ခွေးရူးနဲ့ ပြိုင်မကိုက်နဲ့

တခါတုန်းက ကျားကြီး တကောင်ဟာ ခွေးရူးကို တွေ့တာနဲ့ ချက်ချင်း ရှောင်ပုန်းလိုက် ပါတယ်။ ကျားငယ်က မေးပါတယ်။

“အဖေက ခြင်္သေ့ ကိုလည်း တိုက်ရဲတယ်။ ကျားသစ် ကိုလည်း နိုင်တယ်။ ဘာမှ မဟုတ်တဲ့ ခွေးရူး ကျတော့ ရှောင်ပုန်းတယ်။ သိက္ခာ မကျဘူးလား အဖေ” တဲ့။

ထိုအခါ ကျားကြီးက သူ့သားကို “ခွေးရူးကို နိုင်တော့ ဂုဏ်ယူစရာ ကောင်းသလား သား” လို့ ပြန်မေးလိုက် ပါတယ်။ ကျားငယ်က ခေါင်းခါ ပါတယ်။ “ခွေးရူးတချက် အကိုက် ခံရရင်ရော တန်သလား” ဆိုတော့ ကျားငယ်က ခေါင်းခါ ပြန်တယ်။

“ဒါဆိုရင် ငါတို့ ဘာလို့ ခွေးရူးကို သွားရန်စရ မှာလဲ။ ခွေးရူးဆိုတာ စိတ်ဖောက် နေတဲ့ အကောင်၊ တွေ့ကရာ လျှောက်ကိုက် နေတဲ့ အကောင်။

အကောင်တိုင်းဟာ ငါတို့ကို ယှဉ်ပြိုင်ဖို့ တန်တာ မဟုတ်ပါဘူး။ အဲဒါ သား မြဲမြဲမှတ်ထား။ တချို့ လူတွေလို မလုပ်ပါနဲ့။ တချို့လူတွေက ခွေးရူးနဲ့ ပြိုင်ကိုက် နေကြတာ” တဲ့။

တစုံတယောက်၏ စော်ကား မော်ကား အပြုအမူ အပြောအဆို တွေကြောင့် ဒေါသထွက် တုန့်ပြန်ချင်စိတ် ပြင်းပြနေသော မိတ်ဆွေကို ဒီပုံပြင်လေးက နှစ်သိမ့်နိုင်ပါစေ။ AungKyawKyaw

Zawgyi

တခါတုန္းက က်ားႀကီး တေကာင္ဟာ ေခြး႐ူးကို ေတြ႕တာနဲ႔ ခ်က္ခ်င္း ေရွာင္ပုန္းလိုက္ ပါတယ္။ က်ားငယ္က ေမးပါတယ္။

“အေဖက ျခေသၤ့ ကိုလည္း တိုက္ရဲတယ္။ က်ားသစ္ ကိုလည္း ႏိုင္တယ္။ ဘာမွ မဟုတ္တဲ့ ေခြး႐ူး က်ေတာ့ ေရွာင္ပုန္းတယ္။ သိကၡာ မက်ဘူးလား အေဖ” တဲ့။

ထိုအခါ က်ားႀကီးက သူ႔သားကို “ေခြး႐ူးကို ႏိုင္ေတာ့ ဂုဏ္ယူစရာ ေကာင္းသလား သား” လို႔ ျပန္ေမးလိုက္ ပါတယ္။ က်ားငယ္က ေခါင္းခါ ပါတယ္။ “ေခြး႐ူးတခ်က္ အကိုက္ ခံရရင္ေရာ တန္သလား” ဆိုေတာ့ က်ားငယ္က ေခါင္းခါ ျပန္တယ္။

“ဒါဆိုရင္ ငါတို႔ ဘာလို႔ ေခြး႐ူးကို သြားရန္စရ မွာလဲ။ ေခြး႐ူးဆိုတာ စိတ္ေဖာက္ ေနတဲ့ အေကာင္၊ ေတြ႕ကရာ ေလွ်ာက္ကိုက္ ေနတဲ့ အေကာင္။

အေကာင္တိုင္းဟာ ငါတို႔ကို ယွဥ္ၿပိဳင္ဖို႔ တန္တာ မဟုတ္ပါဘူး။ အဲဒါ သား ၿမဲၿမဲမွတ္ထား။ တခ်ိဳ႕ လူေတြလို မလုပ္ပါနဲ႔။ တခ်ိဳ႕လူေတြက ေခြး႐ူးနဲ႔ ၿပိဳင္ကိုက္ ေနၾကတာ” တဲ့။

တစုံတေယာက္၏ ေစာ္ကား ေမာ္ကား အျပဳအမူ အေျပာအဆို ေတြေၾကာင့္ ေဒါသထြက္ တုန႔္ျပန္ခ်င္စိတ္ ျပင္းျပေနေသာ မိတ္ေဆြကို ဒီပုံျပင္ေလးက ႏွစ္သိမ့္ႏိုင္ပါေစ။ AungKyawKyaw

Leave a Comment