မြန်မာပြည် ဒီလိုအခြေအနေဖြစ်လာမှာကို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက ခန့်မှန်းနိုင်ခဲ့သူတစ်ဦးရှိခဲ့

မြန်မာနိုင်ငံမှာ ဒီနေ့ဒီလို စစ်မီးထတောက်မယ်ဆိုတာ Joshua Cooper Ramoက ၂၀၀၉လောက်ကတည်းကမှန်းခဲ့ပါတယ်။ အဲ့ဒီဂျော့ရွှာကူပါးရာမို ဆိုသူဟာ Kissinger Associatesရဲ့ vice chairman and co-chief executive ဖြစ်ပါတယ်။

တကယ်တမ်းပြောရရင် ကျနော်က ဟင်နရီကစ်ဆင်းဂျာကိုမကြိုက်ပါ။ လူလည်ကြီးလို့မြင်ပါတယ်။ ဒါပေမယ့်ကမ္ဘာ့အရေးအခင်းတွေမှာ သူတို့ဘယ်လိုမြင်သလဲဆိုတာကလည်း အရေးကြီးပါတယ်။

သူ့ရဲ့”The Age of the Unthinkable”က ကမ္ဘာ့အရေးအခင်းတွေအကြောင်းဆက်စပ်နားလည်လိုသူတွေ ဖတ်သင့်တဲ့စာအုပ်ပါ။ ဇာတ်လမ်းကဘယ်ကစသလဲဆိုတော့ နက်ဆင်းတာလပ် (Nassim Taleb)က The Black Swam ဆိုတဲ့စာအုပ်ကိုရေးပါတယ်။ အဲ့ဒီမှာသူက အချို့ကမ္ဘာ့အရေးအခင်းတွေဟာ ကြိုတင်မှန်းဆထားလို့ မရဘူးလို့ ပြောခဲ့ပါတယ်။

ဥပမာ ၉၁၁တိုက်ခိုက်မှု၊ ၂၀၀၄ဆူနာမီလိုဟာမျိုး၊ ၁၉၈၇စတော့ဈေးကွက်ပျက်မှုမျိုးတွေကို ဆိုလိုတာပါ။ ဒါကိုဂျော့ရွှာရာမိုက ပြန်ငြင်းပါတယ်။ သူက မှန်းလို့ရတာတွေရှိတယ်။ မီးအသေးက မီးအကြီးကြီးလောင်မှာကို တားဆီးပေးတတ်သတဲ့။

ဆီးရီးယားလို အာဏာရှင်စနစ်အောက်က နိုင်ငံမျိုးဟာ volatile ထပေါက်ကွဲလွယ်တယ်လို့ သူကကြိုတင်မှန်းဆခဲ့တယ်။ အီတလီလိုနိုင်ငံမျိုးမှာ လူထုဆန္ဒပြမှုတွေ ဖြစ်နေတာ ခဏခဏဆိုပေမယ့် စနစ်တစ်ခုလုံးပြောင်းလောက်အောင် မဖြစ်ဘူးတဲ့။ အမေရိကန်မှာလည်း လူဖြူလူမည်းပြဿနာအရေးအခင်းမျိုးတွေ ထဖြစ်တတ်တာပဲ။ ဒါပေမဲ့ မီးအကြီးကြီးလောင်မှာ မစိုးရိမ်ရဘူး။

အဲ့မှာသူပြောထားတာက “Syria or North Korea or Burma do not have small burns; a fire there could quickly become a devastating catastrophe.”တဲ့။

ဆီးရီးယား၊ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံတွေမှာ လူထုအုံကြွမှုအသေးလေးတွေ ခဏခဏမဖြစ်အောင် ထိန်းချုပ်ထားတယ်။ အေး…မဖြစ်လိုက်နဲ့။ ဖြစ်လိုက်ရင်တပြည်လုံးမီးဟုန်းဟုန်းတောက်မယ့် အုံကြွမှုကြီး ထဖြစ်နိုင်တယ်လို့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကတည်းကမှန်းထားခဲ့တယ်။

သူမှန်းတဲ့အတိုင်းဖြစ်လာခဲ့တယ်။ ဆီးရီးယားလည်းပြည်တွင်းစစ်အကြီးအကျယ်ထဖြစ်သလို၊ မြန်မာပြည်လည်း ယနေ့အခြေအနေထဖြစ်တာပဲ။ “သဘောက တိုင်းပြည်ငြိမ်သက်ရင်ပြီးရော ငါတို့က ဘာနိုင်ငံရေးမှ စိတ်မဝင်စားဘူးလို့ လုပ်နေလို့မရဘူး” အာဏာရှင် အုပ်စိုးတဲ့ နိုင်ငံတိုင်းမှာ မဖြစ်နဲ့ဖြစ်ရင်အကြီးကြီးထဖြစ်တတ်တယ်ဆိုတာ သိထားဖို့လိုတယ်။

သူပြောထားတာရှင်းတယ်။ ရေတိုနဲ့ရေရှည်ကို တွက်ပြသွားတာ။ In the short run, low volatility means stability. ရေတိုမှာတော့ လူထုက အသံမထွက်ဘူးဆိုရင် တိုင်းပြည်တည်ငြိမ်တယ်လို့ယူဆကြတယ်။

In the long run, though, low voltality leads to increased vulnerability. ရေရှည်မှာ အဲ့လိုအသံမထွက်ပဲ လူတွေမကျေနပ်တာက ပိုပြီးကြောက်ဖို့ကောင်းပါသတဲ့။

၂၀၁၂ဦးသိန်းစိန်ခေတ်မှာသွားပြောရင် အရူးလို့ထင်ကြမယ်။ ဦးသိန်းစိန်ခေတ်မှာ နိုင်ငံခြားဝင်ငွေအများကြီးရတယ်။ ကမ္ဘာ့နိုင်ငံ့ခေါင်းဆောင်တွေက တကယ်အာဏာမသိမ်းတော့ဘူးထင်ပြီး ချီးကျူးကြတယ်။ ချောင်းပေါက်အောင်လာလိုက်တဲ့ သမ္မတတွေဆိုတာ နေ့တိုင်းလိုလို တွေ့ရတယ်။

မြန်မာပြည်တကယ်ပွင့်ပြီဟဲ့ဆိုပြီး ထောက်ပံ့ငွေတွေ၊ ချေးငွေတွေ၊ ရင်းနှီးမြှုပ်နှံငွေတွေ ဝေါကနဲဝင်ချလာတယ်။ ဦးသိန်းစိန်ကလည်း ရသမျှကို ရေတိုအတွက်ပုံအောသုံးတယ်။ မုန့်ဝေတဲ့ခေတ်ပေါ့။ လူတွေလက်ထဲငွေရောက်ပြီး ပျော်စေရမယ်။

ဒါပေမယ့်ရေရှည်အတွက် ဘာမှသေချာမစီမံနိုင်ခဲ့ဘူး။ နောက်နောင်အာဏာမသိမ်းအောင် သူအာမမခံနိုင်ခဲ့ဘူး။ အိမ်ဈေးမြေဈေးတွေထိုးတက်တော့လူတွေပျော်ကြတယ်။ တကယ်တော့ ပုံမှန်တစ်လ (၅)သိန်းဝင်တဲ့လူတစ်ယောက်က ရိုးရိုးသားသားရှာဖွေရင် အနည်းဆုံးသိန်း (၅၀၀)လောက်ပေါက်တဲ့ တိုက်ခန်းကို ဘယ်လိုဝယ်မလဲ ရေရှည်အတွက်မတွေးခဲ့ဘူး။

အဲ့ဒီခေတ်မှာ ခရိုနီတွေ၊ ပရောဂျက်ရသူတွေ၊ မြေသမားတွေအကြီးအကျယ်ကြီးပွားတာပဲမြင်ခဲ့ကြတယ်။ ပြည်ပကနေ မြန်မာ့မြေဈေးကွက်ကို ဝင်မွှေပြီး ငွေထုပ်ပိုက်လစ်သွားတဲ့ မျောက်အဝယ်တော်တွေကို မမြင်ခဲ့ကြဘူး။

ပိုဆိုးတာက အထွက်မှာ ထွက်ကန်ကန်ပြီး နိုင်ငံပိုင်မြေတွေကို လက်သိပ်ထိုးရောင်းခဲ့တာ။ ထွက်ခါနီးမှ ကိုယ့်လူကိုကိုယ်ကြိတ်ပြီး ပရောဂျက်တွေပေးခဲ့တာတပြုံကြီးပဲ။

အန်အယ်လ်ဒီ လက်ထက်မှာကျပြန်တော့ ထိန်းချုပ်မှုတွေလုပ်ပေမယ့်လည်း တဖက်မှာ လုပ်သင့်တာကိုမလုပ်၊ မလုပ်သင့်တာတွေကို လုပ်ခဲ့တာတွေရှိနေပြန်တယ်။

ကျနော်တို့က ထောက်ပြရင်တောင်မှ အရောင်မျိုးစုံတပ်ပြီး ဆဲကြသေးတယ်။ပိုဆိုးတာက အမတ်အချို့က နေ့ရောညပါ ဖိပြီးမကြိုးစားတာ။ အရိပ်ခိုလိုက်နေခဲ့တာ။ ထားပါတော့။ အခုရခဲ့တဲ့သင်ခန်းစာအရ ကျနော်တို့အနေနဲ့ ကမ္ဘာ့အရေးကို ပိုမိုလေ့လာသင့်တယ်လို့ မြင်တယ်။

Kissinger Associates ကလူတွေရဲ့အမြင်ကိုလည်း “ကိုယ့်တိုင်းပြည်ရဲ့အနာဂတ်ကို သူတို့ဘယ်လိုမြင်သလဲ”ဆိုတာ သတိနဲ့စောင့်ကြည့်သင့်တယ်။ ကျနော်တို့တွေဟာ မျက်တောင်တစ်ဆုံးပဲကြည့်ပြီး ဆူလွယ်ဆဲလွယ်နေလို့မရဘူး။ ရေရှည်မှာ ဘာဖြစ်နိုင်တယ်ဆိုတာကို ကြိုတွက်သင့် လိမ္မာပါးနပ်သင့်ပြီလို့မြင်ပါတယ်။

မြန်မာနိုင်ငံဟာ အာဏာရှင်စနစ်အောက်မှာနေရသ၍ ဘယ်တော့မှအေးချမ်းနေတယ်လို့ပြောလို့မရပါ။ အာဏာရှင်စနစ်အောက်ကို ပြန်သွားတာနဲ့ တနေ့မဟုတ်တနေ့ ဒီလိုအဖြစ်ဆိုးတွေ (သို့မဟုတ်)ဒီထက်ဆိုးတဲ့အဖြစ်မျိုးတွေကို ကိုယ့်သားသမီးတွေလက်ထက်မှာ ကြုံရနိုင်တယ်ဆိုတာ သိထားဖို့လိုပါတယ်။

နောက်တစ်ခုက စီးပွားရေးသမားတွေအနေနဲ့ စီးပွားရေးစာအုပ်ပဲ စွတ်ဖတ်နေလို့မရဘူး။ မြန်မာပြည်ကိုဘယ်သူတွေ ဘာပြောသလဲဆိုတာ အမြဲမျက်ခြည်မမပြတ်ကြည့်ထားဖို့လိုပါကြောင်း။

Zawgyi

ျမန္မာႏိုင္ငံမွာ ဒီေန႔ဒီလို စစ္မီးထေတာက္မယ္ဆိုတာ Joshua Cooper Ramoက ၂၀၀၉ေလာက္ကတည္းကမွန္းခဲ့ပါတယ္။ အဲ့ဒီေဂ်ာ့႐ႊာကူပါးရာမို ဆိုသူဟာ Kissinger Associatesရဲ႕ vice chairman and co-chief executive ျဖစ္ပါတယ္။

တကယ္တမ္းေျပာရရင္ က်ေနာ္က ဟင္နရီကစ္ဆင္းဂ်ာကိုမႀကိဳက္ပါ။ လူလည္ႀကီးလို႔ျမင္ပါတယ္။ ဒါေပမယ့္ကမာၻ႔အေရးအခင္းေတြမွာ သူတို႔ဘယ္လိုျမင္သလဲဆိုတာကလည္း အေရးႀကီးပါတယ္။

သူ႔ရဲ႕”The Age of the Unthinkable”က ကမာၻ႔အေရးအခင္းေတြအေၾကာင္းဆက္စပ္နားလည္လိုသူေတြ ဖတ္သင့္တဲ့စာအုပ္ပါ။ ဇာတ္လမ္းကဘယ္ကစသလဲဆိုေတာ့ နက္ဆင္းတာလပ္ (Nassim Taleb)က The Black Swam ဆိုတဲ့စာအုပ္ကိုေရးပါတယ္။ အဲ့ဒီမွာသူက အခ်ိဳ႕ကမာၻ႔အေရးအခင္းေတြဟာ ႀကိဳတင္မွန္းဆထားလို႔ မရဘူးလို႔ ေျပာခဲ့ပါတယ္။

ဥပမာ ၉၁၁တိုက္ခိုက္မႈ၊ ၂၀၀၄ဆူနာမီလိုဟာမ်ိဳး၊ ၁၉၈၇စေတာ့ေဈးကြက္ပ်က္မႈမ်ိဳးေတြကို ဆိုလိုတာပါ။ ဒါကိုေဂ်ာ့႐ႊာရာမိုက ျပန္ျငင္းပါတယ္။ သူက မွန္းလို႔ရတာေတြရွိတယ္။ မီးအေသးက မီးအႀကီးႀကီးေလာင္မွာကို တားဆီးေပးတတ္သတဲ့။

ဆီးရီးယားလို အာဏာရွင္စနစ္ေအာက္က ႏိုင္ငံမ်ိဳးဟာ volatile ထေပါက္ကြဲလြယ္တယ္လို႔ သူကႀကိဳတင္မွန္းဆခဲ့တယ္။ အီတလီလိုႏိုင္ငံမ်ိဳးမွာ လူထုဆႏၵျပမႈေတြ ျဖစ္ေနတာ ခဏခဏဆိုေပမယ့္ စနစ္တစ္ခုလုံးေျပာင္းေလာက္ေအာင္ မျဖစ္ဘူးတဲ့။ အေမရိကန္မွာလည္း လူျဖဴလူမည္းျပႆနာအေရးအခင္းမ်ိဳးေတြ ထျဖစ္တတ္တာပဲ။ ဒါေပမဲ့ မီးအႀကီးႀကီးေလာင္မွာ မစိုးရိမ္ရဘူး။

အဲ့မွာသူေျပာထားတာက “Syria or North Korea or Burma do not have small burns; a fire there could quickly become a devastating catastrophe.”တဲ့။

ဆီးရီးယား၊ ေျမာက္ကိုရီးယားနဲ႔ ျမန္မာႏိုင္ငံေတြမွာ လူထုအုံႂကြမႈအေသးေလးေတြ ခဏခဏမျဖစ္ေအာင္ ထိန္းခ်ဳပ္ထားတယ္။ ေအး…မျဖစ္လိုက္နဲ႔။ ျဖစ္လိုက္ရင္တျပည္လုံးမီးဟုန္းဟုန္းေတာက္မယ့္ အုံႂကြမႈႀကီး ထျဖစ္ႏိုင္တယ္လို႔ လြန္ခဲ့တဲ့ ၁၀ႏွစ္ေက်ာ္ကတည္းကမွန္းထားခဲ့တယ္။

သူမွန္းတဲ့အတိုင္းျဖစ္လာခဲ့တယ္။ ဆီးရီးယားလည္းျပည္တြင္းစစ္အႀကီးအက်ယ္ထျဖစ္သလို၊ ျမန္မာျပည္လည္း ယေန႔အေျခအေနထျဖစ္တာပဲ။ “သေဘာက တိုင္းျပည္ၿငိမ္သက္ရင္ၿပီးေရာ ငါတို႔က ဘာႏိုင္ငံေရးမွ စိတ္မဝင္စားဘူးလို႔ လုပ္ေနလို႔မရဘူး” အာဏာရွင္ အုပ္စိုးတဲ့ ႏိုင္ငံတိုင္းမွာ မျဖစ္နဲ႔ျဖစ္ရင္အႀကီးႀကီးထျဖစ္တတ္တယ္ဆိုတာ သိထားဖို႔လိုတယ္။

သူေျပာထားတာရွင္းတယ္။ ေရတိုနဲ႔ေရရွည္ကို တြက္ျပသြားတာ။ In the short run, low volatility means stability. ေရတိုမွာေတာ့ လူထုက အသံမထြက္ဘူးဆိုရင္ တိုင္းျပည္တည္ၿငိမ္တယ္လို႔ယူဆၾကတယ္။

In the long run, though, low voltality leads to increased vulnerability. ေရရွည္မွာ အဲ့လိုအသံမထြက္ပဲ လူေတြမေက်နပ္တာက ပိုၿပီးေၾကာက္ဖို႔ေကာင္းပါသတဲ့။

၂၀၁၂ဦးသိန္းစိန္ေခတ္မွာသြားေျပာရင္ အ႐ူးလို႔ထင္ၾကမယ္။ ဦးသိန္းစိန္ေခတ္မွာ ႏိုင္ငံျခားဝင္ေငြအမ်ားႀကီးရတယ္။ ကမာၻ႔ႏိုင္ငံ့ေခါင္းေဆာင္ေတြက တကယ္အာဏာမသိမ္းေတာ့ဘူးထင္ၿပီး ခ်ီးက်ဴးၾကတယ္။ ေခ်ာင္းေပါက္ေအာင္လာလိုက္တဲ့ သမၼတေတြဆိုတာ ေန႔တိုင္းလိုလို ေတြ႕ရတယ္။

ျမန္မာျပည္တကယ္ပြင့္ၿပီဟဲ့ဆိုၿပီး ေထာက္ပံ့ေငြေတြ၊ ေခ်းေငြေတြ၊ ရင္းႏွီးျမႇဳပ္ႏွံေငြေတြ ေဝါကနဲဝင္ခ်လာတယ္။ ဦးသိန္းစိန္ကလည္း ရသမွ်ကို ေရတိုအတြက္ပုံေအာသုံးတယ္။ မုန႔္ေဝတဲ့ေခတ္ေပါ့။ လူေတြလက္ထဲေငြေရာက္ၿပီး ေပ်ာ္ေစရမယ္။

ဒါေပမယ့္ေရရွည္အတြက္ ဘာမွေသခ်ာမစီမံႏိုင္ခဲ့ဘူး။ ေနာက္ေနာင္အာဏာမသိမ္းေအာင္ သူအာမမခံႏိုင္ခဲ့ဘူး။ အိမ္ေဈးေျမေဈးေတြထိုးတက္ေတာ့လူေတြေပ်ာ္ၾကတယ္။ တကယ္ေတာ့ ပုံမွန္တစ္လ (၅)သိန္းဝင္တဲ့လူတစ္ေယာက္က ႐ိုး႐ိုးသားသားရွာေဖြရင္ အနည္းဆုံးသိန္း (၅၀၀)ေလာက္ေပါက္တဲ့ တိုက္ခန္းကို ဘယ္လိုဝယ္မလဲ ေရရွည္အတြက္မေတြးခဲ့ဘူး။

အဲ့ဒီေခတ္မွာ ခ႐ိုနီေတြ၊ ပေရာဂ်က္ရသူေတြ၊ ေျမသမားေတြအႀကီးအက်ယ္ႀကီးပြားတာပဲျမင္ခဲ့ၾကတယ္။ ျပည္ပကေန ျမန္မာ့ေျမေဈးကြက္ကို ဝင္ေမႊၿပီး ေငြထုပ္ပိုက္လစ္သြားတဲ့ ေမ်ာက္အဝယ္ေတာ္ေတြကို မျမင္ခဲ့ၾကဘူး။

ပိုဆိုးတာက အထြက္မွာ ထြက္ကန္ကန္ၿပီး ႏိုင္ငံပိုင္ေျမေတြကို လက္သိပ္ထိုးေရာင္းခဲ့တာ။ ထြက္ခါနီးမွ ကိုယ့္လူကိုကိုယ္ႀကိတ္ၿပီး ပေရာဂ်က္ေတြေပးခဲ့တာတၿပဳံႀကီးပဲ။

အန္အယ္လ္ဒီ လက္ထက္မွာက်ျပန္ေတာ့ ထိန္းခ်ဳပ္မႈေတြလုပ္ေပမယ့္လည္း တဖက္မွာ လုပ္သင့္တာကိုမလုပ္၊ မလုပ္သင့္တာေတြကို လုပ္ခဲ့တာေတြရွိေနျပန္တယ္။

က်ေနာ္တို႔က ေထာက္ျပရင္ေတာင္မွ အေရာင္မ်ိဳးစုံတပ္ၿပီး ဆဲၾကေသးတယ္။ပိုဆိုးတာက အမတ္အခ်ိဳ႕က ေန႔ေရာညပါ ဖိၿပီးမႀကိဳးစားတာ။ အရိပ္ခိုလိုက္ေနခဲ့တာ။ ထားပါေတာ့။ အခုရခဲ့တဲ့သင္ခန္းစာအရ က်ေနာ္တို႔အေနနဲ႔ ကမာၻ႔အေရးကို ပိုမိုေလ့လာသင့္တယ္လို႔ ျမင္တယ္။

Kissinger Associates ကလူေတြရဲ႕အျမင္ကိုလည္း “ကိုယ့္တိုင္းျပည္ရဲ႕အနာဂတ္ကို သူတို႔ဘယ္လိုျမင္သလဲ”ဆိုတာ သတိနဲ႔ေစာင့္ၾကည့္သင့္တယ္။ က်ေနာ္တို႔ေတြဟာ မ်က္ေတာင္တစ္ဆုံးပဲၾကည့္ၿပီး ဆူလြယ္ဆဲလြယ္ေနလို႔မရဘူး။ ေရရွည္မွာ ဘာျဖစ္ႏိုင္တယ္ဆိုတာကို ႀကိဳတြက္သင့္ လိမၼာပါးနပ္သင့္ၿပီလို႔ျမင္ပါတယ္။

ျမန္မာႏိုင္ငံဟာ အာဏာရွင္စနစ္ေအာက္မွာေနရသ၍ ဘယ္ေတာ့မွေအးခ်မ္းေနတယ္လို႔ေျပာလို႔မရပါ။ အာဏာရွင္စနစ္ေအာက္ကို ျပန္သြားတာနဲ႔ တေန႔မဟုတ္တေန႔ ဒီလိုအျဖစ္ဆိုးေတြ (သို႔မဟုတ္)ဒီထက္ဆိုးတဲ့အျဖစ္မ်ိဳးေတြကို ကိုယ့္သားသမီးေတြလက္ထက္မွာ ႀကဳံရႏိုင္တယ္ဆိုတာ သိထားဖို႔လိုပါတယ္။

ေနာက္တစ္ခုက စီးပြားေရးသမားေတြအေနနဲ႔ စီးပြားေရးစာအုပ္ပဲ စြတ္ဖတ္ေနလို႔မရဘူး။ ျမန္မာျပည္ကိုဘယ္သူေတြ ဘာေျပာသလဲဆိုတာ အၿမဲမ်က္ျခည္မမျပတ္ၾကည့္ထားဖို႔လိုပါေၾကာင္း။

Leave a Comment