ပိုက်ဆံစုရင်ချမ်းသာမယ်ဆိုတဲ့ အယူအဆကိုတော့ ကျနော် ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်
ပိုက်ဆံကို ကြိုးစားပမ်းစားရှာ ရှာပီးတာနဲ့အသေအလဲစု
ဘဏ္မွာပဲစုစု လက္ထဲမွာပဲစုစု
အချိန်တန် အဲ့စုထားတဲ့ငွေတန်ဖိုးကလျော့ကျလာမှာပါ
ကုန်ဈေးနှုန်းတွေကလဲမြင့်တက်လာနေအုံးမှာပဲ
မိတ်ဆွေ ငယ်ငယ်က ငွေ ၁သောင်းဟာ သိပ်တန်ဖိုးကြီးပါတယ် ခုချိန်မှာတော့ ငွေ ၁သောင်းဟာ ဘာမှမပြောပလောက်တဲ့အနေအထားဖြစ်နေပါပြီ
ကျနော်တို့ငယ်ငယ်တုံးက ဇီးထုပ်တထုပ်မှ ၁ကျပ်
ငွေ၁၀ရှိရင် ဗိုက်ကားအောင်စားလို့ရတဲ့အထိ အဖိုးတန်ခဲ့တဲ့ ၁၀တန်ဟာလဲ ခုဆို ဘယ်သူမှမယူတော့တဲ့ပိုက်ဆံဖြစ်နေပါပြီ
သီလရှင်ကိုတောင်လောင်းလို့မရတော့ပါဘူး
တန်ဖိုးတွေလဲလျော့ကျသွားပါပြီ
မိတ်ဆွေတို့ ကလေးနောင်ရေးအတွက် ဘဏ်မှာ တလ၃သောင်းစီဖြစ်ဖြစ် ပုံမှန်စုထားတဲ့ငွေဟာလည်း တချိန်ငွေကြေးဖောင်းပွလာမှု ကုန်ဈေးနှုန်းမြင့်တက်လာမှုတွေရဲ့ မိုးကြိုးပစ်မှုကို
ဘဏ်မှာစုတာအတိုးရတယ်ကွဆိုတဲ့ ထန်းလက်သေးသေးလေးနဲ့ ကာနိုင်မယ်ထင်ပါသလား?
အမှန်တကယ်က ချမ်းသာချင်ရင် ပိုက်ဆံကိုသုံးရမှာပါ
ငွေကိုအသေမထားပဲ ငွေနဲ့ငွေ မိတ်ဆွေဖွဲ့ခိုင်းရပါလိမ့်မယ်
ဒါမွသာ တိုးပြားမွုရွိလာနိုင္မွာပါ
ပိုက်ဆံသုံးတဲ့နေရာမှာ ဦးနှောက်လေးပါတွဲသုံးရင် ပိုမြန်ဆန်ပါလိမ့်မယ်
ဥပမာတစ်ခုအနေနဲ့ ပြောရရင် အဝတ်အစားတွေဝယ်ဖို့ ပိုက်ဆံသုံးလိုက်တဲ့ အမျိုးသမီးတစ်ယောက်ဟာ သူချမ်းသာဖို့အတွက် သုံးတာပါ
၁.လက္လီဝယ္ဖို့သုံးတာလား?
၂.လက္ကားဝယ္ဖို့သုံးတာလား?
ဘယ္လိုပဲသုံးသုံးပါ
၁.လက်လီဝယ်ဖို့သုံးမယ်ဆိုရင် လိုချင်တာလေးတွေရလို့
စိတ်ချမ်းသာပါမယ်
(ဖြုန်းတယ်လို့ မပြောလိုပါဘူး အနည်းဆုံးတော့လိုချင်တာရရင် စိတ်ချမ်းသာတတ်ကြသည်မဟုတ်လား)
၂.လက်ကားဝယ်ဖို့သုံးမယ်ဆိုရင် ဖောက်သည်ပေးလို့ရသလို ကိုယ်တိုင်လည်း လက်လီလက်ကားပြန်ရောင်းနိုင်လို့ လူချမ်းသာပါမယ် (ဒီလိုငွေသုံးခြင်းကတော့ ဦးနှောက်လေးပါတွဲသုံးတာမျိုးပါ)
သေချာပါတယ် ငွေသုံးခြင်းကသာ ကျနော်တို့ကို ချမ်းသာမှုတွေပေးတတ်တာပါ ကိုယ်ရောစိတ်ရော တခုမဟုတ်တခုကိုချမ်းသာစေတာပါပဲ
သူဌေးတွေကိုကြည့်လိုက်ပါ သူတို့တွေရဲ့ဝင်ငွေတွေဟာ ငွေသုံးခြင်းကနေ စီးဝင်နေတာပါ များများသုံးလေ များများဝင်လေပါပဲ ဒီလုပ်ငန်းတခုပြီး နောက်လုပ်ငန်းတစ်ခု စသဖြင့် ထပ်ကာထပ်ကာငွေကိုသုံးသုံးသွားကြတာပါ
ကဲ…ဒီတော့ နောင်၁၀နှစ်မှာ ဖြစ်လာနိုင်တာတွေကို ကြိုတွေးပြီး ငွေကိုစုမလား သုံးမလား ဆုံးဖြတ်ကြပေါ့ဗျာ
Zawgyi
ဘယ္လိုပဲသုံးသုံးပါ
စိတ်ချမ်းသာပါမယ်