ရောင်းသူမရှိ ဝယ်သူပဲရှိ၊ ဒေါ်လာစျေး (၃၀၀၀) ကျပ်အထိ ရောက်ရှိ၊ သီရိလင်္ကာနိုင်ငံလိုဖြစ်ဖို့ နီးစပ်လာပြီလို့ ပညာရှင်တွေ ထောက်ပြ..

ရောင်းသူမရှိ ဝယ်သူပဲရှိ၊ ဒေါ်လာစျေး (၃၀၀၀) ကျပ်အထိ ရောက်ရှိ၊ သီရိလင်္ကာနိုင်ငံလိုဖြစ်ဖို့ နီးစပ်လာပြီလို့ ပညာရှင်တွေ ထောက်ပြ..

စကစ ဟာ တရားဝင်ငွေလဲလုပ်ငန်း လုပ်ကိုင်သူနဲ့ ရွှေလုပ်ငန်း လုပ်ကိုင်သူတချို့ကို ရန်ကုန် စ သုံးလုံးရုံးမှာ ခေါ်ယူမေးမြန်းစစ်ဆေးနေပြီး ငွေလဲကောင်တာတွေလည်း ပိတ်ထားကြလို့ ဒေါ်လာမှောင်ခိုဈေး ကျပ် ၃၀၀၀ ဝန်းကျင်ထိ မြင့်တက်လာပါတယ်။

ဒီရက်ပိုင်းအတွင်း မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာတာကြောင့် ပြင်ပမှောင်ခိုဈေးကွက်မှာ နိုင်ငံခြား ငွေလဲနှုန်းက ဩဂုတ် ၁ ရက်နေ့မှာ အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ကျပ်၂၉၀၀ ကျော်ကနေ ၃၀၀၀ လောက်အထိ ရှိနေပြီး အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းက ကြိုက်ရောင်းကြိုက်ဝယ် ပုံစံ ဖြစ်နေပါတယ်။ ဒေါ်လာနဲ့ အပြိုင် ရွှေစျေးကလည်း တကျပ်သားကို ကျပ် ၂၃ သိန်း အထက်ထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

မြန်မာငွေဈေး အဆမတန် ကျဆင်းလာတာကြောင့် စကစ ဟာ တရားဝင် ငွေလဲလုပ်ငန်းရှင်တွေနဲ့ ရွှေဆိုင်တချို့က လုပ်ငန်းရှင်တွေကို ခေါ်ယူမေးမြန်းစရာ ရှိလို့ဆိုပြီး ပြီးခဲ့တဲ့ ဇူလိုင်လကုန် ရက်ပိုင်းမှာ ခေါ်ဆောင်သွားတာ ခုချိန်ထိ ပြန်လွှတ်မပေးသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။


ဖမ်းဆီးခံရတဲ့ ငွေလဲလုပ်ငန်း လုပ်ကိုင်သူ မိသားစုဝင်တဦးက “တရားဝင်ဖွင့်ထားတဲ့သူတွေချည်းပဲ။ သူတို့ မေးစရာရှိလို့ဆိုပြီးခေါ်တယ်၊ မေးစရာရှိလို့ဆိုပြီးတော့ ရွှေသမားတွေလည်း‌ ခေါ်ထားတယ်။ ဘယ်လွှဲတာလဲ မေးနေတယ်ပေါ့နော်၊ စာရွက်စာတမ်းတွေ အကုန်လုံး စစ်နေတယ်ပေါ့နော်၊ ဒါပေမဲ့ ကျမတို့ တရားဝင် လုပ်ထားတဲ့ အကုန်လုံးကို အားလုံးဖြေနိုင်တယ်။ အဆက်အသွယ်လည်းရတယ်၊ အားလုံးအေးအေးဆေးဆေးတော့ ထားတယ်။ ဘာကြောင့် ပြန်မလွှတ်သေးလဲတော့ မသိဘူး” လို့ ပြောပါတယ်။

အခုချိန်မှာ ဖမ်းဆီးခံရမှုတွေကြောင့် ငွေလဲလုပ်ငန်းတွေ ရပ်တန့်ထားရပြီး ဆိုင်တွေလည်း ပိတ်ထားကြပေမယ့် ဒေါ်လာဈေးကတော့ ကျဆင်းမသွားပဲ ကြိုက်ရောင်းကြိုက်ဝယ် အချင်းချင်း မှောင်ခိုဈေးကွက် အလုပ်ဖြစ်နေကြပါတယ်။

နိုင်ငံခြားခရီးစဉ်သွားရမယ့် သူတွေကတော့ လေဆိပ်မှာ စစ်ကောင်စီသတ်မှတ်တဲ့ တဒေါ်လာကို ၁၈၅၀ ကျပ်နှုန်းနဲ့ တယောက်ကို ဒေါ်လာငွေ ၂၀၀ ပဲ လဲလှယ်ပေးတယ်လို့ ပြောတာကြောင့် မိမိဘာသာ ရတဲ့ဈေးနှုန်းနဲ့ ငွေလဲသွားရတယ်လို့ ပြည်ပခရီးထွက်ခွာသူတွေက ပြောပြပါတယ်။


မြန်မာနိုင်ငံဟာ လက်ရှိအကျပ်အတည်းအတိုင်း ဆက်ရှိနေရင် စီးပွားရေးနာလန်မထူတော့တဲ့ သီရိလင်္ကာနိုင်ငံလို ဖြစ်လာဖို့ နီးစပ်လာပြီး အရိပ်အယောင်တွေ ရှိလာတယ်လို့ ပညာရှင်တွေက ထောက်ပြနေကြပါတယ်။

စကစ ပြောဆိုခွင့်ရှိသူ ဇော်မင်းထွန်းကတော့ ဇူလိုင် ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံမှာ အရန်ငွေကြေးအဖြစ် ဒေါ်လာ ထိုက်သင့်သလောက် စုဆောင်းထားတယ်ဆိုတာ ပြောဆိုခဲ့ပေမယ့် ငွေကြေးပမာဏ ဘယ်လောက်လဲ ဆိုတာကိုတော့ ပြောဆိုနိုင်ခဲ့တာ မရှိဘဲ ငွေလဲလုပ်ငန်းရှင်တွေနဲ့ ရွှေလုပ်ငန်းရှင်တွေပဲ ဆက်တိုက် ဖမ်းဆီးခံရမှုတွေ ရှိခဲ့တာပါ။

ဒေါ်လာဈေးနှုန်းနဲ့ ရွှေဈေးနှုန်း မြင့်တက်တာဟာ လုပ်ငန်းရှင်တွေနဲ့ မသက်ဆိုင်ဘဲ အခုလို ဖမ်းဆီးခံရတာကြောင့် ကြောက်လန့်ပြီး တရားဝင် ငွေလဲ အရောင်းအဝယ် အကုန်ရပ်လိုက်ရပေမယ့် မှောင်ခိုဈေးကွက်တော့ ပိုကြီးလာတယ်လို့လည်း လုပ်ငန်းရှင်တဦးက ထောက်ပြပါတယ်။

“အခုက ဘယ်ဈေးနဲ့ရရ လဲချင်ကြတယ်၊ ဈေးက ဒီလိုလုပ်လို့ကျမယ် မထင်ဘူး။ အရောင်းအဝယ် မဖြစ်ပေမယ့် ရောင်းတဲ့သူ မရှိ ဝယ်တဲ့သူပဲ ရှိကြတယ်။ ခေါ်ထိန်းထားတာ ရွှေသမားတွေလည်း များတယ်၊ စစစ ရုံးရဲ့ အောက်မှာ ရွှေသမားတွေ ထားထားတယ်။ ငွေသမားတွေကို အပေါ်ထပ်မှာ ထားတယ်၊ သီးခြားထားတယ်လို့ ကြားတယ်။ လူဦးရေ အတိအကျမသိရဘူး။ ငွေဈေးအတက်ကြမ်းတာကို ထိန်းဖို့ သူတို့ ခေါ်ထားတယ်လို့ ထင်တာပဲ၊ ဒါပေမဲ့ အခုလို အကြောင်းပြချက် မရှိဘဲ ဒီလို ထိန်းထားတော့ စိတ်ပူတယ်။”


လက်ရှိမှာတော့ ဒေါ်လာစျေး မတည်ငြိမ်မှု ၊ စျေးကွက်ပျက်ပြီး ကြိုက်ရောင်းကြိုက်ဝယ်စနစ်ပေါ်လိုက်ပြီး ဆန် နဲ့ အခြေခံစားသောက်ကုန်ပစ္စည်း အပါအဝင် ပစ္စည်းအားလုံး စျေးနူန်းမြင့်တက်သွားပါတယ်။ “စျေးတက်တာမပြောနဲ့ ဒေါ်လာစျေးတွေတက်နေတာလေ။ ဝယ်စျေးတက်တော့ ရောင်းစျေးလည်းတက်ရတာပေါ့” လို့ ကုန်စုံဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

ဒီကုန်ဈေးနှုန်း မြင့်မားတဲ့ဒဏ်ကိုလည်း လစာနည်းဝန်ထမ်းနဲ့ အခြေခံလူတန်းစားတွေ ခါးဆီးခံစားနေကြရတာပါ။

စကစ လက်အောက်ခံ ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးအပေါ် ထိန်းချုပ်ကန့်သတ်တဲ့ ဖိအားတွေ များလာတဲ့အတွက် ပြည်တွင်းမှာရှိတဲ့ အသေးစားနဲ့အလတ်စား ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေဟာ ရှင်သန်ဖို့ မနည်းရုန်းကန်နေကြရပြီး လုပ်ငန်းတွေ ရပ်နားထားကြရသူတွေလည်း ရှိလာပါတယ်။

Credit

Zawgyi

ေရာင္းသူမရွိ ဝယ္သူပဲရွိ၊ ေဒၚလာေစ်း (၃၀၀၀) က်ပ္အထိ ေရာက္ရွိ၊ သီရိလကၤာႏိုင္ငံလိုျဖစ္ဖို႔ နီးစပ္လာၿပီလို႔ ပညာရွင္ေတြ ေထာက္ျပ..

စကစ ဟာ တရားဝင္ေငြလဲလုပ္ငန္း လုပ္ကိုင္သူနဲ႔ ေ႐ႊလုပ္ငန္း လုပ္ကိုင္သူတခ်ိဳ႕ကို ရန္ကုန္ စ သုံးလုံး႐ုံးမွာ ေခၚယူေမးျမန္းစစ္ေဆးေနၿပီး ေငြလဲေကာင္တာေတြလည္း ပိတ္ထားၾကလို႔ ေဒၚလာေမွာင္ခိုေဈး က်ပ္ ၃၀၀၀ ဝန္းက်င္ထိ ျမင့္တက္လာပါတယ္။

ဒီရက္ပိုင္းအတြင္း ျမန္မာေငြတန္ဖိုး ဆက္တိုက္က်ဆင္းလာတာေၾကာင့္ ျပင္ပေမွာင္ခိုေဈးကြက္မွာ ႏိုင္ငံျခား ေငြလဲႏႈန္းက ဩဂုတ္ ၁ ရက္ေန႔မွာ အေမရိကန္ ၁ ေဒၚလာကို ျမန္မာေငြ က်ပ္၂၉၀၀ ေက်ာ္ကေန ၃၀၀၀ ေလာက္အထိ ရွိေနၿပီး အေရာင္းအဝယ္ျဖစ္တဲ့ ေဈးႏႈန္းက ႀကိဳက္ေရာင္းႀကိဳက္ဝယ္ ပုံစံ ျဖစ္ေနပါတယ္။ ေဒၚလာနဲ႔ အၿပိဳင္ ေ႐ႊေစ်းကလည္း တက်ပ္သားကို က်ပ္ ၂၃ သိန္း အထက္ထိ စံခ်ိန္တင္ ျမင့္တက္ခဲ့ပါတယ္။

ျမန္မာေငြေဈး အဆမတန္ က်ဆင္းလာတာေၾကာင့္ စကစ ဟာ တရားဝင္ ေငြလဲလုပ္ငန္းရွင္ေတြနဲ႔ ေ႐ႊဆိုင္တခ်ိဳ႕က လုပ္ငန္းရွင္ေတြကို ေခၚယူေမးျမန္းစရာ ရွိလို႔ဆိုၿပီး ၿပီးခဲ့တဲ့ ဇူလိုင္လကုန္ ရက္ပိုင္းမွာ ေခၚေဆာင္သြားတာ ခုခ်ိန္ထိ ျပန္လႊတ္မေပးေသးဘူးလို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

ဖမ္းဆီးခံရတဲ့ ေငြလဲလုပ္ငန္း လုပ္ကိုင္သူ မိသားစုဝင္တဦးက “တရားဝင္ဖြင့္ထားတဲ့သူေတြခ်ည္းပဲ။ သူတို႔ ေမးစရာရွိလို႔ဆိုၿပီးေခၚတယ္၊ ေမးစရာရွိလို႔ဆိုၿပီးေတာ့ ေ႐ႊသမားေတြလည္း‌ ေခၚထားတယ္။ ဘယ္လႊဲတာလဲ ေမးေနတယ္ေပါ့ေနာ္၊ စာ႐ြက္စာတမ္းေတြ အကုန္လုံး စစ္ေနတယ္ေပါ့ေနာ္၊ ဒါေပမဲ့ က်မတို႔ တရားဝင္ လုပ္ထားတဲ့ အကုန္လုံးကို အားလုံးေျဖႏိုင္တယ္။ အဆက္အသြယ္လည္းရတယ္၊ အားလုံးေအးေအးေဆးေဆးေတာ့ ထားတယ္။ ဘာေၾကာင့္ ျပန္မလႊတ္ေသးလဲေတာ့ မသိဘူး” လို႔ ေျပာပါတယ္။

အခုခ်ိန္မွာ ဖမ္းဆီးခံရမႈေတြေၾကာင့္ ေငြလဲလုပ္ငန္းေတြ ရပ္တန႔္ထားရၿပီး ဆိုင္ေတြလည္း ပိတ္ထားၾကေပမယ့္ ေဒၚလာေဈးကေတာ့ က်ဆင္းမသြားပဲ ႀကိဳက္ေရာင္းႀကိဳက္ဝယ္ အခ်င္းခ်င္း ေမွာင္ခိုေဈးကြက္ အလုပ္ျဖစ္ေနၾကပါတယ္။

ႏိုင္ငံျခားခရီးစဥ္သြားရမယ့္ သူေတြကေတာ့ ေလဆိပ္မွာ စစ္ေကာင္စီသတ္မွတ္တဲ့ တေဒၚလာကို ၁၈၅၀ က်ပ္ႏႈန္းနဲ႔ တေယာက္ကို ေဒၚလာေငြ ၂၀၀ ပဲ လဲလွယ္ေပးတယ္လို႔ ေျပာတာေၾကာင့္ မိမိဘာသာ ရတဲ့ေဈးႏႈန္းနဲ႔ ေငြလဲသြားရတယ္လို႔ ျပည္ပခရီးထြက္ခြာသူေတြက ေျပာျပပါတယ္။

ျမန္မာႏိုင္ငံဟာ လက္ရွိအက်ပ္အတည္းအတိုင္း ဆက္ရွိေနရင္ စီးပြားေရးနာလန္မထူေတာ့တဲ့ သီရိလကၤာႏိုင္ငံလို ျဖစ္လာဖို႔ နီးစပ္လာၿပီး အရိပ္အေယာင္ေတြ ရွိလာတယ္လို႔ ပညာရွင္ေတြက ေထာက္ျပေနၾကပါတယ္။

စကစ ေျပာဆိုခြင့္ရွိသူ ေဇာ္မင္းထြန္းကေတာ့ ဇူလိုင္ ၂၆ ရက္ သတင္းစာရွင္းလင္းပြဲမွာ ျမန္မာႏိုင္ငံမွာ အရန္ေငြေၾကးအျဖစ္ ေဒၚလာ ထိုက္သင့္သေလာက္ စုေဆာင္းထားတယ္ဆိုတာ ေျပာဆိုခဲ့ေပမယ့္ ေငြေၾကးပမာဏ ဘယ္ေလာက္လဲ ဆိုတာကိုေတာ့ ေျပာဆိုႏိုင္ခဲ့တာ မရွိဘဲ ေငြလဲလုပ္ငန္းရွင္ေတြနဲ႔ ေ႐ႊလုပ္ငန္းရွင္ေတြပဲ ဆက္တိုက္ ဖမ္းဆီးခံရမႈေတြ ရွိခဲ့တာပါ။

ေဒၚလာေဈးႏႈန္းနဲ႔ ေ႐ႊေဈးႏႈန္း ျမင့္တက္တာဟာ လုပ္ငန္းရွင္ေတြနဲ႔ မသက္ဆိုင္ဘဲ အခုလို ဖမ္းဆီးခံရတာေၾကာင့္ ေၾကာက္လန႔္ၿပီး တရားဝင္ ေငြလဲ အေရာင္းအဝယ္ အကုန္ရပ္လိုက္ရေပမယ့္ ေမွာင္ခိုေဈးကြက္ေတာ့ ပိုႀကီးလာတယ္လို႔လည္း လုပ္ငန္းရွင္တဦးက ေထာက္ျပပါတယ္။

“အခုက ဘယ္ေဈးနဲ႔ရရ လဲခ်င္ၾကတယ္၊ ေဈးက ဒီလိုလုပ္လို႔က်မယ္ မထင္ဘူး။ အေရာင္းအဝယ္ မျဖစ္ေပမယ့္ ေရာင္းတဲ့သူ မရွိ ဝယ္တဲ့သူပဲ ရွိၾကတယ္။ ေခၚထိန္းထားတာ ေ႐ႊသမားေတြလည္း မ်ားတယ္၊ စစစ ႐ုံးရဲ႕ ေအာက္မွာ ေ႐ႊသမားေတြ ထားထားတယ္။ ေငြသမားေတြကို အေပၚထပ္မွာ ထားတယ္၊ သီးျခားထားတယ္လို႔ ၾကားတယ္။ လူဦးေရ အတိအက်မသိရဘူး။ ေငြေဈးအတက္ၾကမ္းတာကို ထိန္းဖို႔ သူတို႔ ေခၚထားတယ္လို႔ ထင္တာပဲ၊ ဒါေပမဲ့ အခုလို အေၾကာင္းျပခ်က္ မရွိဘဲ ဒီလို ထိန္းထားေတာ့ စိတ္ပူတယ္။”

လက္ရွိမွာေတာ့ ေဒၚလာေစ်း မတည္ၿငိမ္မႈ ၊ ေစ်းကြက္ပ်က္ၿပီး ႀကိဳက္ေရာင္းႀကိဳက္ဝယ္စနစ္ေပၚလိုက္ၿပီး ဆန္ နဲ႔ အေျခခံစားေသာက္ကုန္ပစၥည္း အပါအဝင္ ပစၥည္းအားလုံး ေစ်းႏူန္းျမင့္တက္သြားပါတယ္။ “ေစ်းတက္တာမေျပာနဲ႔ ေဒၚလာေစ်းေတြတက္ေနတာေလ။ ဝယ္ေစ်းတက္ေတာ့ ေရာင္းေစ်းလည္းတက္ရတာေပါ့” လို႔ ကုန္စုံဆိုင္ပိုင္ရွင္တဦးက ေျပာပါတယ္။

ဒီကုန္ေဈးႏႈန္း ျမင့္မားတဲ့ဒဏ္ကိုလည္း လစာနည္းဝန္ထမ္းနဲ႔ အေျခခံလူတန္းစားေတြ ခါးဆီးခံစားေနၾကရတာပါ။

စကစ လက္ေအာက္ခံ ဗဟိုဘဏ္က ႏိုင္ငံျခားေငြေၾကးအေပၚ ထိန္းခ်ဳပ္ကန႔္သတ္တဲ့ ဖိအားေတြ မ်ားလာတဲ့အတြက္ ျပည္တြင္းမွာရွိတဲ့ အေသးစားနဲ႔အလတ္စား ပို႔ကုန္၊ သြင္းကုန္လုပ္ငန္းေတြဟာ ရွင္သန္ဖို႔ မနည္း႐ုန္းကန္ေနၾကရၿပီး လုပ္ငန္းေတြ ရပ္နားထားၾကရသူေတြလည္း ရွိလာပါတယ္။

Zawgyi

 

Leave a Comment