လော်စစ်ဟန်ကို အစိုးရက အသုံးချလို့ ရနေလို့ပါ။

အဲဒီနောက် သူ့သြဇာအာဏာ အကြီးဆုံးကာလကို ရောက်သွား ပါတယ်။သူဟာ ၁၉၉၂ ခုနှစ်မှာ (အေးရှားဝါးလ် ) ကုမ္ပဏီ ထူထောင်ခွင့်ရခဲ့ပြီး ရန်ကုန်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။

Zawgyi

Godfather of Heroin (သို႔) ဘိန္းဘုရင္ေလာ္စစ္ဟန္

ျမန္မာႏိုင္ငံရဲ႕ ဘိန္းစိုက္ပ်ိဳးေရးသမိုင္းကို ၾကည့္ပါက ၿဗိတိသွ်တို႔ အုပ္စိုးစဥ္ ကိုလိုနီဘဝက စတင္ခဲ့ျခင္း ျဖစ္ပါတယ္။ ၿဗိတိသွ်တို႔က တ႐ုတ္ျပည္ႀကီးကို ဘိန္းစစ္ပြဲ ဆင္ႏႊဲၿပီးေနာက္ပိုင္း တ႐ုတ္လူမ်ိဳး အမ်ားအျပား ျမန္မာႏိုင္ငံ အတြင္းသို႔ တံခါးမရွိ ဓါးမရွိ ၀င္ေရာက္ လာခဲ့ၾကပါတယ္။

ေနာက္ပိုင္း ျမန္မာျပည္မွာ တ႐ုတ္ဘိန္းစားမ်ား သာမက ဘိန္းေရာင္းဝယ္သမားမ်ား၊ ဘိန္းရႉခန္းမ်ား ေပၚေပါက္ခဲ့ၿပီး ၿဗိတိသွ်အစိုးရက ဘိန္းခန္းဖြင့္ခြင့္ လိုင္စင္ပါ ထုတ္ေပးတဲ့အထိ ျဖစ္လာခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္သည္ ျမန္မာႏိုင္ငံနဲ႔ ထိစပ္ေနၿပီး ျမန္မာဘက္သို႔ ဘိန္းစိုက္ပ်ိဳးမႈ ခ်ဲ႕ထြင္ရာတြင္ ကိုးကန႔္နဲ႔ ၀ေဒသမ်ားတြင္ ဘိန္းခင္းမ်ား လႊမ္းခဲ့ပါတယ္။

ယခင္က ၾကဴကုတ္၊ ဝမ္တိန္ နယ္စပ္ၿမိဳ႕မ်ားသည္ ဘိန္းေမွာင္ခိုကုန္ကူးရာ လမ္းေၾကာင္းမ်ား ျဖစ္ခဲ့သည္။

ယေန႔ လူသိမ်ားေသာ ဘိန္းဘုရင္ ေလာ္စစ္ဟန္ကို မထင္မရွား ကိုးကန႔္တ႐ုတ္ မိသားစုကေန (၁၉၃၅) ခုႏွစ္မွာ ေမြးဖြားလာခဲ့တာ ျဖစ္ၿပီး ဆယ္ေက်ာ္သက္အ႐ြယ္မွာ ကိုးကန႔္ေစာ္ဘြား မိသားစုရဲ႕ လက္နက္ကိုင္ တပ္ဖြဲ႕ထဲကို ၀င္ေရာက္ခဲ့ပါတယ္။

အသက္္(၂၀)ေက်ာ္ အ႐ြယ္မွာ ကိုးကန႔္ေစာ္ဘြားႀကီးရဲ႕ သမီးေတာ္ (အိုလဗ္ယန္း ) ရဲ႕ လက္႐ုံးတပ္မွာ ေလာ္စစ္ဟန္ဟာ တပ္မႈးတစ္ေယာက္အျဖစ္ တာဝန္ ထမ္းေဆာင္ခဲ့တာေတြဟာ သူရဲ႕ ဘဝခရီး အစေတြပါ။

ေလာ္စစ္ဟန္ကို တ႐ုတ္နာမည္ႏွင့္ အသံထြက္ပါက (လိုရွင္းဟန္) ဟူေသာ အသံက ပို၍ နီးစပ္ပါတယ္။ ေလာ္စစ္ဟန္ရဲ႕ဇနီး က်န္ေရွာင္ဝမ္သည္ တ႐ုတ္လူမ်ိဳးျဖစ္ၿပီး

၎တို႔မွာ သားသမီး ရွစ္ဦးရွိၿပီး တစ္ဦးက စင္ကာပူတြင္ တစ္ဦးက ထိုင္းႏွင့္ တစ္ဦးက ထိုင္ဝမ္တြင္ တစ္ဦးက ျမန္မာႏိုင္ငံတြင္ စသျဖင့္ အေျခခ်ၿပီး စီးပြားေရး လုပ္ငန္းမ်ား လုပ္ကိုင္ခဲ့ၾကပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံတြင္ ေလာ္စစ္ဟန္သည္ ျမန္မာႏိုင္ငံရဲ႕ ထိိပ္ဆုံး စီးပြါးေရး လုပ္ငန္းႀကီးျဖစ္သည့္ (Asia World ) ကုမၸဏီႀကီး တည္ေထာင္ၿပီး ဥကၠ႒အျဖစ္ ေဆာင္႐ြက္ခဲ့ပါတယ္။ သူ႔သား Steven Law (ေခၚ ) ဦးထြန္းျမင့္ႏိုင္က စီအီးအို (အယ္ဒီ) အျဖစ္ ဦးစီးလုပ္ကိုင္လ်က္ ရွိပါတယ္။

ေလာ္စစ္ဟန္ မေမြးခင္ (၁၉၂၀ ) ျပည့္လြန္ ႏွစ္မ်ားကတည္းက ျမန္မာတ႐ုတ္ နယ္စပ္မ်ားတြင္ ဘိန္းမ်ား စတင္ စိုက္ပ်ိဳးခဲ့ၿပီး ျဖစ္ပါတယ္။ ထိုေခတ္က လူသိမ်ားေသာ မူလဘိန္းဘုရင္မွာ အိုလစ္ဖ္ယန္း (Olive Yang) ျဖစ္ၿပီး ေလာ္စစ္ဟန္ လူငယ္ဘဝကတည္းက ဘိန္းဘုရင္မ အိုလစ္ဖ္ယန္း၏ တပည့္ ျဖစ္ခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္ေနဝင္း ဦးေဆာင္တဲ့ စစ္အာဏာသိမ္းမႈ ျဖစ္ပြါးၿပီးေနာက္ပိုင္း အိုလစ္ယန္းလည္း ေထာင္ဒဏ္ ခ်မွတ္ခံရပါတယ္။

အိုလဗ္ယန္း ေထာင္ထဲမွာ ရွိေနစဥ္ အခ်ိန္ေတြမွာ ေလာ္စစ္ဟန္ဟာ ေ႐ႊႀတိဂံ ဘိန္းေမွာင္ခိုလုပ္ငန္း လည္ပတ္ပုံကို ပိုရင္းႏွီးလာၿပီး ျပည္ပ ဘိန္းကုန္သည္ ေတြနဲ႔ ထိစပ္မႈ ရွိလာခဲ့ပါတယ္။

ဗမာျပည္ ကြန္ျမဴနစ္ပါတီက အေရွ႕ေျမာက္ ျမန္မာ – တ႐ုတ္ျပည္ နယ္စပ္မွာ စစ္မ်က္ႏွာ အသစ္ ဖြင့္တဲ့အခါမွာေတာ့ ကိုးကန႔္ေစာ္ဘြားနဲ႔ အႏြယ္ေတြလည္း ေမာင္းထုတ္ခံရကာ (ဘိန္းဘုရင္မ အိုလဗ္ယန္း) လည္း တစ္ဇာတ္ သိမ္းသြားပါေတာ့တယ္။

ဗမာျပည္ ကြန္ျမဴနစ္ပါတီေၾကာင့္ သူရဲ႕အရွင္သခင္ ကိုးကန႔္ေစာ္ဘြားလည္း ေမာင္းထုတ္ခံရ ၊ ကိုးကန႔္ ဘိန္းရာဇာေပါက္စေတြလည္း ဖ႐ိုဖရဲ ျဖစ္တဲ့အခါမွာ ေလာ္စစ္ဟန္လည္း ဗကပေတြကို စိတ္နာၿပီး နယ္စြန္ နယ္ဖ်ား ေဒသေတြကို ေရာက္ရွိသြားပါတယ္။

ျမန္မာႏိုင္ငံ ႏိုင္ငံေရးတြင္ ဗကပ အလံျဖဴ ကြန္ျမဴနစ္ပါတီ ေတာခိုၿပီးေနာက္ ပဲခူး႐ိုးမတြင္ အေျခစိုက္ကာ ထႂကြ ပုန္ကန္ခဲ့ၿပီး၊ ပဲခူး႐ိုးမတြင္ တပ္မေတာ္က ၿဖိဳခြင္းႏိုင္ေသာအခါ ရွမ္းျပည္နယ္ အေရွ႕ေျမာက္ပိုင္းသို႔ ေျပာင္းေ႐ႊ႕လ်က္ ၀၊ ကိုးကန႔္ တိုင္းရင္းသားမ်ားႏွင့္ ပူးေပါင္းကာ ဗကပတို႔ ေျခကုတ္ ယူခဲ့ျပန္ပါတယ္။

ထိုေဒသမွ ကြန္ျမဴႏွစ္တို႔ကို တပ္မေတာ္မွ ႏွိမ္နင္းေသာအခါ ဦးေနဝင္း လက္ထက္က စီမံခ်က္အရ နယ္ေျမခံ လက္နက္ကိုင္တိုင္းရင္းသားမ်ားကို ျပည္သူ႔စစ္ကာကြယ္ေရးတပ္ အသြင္ႏွင့္ ပူးေပါင္းခဲ့ပါတယ္။ ထိုအခါ ေနာက္လိုက္ လက္နက္ကိုင္အင္အား အသင့္အတင့္ရွိေသာ (ေလာ္စစ္ဟန္) ကို ကာကြယ္ေရး ေခါင္းေဆာင္အျဖစ္ခန႔္အပ္ခဲ့ပါတယ္။

ေလာ္စစ္ဟန္ ေခါင္းေဆာင္ေသာ သူ႔တပ္ဖြဲ႕ ေတြဟာ အစိုးရစစ္တပ္ေတြနဲ႔ ပူးေပါင္းၿပီး ဗမာျပည္ ကြန္ျမဴနစ္ပါတီကို ဆန႔္က်င္ တိုက္ခိုက္ေပးခဲ့ပါတယ္။

သိပ္မၾကာခင္မွာပဲ ဗိုလ္ခ်ဳပ္ေနဝင္း အစိုးရက အသိအမွတ္ျပဳတဲ့ ဘိန္းေမွာင္ခိုဘ၀ ေရာက္သြားၿပီး ေဒသတြင္းမွာ တရားမ၀င္ ဘိန္းထုတ္လုပ္ ေရာင္းခ်ႏိုင္ခြင့္ ရရွိသြားပါတယ္။

အာဏာရွင္ ဦးေနဝင္းရဲ႕ ခြင့္ျပဳမႈနဲ႔ ဘိန္းသယ္ေဆာင္ ေရာင္းခ်ႏိုင္ခဲ့တာဟာ ေလာ္စစ္ဟန္ တစ္ေယာက္ က်ိက်ိတက္ ခ်မ္းသာဖို႔နဲ႔ ဘိန္းရာဇာ ျဖစ္လာဖို႔ လမ္းစ ျဖစ္လာပါတယ္။

ေ႐ႊႀတိဂံေဒသ ဘိန္းထုတ္လုပ္မႈ ျမင့္တက္လာတာနဲ႔အတူ ေလာ္စစ္ဟန္လည္း ကိုးကန႔္နဲ႔ ထိုင္း ျမန္မာ နယ္စပ္ မွာ ထင္ရွားသူ တစ္ေယာက္ ျဖစ္လာခဲ့ပါေတာ့တယ္။

ေနာက္ပိုင္း အေရွ႕ေျမာက္ပိုင္း ေဒသကို ဗမာျပည္ ကြန္ျမဴနစ္ပါတီ ေရာက္ရွိလာၿပီး ကိုးကန႔္ ေစာ္ဘြားေတြကို ေမာင္းထုတ္လိုက္တဲ့အခါ ေလာ္စစ္ဟန္အတြက္ ကာကြယ္ေရးတပ္ဖြဲ႕ေခါင္းေဆာင္အျဖစ္ ေရွ႕တန္း ေရာက္ဖို႔ အခြင့္အေရး ရလာပါတယ္။

၁၉၇၀ ေက်ာ္ အစပိုင္း ကာလေတြ အထိ သူဟာ အစိုးရ တပ္မေတာ္နဲ႔ လက္တြဲၿပီး ဗမာျပည္ ကြန္ျမဴနစ္ ပါတီကို ပူးေပါင္း တိုက္ခိုက္ခဲ့သလို ဘိန္းကုန္ကူးၿပီးလည္း ခ်မ္းသာ ခဲ့ပါတယ္။

 

၁၉၇၃ ခုႏွစ္မွာ ကာကြယ္ေရး တပ္ဖြဲ႕ေတြကို ဖ်က္သိမ္းလိုက္တဲ့ ေနာက္ပိုင္းမွာေတာ့ သူ႔တပ္ဖြဲ႕ဟာ တရားမဝင္ ေျမေအာက္တပ္ဖြဲ႕ ျဖစ္သြားၿပီး ေနာက္ပိုင္းမွာ ဘိန္းရာဇာ အျဖစ္ ထိုင္းစစ္တပ္က သူ႔ကို ဖမ္းၿပီး ျမန္မာအစိုးရလက္ အပ္ လိုက္ပါတယ္။

နာမည္ႀကီး ဘိန္းသမားလည္း ျဖစ္ၿပီးႏိုင္ငံတကာကလည္း လိုလားေနတဲ့ ဘိန္းရာဇာ ျဖစ္တဲ့အတြက္ ျမန္မာ အစိုးရက သူ႔ကို ေသဒဏ္ အျပစ္ေပး လိုက္ပါတယ္။

ဒါေပမဲ့ သူ႔ကို ဘိန္းမႈနဲ႔ အျပစ္ ေပးခဲ့တာေတာ့ မဟုတ္ပါဘူး။သူ႔ကို အစိုးရက ဘိန္းကုန္ကူးခြင့္ ေပးထားတာ ျဖစ္တဲ့အတြက္ သူ႔ကို တရားစြဲတဲ့အခါ သူပုန္မႈနဲ႔သာ တရားစြဲခဲ့ပါတယ္။

အဲဒီ (ေသဒဏ္) ကိုလည္း ဘယ္ေတာ့မွ လက္ေတြ႕ အေကာင္အထည္ မေဖာ္ခဲ့ပါဘူး။ ေသဒဏ္နဲ႔ အင္းစိန္ ေထာင္ တြင္းမွာ အက်ဥ္းက်ခံရစဥ္ သူဟာ တျခား အက်ဥ္းသားေတြနဲ႔လည္း မတူတဲ့ စည္းစိမ္ အျပည့္အ၀ ခံစား ၿပီးေနခဲ့ရပါတယ္ ။

အဲဒီေနာက္ (၁၉၈ဝ ) ျပည့္ႏွစ္ ဦးေနဝင္းလက္ထက္မွာ လြတ္ၿငိမ္း ခ်မ္းသာခြင့္နဲ႔ လႊတ္ေပးလိုက္ပါတယ္။ အဲသလို လႊတ္ေပးလိုက္ၿပီးတဲ့ ေနာက္မွာ သူဟာ လားရႈိး ျပန္သြားခဲ့ပါတယ္။ လားရႈိးမွာ အရင္က ကာကြယ္ေရးတပ္ထက္ ပိုၿပီး အင္အားႀကီးမားတဲ့ ျပည္သူ႔ စစ္ကို ထူေထာင္ပါတယ္။

ေလာ္စစ္ဟန္ ေထာင္ဒဏ္ က်ခံေနရစဥ္မွာ သူရဲ႕ ၿပိဳင္ဘက္ေတြျဖစ္တဲ့ MTA ေခါင္းေဆာင္ (ခြန္ဆာ ) နဲ႔ ကိုးကန႔္တပ္ဖြဲ႕ ေခါင္းေဆာင္ (ဖုန္ၾကားရွင္) တို႔ဟာ ထင္ရွားတဲ့ ဘိန္းရာဇာေတြ ျဖစ္လာခဲ့ၾကပါတယ္။

ေလာ္စစ္ဟန္ ေထာင္က လြတ္လာၿပီးတစ္ႏွစ္အတြင္းမွပဲ ကိုးကန႔္ေဒသမွာ ဘိန္းျဖဴခ်က္ စက္႐ုံ (၁၇) ခုအထိ တိုးခ်ဲ႕ တည္ေထာင္ခဲ့ၿပီး၊ သူရဲ႕ ဆုံးရႈံးခဲ့ရတဲ့ မူးယစ္ေဆးဝါး အင္ပါယာကို ျပန္လည္ႀကိဳးကိုင္ၿပီး သူ မရွိစဥ္ ေနရာယူ ႀကီးစိုးခဲ့သည့္ ၿပိဳင္ဖက္ခြန္ဆာကို လႊမ္းမိုးရန္ အစီအစဥ္ခ် ေဆာင္႐ြက္ခဲ့ပါတယ္။

ဒါနဲ႔ဘဲ ေ႐ႊႀတိဂံနယ္မွာ သူ႔ၾသဇာ ႀကီးထြား လာခဲ့ပါတယ္။ ဒါေပမဲ့ တကယ္တမ္း သူ႔ၾသဇာ ပိုႀကီးလာတာက (၁၉၈၉ )ခုႏွစ္ ကြန္ျမဴနစ္ ပါတီ အတြင္းမွာ တိုင္းရင္းသားေတြရဲ႕ ပုန္ကန္မႈ ျဖစ္လာတဲ့အခ်ိန္မွာ သူဟာ (နဝတ) အစိုးရအတြက္ အလြန္ အေရးပါတဲ့ လူတေယာက္ ျဖစ္လာခဲ့ပါတယ္။

အဲဒီအခ်ိန္ ျမန္မာျပည္မွာ အလြန္ အေရးႀကီးတဲ့ (၁၉၈၈) ရွစ္ေလးလုံး အေရးအခင္းႀကီး ျဖစ္ခဲ့ပါတယ္။ ေထာင္ေသာင္းခ်ီတဲ့ ေက်ာင္းသားေတြဟာ ေတာခိုခဲ့ၾကပါတယ္။

အဲဒီ အခ်ိန္က ေက်ာင္းသား ေတြကို လက္နက္ ခြဲေဝ တပ္ဆင္ ေပးႏိုင္စြမ္း ရွိတဲ့ တခုတည္းေသာ လက္နက္ကိုင္ တပ္ဖြဲ႕ဟာ ဗမာျပည္ ကြန္ျမဴနစ္ ပါတီေပါ့။

ေက်ာင္းသားေတြကို ကြန္ျမဴနစ္ပါတီက လက္နက္ တပ္ဆင္ ေပးႏိုင္ခဲ့ရင္ အေျခအေနေတြဟာ တမ်ိဳးတဖုံ ျဖစ္သြားႏိုင္ခဲ့ၿပီး ဒါေပမဲ့လည္း အဲဒါေတြ က ျဖစ္မလာခဲ့ပါဘူး။ ေနာက္ပိုင္း ကြန္ျမဴနစ္မ်ားကို တိုက္ခိုက္ရာတြင္ ေလာ္စစ္ဟန္၏ အကူအညီ ရရွိခဲ့ၿပီး (၁၉၈၉ ) ခုႏွစ္တြင္ ကိုးကန႔္ႏွင့္ ၀ ေသာင္းက်န္းသူ အဖြဲ႕မ်ားက ကြန္ျမဴနစ္တို႔ ရဲ႕ ေခါင္းေဆာင္မႈကို ဆန႔္က်င္ ေတာ္လွန္ႏိုင္ခဲ့ပါတယ္။

ဗမာျပည္ ကြန္ျမဴနစ္ ပါတီကို တိုင္းရင္းသားေတြက ပုန္ကန္လိုက္တဲ့အခါ ေထာက္လွမ္းေရး ဗိုလ္ခ်ဳပ္ ခင္ၫြန႔္က တိုင္းရင္းသားေတြနဲ႔ ဗမာျပည္ ကြန္ျမဴနစ္ပါတီ ျပန္ၿပီး မေပါင္းစည္းႏိုင္ဖို႔ ေစ့စပ္တဲ့အဖြဲ႕ တဖြဲ႕ေလႊတ္လိုက္ပါတယ္။

အဲဒီအဖြဲ႕က ေအာလစ္ဗ္ယန္း၊ ေလာ္စစ္ဟန္နဲ႔ ဗိုလ္မႉးခ်ဳပ္ေဟာင္း ေအာင္ႀကီးတို႔ ေခါင္းေဆာင္တဲ့ အဖြဲ႕ပါပဲ။

ေက်ာင္းသားေတြကို လက္နက္ မေထာက္ပံ့ဖို႔နဲ႔ အစိုးရနဲ႔ စစ္ရပ္စဲရင္ ရမယ့္ စီးပြားေရး လုပ္ပိုင္ခြင့္ေတြနဲ႔ တိုင္းရင္းသား အဖြဲ႕ေတြကို ျမန္မာစစ္အစိုးရက အပိုင္ စည္း႐ုံး ႏိုင္ခဲ့ပါတယ္။

စစ္အစိုးရကို ကူညီခဲ့မႈေၾကာင့္မ်က္ႏွာသာေပးျခင္း ခံခဲ့ရၿပီး ဗမာျပည္ ကြန္ျမဴနစ္ပါတီကို ဆန႔္က်င္တဲ့ လႈပ္ရွားမႈေတြမွာ ေလာ္စစ္ဟန္ကို အစိုးရက အသုံးခ်လို႔ ရေနလို႔ပါ။

အဲဒီေနာက္ သူ႔ၾသဇာအာဏာ အႀကီးဆုံးကာလကို ေရာက္သြား ပါတယ္။သူဟာ ၁၉၉၂ ခုႏွစ္မွာ (ေအးရွားဝါးလ္ ) ကုမၸဏီ ထူေထာင္ခြင့္ရခဲ့ၿပီး ရန္ကုန္သို႔ ေျပာင္းေ႐ႊ႕ ေနထိုင္ခဲ့သည္။

Leave a Comment