ရှေးခေတ်က မြို့ရိုး၊ မြို့တံခါး၌ လူစတေးခြင်းဓလေ့ အလေ့အထအကြောင်း

ရှေးခေတ်က မြို့ရိုး၊ မြို့တံခါး၌ လူစတေးခြင်းဓလေ့ အလေ့အထအကြောင်း

မြို့ရိုး၊ မြို့တံခါးများတွင် ဖုတ်ပြိတ္တာ အစိမ်းသေအဖြစ် အစောင့်အနေ ချထားရာတွင် လူအရှင်လတ်လတ်ကို မြေတွင်းတူး မြှုပ်နှံကာ အပေါ်မှ တံခါးတိုင် စိုက်ခြင်းကို “လူစတေး”ခြင်းဟု ဆိုလိုသည်။

မြန်မာ့ မှတ်တမ်းမှတ်ရာ မတွေ့ရှိရသော်လည်း ၁၉၂၅ခုနှစ် ဗြိတိသျှကိုလိုနီခေတ် ကျောက်စာဋ္ဌာန (ယခုရှေးဟောင်း သုတေသန) မှ ကျောက် စာဝန် (ယခု ရှေးဟောင်းသုတေသနညွှန်ကြားရေးမှုး) တာဝန် ထမ်းဆောင်ခဲ့တဲ့ ချားစ်ဒူရွိုင်ဆယ် (Charles Duroi-selle) က “မန္တလေးနန်းတော်လမ်းညွှန်” (Guid to Man-dalay Palace, Govt, Printing, 1925 ) စာအုပ်မှာ ကျားမ ကြီးငယ် ၅၂ယောက်ကို စတေး ခဲ့တယ်လို့ စွပ်စွဲရေးသားခဲ့ပါသည်။

ထိုစာအုပ်ကိုပင် ၁၉၆၃ ခုနှစ်က လမ်းညွှန်ကို ဖြုတ်ပြီး မန္တလေးနန်းတော် (Mandalay Palace) အမည်သစ်ဖြင့် တက္ကသိုလ်ပုံနှိပ်တိုက်မှ တော်လှန်ရေး အစိုးရ ယဉ်ကျေးမှု ဋ္ဌာနအတွက် ထပ်မံ ထုတ်ဝေခဲ့ပါသေးသည်။

ယင်းတွင်လည်း “လူစတေးခြင်း” အကြောင်း ဆက်လက်ပါရှိမြဲ ဖြစ်သည်။ (စာမျက်နှာ ၁၅ မှ ၁၇ထိ) အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့ခြင်းဖြစ်သဖြင့် မြန်မာပြည်သို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြားသားတိုင်း ဝယ်ယူ ဖတ်ရှုကြမြဲဖြစ်ရာ ယင်းစွပ်စွဲချက်မှာ မှတ်တမ်းမှတ်ရာမရှိ အရပ်ပြော စကားကို အခြေခံမှတ်သားခြင်းကြောင့် ဟုတ်မဟုတ်မှန်မမှန် ဧကန်သိနိုင်ရန် မြို့တံခါးတိုင်အောက်နှင့် မြို့ရိုးထောင့်များတွင် တူးဖော် ကြည့်သင့်သည်။

အောက်တွင် ယင်းစာအုပ်ပါစွပ်စွဲချက်ကို ဘာသာပြန် ဖော်ပြထားပါသည်။

–လူစတေးခြင်းအလေ့–

မြန်မာနိုင်ငံတွင် အလွန်တရာ မနှစ်မြို့ဖွယ်ဖြစ်သော အလေ့တစ်ခု ရှိပါသည်။ မြို့တော်အသစ် တည်သောအခါ မြို့အဝင်တံခါး တစ်ခုစီ၏ အနီးတွင် လည်းကောင်း မြို့ရိုးထောင့် တစ်ခုစီ၏ အနီးတွင် လည်းကောင်း ကျွန်းတိုင်ကြီး တစ်တိုင် စိုက်ထူသောအခါ အမျိုးသားတစ်ဦး သို့မဟုတ် အမျိုးသမီးတစ်ဦးကို တိုင်အောက်တွင် ဖိသတ်လိုက်ရပါသည်။

စင်စစ်အားဖြင့် မြို့တော်ကို ရန်အပေါင်းမှ ကာကွယ် စိမ့်သောငှာ မြို့တည်ချိန်ကပင် လူကို သတ်၍ ပူဇော်ခြင်း အမှု ပြုသည်ကား မြန်မာလူမျိုး တစ်မျိုးသာ ထူးထူးခြားခြားလုပ်သည်ဟု မဆိုသာချေ။

ရှေးအခါက ဥရောပပါ မကျန် ယင်းသို့ ပြုလုပ်လေ့ ရှိသည်ဟု ဆိုရမည် ဖြစ်ပါသည်။ ဤသို့ ပြုမူခြင်းသည် ဗုဒ္ဓတရားတော်၏ အဆုံးအမနှင့် အလွန်အမင်း ဆန့်ကျင်သည်ဟု တစ်ဘက်၌ ပြောဖွယ် ရှိသော်လည်း

ဗုဒ္ဓသာသနာ မထွန်းကားမီက ရှေးဟောင်းယုံကြည်မှု အလေ့အထတို့နှင့် အညီ ဖြစ်သည်ဟု အခြားတစ်ဘက်၌ ပြောနိုင်သည့်အပြင် မိရိုးဖလာ နတ်ကိုးခြင်း အမှုသည် ဗုဒ္ဓအဆုံးအမကြောင့် လူတို့၏ စိတ်နူးညံ့ပျော့ပြောင်းလာသည် ဆိုသော်ငြား မပြတ် စွဲမြဲလျှက်ပင် ရှိနေသေးကြောင်းလည်း တွေ့ရသည်။

အခြား မွန်ဂိုလွိုက် အနွယ်ဝင်များနည်းတူ မြန်မာတို့ ယုံကြည်သည်မှာ အသတ်ခံရသော အသေဆိုး သေခဲ့ရသူတိုင်းသည် နတ်စိမ်းဖြစ်၍ သေသည့်အရပ်ကို စွဲလန်းကာ မပြတ်ရှိနေတတ်သည်။

အဆိုပါ နတ်စိမ်းတို့သည် သူတို့ စွဲလမ်းရာ အရပ်ကို မည်သူမျှ ထိပါးနှောင့်ယှက်ခြင်းကို သည်းမခံပဲ သေလောက်သည်အထိ အကြီးအကျယ်ဖမ်းစားတတ်သည်ဟူ၍ ယူဆသဖြင့် တံခါးဝနှင့် မြို့ထောင့်တွင် မြှုပ်နှံခြင်းအလေ့ စတင်ခဲ့ဟန် ရှိသည်။

နောင်တွင် ခံမြို့သာမက ကြီးကျယ်သော အဆောက်အဦးပြုတိုင်း ဥပမာ နန်းတော်ကဲ့သို့ အဆောက်အဦး အခြေခံ အုတ်မြစ်တွင် လူတစ်ဦး သို့မဟုတ် အများကိုပင် ထည့်သွင်း မြှုပ်နှံခဲ့ကြပုံ ရသည်။

ယင်းသို့ မြှုပ်နှံရန် အကောင်းဆုံးနေရာမှာ ရန်သူက အန္တရာယ်ပြုမည်ဆိုလျှင် လွယ်ကူမည့် အဝင်တံခါးနေရာနှင့် မြို့ရိုးထောင့် နေရာများဖြစ်သည်။

ယဇ်ပူဇော်ခြင်းသဘော သက်ဝင်သော အဆိုပါ လူသတ်မှုများတွင် တစ်ခါတရံ ကိုယ်ဝန်ဆောင် အမျိုးသမီးများကိုပါ စတေးခံရလေ့ရှိသည်။

ထိုသို့ ပွဲမျိုးကို စီစဉ်သူများမှာ အများအားဖြင့် အိန္ဒိယ မဏိပူရ ပုဏ္ဏားများဖြစ်သော နန်းတွင်း အခါတော်ပေးပညာရှိက ဤအမှုကို ဆောင်ရွက်ရန် အကောင်းဆုံး အချိန်နာရီကို တွက်ချက် ပေးရသည်။

မည်သို့သော ပုဂ္ဂိုလ်မျိုးကို စတေးရမည်ဟုလည်း ညွှန်းရသည်။ ဥပမာ မည်သည့်နေ့၊ မည်သည့် အချိန်၊ မည်သည့်အရပ်မှ မည်သည့်အရာကို ကိုင်ဆောင်၍ ရှေ့ရှုသွားနေသူ ယောက်ျားသို့မဟုတ် ကိုယ်ဝန်ဆောင်မိန်းမကို ဖမ်း၍ စတေးရမည် စသဖြင့် ညွှန်ကြား ပေးသည့်အတိုင်း လုပ်ဆောင်ရ သည်။

မြို့သစ်၊ နန်းသစ်တည်တိုင်း မြန်မာတို့ထုံးစံ အထက်က ဖော်ပြခဲ့သလို မန္တလေးကို တည်စဉ်အခါကလည်း မြို့သစ် လုံခြုံရေးအတွက် ရှေးထုံးနှင့်အညီ လိုက်နာ ကျင့်သုံးမည်ဟု မျှော်လင့်ရသည်။

ဗုဒ္ဓ ဘာသာကို အထူးအလေးထားသည့် မင်း၏လက်ထက် ဆရာတော်ကြီးများ၊ ဝန်ကြီးမှုးမတ် ပညာရှိတို့က ဗုဒ္ဓ အဆုံးအမ နှင့် အညီ ထိုသို့မလုပ်စေရန် အပြင်းအထန် ငြင်းဆိုလင့်ကစား ရှေးထုံးမပျက် လုပ်ဆောင် ကြမည်ဟု ယူဆရသည်။

အဆိုပါ ပုဂ္ဂိုလ်ကြီးများ မသိလိုက်ဟုဆိုလျှင်လည်း မှန်လျှင် ဆိုနိုင်ပါမည်။ အဘယ့်ကြောင့်ဆိုသော် အိန္ဒိယရော တရုတ်ပါ လိုက်နာနေသည့် ဆိုးဝါးသော ဤယုံကြည်မှုဓလေ့ကို လုပ်ဆောင်ရန် နန်းတွင်းအခါပေး ပုရောဟိတ် ဖြစ်သည့် မဏိပူရီ ပုဏ္ဏားတို့ ရှိနေပါသည်။

လက်ဖတင်နင် ဂျင်နရယ် ဖိုက်ချ်သည် “ယခင် နှင့် ယခု မြန်မာနိုင်ငံ” အမည်ရှိသော စာအုပ်ကို ရေးသောအခါ မြို့တံခါး တစ်ဆယ့် နှစ်ရပ်တွင် လူတစ်ဆယ့်နှစ်ယောက်ကို ဖမ်း၍ ကြိုးချည်ပြီး ဖိသတ်ခဲ့သည်ဟု အသေအချာ ရေးသားခဲ့ပါသည်။

သို့သော် အရပ်စကား မှတ်သားချက်များအရ မန္တလေး နန်းတည်စဉ်က ယဇ်ပူဇော် စတေးခံရသည့် အရေအတွက်မှာ ထိုမျှမက များစွာပိုပါသည်။

အစုစု ကျား၊ မ၊ ကြီးငယ် ၅၂ ယောက် ရှိ၏။ မြို့တံခါး ၁၂ ရပ်၌ တံခါးတစ်ပေါက်တွင် လူ ၃ ယောက်နှုန်း ၃၆ ယောက်၊ မြို့ရိုးလေးထောင့်၌ တစ်ထောင့်လျှင် လူတစ်ယောက်နှုန်း ၄ ယောက်၊ နန်းတော်သစ် တပ်ထောင့်လေးထောင့်၌ တစ်ထောင့် တစ်ယောက်နှုန်း ၄ ယောက်၊ နန်းတော် အဝင်ပေါက် လေးပေါက်၌ တစ်ပေါက်တစ်ယောက်နှုန်း ၄ ယောက်၊ သီဟာသန ပလ္လင်တော်အောက်၌ ၄ ယောက်။ ပေါင်း ၅၂ ယောက်။

မြန်မာတို့ ရေးသားသော ရာဇဝင်ကျမ်းများမှာ ဤမျှ ကြောက်လန့်ဖွယ်ကောင်းသည့် ကိစ္စကို ထည့်သွင်းရေးသားကြခြင်း မပြုပေ။

လူတွေနှင့်အတူ မြို့ထောင့်များတွင် ဆီအပြည့် ဖြည့်ထားသည့် ဆီအိုးကြီး များကိုလည်း သတိကြီးစွာ မြှုပ်နှံခဲ့ကြပါသေးသည်။ အကြောင်းမှာ အစောင့်နတ်စိမ်းများ အမြဲမပြတ် ဆက်လက် စောင့်ရှောက်နိုင်စေရန် ဆီအိုးကြီးများ မြှုပ်နှံစီရင်ခြင်း ဖြစ်သည်။

စောင့်ရှောက်မှု လျော့နည်းခြင်း (သို့မဟုတ်) စောင့်ရှောက်ခြင်း မပြုဟု သေချာလျှင် လူသစ် အစားထိုး စတေးရန် လိုအပ်သည်။ ဆီများ မခမ်းခြောက်သရွေ့ စောင့်ရှောက်မှု မပြတ်ဟု ယုံကြည်လက်ခံထားပါသည်။ (C.Duroiselle: Guide to MandalayPalace စာအုပ်ဟောင်း စာမျက်နှာ၂၅ မှ ၂၈ ထိ)

(စာအုပ်သစ် Mandalay Palace ၌ စာမျက်နှာ ၁၅ မှ ၁၇ ထိ) အောက်ခြေမှတ်ချက်မှာ ဒီအချက်အလက်တွေဟာ အများစကား ဖြစ်လို့ ဘယ်လောက်အထိ မှန်ကန်ကြောင်း ပြောဖို့ ခဲယဉ်းသည်ဟု ရေးသားဖော်ပြထားပါသည်။

လူစတေးခြင်း အလေ့သည် အလွန်ရှေးကျလွန်းသော ခေတ်များကတော့ ပျံ့နှံ့ခဲ့ဖူးသည့် ဓလေ့တစ်ခုဟု ဆိုနိုင်သည်။ ငါးရာ့ငါးဆယ်ဇာတ်တော် (တက္ကာရိယဇာတ်၊ နံပါတ်၄၈၁) တွင် မင်းဆရာဖြစ်သည့် ပုဏ္ဏားသည် လင်ငယ်နေသော သူ၏မယားအား ဂလဲ့စား ခြေရန် အကောက်ကြံခဲ့၏။

ပုဏ္ဏားသည် မင်းကြီးအား မြို့မြောက်ဘက် တံခါးပေါက်၌ အစောင့် (နတ်စိမ်း)မရှိ ဖြစ်နေ၍ အသားမည်း သွားကျိုးနေသူ တစ်ယောက်ကို စတေးရန် နေ့ရက် အချိန်အခါနှင့်တကွ လျှောက်တင်ခဲ့သည်။

လင်ငယ်ဖြစ်သူမှာ အသားမည်းကာ သွားများကျိုးနေသည့် နည်းတူ ပုဏ္ဏားကိုယ်တိုင်လည်း အသားမည်းကာ သွားများ ကျိုးနေသည်ကို သတိမမူမိပဲ လက်စားချေလိုသော ဒေါသစိတ်ဖြင့် အလျင်စလို လျှောက်တင်ခဲ့၏။အိမ်ရောက်သောအခါ မိန်းမဖြစ်သူအား သူ၏အကြံ အောင်မြင်အထမြောက်တော့မည် ဖြစ်၍ ဝမ်းသာအားရဖြင့် သူ့လင်ငယ်ကို စတေးခံရတော့မည် ဖြစ်ကြောင်း ပြောပြလိုက်ရာ မယားက လင်ငယ်ကို အလျှင်အမြန် လက်တို့လိုက်သဖြင့် ထွက်ပြေးချေ၏။

သတင်းစကား ပျံ့နှံ့သွားရာ မြို့တွင်းရှိ အခြား အသားမည်း သွားကျိုး များလည်း ထွက်ပြေးကြကုန်သည်။ နောက်ဆုံး တံခါး၌ လူစတေးချိန် သတ်မှတ်သောအခါ ရောက်လျှင် တစ်စုံတစ်ယောက်မှ ဖမ်းမိခြင်း မရှိသော မင်းချင်းများက အခါကောင်းကို လက်မလွှတ်စေပဲ တစ်ဦးတည်းသာ တွေ့ရသည့် အသားမည်းသွားကျိုး မင်းဆရာ ပုဏ္ဏားကိုသာ စတေးလိုက်ကြောင်း ဖော်ပြထားသည်။

လူစတေးခြင်း အလေ့ကို ပျောက်ပျက်စေလိုသော သဘောဖြင့် သရော်သော ရည်ရွယ်ချက် ရှိသော်လည်း နောက်ပိုင်း နှစ်ပေါင်းများစွာ ကြာအောင် ထိုအယူအဆ ရှိနေသေးသည်ဟု ယူဆပါသည်။

ရာဇဝင် စာအုပ်များ၌ ဖော်ပြချက်အရ သထုံပြည်ကို အနော်ရထာ အောင်နိုင်ခန်းတွင် သထုံမြို့ရိုး၌ ဗျတ်ဝိကို စတေးသတ်ဖြတ်ကာ သူ၏သွေးတို့ဖြင့် မြို့ရိုးကို ဝိုင်းပတ်ထားကြောင်း ဖော်ပြခဲ့သည်ကို တွေ့ရ၏။

ထို့ပြင် ရှေးဟောင်း ဓမ္မသတ်စီရင်ထုံးဖြစ်သည့် “မနုကျယ် ဓမ္မသတ်” ၌ မြို့စတေး ခံရမည့်သူထံမှ ကြွေးမြည်ကို မတောင်းရ လျှော်ပစ်စေရန် စီရင်ထုံး ပါရှိခဲ့သည်။

အင်္ဂလိပ် လက်ထက်၌ မြန်မာ့နန်းတွင်း အမှုထမ်းခဲ့သော ဝန်ကြီးမှုးမတ်များအား ထိုသို့ လူစတေးခဲ့ခြင်းများ ရှိခဲ့ပါသလားဟု မေးမြန်းရာတွင် ခါးခါးသီးသီးဖြင့် မဟုတ်ရကြောင်းငြင်း ဆိုခဲ့ကြပါသည်။

သို့သော် အထက်ပါ ကျောက်စာဝန်ချားစ်ဒူရွိုင်ဆယ်၏ စာအုပ်ပါအချက်များမှာ မမှန်ကန်ကြောင်း သက်သေပြနိုင်ရန် မြို့တံခါးတိုင်များနှင့် မြို့ရိုးထောင့်များ အနီးတွင် တူးဖော်ကြည့်ပါက ပို၍ ခိုင်လုံသော အထောက်အထား ပြစရာဖြစ်ပါသည်။

လွှတ်တော် မှတ်တမ်းများအရ ပြုစုထားသော မြို့တည် စာတမ်း၌ မန္တလေးမြို့ နန်းတည်ခဲ့စဉ်က တောရှင်းခြင်း၊ မှတ်တိုင်စိုက်ခြင်း၊ ပန္နတ်ရိုက်ခြင်း၊ တွင်းတူးခြင်းများကို ရှင်ဘုရင်နှင့် မွေးနံတူ အင်္ဂါသားများက ဦးဆောင် လုပ်ကိုင်ရသည်။ တစ်ချိန်တည်း၌ပင် ဗလိနတ်စာ ကျွေး၏။

အခါပေးပုဏ္ဏား၊ မန္တာန်တတ် ပုဏ္ဏားများ၏ လောကီအစီအရင်များ ပြုခဲ့သော်လည်း လောကုတ္တရာနှင့် မကင်းပေ။ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ရှစ်ပါး ဦးဆောင်ကာ ပရိတ် ရွတ်ဖတ်၏။

နတ်တို့ စောင့်ရှောက်စေဖို့ မဟာသမယသုတ်၊ မင်္ဂလာရှိစေရန် မင်္ဂလသုတ်၊ ဘေးကင်းစေရန် ရတနာ့သုတ်၊ အနှောင့်အယှက် ကင်းစေရန် မေတ္တာသုတ်၊ မြွေဘေးကင်းရန် ခန္ဓသုတ်နှင့် မီးဘေးကင်းရန် ဝဋ္ဋသုတ်တော်တို့ ဖြစ်သည်။ (တည် ၇၁)

ပွဲသဘင်လည်း အကြီး အကျယ်ခင်းစေသည်။ (တည် ၉၂)

မြေညှိ မြေပြင်ရသော လုပ်သားအရေအတွက်မှာ ၃၀၀၀ ဖြစ်၏။ (တည် ၁၀၁)

ယာယီနန်းကိုလည်း အမြန် ဆောက်လုပ် ပေးခဲ့ရသည်။ ငဖြူ နှင့် ငဆန်းကို ဗိသုကာ ခေါင်းဆောင်စေသည်။ (တည်၁၆၇)

ဆောက်လုပ်ဆဲ နန်းတော်ရာအား လုံခြုံမှုရှိစေရန် သစ်တပ် ဝိုင်းရံ ဆောက်လုပ် စေသည်။ ၁၈၅၇ခုနှစ် သြဂုတ်လ၌ မြို့ကွက် ရိုက်သည်။ မြို့ရိုး နှင့်တံခါးများ၌ အင်းမြှုပ်ခြင်း၊ နတ်ရုပ်များ ထုလုပ်ခြင်း ပြု၏။

အင်းများမှာ လောကီအစီအရင် ဆိုသော်ငြား လောကုတ္တရာသဘော မကင်းကြောင်းကိုလည်း ထိုအင်းအမည်များကို ကြည့်လျှင် သိနိုင်ပါသည်။

သမ္ဗုဒ္ဓေအင်း၊ အဋ္ဌဇေယျမင်္ဂလာအင်း၊ သတ္တရတနာအင်း၊ ဥလ္လသီရိ အဋ္ဌမုက်အင်း၊ သီရိဇေယျ မဏိလ သက်တော်ရှည်အင်း၊ စမ္ပာနဝနောအင်း၊ သာသနာ၅၀၀၀အင်း၊ သိရသ္မိံ မေ ဂါထာအင်း စသည်တို့ ဖြစ်သည်။

(တည် ၁၃၉)

အင်းတွေကို မြို့ထောင့်များတွင် ၁၉၅၈ခုနှစ် ဧပြီလ ၂၀ရက်နေ့တွင် မြှုပ်နှံခဲ့ပြီး မြို့ထောင့်များ၌ ၁၈၅၉ ခုနှစ် မေလ ၁၅ ရက်နေ့တွင် အချိန် တစ်ရာ့ နှစ်ဆယ်ဝင် ဆီအိုးကြီးများကို ဆီအပြည့်ဖြည့်ကာ မြှပ်နှံခဲ့ကြောင်း (တည် ၁၇၉) ဖော်ပြထားပါသည်။

စာကိုး။ ။ ဒေါက်တာသန်းထွန်း “နယ်လှည့်ရာဇဝင်” (ဒုတိယတွဲ) မှ ကောက်နှုတ် ဖော်ပြပါသည်။

Zawgyi

ေရွးေခတ္က ၿမိဳ႕႐ိုး၊ ၿမိဳ႕တံခါး၌ လူစေတးျခင္းဓေလ့ အေလ့အထအေၾကာင္း

ၿမိဳ႕႐ိုး၊ ၿမိဳ႕တံခါးမ်ားတြင္ ဖုတ္ၿပိတၱာ အစိမ္းေသအျဖစ္ အေစာင့္အေန ခ်ထားရာတြင္ လူအရွင္လတ္လတ္ကို ေျမတြင္းတူး ျမႇဳပ္ႏွံကာ အေပၚမွ တံခါးတိုင္ စိုက္ျခင္းကို “လူစေတး”ျခင္းဟု ဆိုလိုသည္။

ျမန္မာ့ မွတ္တမ္းမွတ္ရာ မေတြ႕ရွိရေသာ္လည္း ၁၉၂၅ခုႏွစ္ ၿဗိတိသွ်ကိုလိုနီေခတ္ ေက်ာက္စာ႒ာန (ယခုေရွးေဟာင္း သုေတသန) မွ ေက်ာက္ စာဝန္ (ယခု ေရွးေဟာင္းသုေတသနၫႊန္ၾကားေရးမႈး) တာဝန္ ထမ္းေဆာင္ခဲ့တဲ့ ခ်ားစ္ဒူ႐ြိဳင္ဆယ္ (Charles Duroi-selle) က “မႏၲေလးနန္းေတာ္လမ္းၫႊန္” (Guid to Man-dalay Palace, Govt, Printing, 1925 ) စာအုပ္မွာ က်ားမ ႀကီးငယ္ ၅၂ေယာက္ကို စေတး ခဲ့တယ္လို႔ စြပ္စြဲေရးသားခဲ့ပါသည္။

ထိုစာအုပ္ကိုပင္ ၁၉၆၃ ခုႏွစ္က လမ္းၫႊန္ကို ျဖဳတ္ၿပီး မႏၲေလးနန္းေတာ္ (Mandalay Palace) အမည္သစ္ျဖင့္ တကၠသိုလ္ပုံႏွိပ္တိုက္မွ ေတာ္လွန္ေရး အစိုးရ ယဥ္ေက်းမႈ ႒ာနအတြက္ ထပ္မံ ထုတ္ေဝခဲ့ပါေသးသည္။

ယင္းတြင္လည္း “လူစေတးျခင္း” အေၾကာင္း ဆက္လက္ပါရွိၿမဲ ျဖစ္သည္။ (စာမ်က္ႏွာ ၁၅ မွ ၁၇ထိ) အဂၤလိပ္ဘာသာျဖင့္ ထုတ္ေဝခဲ့ျခင္းျဖစ္သျဖင့္ ျမန္မာျပည္သို႔ လာေရာက္လည္ပတ္ၾကေသာ ႏိုင္ငံျခားသားတိုင္း ဝယ္ယူ ဖတ္ရႈၾကၿမဲျဖစ္ရာ ယင္းစြပ္စြဲခ်က္မွာ မွတ္တမ္းမွတ္ရာမရွိ အရပ္ေျပာ စကားကို အေျခခံမွတ္သားျခင္းေၾကာင့္ ဟုတ္မဟုတ္မွန္မမွန္ ဧကန္သိႏိုင္ရန္ ၿမိဳ႕တံခါးတိုင္ေအာက္ႏွင့္ ၿမိဳ႕႐ိုးေထာင့္မ်ားတြင္ တူးေဖာ္ ၾကည့္သင့္သည္။

ေအာက္တြင္ ယင္းစာအုပ္ပါစြပ္စြဲခ်က္ကို ဘာသာျပန္ ေဖာ္ျပထားပါသည္။

–လူစေတးျခင္းအေလ့–

ျမန္မာႏိုင္ငံတြင္ အလြန္တရာ မႏွစ္ၿမိဳ႕ဖြယ္ျဖစ္ေသာ အေလ့တစ္ခု ရွိပါသည္။ ၿမိဳ႕ေတာ္အသစ္ တည္ေသာအခါ ၿမိဳ႕အဝင္တံခါး တစ္ခုစီ၏ အနီးတြင္ လည္းေကာင္း ၿမိဳ႕႐ိုးေထာင့္ တစ္ခုစီ၏ အနီးတြင္ လည္းေကာင္း ကြၽန္းတိုင္ႀကီး တစ္တိုင္ စိုက္ထူေသာအခါ အမ်ိဳးသားတစ္ဦး သို႔မဟုတ္ အမ်ိဳးသမီးတစ္ဦးကို တိုင္ေအာက္တြင္ ဖိသတ္လိုက္ရပါသည္။

စင္စစ္အားျဖင့္ ၿမိဳ႕ေတာ္ကို ရန္အေပါင္းမွ ကာကြယ္ စိမ့္ေသာငွာ ၿမိဳ႕တည္ခ်ိန္ကပင္ လူကို သတ္၍ ပူေဇာ္ျခင္း အမႈ ျပဳသည္ကား ျမန္မာလူမ်ိဳး တစ္မ်ိဳးသာ ထူးထူးျခားျခားလုပ္သည္ဟု မဆိုသာေခ်။

ေရွးအခါက ဥေရာပပါ မက်န္ ယင္းသို႔ ျပဳလုပ္ေလ့ ရွိသည္ဟု ဆိုရမည္ ျဖစ္ပါသည္။ ဤသို႔ ျပဳမူျခင္းသည္ ဗုဒၶတရားေတာ္၏ အဆုံးအမႏွင့္ အလြန္အမင္း ဆန႔္က်င္သည္ဟု တစ္ဘက္၌ ေျပာဖြယ္ ရွိေသာ္လည္း

ဗုဒၶသာသနာ မထြန္းကားမီက ေရွးေဟာင္းယုံၾကည္မႈ အေလ့အထတို႔ႏွင့္ အညီ ျဖစ္သည္ဟု အျခားတစ္ဘက္၌ ေျပာႏိုင္သည့္အျပင္ မိ႐ိုးဖလာ နတ္ကိုးျခင္း အမႈသည္ ဗုဒၶအဆုံးအမေၾကာင့္ လူတို႔၏ စိတ္ႏူးညံ့ေပ်ာ့ေျပာင္းလာသည္ ဆိုေသာ္ျငား မျပတ္ စြဲၿမဲလွ်က္ပင္ ရွိေနေသးေၾကာင္းလည္း ေတြ႕ရသည္။

အျခား မြန္ဂိုလြိဳက္ အႏြယ္ဝင္မ်ားနည္းတူ ျမန္မာတို႔ ယုံၾကည္သည္မွာ အသတ္ခံရေသာ အေသဆိုး ေသခဲ့ရသူတိုင္းသည္ နတ္စိမ္းျဖစ္၍ ေသသည့္အရပ္ကို စြဲလန္းကာ မျပတ္ရွိေနတတ္သည္။

အဆိုပါ နတ္စိမ္းတို႔သည္ သူတို႔ စြဲလမ္းရာ အရပ္ကို မည္သူမွ် ထိပါးေႏွာင့္ယွက္ျခင္းကို သည္းမခံပဲ ေသေလာက္သည္အထိ အႀကီးအက်ယ္ဖမ္းစားတတ္သည္ဟူ၍ ယူဆသျဖင့္ တံခါးဝႏွင့္ ၿမိဳ႕ေထာင့္တြင္ ျမႇဳပ္ႏွံျခင္းအေလ့ စတင္ခဲ့ဟန္ ရွိသည္။

ေနာင္တြင္ ခံၿမိဳ႕သာမက ႀကီးက်ယ္ေသာ အေဆာက္အဦးျပဳတိုင္း ဥပမာ နန္းေတာ္ကဲ့သို႔ အေဆာက္အဦး အေျခခံ အုတ္ျမစ္တြင္ လူတစ္ဦး သို႔မဟုတ္ အမ်ားကိုပင္ ထည့္သြင္း ျမႇဳပ္ႏွံခဲ့ၾကပုံ ရသည္။

ယင္းသို႔ ျမႇဳပ္ႏွံရန္ အေကာင္းဆုံးေနရာမွာ ရန္သူက အႏၲရာယ္ျပဳမည္ဆိုလွ်င္ လြယ္ကူမည့္ အဝင္တံခါးေနရာႏွင့္ ၿမိဳ႕႐ိုးေထာင့္ ေနရာမ်ားျဖစ္သည္။

ယဇ္ပူေဇာ္ျခင္းသေဘာ သက္ဝင္ေသာ အဆိုပါ လူသတ္မႈမ်ားတြင္ တစ္ခါတရံ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးမ်ားကိုပါ စေတးခံရေလ့ရွိသည္။

ထိုသို႔ ပြဲမ်ိဳးကို စီစဥ္သူမ်ားမွာ အမ်ားအားျဖင့္ အိႏၵိယ မဏိပူရ ပုဏၰားမ်ားျဖစ္ေသာ နန္းတြင္း အခါေတာ္ေပးပညာရွိက ဤအမႈကို ေဆာင္႐ြက္ရန္ အေကာင္းဆုံး အခ်ိန္နာရီကို တြက္ခ်က္ ေပးရသည္။

မည္သို႔ေသာ ပုဂၢိဳလ္မ်ိဳးကို စေတးရမည္ဟုလည္း ၫႊန္းရသည္။ ဥပမာ မည္သည့္ေန႔၊ မည္သည့္ အခ်ိန္၊ မည္သည့္အရပ္မွ မည္သည့္အရာကို ကိုင္ေဆာင္၍ ေရွ႕ရႈသြားေနသူ ေယာက္်ားသို႔မဟုတ္ ကိုယ္ဝန္ေဆာင္မိန္းမကို ဖမ္း၍ စေတးရမည္ စသျဖင့္ ၫႊန္ၾကား ေပးသည့္အတိုင္း လုပ္ေဆာင္ရ သည္။

ၿမိဳ႕သစ္၊ နန္းသစ္တည္တိုင္း ျမန္မာတို႔ထုံးစံ အထက္က ေဖာ္ျပခဲ့သလို မႏၲေလးကို တည္စဥ္အခါကလည္း ၿမိဳ႕သစ္ လုံၿခဳံေရးအတြက္ ေရွးထုံးႏွင့္အညီ လိုက္နာ က်င့္သုံးမည္ဟု ေမွ်ာ္လင့္ရသည္။

ဗုဒၶ ဘာသာကို အထူးအေလးထားသည့္ မင္း၏လက္ထက္ ဆရာေတာ္ႀကီးမ်ား၊ ဝန္ႀကီးမႈးမတ္ ပညာရွိတို႔က ဗုဒၶ အဆုံးအမ ႏွင့္ အညီ ထိုသို႔မလုပ္ေစရန္ အျပင္းအထန္ ျငင္းဆိုလင့္ကစား ေရွးထုံးမပ်က္ လုပ္ေဆာင္ ၾကမည္ဟု ယူဆရသည္။

အဆိုပါ ပုဂၢိဳလ္ႀကီးမ်ား မသိလိုက္ဟုဆိုလွ်င္လည္း မွန္လွ်င္ ဆိုႏိုင္ပါမည္။ အဘယ့္ေၾကာင့္ဆိုေသာ္ အိႏၵိယေရာ တ႐ုတ္ပါ လိုက္နာေနသည့္ ဆိုးဝါးေသာ ဤယုံၾကည္မႈဓေလ့ကို လုပ္ေဆာင္ရန္ နန္းတြင္းအခါေပး ပုေရာဟိတ္ ျဖစ္သည့္ မဏိပူရီ ပုဏၰားတို႔ ရွိေနပါသည္။

လက္ဖတင္နင္ ဂ်င္နရယ္ ဖိုက္ခ်္သည္ “ယခင္ ႏွင့္ ယခု ျမန္မာႏိုင္ငံ” အမည္ရွိေသာ စာအုပ္ကို ေရးေသာအခါ ၿမိဳ႕တံခါး တစ္ဆယ့္ ႏွစ္ရပ္တြင္ လူတစ္ဆယ့္ႏွစ္ေယာက္ကို ဖမ္း၍ ႀကိဳးခ်ည္ၿပီး ဖိသတ္ခဲ့သည္ဟု အေသအခ်ာ ေရးသားခဲ့ပါသည္။

သို႔ေသာ္ အရပ္စကား မွတ္သားခ်က္မ်ားအရ မႏၲေလး နန္းတည္စဥ္က ယဇ္ပူေဇာ္ စေတးခံရသည့္ အေရအတြက္မွာ ထိုမွ်မက မ်ားစြာပိုပါသည္။

အစုစု က်ား၊ မ၊ ႀကီးငယ္ ၅၂ ေယာက္ ရွိ၏။ ၿမိဳ႕တံခါး ၁၂ ရပ္၌ တံခါးတစ္ေပါက္တြင္ လူ ၃ ေယာက္ႏႈန္း ၃၆ ေယာက္၊ ၿမိဳ႕႐ိုးေလးေထာင့္၌ တစ္ေထာင့္လွ်င္ လူတစ္ေယာက္ႏႈန္း ၄ ေယာက္၊ နန္းေတာ္သစ္ တပ္ေထာင့္ေလးေထာင့္၌ တစ္ေထာင့္ တစ္ေယာက္ႏႈန္း ၄ ေယာက္၊ နန္းေတာ္ အဝင္ေပါက္ ေလးေပါက္၌ တစ္ေပါက္တစ္ေယာက္ႏႈန္း ၄ ေယာက္၊ သီဟာသန ပလႅင္ေတာ္ေအာက္၌ ၄ ေယာက္။ ေပါင္း ၅၂ ေယာက္။

ျမန္မာတို႔ ေရးသားေသာ ရာဇဝင္က်မ္းမ်ားမွာ ဤမွ် ေၾကာက္လန႔္ဖြယ္ေကာင္းသည့္ ကိစၥကို ထည့္သြင္းေရးသားၾကျခင္း မျပဳေပ။

လူေတြႏွင့္အတူ ၿမိဳ႕ေထာင့္မ်ားတြင္ ဆီအျပည့္ ျဖည့္ထားသည့္ ဆီအိုးႀကီး မ်ားကိုလည္း သတိႀကီးစြာ ျမႇဳပ္ႏွံခဲ့ၾကပါေသးသည္။ အေၾကာင္းမွာ အေစာင့္နတ္စိမ္းမ်ား အၿမဲမျပတ္ ဆက္လက္ ေစာင့္ေရွာက္ႏိုင္ေစရန္ ဆီအိုးႀကီးမ်ား ျမႇဳပ္ႏွံစီရင္ျခင္း ျဖစ္သည္။

ေစာင့္ေရွာက္မႈ ေလ်ာ့နည္းျခင္း (သို႔မဟုတ္) ေစာင့္ေရွာက္ျခင္း မျပဳဟု ေသခ်ာလွ်င္ လူသစ္ အစားထိုး စေတးရန္ လိုအပ္သည္။ ဆီမ်ား မခမ္းေျခာက္သေ႐ြ႕ ေစာင့္ေရွာက္မႈ မျပတ္ဟု ယုံၾကည္လက္ခံထားပါသည္။ (C.Duroiselle: Guide to MandalayPalace စာအုပ္ေဟာင္း စာမ်က္ႏွာ၂၅ မွ ၂၈ ထိ)

(စာအုပ္သစ္ Mandalay Palace ၌ စာမ်က္ႏွာ ၁၅ မွ ၁၇ ထိ) ေအာက္ေျခမွတ္ခ်က္မွာ ဒီအခ်က္အလက္ေတြဟာ အမ်ားစကား ျဖစ္လို႔ ဘယ္ေလာက္အထိ မွန္ကန္ေၾကာင္း ေျပာဖို႔ ခဲယဥ္းသည္ဟု ေရးသားေဖာ္ျပထားပါသည္။

လူစေတးျခင္း အေလ့သည္ အလြန္ေရွးက်လြန္းေသာ ေခတ္မ်ားကေတာ့ ပ်ံ႕ႏွံ႔ခဲ့ဖူးသည့္ ဓေလ့တစ္ခုဟု ဆိုႏိုင္သည္။ ငါးရာ့ငါးဆယ္ဇာတ္ေတာ္ (တကၠာရိယဇာတ္၊ နံပါတ္၄၈၁) တြင္ မင္းဆရာျဖစ္သည့္ ပုဏၰားသည္ လင္ငယ္ေနေသာ သူ၏မယားအား ဂလဲ့စား ေျခရန္ အေကာက္ႀကံခဲ့၏။

ပုဏၰားသည္ မင္းႀကီးအား ၿမိဳ႕ေျမာက္ဘက္ တံခါးေပါက္၌ အေစာင့္ (နတ္စိမ္း)မရွိ ျဖစ္ေန၍ အသားမည္း သြားက်ိဳးေနသူ တစ္ေယာက္ကို စေတးရန္ ေန႔ရက္ အခ်ိန္အခါႏွင့္တကြ ေလွ်ာက္တင္ခဲ့သည္။

လင္ငယ္ျဖစ္သူမွာ အသားမည္းကာ သြားမ်ားက်ိဳးေနသည့္ နည္းတူ ပုဏၰားကိုယ္တိုင္လည္း အသားမည္းကာ သြားမ်ား က်ိဳးေနသည္ကို သတိမမူမိပဲ လက္စားေခ်လိုေသာ ေဒါသစိတ္ျဖင့္ အလ်င္စလို ေလွ်ာက္တင္ခဲ့၏။

အိမ္ေရာက္ေသာအခါ မိန္းမျဖစ္သူအား သူ၏အႀကံ ေအာင္ျမင္အထေျမာက္ေတာ့မည္ ျဖစ္၍ ဝမ္းသာအားရျဖင့္ သူ႔လင္ငယ္ကို စေတးခံရေတာ့မည္ ျဖစ္ေၾကာင္း ေျပာျပလိုက္ရာ မယားက လင္ငယ္ကို အလွ်င္အျမန္ လက္တို႔လိုက္သျဖင့္ ထြက္ေျပးေခ်၏။

သတင္းစကား ပ်ံ႕ႏွံ႔သြားရာ ၿမိဳ႕တြင္းရွိ အျခား အသားမည္း သြားက်ိဳး မ်ားလည္း ထြက္ေျပးၾကကုန္သည္။ ေနာက္ဆုံး တံခါး၌ လူစေတးခ်ိန္ သတ္မွတ္ေသာအခါ ေရာက္လွ်င္ တစ္စုံတစ္ေယာက္မွ ဖမ္းမိျခင္း မရွိေသာ မင္းခ်င္းမ်ားက အခါေကာင္းကို လက္မလႊတ္ေစပဲ တစ္ဦးတည္းသာ ေတြ႕ရသည့္ အသားမည္းသြားက်ိဳး မင္းဆရာ ပုဏၰားကိုသာ စေတးလိုက္ေၾကာင္း ေဖာ္ျပထားသည္။

လူစေတးျခင္း အေလ့ကို ေပ်ာက္ပ်က္ေစလိုေသာ သေဘာျဖင့္ သေရာ္ေသာ ရည္႐ြယ္ခ်က္ ရွိေသာ္လည္း ေနာက္ပိုင္း ႏွစ္ေပါင္းမ်ားစြာ ၾကာေအာင္ ထိုအယူအဆ ရွိေနေသးသည္ဟု ယူဆပါသည္။

ရာဇဝင္ စာအုပ္မ်ား၌ ေဖာ္ျပခ်က္အရ သထုံျပည္ကို အေနာ္ရထာ ေအာင္ႏိုင္ခန္းတြင္ သထုံၿမိဳ႕႐ိုး၌ ဗ်တ္ဝိကို စေတးသတ္ျဖတ္ကာ သူ၏ေသြးတို႔ျဖင့္ ၿမိဳ႕႐ိုးကို ဝိုင္းပတ္ထားေၾကာင္း ေဖာ္ျပခဲ့သည္ကို ေတြ႕ရ၏။

ထို႔ျပင္ ေရွးေဟာင္း ဓမၼသတ္စီရင္ထုံးျဖစ္သည့္ “မႏုက်ယ္ ဓမၼသတ္” ၌ ၿမိဳ႕စေတး ခံရမည့္သူထံမွ ေႂကြးျမည္ကို မေတာင္းရ ေလွ်ာ္ပစ္ေစရန္ စီရင္ထုံး ပါရွိခဲ့သည္။

အဂၤလိပ္ လက္ထက္၌ ျမန္မာ့နန္းတြင္း အမႈထမ္းခဲ့ေသာ ဝန္ႀကီးမႈးမတ္မ်ားအား ထိုသို႔ လူစေတးခဲ့ျခင္းမ်ား ရွိခဲ့ပါသလားဟု ေမးျမန္းရာတြင္ ခါးခါးသီးသီးျဖင့္ မဟုတ္ရေၾကာင္းျငင္း ဆိုခဲ့ၾကပါသည္။

သို႔ေသာ္ အထက္ပါ ေက်ာက္စာဝန္ခ်ားစ္ဒူ႐ြိဳင္ဆယ္၏ စာအုပ္ပါအခ်က္မ်ားမွာ မမွန္ကန္ေၾကာင္း သက္ေသျပႏိုင္ရန္ ၿမိဳ႕တံခါးတိုင္မ်ားႏွင့္ ၿမိဳ႕႐ိုးေထာင့္မ်ား အနီးတြင္ တူးေဖာ္ၾကည့္ပါက ပို၍ ခိုင္လုံေသာ အေထာက္အထား ျပစရာျဖစ္ပါသည္။

လႊတ္ေတာ္ မွတ္တမ္းမ်ားအရ ျပဳစုထားေသာ ၿမိဳ႕တည္ စာတမ္း၌ မႏၲေလးၿမိဳ႕ နန္းတည္ခဲ့စဥ္က ေတာရွင္းျခင္း၊ မွတ္တိုင္စိုက္ျခင္း၊ ပႏၷတ္႐ိုက္ျခင္း၊ တြင္းတူးျခင္းမ်ားကို ရွင္ဘုရင္ႏွင့္ ေမြးနံတူ အဂၤါသားမ်ားက ဦးေဆာင္ လုပ္ကိုင္ရသည္။ တစ္ခ်ိန္တည္း၌ပင္ ဗလိနတ္စာ ေကြၽး၏။

အခါေပးပုဏၰား၊ မႏၲာန္တတ္ ပုဏၰားမ်ား၏ ေလာကီအစီအရင္မ်ား ျပဳခဲ့ေသာ္လည္း ေလာကုတၱရာႏွင့္ မကင္းေပ။ ဘြဲ႕တံဆိပ္ေတာ္ရ ဆရာေတာ္ႀကီး ရွစ္ပါး ဦးေဆာင္ကာ ပရိတ္ ႐ြတ္ဖတ္၏။

နတ္တို႔ ေစာင့္ေရွာက္ေစဖို႔ မဟာသမယသုတ္၊ မဂၤလာရွိေစရန္ မဂၤလသုတ္၊ ေဘးကင္းေစရန္ ရတနာ့သုတ္၊ အေႏွာင့္အယွက္ ကင္းေစရန္ ေမတၱာသုတ္၊ ေႁမြေဘးကင္းရန္ ခႏၶသုတ္ႏွင့္ မီးေဘးကင္းရန္ ဝဋၬသုတ္ေတာ္တို႔ ျဖစ္သည္။ (တည္ ၇၁)

ပြဲသဘင္လည္း အႀကီး အက်ယ္ခင္းေစသည္။ (တည္ ၉၂)

ေျမညႇိ ေျမျပင္ရေသာ လုပ္သားအေရအတြက္မွာ ၃၀၀၀ ျဖစ္၏။ (တည္ ၁၀၁)

ယာယီနန္းကိုလည္း အျမန္ ေဆာက္လုပ္ ေပးခဲ့ရသည္။ ငျဖဴ ႏွင့္ ငဆန္းကို ဗိသုကာ ေခါင္းေဆာင္ေစသည္။ (တည္၁၆၇)

ေဆာက္လုပ္ဆဲ နန္းေတာ္ရာအား လုံၿခဳံမႈရွိေစရန္ သစ္တပ္ ဝိုင္းရံ ေဆာက္လုပ္ ေစသည္။ ၁၈၅၇ခုႏွစ္ ၾသဂုတ္လ၌ ၿမိဳ႕ကြက္ ႐ိုက္သည္။ ၿမိဳ႕႐ိုး ႏွင့္တံခါးမ်ား၌ အင္းျမႇဳပ္ျခင္း၊ နတ္႐ုပ္မ်ား ထုလုပ္ျခင္း ျပဳ၏။

အင္းမ်ားမွာ ေလာကီအစီအရင္ ဆိုေသာ္ျငား ေလာကုတၱရာသေဘာ မကင္းေၾကာင္းကိုလည္း ထိုအင္းအမည္မ်ားကို ၾကည့္လွ်င္ သိႏိုင္ပါသည္။

သမၺဳေဒၶအင္း၊ အ႒ေဇယ်မဂၤလာအင္း၊ သတၱရတနာအင္း၊ ဥလႅသီရိ အ႒မုက္အင္း၊ သီရိေဇယ် မဏိလ သက္ေတာ္ရွည္အင္း၊ စမၸာနဝေနာအင္း၊ သာသနာ၅၀၀၀အင္း၊ သိရသၼႎ ေမ ဂါထာအင္း စသည္တို႔ ျဖစ္သည္။

(တည္ ၁၃၉)

အင္းေတြကို ၿမိဳ႕ေထာင့္မ်ားတြင္ ၁၉၅၈ခုႏွစ္ ဧၿပီလ ၂၀ရက္ေန႔တြင္ ျမႇဳပ္ႏွံခဲ့ၿပီး ၿမိဳ႕ေထာင့္မ်ား၌ ၁၈၅၉ ခုႏွစ္ ေမလ ၁၅ ရက္ေန႔တြင္ အခ်ိန္ တစ္ရာ့ ႏွစ္ဆယ္ဝင္ ဆီအိုးႀကီးမ်ားကို ဆီအျပည့္ျဖည့္ကာ ျမႇပ္ႏွံခဲ့ေၾကာင္း (တည္ ၁၇၉) ေဖာ္ျပထားပါသည္။

စာကိုး။ ။ ေဒါက္တာသန္းထြန္း “နယ္လွည့္ရာဇဝင္” (ဒုတိယတြဲ) မွ ေကာက္ႏႈတ္ ေဖာ္ျပပါသည္။

Leave a Comment