ဘောလုံးသမားဘဝကိုစွန့်လွှတ်ပြီး အပြာရုပ်ရှင်မင်းသားအဖြစ် လုပ်ကိုင်ခဲ့သူ

မိမိတို့ရဲ့ဘဝရှေ့ရေး တိုးတက်ကောင်းမွန်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်အခွင့်အလန်းတွေကို ပြောင်းလဲရွေးချယ်ပြီး လုပ်ကိုင်ကြတာဟာ အထူးအဆန်းတစ်ခုတော့မဟုတ်ပါဘူး။

ဒါပေမယ့် ဥရောပဘောလုံးကလပ်အသင်းတစ်သင်းမှာ ကစားနေတဲ့ဘောလုံးသမားတစ်ယောက်ကတော့ ဘောလုံးသမားဘဝကိုစွန့်လွှတ်ပြီး အပြာရုပ်ရှင်လောကထဲက ဝင်ရောက်လာခဲ့ပါတယ်။

အီတလီနိုင်ငံက Davide Iovinella လို့ခေါ်တဲ့အသက်(၂၈)နှစ်အရွယ် ဘောလုံးသမားဟာ အီတလီအမှတ်ပေးဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ Serie D ရဲ့ ASD Caldio Pomigliano ဆိုတဲ့ဘောလုံးအသင်းမှာ ကစားခဲ့တဲ့ဘောလုံးသမားတစ်ယောက်ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ဥရောပဘောလုံးသမားအများစုဟာ အသက်(၃၀)ကျော်မှ အနားယူလေ့ရှိကြပေမယ့်လည်း Iovinella ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ဘောလုံးသမားဘဝကနေအနားယူပြီး အပြာမင်းသားတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

The Sun သတင်းရဲ့အဆိုအရ Iovinella ဟာ အသက်(၂၄)အရွယ်ကတည်းကပင် ဘောလုံးကစားတာကိုနားပြီး သူ့ရဲ့အိမ်မက်တစ်ခုဖြစ်တဲ့ အပြာမင်းသားတစ်ယောက်အဖြစ် လုပ်ကိုင်ချင်ခဲ့တာလို့ဆိုပါတယ်။

ဥရောပထိပ်တန်းအသင်းတွေမှာ ကစားနေကြတဲ့ ဘောလုံးကစားသမားတွေဟာ လစာကောင်းကြပေမယ့် Pomigliano အသင်းမှာကစားနေတဲ့ Iovinella ဟာ လစာနည်းလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ အခြားအလုပ်တစ်ခုကို ပြောင်းလဲလုပ်ကိုင်ချင်ခဲ့တာလည်း ဖြစ်ပါတယ်။

Iovinella ဟာ ဒါရိုက်တာ Rocco Siffredi ရဲ့အပြာရုပ်ရှင်တစ်ခုမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် လူအယောက်(၃၀၀၀)ခန့်ပါဝင်တဲ့လူရွေးပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လျှောက်ထားခဲ့ပါတယ်။

Iovinella ဟာ ဟန်ဂေရီနိုင်ငံရဲ့ မြို့တော် Budapest ကိုသွားရောက်ခဲ့ပြီး အပြာဇာတ်ကားဒါရိုက်တာ Rocco Siffredi ရဲ့ Siffredi’s Academy အပြာရုပ်ရှင်သင်တန်းမှာ သွားရောက်လေ့လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Davide Montana ဆိုတဲ့အမည်နဲ့ Instagram ပေါ်မှာ အသုံးပြုလျက်ရှိပါတယ်။

Iovinella က သူရဲ့အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့ The Sun သတင်းဌာနကိုပြောကြားချက်မှာတော့ “ကိုယ့်ရဲ့ချစ်သူနဲ့ အိပ်ယာထဲမှာ အတူနေတဲ့ပုံစံနဲ့တော့ ဘယ်တူပါ့မလဲ အလုပ်တည်မြဲဖို့အတွက် ကြိုးစားရတာပေါ့”လို့ ဆိုခဲ့ပါတယ်။

Iovinella ဟာ ၂၀၁၈ ခုနှစ်တုန်းက Budapest မြို့ကို သွားရောက်လည်ပတ်ရင်းနဲ့ အဲ့ဒီမှာကလပ်တစ်ခုဖွင့်ဖို့ ဆန္ဒရှိခဲ့တာလည်း ဖြစ်ပါတယ်။ သူက “ဟန်ဂေရီမှာ ကလပ်တစ်ခုဖွင့်ဖို့ စိတ်ကူးထားတယ်”လို့လည်း ဆိုပါတယ်။

ဘောလုံးသမားဘဝကနေ အနားယူပြီး အခြားလုပ်ငန်းတွေကို ပြောင်းလဲလုပ်ကိုင်ကြတာဟာ Iovinella တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ ဥပမာအနေနဲ့ အဲရစ်ကန်တိုနာ လိုနာမည်ကြီးဘောလုံးသမားတစ်ယောက်က ဘောလုံးလောကမှ အနားယူပြီးနောက်

ရုပ်ရှင်သရုပ်ဆောင်အဖြစ် လုပ်ကိုင်ခဲ့သလို ဂျာမန်ကလပ် Werder Bremen အသင်းရဲ့ဂိုးသမားဟောင်း Tim Wiese ဟာလည်း ဘောလုံးလောကမှ အနားယူပြီး WWE နပန်းသမားတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

Zawgyi

မိမိတို႔ရဲ႕ဘဝေရွ႕ေရး တိုးတက္ေကာင္းမြန္ဖို႔အတြက္ ပိုမိုေကာင္းမြန္တဲ့အလုပ္အကိုင္အခြင့္အလန္းေတြကို ေျပာင္းလဲေ႐ြးခ်ယ္ၿပီး လုပ္ကိုင္ၾကတာဟာ အထူးအဆန္းတစ္ခုေတာ့မဟုတ္ပါဘူး။

ဒါေပမယ့္ ဥေရာပေဘာလုံးကလပ္အသင္းတစ္သင္းမွာ ကစားေနတဲ့ေဘာလုံးသမားတစ္ေယာက္ကေတာ့ ေဘာလုံးသမားဘဝကိုစြန႔္လႊတ္ၿပီး အျပာ႐ုပ္ရွင္ေလာကထဲက ဝင္ေရာက္လာခဲ့ပါတယ္။

အီတလီႏိုင္ငံက Davide Iovinella လို႔ေခၚတဲ့အသက္(၂၈)ႏွစ္အ႐ြယ္ ေဘာလုံးသမားဟာ အီတလီအမွတ္ေပးေဘာလုံးၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ Serie D ရဲ႕ ASD Caldio Pomigliano ဆိုတဲ့ေဘာလုံးအသင္းမွာ ကစားခဲ့တဲ့ေဘာလုံးသမားတစ္ေယာက္ျဖစ္ပါတယ္။

ပုံမွန္အားျဖင့္ ဥေရာပေဘာလုံးသမားအမ်ားစုဟာ အသက္(၃၀)ေက်ာ္မွ အနားယူေလ့ရွိၾကေပမယ့္လည္း Iovinella ကေတာ့ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ပဲ ေဘာလုံးသမားဘဝကေနအနားယူၿပီး အျပာမင္းသားတစ္ေယာက္အျဖစ္ လုပ္ကိုင္ခဲ့ပါတယ္။

The Sun သတင္းရဲ႕အဆိုအရ Iovinella ဟာ အသက္(၂၄)အ႐ြယ္ကတည္းကပင္ ေဘာလုံးကစားတာကိုနားၿပီး သူ႔ရဲ႕အိမ္မက္တစ္ခုျဖစ္တဲ့ အျပာမင္းသားတစ္ေယာက္အျဖစ္ လုပ္ကိုင္ခ်င္ခဲ့တာလို႔ဆိုပါတယ္။

ဥေရာပထိပ္တန္းအသင္းေတြမွာ ကစားေနၾကတဲ့ ေဘာလုံးကစားသမားေတြဟာ လစာေကာင္းၾကေပမယ့္ Pomigliano အသင္းမွာကစားေနတဲ့ Iovinella ဟာ လစာနည္းလို႔ ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ အျခားအလုပ္တစ္ခုကို ေျပာင္းလဲလုပ္ကိုင္ခ်င္ခဲ့တာလည္း ျဖစ္ပါတယ္။

Iovinella ဟာ ဒါ႐ိုက္တာ Rocco Siffredi ရဲ႕အျပာ႐ုပ္ရွင္တစ္ခုမွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔အတြက္ လူအေယာက္(၃၀၀၀)ခန႔္ပါဝင္တဲ့လူေ႐ြးပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ေလွ်ာက္ထားခဲ့ပါတယ္။

Iovinella ဟာ ဟန္ေဂရီႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ Budapest ကိုသြားေရာက္ခဲ့ၿပီး အျပာဇာတ္ကားဒါ႐ိုက္တာ Rocco Siffredi ရဲ႕ Siffredi’s Academy အျပာ႐ုပ္ရွင္သင္တန္းမွာ သြားေရာက္ေလ့လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Davide Montana ဆိုတဲ့အမည္နဲ႔ Instagram ေပၚမွာ အသုံးျပဳလ်က္ရွိပါတယ္။

Iovinella က သူရဲ႕အလုပ္အကိုင္နဲ႔ပတ္သက္ၿပီးေတာ့ The Sun သတင္းဌာနကိုေျပာၾကားခ်က္မွာေတာ့ “ကိုယ့္ရဲ႕ခ်စ္သူနဲ႔ အိပ္ယာထဲမွာ အတူေနတဲ့ပုံစံနဲ႔ေတာ့ ဘယ္တူပါ့မလဲ အလုပ္တည္ၿမဲဖို႔အတြက္ ႀကိဳးစားရတာေပါ့”လို႔ ဆိုခဲ့ပါတယ္။

Iovinella ဟာ ၂၀၁၈ ခုႏွစ္တုန္းက Budapest ၿမိဳ႕ကို သြားေရာက္လည္ပတ္ရင္းနဲ႔ အဲ့ဒီမွာကလပ္တစ္ခုဖြင့္ဖို႔ ဆႏၵရွိခဲ့တာလည္း ျဖစ္ပါတယ္။ သူက “ဟန္ေဂရီမွာ ကလပ္တစ္ခုဖြင့္ဖို႔ စိတ္ကူးထားတယ္”လို႔လည္း ဆိုပါတယ္။

ေဘာလုံးသမားဘဝကေန အနားယူၿပီး အျခားလုပ္ငန္းေတြကို ေျပာင္းလဲလုပ္ကိုင္ၾကတာဟာ Iovinella တစ္ေယာက္ထဲေတာ့ မဟုတ္ပါဘူး။ ဥပမာအေနနဲ႔ အဲရစ္ကန္တိုနာ လိုနာမည္ႀကီးေဘာလုံးသမားတစ္ေယာက္က ေဘာလုံးေလာကမွ အနားယူၿပီးေနာက္

႐ုပ္ရွင္သ႐ုပ္ေဆာင္အျဖစ္ လုပ္ကိုင္ခဲ့သလို ဂ်ာမန္ကလပ္ Werder Bremen အသင္းရဲ႕ဂိုးသမားေဟာင္း Tim Wiese ဟာလည္း ေဘာလုံးေလာကမွ အနားယူၿပီး WWE နပန္းသမားတစ္ေယာက္အျဖစ္ လုပ္ကိုင္ခဲ့ပါတယ္။

Leave a Comment