မီးမမှန်တဲ့အချိန်မှာ အန္တရာယ်သိပ်များပါတယ် ကြုံရတဲ့ ကိစ္စကြီးက နိုးတာနောက်ကျရင် အသက်ပါပါပြီပဲ

ဖြစ်ပုံက မနက်၅နာရီလောက်မှာ အခန်းထဲမယ်အိပ်နေတုံး ဖောက်..ဆိုတဲ့ အသံကြားပီး ရုတ်တရက် ကိုယ်နိုးလာတယ်။

ကိုယ်ကတော်ရုံဆို အိပ်ပျော်နေတုန်း အနားမှာ သီချင်းလာဖွင့်တာတောင် နိုးတဲ့သူမဟုတ်ဘူးရယ်။

အခုက ထူးထူးဆန်းဆန်းကြီး လူကိုတယောက်ယောက် လှုပ်နိုးလိုက်သလို နိုးလာတာ (ကိုယ်ကတော့ ညကအိပ်ခါနီး ပုဌာန်းရွတ် မေတ္တာပို့ပီး အိပ်လိုက်မိတော့ နတ်ကောင်းနတ်မြတ်တွေက နှိုးပီးသတိပေးတာလို့ပဲ ယူဆတယ် 🙏)

စကားပြန်ဆက်ရရင် အဲ့ဒီလို ဖောက်ဆိုပီး အသံနောက်မှာ gas အိုးပွင့်သလို ရှူးဆိုပီး အသံတွေ စကြားရတယ် ကိုယ်ကအိပ်ချင်မူးတူးနဲ့ ဘာမှန်း မသိသေးဘူး။

ဘေးမှာအိပ်နေတဲ့အမျိုးသမီးကို အတင်းလှုပ်နိုးပီး ဘာသံလဲ မသိဘူးဟလို့ မေးကြည့်တယ်။

အမျိုးသမီးက အခန်းဝဘက်မှာ အိပ်နေတော့ အခန်းပြင်ကို ကြည့်လိုက်မိတာ … ဘယ်ဟုတ်မလဲ ညကအိမ်ရှေ့ခန်းမယ် အားသွင်းထားတဲ့ powerbankက ထပေါက်ပီး မီးခိုးတွေ ထွက်နေတာကို မြင်ရတော့တာပဲ 😩

အဲ့ချိန်မှ လင်မယား၂ယောက်လုံးထပြေး သူကအိမ်ပြူတင်းပေါက်တွေထဖွင့် ကိုယ်က powerbankကို ဆွဲဖြုတ်ပီး အိမ်အလယ်ခန်းရောက်အောင် ကန်ထုတ်လိုက်ရတယ် အာ့အချိန် powerbankက အထဲကနေ မီးပွားစ လေးတွေပါ ထထွက်နေပီ။

မကန်ထုတ်လို့လည်း မရဘူးရယ် powerbank အားသွင်းထားတဲ့နားမှာ battery အိုးတွေရော အရင်covid ကာလတုံးက ဝယ်ထားတဲ့ တခါသုံး အောက်စီဂျင်ဘူးတွေရော အစုံရှိနေတာ မီးပွားလေး စင်တာနဲ့ အကုန် ထပေါက်ပီပဲ😩

Powerbankကို အလယ်ခန်းထိ ကန်ထုတ်ပီးတာတောင် မီးခိုးတွေ ဆက်ထွက်နေတုံးပဲ ဒါမို့ပထမ ရေခွက်နဲ့ ရေလောင်းချသေးတယ် နောက်မှတွေးမိပီး မီးသတ်ဆေးဘူးကို ပြေးယူဖြန်းရတာပဲ။

တအိမ်လုံး မီးသတ်ဆေးဘူးငွေ့တွေ powerbankက အငွေ့တွေပေါင်းပီး မီးခိုးလုံးတွေက လူတောင်မမြင်ရတော့အောင် ပြည့်သွားတာ။

ဒါမို့အိမ်တံခါးတွေ အကုန်ဖွင့်ပီး ဝရန်တာမှာ ထွက်ထိုင်နေရတယ် မနက်၆ နာရီခွဲလောက်မှာ မီးခိုးတွေကုန်မှ အိမ်ထဲပြန်ဝင်ရတယ်။

ပြန်တွေးကြည့်ရင် အတော်ကြောက်စရာ ကောင်းသလို လင်မယား၂ယောက်လုံး အိပ်နေရင်း မီးခိုးမွှန်ပီး သေသွားနိုင်တဲ့ ဖြစ်ရပ်မျိုးပဲ😩

တကယ့်သေရေး ရှင်ရေးဆို စုထားတဲ့ရွှေငွေ laptop ဖုန်းစာရွက်စာတမ်း ဘာမှယူလို့မမှီပါဘူး လူချည်းအလွတ် အရင်ထွက်ပြေးရတာပါ။

Friတို့လည်း powerbankတို့ ဖုန်းတို့ကို ညအိပ်တုံး အားသွင်းထားရင် မပေါ့ကြပါနဲ့ အားသွင်းကြိုးတွေ ခေါင်းတွေကိုလည်း quality ကောင်းတာလေး ရွေးသုံးကြပါ။

အိမ်မှာလည်း မီးသတ်ဆေးဘူးတွေ ဆောင်ထားကြပါ တဘူးမှ ၂သောင်းဝန်းကျင်ပဲ ရှိပါတယ် ခုလိုpowerbank ထပေါက်ပီး မီးလောင်ရင် ရေလောင်းလို့မရပါဘူး မီးသတ်ဆေးဘူးနဲ့မှ မီးငြိမ်းတာပါ။ ဘုရားတရားလည်း မမေ့ကြပါနဲ့…

Zawgyi

ျဖစ္ပုံက မနက္၅နာရီေလာက္မွာ အခန္းထဲမယ္အိပ္ေနတုံး ေဖာက္..ဆိုတဲ့ အသံၾကားပီး ႐ုတ္တရက္ ကိုယ္ႏိုးလာတယ္။

ကိုယ္ကေတာ္႐ုံဆို အိပ္ေပ်ာ္ေနတုန္း အနားမွာ သီခ်င္းလာဖြင့္တာေတာင္ ႏိုးတဲ့သူမဟုတ္ဘူးရယ္။

အခုက ထူးထူးဆန္းဆန္းႀကီး လူကိုတေယာက္ေယာက္ လႈပ္ႏိုးလိုက္သလို ႏိုးလာတာ (ကိုယ္ကေတာ့ ညကအိပ္ခါနီး ပုဌာန္း႐ြတ္ ေမတၱာပို႔ပီး အိပ္လိုက္မိေတာ့ နတ္ေကာင္းနတ္ျမတ္ေတြက ႏႈိးပီးသတိေပးတာလို႔ပဲ ယူဆတယ္ 🙏)

စကားျပန္ဆက္ရရင္ အဲ့ဒီလို ေဖာက္ဆိုပီး အသံေနာက္မွာ gas အိုးပြင့္သလို ရႉးဆိုပီး အသံေတြ စၾကားရတယ္ ကိုယ္ကအိပ္ခ်င္မူးတူးနဲ႔ ဘာမွန္း မသိေသးဘူး။

ေဘးမွာအိပ္ေနတဲ့အမ်ိဳးသမီးကို အတင္းလႈပ္ႏိုးပီး ဘာသံလဲ မသိဘူးဟလို႔ ေမးၾကည့္တယ္။

အမ်ိဳးသမီးက အခန္းဝဘက္မွာ အိပ္ေနေတာ့ အခန္းျပင္ကို ၾကည့္လိုက္မိတာ … ဘယ္ဟုတ္မလဲ ညကအိမ္ေရွ႕ခန္းမယ္ အားသြင္းထားတဲ့ powerbankက ထေပါက္ပီး မီးခိုးေတြ ထြက္ေနတာကို ျမင္ရေတာ့တာပဲ 😩

အဲ့ခ်ိန္မွ လင္မယား၂ေယာက္လုံးထေျပး သူကအိမ္ျပဴတင္းေပါက္ေတြထဖြင့္ ကိုယ္က powerbankကို ဆြဲျဖဳတ္ပီး အိမ္အလယ္ခန္းေရာက္ေအာင္ ကန္ထုတ္လိုက္ရတယ္ အာ့အခ်ိန္ powerbankက အထဲကေန မီးပြားစ ေလးေတြပါ ထထြက္ေနပီ။

မကန္ထုတ္လို႔လည္း မရဘူးရယ္ powerbank အားသြင္းထားတဲ့နားမွာ battery အိုးေတြေရာ အရင္covid ကာလတုံးက ဝယ္ထားတဲ့ တခါသုံး ေအာက္စီဂ်င္ဘူးေတြေရာ အစုံရွိေနတာ မီးပြားေလး စင္တာနဲ႔ အကုန္ ထေပါက္ပီပဲ😩

Powerbankကို အလယ္ခန္းထိ ကန္ထုတ္ပီးတာေတာင္ မီးခိုးေတြ ဆက္ထြက္ေနတုံးပဲ ဒါမို႔ပထမ ေရခြက္နဲ႔ ေရေလာင္းခ်ေသးတယ္ ေနာက္မွေတြးမိပီး မီးသတ္ေဆးဘူးကို ေျပးယူျဖန္းရတာပဲ။

တအိမ္လုံး မီးသတ္ေဆးဘူးေငြ႕ေတြ powerbankက အေငြ႕ေတြေပါင္းပီး မီးခိုးလုံးေတြက လူေတာင္မျမင္ရေတာ့ေအာင္ ျပည့္သြားတာ။

ဒါမို႔အိမ္တံခါးေတြ အကုန္ဖြင့္ပီး ဝရန္တာမွာ ထြက္ထိုင္ေနရတယ္ မနက္၆ နာရီခြဲေလာက္မွာ မီးခိုးေတြကုန္မွ အိမ္ထဲျပန္ဝင္ရတယ္။

ျပန္ေတြးၾကည့္ရင္ အေတာ္ေၾကာက္စရာ ေကာင္းသလို လင္မယား၂ေယာက္လုံး အိပ္ေနရင္း မီးခိုးမႊန္ပီး ေသသြားႏိုင္တဲ့ ျဖစ္ရပ္မ်ိဳးပဲ😩

တကယ့္ေသေရး ရွင္ေရးဆို စုထားတဲ့ေ႐ႊေငြ laptop ဖုန္းစာ႐ြက္စာတမ္း ဘာမွယူလို႔မမွီပါဘူး လူခ်ည္းအလြတ္ အရင္ထြက္ေျပးရတာပါ။

Friတို႔လည္း powerbankတို႔ ဖုန္းတို႔ကို ညအိပ္တုံး အားသြင္းထားရင္ မေပါ့ၾကပါနဲ႔ အားသြင္းႀကိဳးေတြ ေခါင္းေတြကိုလည္း quality ေကာင္းတာေလး ေ႐ြးသုံးၾကပါ။

အိမ္မွာလည္း မီးသတ္ေဆးဘူးေတြ ေဆာင္ထားၾကပါ တဘူးမွ ၂ေသာင္းဝန္းက်င္ပဲ ရွိပါတယ္ ခုလိုpowerbank ထေပါက္ပီး မီးေလာင္ရင္ ေရေလာင္းလို႔မရပါဘူး မီးသတ္ေဆးဘူးနဲ႔မွ မီးၿငိမ္းတာပါ။ ဘုရားတရားလည္း မေမ့ၾကပါနဲ႔…

Leave a Comment