ကျော်ကြီးတို့ကတော့ KTV က ကောင်မလေးကို ဂျင်းထည့်လိုက်ပြန်ပြီ

KTV တစ်ခု ထဲ တွင် ဖြစ်သည်…..။

ကိုကျော်ကြီး သည် မိုက်ကိုင်ထားသော ကောင်မလေး ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်…

ကောင်မလေးက ရုန်းကန်မည် ပြုသောအခါ..

“ညီမ.နားကပ်လေးက..သေးလွန်းတော့..ညီမ နဲ့ မလိုက်ဘူး…ကိုကျော်ကြီးက ဒီထက်ကြီးပြီး

လှတာလေး..လုပ်ပေးတတ်တယ်..သိလား”

ကောင်မလေးက မရုန်းကန်တော့ပဲ မျက်လွှာလေး ချထားလိုက်သည်။

ကိုကျော်ကြီး က ကောင်မလေး၏ မေးစေ့ ကို လက်ဖြင့်အသာမလိုက်ပြီး နှာခေါင်းကို ရှေ့တိုးလိုက်ပြီး

ကောင်မလေးက အလိုက်သင့် ရှောင်တိမ်းရန် ပြင်လိုက်စဉ်

“အင်း..ညီမ လည်တိုင်လေးတွေက ဝင်းမွတ်နေတာပဲ… ရွှေဆွဲကြိုးလေးနဲ့ ဆို သိပ်လှမှာ..

ကိုကျော်ကြီးက ဆွဲကြိုးလှလှလေးလည်း လုပ်ပေးတတ်တယ်”

ထို့နောက်တွင်တော့.. ကိုကျော်ကြီး ၏ တိုက်စစ် က ကောင်မလေး၏ တကွင်းလုံး အနှံ။

ပါးစပ်ကလည်း…လက်ကောက်၊ ဟန်းချိန်း၊ ရွှေရင်ထိုး၊ ရွှေခြေကျင်း အထိ လုပ်ပေးတတ်တယ် ဟူသည်ချည်း…။

ဆက်ရှင်ပြည့်ပြီး ငွေရှင်းချေပြီ။

ကိုကျော်ကြီး က ကောင်မလေးကို မုန့်ဖိုး တစ်ထောင်ပေးလိုက်သည်..။

“ဟင်…ကိုကြီးကလည်း…ကိုကြီး အဆင့် နဲ့ ဒီတထောင် ထဲ”

“အင်းလေ…ဘာလို့လဲ”

“ခုနပြောတော့..ရွှေနားကပ်တွေ၊ ဆွဲကြိုးတွေ လုပ်ပေးတတ်တယ်ဆို….နောက်နေ့နော်..ကိုကြီး..တကယ်လုပ်ပေးရမှာနော်..သိလား”

“သြော်..အေး..ဟုတ်တယ်လေ…လုပ်ပေးမှာပေါ့..ညီမလေးရယ် လုပ်ချင်တဲ့ ပုံစံ နဲ့

ဘယ်နှစ်ကျပ်သား လုပ်မလဲသာပြော…ငွေသာချပေး..တပတ်အတွင်း ပစ္စည်းရစေမယ်”

“ဟမ်….ရှင်က သူဌေး မဟုတ်ဘူးလား”

“အာ..ဘယ်ကသာ….ငါက ပန်းတိမ်ဆရာလေ…ပန်းတိမ်ကျော်ကြီးလို့ ဆိုရင်

ကန်သာယာတခွင်က ဆိုက်ကားဂိတ်တွေကိုမေးလိုက်..ဒါပဲနော်..ညီမ..တာတာ့”

ကောင်မလေးသည် မူရင်းဌာနေ နှင့် ချွတ်ချော်ကုန်သော သူမ၏ အတွင်းကာဗာများအား ပြန်နေရာ ရွေ့လိုက်ရင်း…

“သေချင်းဇိုးကြီး…ငါ့ ကို ညာ ကိုင်သွားတယ်”

နေဘုန်းခေတ်…..

credit….ဟာသအမြင်ဖြင့်သာ ရယ်မောပျော်ရွှင်ကြပါစေ….

Zawgyi

KTV တစ္ခု ထဲ တြင္ ျဖစ္သည္…..။

ကိုေက်ာ္ႀကီး သည္ မိုက္ကိုင္ထားေသာ ေကာင္မေလး ကို ရင္ခြင္ထဲ ဆြဲသြင္းလိုက္သည္…

ေကာင္မေလးက ႐ုန္းကန္မည္ ျပဳေသာအခါ..

“ညီမ.နားကပ္ေလးက..ေသးလြန္းေတာ့..ညီမ နဲ႔ မလိုက္ဘူး…ကိုေက်ာ္ႀကီးက ဒီထက္ႀကီးၿပီး

လွတာေလး..လုပ္ေပးတတ္တယ္..သိလား”

ေကာင္မေလးက မ႐ုန္းကန္ေတာ့ပဲ မ်က္လႊာေလး ခ်ထားလိုက္သည္။

ကိုေက်ာ္ႀကီး က ေကာင္မေလး၏ ေမးေစ့ ကို လက္ျဖင့္အသာမလိုက္ၿပီး ႏွာေခါင္းကို ေရွ႕တိုးလိုက္ၿပီး

ေကာင္မေလးက အလိုက္သင့္ ေရွာင္တိမ္းရန္ ျပင္လိုက္စဥ္

“အင္း..ညီမ လည္တိုင္ေလးေတြက ဝင္းမြတ္ေနတာပဲ… ေ႐ႊဆြဲႀကိဳးေလးနဲ႔ ဆို သိပ္လွမွာ..

ကိုေက်ာ္ႀကီးက ဆြဲႀကိဳးလွလွေလးလည္း လုပ္ေပးတတ္တယ္”

ထို႔ေနာက္တြင္ေတာ့.. ကိုေက်ာ္ႀကီး ၏ တိုက္စစ္ က ေကာင္မေလး၏ တကြင္းလုံး အႏွံ။

ပါးစပ္ကလည္း…လက္ေကာက္၊ ဟန္းခ်ိန္း၊ ေ႐ႊရင္ထိုး၊ ေ႐ႊေျခက်င္း အထိ လုပ္ေပးတတ္တယ္ ဟူသည္ခ်ည္း…။

ဆက္ရွင္ျပည့္ၿပီး ေငြရွင္းေခ်ၿပီ။

ကိုေက်ာ္ႀကီး က ေကာင္မေလးကို မုန႔္ဖိုး တစ္ေထာင္ေပးလိုက္သည္..။

“ဟင္…ကိုႀကီးကလည္း…ကိုႀကီး အဆင့္ နဲ႔ ဒီတေထာင္ ထဲ”

“အင္းေလ…ဘာလို႔လဲ”

“ခုနေျပာေတာ့..ေ႐ႊနားကပ္ေတြ၊ ဆြဲႀကိဳးေတြ လုပ္ေပးတတ္တယ္ဆို….ေနာက္ေန႔ေနာ္..ကိုႀကီး..တကယ္လုပ္ေပးရမွာေနာ္..သိလား”

“ေၾသာ္..ေအး..ဟုတ္တယ္ေလ…လုပ္ေပးမွာေပါ့..ညီမေလးရယ္ လုပ္ခ်င္တဲ့ ပုံစံ နဲ႔

ဘယ္ႏွစ္က်ပ္သား လုပ္မလဲသာေျပာ…ေငြသာခ်ေပး..တပတ္အတြင္း ပစၥည္းရေစမယ္”

“ဟမ္….ရွင္က သူေဌး မဟုတ္ဘူးလား”

“အာ..ဘယ္ကသာ….ငါက ပန္းတိမ္ဆရာေလ…ပန္းတိမ္ေက်ာ္ႀကီးလို႔ ဆိုရင္

ကန္သာယာတခြင္က ဆိုက္ကားဂိတ္ေတြကိုေမးလိုက္..ဒါပဲေနာ္..ညီမ..တာတာ့”

ေကာင္မေလးသည္ မူရင္းဌာေန ႏွင့္ ခြၽတ္ေခ်ာ္ကုန္ေသာ သူမ၏ အတြင္းကာဗာမ်ားအား ျပန္ေနရာ ေ႐ြ႕လိုက္ရင္း…

“ေသခ်င္းဇိုးႀကီး…ငါ့ ကို ညာ ကိုင္သြားတယ္”

ေနဘုန္းေခတ္…..

credit….ဟာသအျမင္ျဖင့္သာ ရယ္ေမာေပ်ာ္႐ႊင္ၾကပါေစ….

Leave a Comment