တရုတ်တွေအငန်းမရလိုချင်နေတဲ့ မြန်မာမြေရှား (Rare Earth)အကြောင်း

မြေရှား (Rare Earth) ဆိုသော အမည်နှင့် လိုက်ဖက်စွာ ထိုသတ္တုသည် ကမ္ဘာပေါ်တွင် နေရာတိုင်း မထွက်ရှိပေ။ မြေရှားသတ္တုထုတ်လုပ်နေသော နိုင်ငံအရေအတွက်မှာ လက်ချိုးရေတွက်လို့ရသည်။ ထိုနိုင်ငံများတွင် မြန်မာနိုင်ငံသည် မြေရှားသတ္တုတင်ပို့နေသော ထိပ်တန်းသုံးနိုင်ငံထဲတွင် ပါဝင်နေသည်ဆိုလျှင် အံ့ဩကြမည် ထင်သည်။ မြန်မာနိုင်ငံတွင် မြေရှားသတ္တုအကြောင်း

သိရှိသူ အလွန်နည်းပါသလို မြန်မာနိုင်ငံတွင် ထိုသတ္တုအမျိုးအစားထွက်ရှိနေသည်ကို သိသူလည်း နည်းပါးသည်။ ကမ္ဘာတွင် အင်္ဂလိပ်လိုအားဖြင့် Rare Earth Elements (REEs) ဟု လူသိများပြီး မြန်မာလိုအားဖြင့် ‘မြေရှား’ ဟု ရိုးရှင်းစွာ ပြန်ဆိုထားသည်။ ထိုရှားပါးသတ္တုတွင် အခြားသတ္တုများနှင့် မတူသော ထူးခြားချက်မှာ သတ္တုဒြပ်စင် ၁၅ မျိုး ပေါင်းစပ်ပါဝင်နေကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS – United States Geological Survey) ၏ အချက်အလက်များအရ သိရှိရသည်။ ထိုဒြပ်စင်များကို ပေါ့ပါးသတ္တုဒြပ်စင် (Light REEs) နှင့် လေးလံသတ္တုဒြပ်စင် (Heavy REEs) ဆိုပြီး အုပ်စုနှစ်ခု ခွဲထားသည်။ တချို့က Europium နှင့် Gadolinium တို့ကိုပါ

Heavy REEs အုပ်စုဝင်အဖြစ် သတ်မှတ်သည့်အတွက် REE တွင် သတ္တုဒြပ်စင် ၁၇ မျိုးပါဝင်သည်ဟု ဆိုနိုင်သည်။ နေဒါ၊ ဂရင်းလန်းကျွန်း၊ တောင်အာဖရိကနှင့် တန်းဇန်းနီးယားနိုင်ငံများတွင် မြေရှားသတ္တုတွေ့ရှိထားသော်လည်း ထိုနိုင်ငံများ၏ ထုတ်လုပ်မှုကိန်းဂဏန်းပမာဏကို မသိရပေ။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် မြေရှားသတ္တုအများဆုံး ထုတ်လုပ်တင်ပို့သော နိုင်ငံဖြစ်သည်။

အဓိကအားဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံမြောက်ဖျားပိုင်းဒေသရှိ မြေရှားသတ္တုသိုက်များမှ ထုတ်လုပ်ရရှိသော မြေရှားသတ္တုများကို တင်ပို့သောနိုင်ငံလည်းဖြစ်သည်။ USGS ၏ ထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မြေရှားသတ္တုထုတ်လုပ်မှု တန်ပေါင်း ၂၄၀,၀၀၀ ရှိသည့်အနက် တရုတ်နိုင်ငံက ၁၄၀,၀၀၀ တန် ထုတ်လုပ်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံက တန် ၃၀,၀၀၀ ထုတ်လုပ်ပြီး တရုတ်နိုင်ငံကို အဓိက တင်ပို့လျက်ရှိသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့မြေရှားသတ္တုဈေးကွက်၏ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားသည်။မြေရှားသတ္တု၏ အသုံးဝင်မှုမှာ သူ့ချည်းသက်သက်ဆိုပါက တန်ဖိုးမရှိလှပေ။

အခြားသတ္တုတစ်မျိုးဖြင့် ပေါင်းစပ်လိုက်သည့်အခါ ထူးခြား၍ အဆင့်မြင့်မားသော အရည်အသွေးရှိ သတ္တုတစ်မျိုး ထွက်ရှိလာခြင်းဖြစ်သည်။ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အီလက်ထရောနစ်ပစ္စည်း အမျိုးအစားပေါင်း ၂၀၀ ကျော်ထုတ်လုပ်ရာတွင် မြေရှားသတ္တုမှာ မရှိမဖြစ် အလွန်အရေးပါသည်။ ဥပမာအားဖြင့် အရပ်ဘက်သုံး မိုဘိုင်းဖုန်းများ၊ ကွန်ပျူတာများ၏ ပင်မအချက်အလက်သိုလှောင်ရာ ပစ္စည်း (Hard Drive) များ၊ လျှပ်စစ်ကားများ၊ မှန်သားပြင်တီဗီ (Flat-screen TV) များ စသည့် တန်ဖိုးကြီးပစ္စည်းများ ထုတ်လုပ်ရာတွင် မြေရှားသတ္တုမှာ အလွန်အရေးပါသော ကုန်ကြမ်းပစ္စည်း ဖြစ်သည်။ ထို့အတူ စစ်ဘက်ဆိုင်ရာနယ်ပယ်တွင် အဆင့်မြင့်နည်းပညာသုံး အဝေးထိန်းကိရိယာစနစ်များ (Guidance Systems)၊ လေဆာ၊ ရေဒါနှင့် အသံပိုင်းဆိုင်ရာ

ထောက်လှမ်းရေးစနစ်များ၊ အီလက်ထရောနစ်နည်းပညာသုံး ပုံရိပ်ဖော်ဖန်သားပြင်များ စသည့် ပစ္စည်းများထုတ်လုပ်ရာတွင်လည်း မြေရှားသတ္တုက မရှိမဖြစ်ကုန်ကြမ်းပစ္စည်းဖြစ်သည်။ အထက်ပါ ပစ္စည်းများထုတ်လုပ်သည့်အခါ ပစ္စည်းတစ်ခုတွင် မြေရှားသတ္တုပါဝင်မှု အလေးချိန်၊ ပမာဏနှင့် တန်ဖိုးသည် မပြောပလောက်အောင် နည်းပါးသော်လည်း ထိုသတ္တုပစ္စည်းကြောင့် အဆိုပါပစ္စည်း၏ လုပ်ဆောင်ချက်နှင့် အရည်အသွေး လွန်စွာကွဲပြားခြားနားမှု ရှိစေသည်။ ထိုမျှအရေးပါသော မြေရှားသတ္တု အဓိကထွက်ရှိရာ အရပ်ဒေသတစ်ခုမှာ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်မြောက်ပိုင်းဖြစ်သည်။ကချင်ပြည်နယ်ကို ကမ္ဘာကျော်ကျောက်စိမ်းများ ထွက်ရှိရာ ‘ကျောက်စိမ်းမြေ’ ဟု လူသိများသော်လည်း ကမ္ဘာတွင် တတိယမြောက် မြေရှားသတ္တုအများဆုံးထွက်ရှိရာဒေသဟု သိသူမရှိသလောက် နည်းပါးသည်။ ကချင်ပြည်နယ်အတွင်း မြေရှားသတ္တုသိုက်များရှိရာအရပ်မှာ တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ပန်ဝါဒေသဖြစ်သည်။

ပန်ဝါနှင့် ချီဖွေအကြား အရှေ့တောင်မှ အနောက်မြောက်သို့ ကန့်လန့်ဖြတ်စီးဆင်းနေ‌သော ချီဖွေချောင်းအထက်ပိုင်း တစ်ဖက်တစ်ချက်ရှိ တောင်းတန်းများတွင် မြေရှားသတ္တုတူးဖော်ရေးတွင်း အများအပြားတွေ့ရှိရသည်။ Google Earth ၏ ကောင်းကင်ဓာတ်ပုံများအရ ထိုနေရာတစ်ဝိုက်တွင် မြေရှားသတ္တုတူးဖော်သည့် နေရာ ၆၆ ခု ရှာဖွေတွေ့ရှိရသည်။ ထိုအရေအတွက်ထက်လည်း များပြားနိုင်သည်။ မြေရှားသတ္တုတွင်းများ တည်ရှိရာဒေသကို နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းထားသည့် စစ်တပ်လက်အောက်ခံ NDA-K လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထားသည်။ ထိုအဖွဲ့သည် ယခင်က ကချင်ပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ အဆိုပါ မြေရှားသတ္တုတွင်းများမှာ NDA-K အဖွဲ့အတွက် အဓိကဝင်ငွေရရှိသော လုပ်ငန်းများဖြစ်ပြီး၊ စစ်တပ်က အကျိုးအမြတ်ရရှိနေသော လုပ်ငန်းလည်းဖြစ်သည်။

ထိုသတ္တုတွင်းလုပ်ကွက်အများစုကို တရုတ်လုပ်ငန်းရှင်များက နယ်စပ်ဖြတ်ကျော်လုပ်ကိုင်ခွင့် ရထားသည်ဟု သိရသည်။ ပန်ဝါဒေသတွင် မြေရှားသတ္တုတူးဖော်ရေး စတင်ခဲ့သည်မှာ နှစ်အနည်းငယ်သာ ရှိသေးသည်။ Google Earth ပေါ်က အထောက်အထားများအရ ၂၀၁၈ နှင့် ၂၀၂၀ အကြားတွင် ပန်ဝါဒေသ၌ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ အလျင်အမြန်တိုးချဲ့လုပ်ကိုင်လာသည်ကို တွေ့ရသည်။ ကချင်ပြည်နယ် ပန်ဝါဒေသမှ ထွက်ရှိသော မြေရှားသတ္တုများကို တရုတ်နိုင်ငံသို့ တင်ပို့နေသော်လည်း နိုင်ငံတော်အနေဖြင့် အခွန်ငွေရမရ အတိအကျ မသိရပေ။ ပန်ဝါဒေသမှနေ၍ နှစ်စဉ် မြေရှားသတ္တုတန်ဖိုး မည်မျှထွက်ရှိနေသည်ဆိုသော ကိန်းဂဏန်းအချက်အလက်များလည်း မသိရှိရပေ။ မြေရှားသတ္တုဒြပ်စင်ကို ထုတ်ယူသည့်အခါ ရှေးရိုးသတ္တုတူးဖော်သည့်နည်းလမ်းအတိုင်း Open-pit နည်းဖြင့် တူးဖော်ပြီး မြေသယ်ကားကြီးများဖြင့် သယ်ယူကာ သတ္တုသန့်စင်သော စက်ရုံတွင် သန့်စင်ခွဲထုတ်ယူကြခြင်းဖြစ်သည်။ ထို့ကြောင့် မြေရှားသတ္တုရှိသော တောတောင်ရေမြေ သဘာဝပတ်ဝန်းကျင်သည် သတ္တုတူးဖော်ရေးကြောင့် လုံးဝပျက်စီးသွားသော အခြေအနေနှင့် ရင်ဆိုင်ရသည်။ သတ္တုစတင်တူးဖော်သည့်အခါ အပေါ်ယံမြေဆီလွှာကို သီးသန့်ဖယ်ရှားပြီးမှ တူးဖော်ခြင်းသည် နိုင်ငံတကာစံနှုန်းဖြစ်သည်။ သို့သော်လည်း သတ္တုသိုက်များကို ပြန်လည်ပိတ်သိမ်းသည့်အခါ တူးဖော်စဉ်က ဖြစ်ပေါ်ခဲ့သော တွင်းကြီးများကို စွန့်ပစ်မြေစာများနှင့် ဖုံးအုပ်ခြင်း၊ သစ်ပင်များပြန်လည်စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို အချိန်ယူကုစားရသည်။ သို့သော် မြန်မာနိုင်ငံမြောက်ဖျားပိုင်းက သတ္တုသိုက်အများစုတွင် တူးဖော်သူတရုတ်ကုမ္ပဏီများက အထက်ပါ နိုင်ငံတကာစံနှန်းများအတိုင်း လုပ်ဆောင်နေသည်ဟု မကြားသိရပေ။

သာယာလှပသော ကချင်ပြည်နယ်၏ သဘာဝပတ်ဝန်းကျင်မှာ ကျောက်စိမ်းနှင့် မြေရှားသတ္တု ထုတ်လုပ်မှုကြောင့် ပြန်လည်ကုစားမရနိုင်လောက်အောင် ထိခိုက်ပျက်စီးလျက်ရှိသည်။ ကချင်ပြည်နယ် ပန်ဝါဒေသမှ မြေရှားသတ္တုကို ထုတ်ယူရာတွင် မြင့်မားသော တောတောင်ထဲတွင် ထုတ်ယူပြီး စက်ရုံရှိရာ တရုတ်ပြည်ထဲသို့ မြေသယ်ကားကြီးများဖြင့် သယ်ယူသန့်စင်ရသဖြင့် ကုန်ကျစရိတ်များသည်။ထို့ကြောင့် နောက်ပိုင်းတွင် မြေရှားသတ္တုသိုက်ရှိရာအနီးတွင် သတ္တုသန့်စင်ကန်များ ပြုလုပ်ကာ ဓာတုဗေဒဆေးရည်များ အသုံးပြုလျက် သတ္တုသန့်စင်နေသည်ကို Google Earth မြေပုံပါ ပုံရိပ်များက သက်သေခံနေသည်။

အသုံးပြုပြီးသော ဓာတုဗေဒဆေးရည်များ ရောနှောပါဝင်နေသည့် စွန့်ပစ်ရေများကို စနစ်တကျစွန့် ပစ်မှုရှိမရှိ မည်သူကမျှ စောင့်ကြည့်လေ့လာခြင်း မရှိသဖြင့် အတိအကျ မသိရပေ။ ထိုဓာတုဗေဒဆေးရည်များပါဝင်သည့် ရေများမှာ အနီးဆုံးချီဖွေချောင်းအတွင်း စီးဝင်နိုင်သည်။ ထိုမှတစ်ဆင့် မေခမြစ်ထဲသို့ စီးဝင်ရာမှ ဧရာဝတီမြစ်အထိ ဓာတုဗေဒအဆိပ်သင့်ရေများ စီးဝင်ကာ မြစ်ရေညစ်ညမ်းနိုင်သည်။ ပန်ဝါဒေသသည် ဥပဒေစိုးမိုးသော အရပ်ဒေသမဟုတ်ဘဲ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တစ်ခု

ထိန်းချုပ်ရာနယ်မြေဖြစ်သည့်အတွက် လွတ်လပ်သော သုတေသနပြုလေ့လာမှုများလုပ်ဆောင်ရန် ခက်ခဲသည်။ ပန်ဝါဒေသရှိ မြေရှားသတ္တုသိုက်များအကြောင်း စနစ်တကျလေ့လာထားသည့် လွတ်လပ်သော သုတေသနအစီရင်ခံစာများ မရှိသဖြင့် ယခုထက် ပို၍အလေးထား လေ့လာဂရုပြုရန် လိုအပ်လျက်ရှိသည်။

Zawgyi

ေျမရွား (Rare Earth) ဆိုေသာ အမည္ႏွင့္ လိုက္ဖက္စြာ ထိုသတၱဳသည္ ကမာၻေပၚတြင္ ေနရာတိုင္း မထြက္ရွိေပ။ ေျမရွားသတၱဳထုတ္လုပ္ေနေသာ ႏိုင္ငံအေရအတြက္မွာ လက္ခ်ိဳးေရတြက္လို႔ရသည္။ ထိုႏိုင္ငံမ်ားတြင္ ျမန္မာႏိုင္ငံသည္ ေျမရွားသတၱဳတင္ပို႔ေနေသာ ထိပ္တန္းသုံးႏိုင္ငံထဲတြင္ ပါဝင္ေနသည္ဆိုလွ်င္ အံ့ဩၾကမည္ ထင္သည္။ ျမန္မာႏိုင္ငံတြင္ ေျမရွားသတၱဳအေၾကာင္း

သိရွိသူ အလြန္နည္းပါသလို ျမန္မာႏိုင္ငံတြင္ ထိုသတၱဳအမ်ိဳးအစားထြက္ရွိေနသည္ကို သိသူလည္း နည္းပါးသည္။ ကမာၻတြင္ အဂၤလိပ္လိုအားျဖင့္ Rare Earth Elements (REEs) ဟု လူသိမ်ားၿပီး ျမန္မာလိုအားျဖင့္ ‘ေျမရွား’ ဟု ႐ိုးရွင္းစြာ ျပန္ဆိုထားသည္။ ထိုရွားပါးသတၱဳတြင္ အျခားသတၱဳမ်ားႏွင့္ မတူေသာ ထူးျခားခ်က္မွာ သတၱဳျဒပ္စင္ ၁၅ မ်ိဳး ေပါင္းစပ္ပါဝင္ေနေၾကာင္း အေမရိကန္ ဘူမိေဗဒေလ့လာေရးဌာန (USGS – United States Geological Survey) ၏ အခ်က္အလက္မ်ားအရ သိရွိရသည္။ ထိုျဒပ္စင္မ်ားကို ေပါ့ပါးသတၱဳျဒပ္စင္ (Light REEs) ႏွင့္ ေလးလံသတၱဳျဒပ္စင္ (Heavy REEs) ဆိုၿပီး အုပ္စုႏွစ္ခု ခြဲထားသည္။ တခ်ိဳ႕က Europium ႏွင့္ Gadolinium တို႔ကိုပါ

Heavy REEs အုပ္စုဝင္အျဖစ္ သတ္မွတ္သည့္အတြက္ REE တြင္ သတၱဳျဒပ္စင္ ၁၇ မ်ိဳးပါဝင္သည္ဟု ဆိုႏိုင္သည္။ ေနဒါ၊ ဂရင္းလန္းကြၽန္း၊ ေတာင္အာဖရိကႏွင့္ တန္းဇန္းနီးယားႏိုင္ငံမ်ားတြင္ ေျမရွားသတၱဳေတြ႕ရွိထားေသာ္လည္း ထိုႏိုင္ငံမ်ား၏ ထုတ္လုပ္မႈကိန္းဂဏန္းပမာဏကို မသိရေပ။ တ႐ုတ္ႏိုင္ငံသည္ ကမာၻေပၚတြင္ ေျမရွားသတၱဳအမ်ားဆုံး ထုတ္လုပ္တင္ပို႔ေသာ ႏိုင္ငံျဖစ္သည္။

အဓိကအားျဖင့္ အိမ္နီးခ်င္း ျမန္မာႏိုင္ငံေျမာက္ဖ်ားပိုင္းေဒသရွိ ေျမရွားသတၱဳသိုက္မ်ားမွ ထုတ္လုပ္ရရွိေသာ ေျမရွားသတၱဳမ်ားကို တင္ပို႔ေသာႏိုင္ငံလည္းျဖစ္သည္။ USGS ၏ ထုတ္ျပန္ခ်က္မ်ားအရ ၿပီးခဲ့သည့္ ၂၀၂၀ ျပည့္ႏွစ္တြင္ တစ္ကမာၻလုံးအတိုင္းအတာျဖင့္ ေျမရွားသတၱဳထုတ္လုပ္မႈ တန္ေပါင္း ၂၄၀,၀၀၀ ရွိသည့္အနက္ တ႐ုတ္ႏိုင္ငံက ၁၄၀,၀၀၀ တန္ ထုတ္လုပ္ျခင္းျဖစ္သည္။ ျမန္မာႏိုင္ငံက တန္ ၃၀,၀၀၀ ထုတ္လုပ္ၿပီး တ႐ုတ္ႏိုင္ငံကို အဓိက တင္ပို႔လ်က္ရွိသည္။ တ႐ုတ္ႏိုင္ငံသည္ ကမာၻ႔ေျမရွားသတၱဳေဈးကြက္၏ ၉၀ ရာခိုင္ႏႈန္းေက်ာ္ကို ထိန္းခ်ဳပ္ထားသည္။ေျမရွားသတၱဳ၏ အသုံးဝင္မႈမွာ သူ႔ခ်ည္းသက္သက္ဆိုပါက တန္ဖိုးမရွိလွေပ။

အျခားသတၱဳတစ္မ်ိဳးျဖင့္ ေပါင္းစပ္လိုက္သည့္အခါ ထူးျခား၍ အဆင့္ျမင့္မားေသာ အရည္အေသြးရွိ သတၱဳတစ္မ်ိဳး ထြက္ရွိလာျခင္းျဖစ္သည္။ အရပ္ဘက္ႏွင့္ စစ္ဘက္ဆိုင္ရာ အဆင့္ျမင့္အီလက္ထေရာနစ္ပစၥည္း အမ်ိဳးအစားေပါင္း ၂၀၀ ေက်ာ္ထုတ္လုပ္ရာတြင္ ေျမရွားသတၱဳမွာ မရွိမျဖစ္ အလြန္အေရးပါသည္။ ဥပမာအားျဖင့္ အရပ္ဘက္သုံး မိုဘိုင္းဖုန္းမ်ား၊ ကြန္ပ်ဴတာမ်ား၏ ပင္မအခ်က္အလက္သိုေလွာင္ရာ ပစၥည္း (Hard Drive) မ်ား၊ လွ်ပ္စစ္ကားမ်ား၊ မွန္သားျပင္တီဗီ (Flat-screen TV) မ်ား စသည့္ တန္ဖိုးႀကီးပစၥည္းမ်ား ထုတ္လုပ္ရာတြင္ ေျမရွားသတၱဳမွာ အလြန္အေရးပါေသာ ကုန္ၾကမ္းပစၥည္း ျဖစ္သည္။ ထို႔အတူ စစ္ဘက္ဆိုင္ရာနယ္ပယ္တြင္ အဆင့္ျမင့္နည္းပညာသုံး အေဝးထိန္းကိရိယာစနစ္မ်ား (Guidance Systems)၊ ေလဆာ၊ ေရဒါႏွင့္ အသံပိုင္းဆိုင္ရာ ေထာက္လွမ္းေရးစနစ္မ်ား၊ အီလက္ထေရာနစ္နည္းပညာသုံး ပုံရိပ္ေဖာ္ဖန္သားျပင္မ်ား စသည့္ ပစၥည္းမ်ားထုတ္လုပ္ရာတြင္လည္း ေျမရွားသတၱဳက မရွိမျဖစ္ကုန္ၾကမ္းပစၥည္းျဖစ္သည္။ အထက္ပါ ပစၥည္းမ်ားထုတ္လုပ္သည့္အခါ ပစၥည္းတစ္ခုတြင္ ေျမရွားသတၱဳပါဝင္မႈ အေလးခ်ိန္၊ ပမာဏႏွင့္ တန္ဖိုးသည္ မေျပာပေလာက္ေအာင္ နည္းပါးေသာ္လည္း ထိုသတၱဳပစၥည္းေၾကာင့္ အဆိုပါပစၥည္း၏ လုပ္ေဆာင္ခ်က္ႏွင့္ အရည္အေသြး လြန္စြာကြဲျပားျခားနားမႈ ရွိေစသည္။ ထိုမွ်အေရးပါေသာ ေျမရွားသတၱဳ အဓိကထြက္ရွိရာ အရပ္ေဒသတစ္ခုမွာ ျမန္မာႏိုင္ငံ၊ ကခ်င္ျပည္နယ္ေျမာက္ပိုင္းျဖစ္သည္။ကခ်င္ျပည္နယ္ကို ကမာၻေက်ာ္ေက်ာက္စိမ္းမ်ား ထြက္ရွိရာ ‘ေက်ာက္စိမ္းေျမ’ ဟု လူသိမ်ားေသာ္လည္း ကမာၻတြင္ တတိယေျမာက္ ေျမရွားသတၱဳအမ်ားဆုံးထြက္ရွိရာေဒသဟု သိသူမရွိသေလာက္ နည္းပါးသည္။ ကခ်င္ျပည္နယ္အတြင္း ေျမရွားသတၱဳသိုက္မ်ားရွိရာအရပ္မွာ တ႐ုတ္ႏိုင္ငံႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနသည့္ ပန္ဝါေဒသျဖစ္သည္။

ပန္ဝါႏွင့္ ခ်ီေဖြအၾကား အေရွ႕ေတာင္မွ အေနာက္ေျမာက္သို႔ ကန႔္လန႔္ျဖတ္စီးဆင္းေန‌ေသာ ခ်ီေဖြေခ်ာင္းအထက္ပိုင္း တစ္ဖက္တစ္ခ်က္ရွိ ေတာင္းတန္းမ်ားတြင္ ေျမရွားသတၱဳတူးေဖာ္ေရးတြင္း အမ်ားအျပားေတြ႕ရွိရသည္။ Google Earth ၏ ေကာင္းကင္ဓာတ္ပုံမ်ားအရ ထိုေနရာတစ္ဝိုက္တြင္ ေျမရွားသတၱဳတူးေဖာ္သည့္ ေနရာ ၆၆ ခု ရွာေဖြေတြ႕ရွိရသည္။ ထိုအေရအတြက္ထက္လည္း မ်ားျပားႏိုင္သည္။ ေျမရွားသတၱဳတြင္းမ်ား တည္ရွိရာေဒသကို နယ္ျခားေစာင့္တပ္ဖြဲ႕အသြင္ေျပာင္းထားသည့္ စစ္တပ္လက္ေအာက္ခံ NDA-K လက္နက္ကိုင္အဖြဲ႕က ထိန္းခ်ဳပ္ထားသည္။ ထိုအဖြဲ႕သည္ ယခင္က ကခ်င္ျပည္နယ္အေျခစိုက္ လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခု ျဖစ္သည္။ အဆိုပါ ေျမရွားသတၱဳတြင္းမ်ားမွာ NDA-K အဖြဲ႕အတြက္ အဓိကဝင္ေငြရရွိေသာ လုပ္ငန္းမ်ားျဖစ္ၿပီး၊ စစ္တပ္က အက်ိဳးအျမတ္ရရွိေနေသာ လုပ္ငန္းလည္းျဖစ္သည္။

ထိုသတၱဳတြင္းလုပ္ကြက္အမ်ားစုကို တ႐ုတ္လုပ္ငန္းရွင္မ်ားက နယ္စပ္ျဖတ္ေက်ာ္လုပ္ကိုင္ခြင့္ ရထားသည္ဟု သိရသည္။ ပန္ဝါေဒသတြင္ ေျမရွားသတၱဳတူးေဖာ္ေရး စတင္ခဲ့သည္မွာ ႏွစ္အနည္းငယ္သာ ရွိေသးသည္။ Google Earth ေပၚက အေထာက္အထားမ်ားအရ ၂၀၁၈ ႏွင့္ ၂၀၂၀ အၾကားတြင္ ပန္ဝါေဒသ၌ ေျမရွားသတၱဳတူးေဖာ္ေရးလုပ္ငန္းမ်ား အလ်င္အျမန္တိုးခ်ဲ႕လုပ္ကိုင္လာသည္ကို ေတြ႕ရသည္။ ကခ်င္ျပည္နယ္ ပန္ဝါေဒသမွ ထြက္ရွိေသာ ေျမရွားသတၱဳမ်ားကို တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔ေနေသာ္လည္း ႏိုင္ငံေတာ္အေနျဖင့္ အခြန္ေငြရမရ အတိအက် မသိရေပ။ ပန္ဝါေဒသမွေန၍ ႏွစ္စဥ္ ေျမရွားသတၱဳတန္ဖိုး မည္မွ်ထြက္ရွိေနသည္ဆိုေသာ ကိန္းဂဏန္းအခ်က္အလက္မ်ားလည္း မသိရွိရေပ။ ေျမရွားသတၱဳျဒပ္စင္ကို ထုတ္ယူသည့္အခါ ေရွး႐ိုးသတၱဳတူးေဖာ္သည့္နည္းလမ္းအတိုင္း Open-pit နည္းျဖင့္ တူးေဖာ္ၿပီး ေျမသယ္ကားႀကီးမ်ားျဖင့္ သယ္ယူကာ သတၱဳသန႔္စင္ေသာ စက္႐ုံတြင္ သန႔္စင္ခြဲထုတ္ယူၾကျခင္းျဖစ္သည္။ ထို႔ေၾကာင့္ ေျမရွားသတၱဳရွိေသာ ေတာေတာင္ေရေျမ သဘာဝပတ္ဝန္းက်င္သည္ သတၱဳတူးေဖာ္ေရးေၾကာင့္ လုံးဝပ်က္စီးသြားေသာ အေျခအေနႏွင့္ ရင္ဆိုင္ရသည္။ သတၱဳစတင္တူးေဖာ္သည့္အခါ အေပၚယံေျမဆီလႊာကို သီးသန႔္ဖယ္ရွားၿပီးမွ တူးေဖာ္ျခင္းသည္ ႏိုင္ငံတကာစံႏႈန္းျဖစ္သည္။ သို႔ေသာ္လည္း သတၱဳသိုက္မ်ားကို ျပန္လည္ပိတ္သိမ္းသည့္အခါ တူးေဖာ္စဥ္က ျဖစ္ေပၚခဲ့ေသာ တြင္းႀကီးမ်ားကို စြန႔္ပစ္ေျမစာမ်ားႏွင့္ ဖုံးအုပ္ျခင္း၊ သစ္ပင္မ်ားျပန္လည္စိုက္ပ်ိဳးျခင္းျဖင့္ သဘာဝပတ္ဝန္းက်င္ပ်က္စီးမႈကို အခ်ိန္ယူကုစားရသည္။ သို႔ေသာ္ ျမန္မာႏိုင္ငံေျမာက္ဖ်ားပိုင္းက သတၱဳသိုက္အမ်ားစုတြင္ တူးေဖာ္သူတ႐ုတ္ကုမၸဏီမ်ားက အထက္ပါ ႏိုင္ငံတကာစံႏွန္းမ်ားအတိုင္း လုပ္ေဆာင္ေနသည္ဟု မၾကားသိရေပ။

သာယာလွပေသာ ကခ်င္ျပည္နယ္၏ သဘာဝပတ္ဝန္းက်င္မွာ ေက်ာက္စိမ္းႏွင့္ ေျမရွားသတၱဳ ထုတ္လုပ္မႈေၾကာင့္ ျပန္လည္ကုစားမရႏိုင္ေလာက္ေအာင္ ထိခိုက္ပ်က္စီးလ်က္ရွိသည္။ ကခ်င္ျပည္နယ္ ပန္ဝါေဒသမွ ေျမရွားသတၱဳကို ထုတ္ယူရာတြင္ ျမင့္မားေသာ ေတာေတာင္ထဲတြင္ ထုတ္ယူၿပီး စက္႐ုံရွိရာ တ႐ုတ္ျပည္ထဲသို႔ ေျမသယ္ကားႀကီးမ်ားျဖင့္ သယ္ယူသန႔္စင္ရသျဖင့္ ကုန္က်စရိတ္မ်ားသည္။ထို႔ေၾကာင့္ ေနာက္ပိုင္းတြင္ ေျမရွားသတၱဳသိုက္ရွိရာအနီးတြင္ သတၱဳသန႔္စင္ကန္မ်ား ျပဳလုပ္ကာ ဓာတုေဗဒေဆးရည္မ်ား အသုံးျပဳလ်က္ သတၱဳသန႔္စင္ေနသည္ကို Google Earth ေျမပုံပါ ပုံရိပ္မ်ားက သက္ေသခံေနသည္။

အသုံးျပဳၿပီးေသာ ဓာတုေဗဒေဆးရည္မ်ား ေရာေႏွာပါဝင္ေနသည့္ စြန႔္ပစ္ေရမ်ားကို စနစ္တက်စြန႔္ ပစ္မႈရွိမရွိ မည္သူကမွ် ေစာင့္ၾကည့္ေလ့လာျခင္း မရွိသျဖင့္ အတိအက် မသိရေပ။ ထိုဓာတုေဗဒေဆးရည္မ်ားပါဝင္သည့္ ေရမ်ားမွာ အနီးဆုံးခ်ီေဖြေခ်ာင္းအတြင္း စီးဝင္ႏိုင္သည္။ ထိုမွတစ္ဆင့္ ေမချမစ္ထဲသို႔ စီးဝင္ရာမွ ဧရာဝတီျမစ္အထိ ဓာတုေဗဒအဆိပ္သင့္ေရမ်ား စီးဝင္ကာ ျမစ္ေရညစ္ညမ္းႏိုင္သည္။ ပန္ဝါေဒသသည္ ဥပေဒစိုးမိုးေသာ အရပ္ေဒသမဟုတ္ဘဲ လက္နက္ကိုင္တိုင္းရင္းသားအဖြဲ႕တစ္ခု

ထိန္းခ်ဳပ္ရာနယ္ေျမျဖစ္သည့္အတြက္ လြတ္လပ္ေသာ သုေတသနျပဳေလ့လာမႈမ်ားလုပ္ေဆာင္ရန္ ခက္ခဲသည္။ ပန္ဝါေဒသရွိ ေျမရွားသတၱဳသိုက္မ်ားအေၾကာင္း စနစ္တက်ေလ့လာထားသည့္ လြတ္လပ္ေသာ သုေတသနအစီရင္ခံစာမ်ား မရွိသျဖင့္ ယခုထက္ ပို၍အေလးထား ေလ့လာဂ႐ုျပဳရန္ လိုအပ္လ်က္ရွိသည္။

Leave a Comment