“ဆီစက် ပိုင်ရှင်တစ်ဦး ကိုယ်တိုင်ပြောပြတဲ့ ပြည်တွင်းဖြစ်ဆီများအကြောင်း နှင့် ပြည်ပကတင်သွင်းလာတဲ့ ဓာတုဗေဒ ချွတ်ဆေးတွေ သုံးတဲ့ ဆီများအကြောင်း”

ဈေးဝယ် ။ ။”မောင်လေး ပဲဆီသန့်သန့်လေးဘယ်လောက်လဲ”

ကျွန်တော် ။ ။”ဟုပ်ကဲ့အမကြီးရေ ပဲဆီသန့်သန့်လေးဆိုရင် ၁၀,၀၀၀ ပါ ခင်ဗျာ ”

ဈေးဝယ် ။ ။”အမလေးတော် မတရားသဖြင့် ”

ကျွန်တော် ။ ။ ” အင် ဘာပုလို့ ”

ဈေးဝယ် ။ ။”ငါတို့ ရက်ကွပ်ထဲမှာတောင် ၃၅၀၀ ဘဲရှိတယ် ဆီစက်ဆိုလို့ သက်သာမလားမှတ်တယ် ဟွန်း

ကျွန်တော် ။ ။”ဟာအမကြီး အဲ့ဒါရောင်းတန်းဆီပါ အသန့်ဆို မရပါဘူး အမကြီးလိုချင်ရင် ၃၀၀၀တန် ရှိပါတယ်”

ဈေးဝယ် ။ ။” ၃၀၀၀ တန်က သန့်လား အာမခံလား”

ကျွန်တော် ။ ။”အင်း.အမကြီးရယ် ၄၅၀၀ တန်လောက်တော့ မသန့်ဘူး အာမ မခံနိုင်ဘူးပေါ့ အမကြီးရယ် ”

ဈေးဝယ် ။ ။” တော်ပြီ အာဆို မဝယ်တော့ဘူး ” အင်….. ပြန်သွားပြီ ဟော့ အဒေါ်ကြီးတယောက် ပုံးနဲ့ ဝင်လာပြီ

ကျွန်တော် ။ ။”အန်တီ ဘာဆီယူမလဲ”

အဒေါ်ကြီး ။ ။”ပဲဆီလေး လိုချင်တာ ပြန်ရောင်းဖို့”

ကျွန်တော် ။ ။” ပြန်ရောင်းဖို့ဆို့ အန်တီ ရောင်းတန်းဆီ ၂၅၀၀ တန် ၃၀၀၀ တန် တွေရှိပါတယ် ”

အဒေါ်ကြီး။။”အမလေးတော် ငါ့အိမ်ဆိုင်မှာတောင်၂၅ဝဝဘဲ ရောင်းတာ ဆိုင်ကြီးဖြစ်ပြီးတော့ ဈေးကြီးတာ” ဟင် ပြောပြီး ချာကနဲ့ လှည့်ထွက်သွားတယ်သိပ်မကြာလိုက် လူကြီးတယောက် ဆိုင်ကယ်ရပ် ပုံးနှစ်ပုံးဆွဲပြီး ဆိုင်ထဲဝင်လာတယ်။

ကျွန်တော် ။ ။”ဦးလေး ဘာဆီယူလဲ ”

ဦးလေး။ ။”ငါ့တူရေ ဦးလေးပြန်ရောင်းဖို့ ပဲဆီ နှမ်းဆီအရော ရောင်းတန်းဆီလေး လိုချင်တာ” ဒီတခါတွေ့ မယ် ဈေးကိုမပြောတော့ဘူးကွ … လို့တွေးပြီး

ကျွန်တော် ။ ။”ဦးလေးက ဘယ်လောက်တန်လို ချင်တာလဲ”

ဦးလေး ။ ။”ဦးက ပဲဆီ နှမ်းဆီကို ၂၀၀၀ တန်လောက် လိုချင်တာကွ ရက်ကွပ်ထဲမှာရောင်းရတာက အဆစ်ထည့်ပေးရတာနဲ့ ဘူးအပြည့် ထည့်ပေးရတာနဲ့၂၀၀၀ တန်လောက်မှ ကိုက်မှာကွ ”

ကျွန်တော် ။ ။”အင် …၂၀၀၀ တန်ပဲဆီ အဲ့ဒါဆို ဦးလေးရယ် စားအုန်းဆီ ၁၈၇၀ တန်ကို တရုတ်ကလာတဲ့ မြေပဲနံ ထည့်ပြီးရောင်း တာနေမှာပါ ဦးလေးရယ်ဦးလေးလိုချင်ရင် အနံဘူးသွားဝယ်ပြီးလုပ်ပေးမယ်လေ ပဲဆီအနံလေးနဲ့ကို ၁၉၀၀ ဘဲ ပေး”

ဦးလေး ။ ။”အဲလို့ကြီး အနံထည့်ပေးတာလား ”

ကျွန်တော်။ ။”အဲ့ဒီလိုအနံလေးဘဲထည့်ရောင်းမှ ဒီဈေးရောင်းလို့ ရမှာပေါ့ ဦးလေးရယ် ကျွန်တော်တို့က ကိုယ့်ဆီစက်နဲ့ကိုယ်မို့လို့ ဆီစက်နာမည်ပျက်မှာစိုးလို့ သိက္ခာရှိရှိနဲ့ ဒီပဲဆီကဒီလို စသဖြင့် မှန်မှန်ကန်ကန် ပြောပြီးရောင်းတာပါ ။

ဆီစက်မရှိတဲ့ ဆီဆိုင်တွေကတော့ ဘာမှပြောမှာ မဟုပ်ဘူး။ကျွန်တော်တို့ကကျတော့ လွဲချလို့ မရဘူးလေ အဲ့ဒီတော့ ဒီဆီက ဒီလိုလုပ်ထားတယ်ဟိုဆီက ဟိုလိုရောထားတယ် အာမခံတယ် မခံဘူး စသည်ဖြင့် မှန်မှန်ကန်ကန်ပြောပြပြီးမှ ရောင်းတာပါ “

ဦးလေး ။ ။ ” အဲ့ဒီလို မကောင်းမှန်းသိသိကြီးနဲ့တော့ ဆီတောင်မရောင်းချင်တော့ဘူး အိမ်ပြန်ပြောလိုက်အုန်းမယ်ကွာ” ရှင်းပြလိုက် မှ ဆီမဝယ်ဘဲ စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားတယ်။

ဈေးဝယ် ။ ။”မောင်လေး ဆီဝယ်ချင်လို့”

ကျွန်တော် ။ ။”ဟုပ် အမကြီး ဘာဆီယူမလဲဗျ”

ဈေးဝယ်။ ။”အမ ပြန်ရောင်းဖို့ နှမ်းဆီအရော ပဲဆီအရော လိုချင်တာ”

ကျွန်တော် ။ ။”အမက ဘယ်လောက်တန်လိုချင်တာလဲ”

ဈေးဝယ် ။ ။” အမက ပဲဆီရော နှမ်းဆီရောကို ၁၈၅၀ တန် ဝယ်နေကျကွ အရင် ဝယ်နေကျဆိုင်က အပေါက်ဆိုးပြီး သွားရတာ လမ်းကျပ်လိုမင်းတို့ဆို င်စမ်းဝယ်ကြည့်မလို့ ဝင်လာတာ”

ကျွန်တော် ။ ။” ပဲဆီ ၁၈၅၀ တန် ဟုပ်ပမလား အမကြီးရယ် အနိမ့်ဆုံး စားအုန်းဆီတောင် ၁၈၇၀ ရှိတာကို ”

ဈေးဝယ် ။ ။”၁၈၅၀ တန် မရှိဘူးလား အမက ဝယ်နေကျပါ အမဝယ်ပြီးရင် မင်းကို ဘောင်ချာ လာပြမယ်”

ကျွန်တော် ။ ။”အဲ့ဒါဆိုရင်တော့ ကျေးဇူးပါ အမကြီးရယ် ကျွန်တော်လဲ ဆီ နမူနာ ကြည့်ရတာပေါ့” ဆီပုံးတွေ ဆိုင်ကယ်ပေါ်တင်ပြီး ပြန်ထွက်သွားတယ် မကြာလိုက် ခဏနေတော့ ပြန်ရောက်လာတယ်။

” မောင်လေးရော့ ” ဆိုပြီး ဘောင်ချာပြတယ် ဟုပ်တယ်ဗျာ ပဲဆီအရော ၁၈၅၀ နှမ်းဆီအရော ၁၈၅၀ တဲ့ “အမကြီး ဆီလေးကြည့်ချင်လို့ ” ဆိုတော့ “ကြည့်လေ” တဲ့

ဆိုင်ကယ်ပေါ်က ဆီပုံးကိုချ ဆီနည်းနည်းစီသွန်ပြီး နမ်းကြည့် လျှက်ကြည့်လိုက်တော့ ခားသက်သက် ပူစပ်စပ်နဲ့ ကော့စတစ်တွေနဲ့ ချွတ်ထားတဲ့ ဝါစေ့ဆီတွေ ဖြစ်နေလို့ အမြန်ပလုပ်ကျင်းလိုက်ရတယ်။

“ဟာ…အမကြီး ဒီဆီတွေရောင်းတာလား ကော့စတစ်တွေနဲ့ ချွတ်ထားတဲ့ ဝါဆီတွေ တော်တော်ဆိုးတယ်နော် ” လိုပြောတော့ ” မတက်နိုင်ဘူး ငါ့မောင်ရယ် အမတို့ရပ်ကွက်ထဲမှာက ဈေးကလည်းမရ

ရေသန့်တဘူးကို ၁၀၀၀ ဘဲရောင်းရတယ် ရေသန့်ဘူး ခွန်ကလည်း ၅၅ ကျပ် သားဆံ့တယ်။

ကျွန်တော် ဘာမှ ပြန်မပြောနိုင်တော့ ” ဟင်းးး ” လို့ သက်ပြင်းချပြီး ဆီပုံးတွေ ပြန်တင်ပေးလိုက်တယ် ဪ…. ဒုက်ခ ဒုက်ခ သိတော့ သိတယ် မကောင်းမှန်းသိတယ် သူများတွေ ရောင်းနေပေမယ့် ကိုယ်က မကောင်းမှန်းသိသိကြီးနဲ့ မရောင်းချင်။

နှလုံးအထူးကု ဆရာဝန်ကြီးတဦးပြောတာ သတိရမိတယ် “ဆီ ဆိုတာ အရေအတွက် နည်းနည်းနဲ့ သန့်သန့်ေ ကာင်းကောင်းလေး စားသင့်တယ် ဆီရဲ့ သဘာဝက အစားများရင် အသည်းကို ဝန်ပိစေတယ်အဲဒီကြားတဲ့ စားတဲ့ဆီက မသန့် ၊

ဆီကမသန့်ရတဲ့အထဲ ဆီပြန်ဟင်း ဆီမြုပ်ဟင်းတွေချက်ပြီး မဆင်မချင် စားနေသမျှတော့ အသဲခြောက် ၊ အသဲဆီဖုန်း အသဲကင်ဆာ ၊ နှလုံးသွေးကြောကျဉ်း ၊ နှလုံးသွေးပိတ် ၊ အဝလွန် ၊ လေဖြတ် စတဲ့ ရောဂါတွေ တခုမဟုပ်တခု ဖြစ်မှာဘဲ ” တဲ့

နေစဉ်စားနေကြ အစားအစာတွေမှာ မပါမဖြစ်တဲ့ ဆီကို အသိတရားမရှိ ပေါပေါချောင်ချောင်တွေကိုမဆင်မချင် စားနေသမျှ တော့မိသားစုရဲ့ ပညာရေး စီးပွားရေး လူမူ့ရေး စတဲ့ ဘဝ ဖွုံဖြိုး တိုးတက်ရေးတွေ အတွက် သုံးစွဲရမယ့် ချွေးနည်းစာတွေကို

ဆေးရုံ ဆေးခန်း တွေမှာ သူတို့ မညှာမတာတောင်းသ မျှဈေးဆစ်လို့မရဘဲ ပေးနေရအုန်း မှာပါပဲ။အခု လည်း ပြည်ပနိုင်ငံပေါင်းစုံက ဝင်လာတဲ့ နေကြာဆီတွေ ၊ ပဲပိစပ်ဆီတွေ စတဲ့ဆီမျိုးစုံကို တွေရမှာပါ။

ဒါပေမယ် အဲဒီ နေကြာဆီ ၊ ပဲပိစပ်ဆီတွေမှာနေကြာစေ့ရဲ့ ၊ ပဲပိစပ်ရဲ့သဘာဝအနံတွေနေကြာစေ့ရဲ့ ၊ ပဲပိစပ်ရဲ့ သဘာဝအရောင်တွေ မရှိဘဲသဘာဝအရောင်အဆင်း အနံအရသာတွေကိုနည်းပညာနဲ့ ချွတ်ထားလို့ ဖြူဖတ်ဖြူရော်ဖြစ်နေတာကို တွေ့ရမှာပါ။

သဘာဝအရောင်အဆင်း သဘာဝအနံအရသာတွေကို ချွတ်ထားပြီဆိုကတည်းက သဘာဝဆီတွေမှာပါတဲ့ ဆေးဖတ်ဝင်တဲ့ တချို့အာနိသင်တွေ ပြတ်ပြယ်ကုန်ပြီဆိုတာ မမေ့ပါနဲ့။

နောက်ပြီး ပြည်ပကနေ ရေကြောင်း ကုန်းကြောင်း အဆင့်ဆင့်လာပြီး ဝန်ထမ်းတွေအများကြီးခန့် ကားတွေနဲ့ ပတ်ရောင်း စတဲ့ကြော်ငြာတွေ အထွေထွေဝန်ဆောင်မူ ကုန်ကျစရိတ်တွေ အများကြီးသုံးထားတဲ့

ပြည်ပက နေကြာဆီ ၊ ပဲပိစပ်ဆီ တွေကပြည်တွင်းက ပဲဆီသန့်၊ နေကြာဆီသန့် ၊နှမ်းဆီသန့် စတဲ့အထွေထွေ ဝန်ဆောင်မူ့ ကုန်ကျစရိတ် အနည်းငယ်ဘဲရှိတဲ့

ပြည်တွင်းမှာတင် ထုက်လုပ်တဲ့ သဘာဝဆီဈေးထက် သက်သာနေတာကိုလည်း စဉ်းစားစေချင်ပါတယ်။ ပြည်ပကနေ စားအုန်းဆီ တင်သွင်းရတာတနှစ်ကို စားအုန်းဆီ တန်ပေါင်း ၅ သိန်းနှင့်အထက်

ဒေါ်လာ သန်းပေါင်း ၄၀၀ ကျော် ၅၀၀ ဝန်းကျင်ဖိုး တင်သွင်းနေရပါတယ်ဗျာ။ပြီးတော့ အဲ့ဒီ ဆီတွေကို မဆင်မချင် စားပြီးဖြစ်လာတဲ့ ရောဂါတွေအတွက် ဆေးဝါးတွေ ထပ်ပြီးတင်သွင်းရပါသေးတယ်။

ဒီတော့ဗျာ ရွှေမြန်မာတို့ ထပ်ခါ ထပ်ခါ နာပါတယ်ဗျာ မြန်မာပြည်သူ ပြည်သားအပေါင်း မသန့်တဲ့ဆီကြောင့် ဖြစ်သော ရောဂါဆိုးများမှ ကင်းဝေးပြီးကိုယ်ကျန်းမာ၍ စိတ်ချမ်းသာစေရန်…..

ပြည်တွင်းမှ သဘာဝ မြေပဲနှင့် အသီးအနှံဆီများ ထုပ်လုပ်သောဆီစက်လုပ်ငန်းရှင်များ ပိုမို ထုပ်လုပ်နိုင်ရန်…ဆီစက်လုပ်ငန်းရှင်များ ပိုမို ထုပ်လုပ်နိုင်ပြီးပြည်တွင်းအလုပ်အကိုင်များ ပေါများလာစေရန်ပြည်ပဆီ ၊

ဆေးဝါး နှင့် သွင်းကုန်များလျော့နည်းပြီးမြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာစေရန်စသည့် စသည့် တို့ကို ရည်ရွယ်၍ တက်သလောက် မှတ်သလောက် ရေးသားချင်း ဖြစ်ပါသည် မှားတာပါရင်လည်း စေတနာအမှားမို့ ခွင့်လွတ်ပါ…။

Credit

Zawgyi

ေဈးဝယ္ ။ ။”ေမာင္ေလး ပဲဆီသန႔္သန႔္ေလးဘယ္ေလာက္လဲ”

ကြၽန္ေတာ္ ။ ။”ဟုပ္ကဲ့အမႀကီးေရ ပဲဆီသန႔္သန႔္ေလးဆိုရင္ ၁၀,၀၀၀ ပါ ခင္ဗ်ာ ”

ေဈးဝယ္ ။ ။”အမေလးေတာ္ မတရားသျဖင့္ ”

ကြၽန္ေတာ္ ။ ။ ” အင္ ဘာပုလို႔ ”

ေဈးဝယ္ ။ ။”ငါတို႔ ရက္ကြပ္ထဲမွာေတာင္ ၃၅၀၀ ဘဲရွိတယ္ ဆီစက္ဆိုလို႔ သက္သာမလားမွတ္တယ္ ဟြန္း

ကြၽန္ေတာ္ ။ ။”ဟာအမႀကီး အဲ့ဒါေရာင္းတန္းဆီပါ အသန႔္ဆို မရပါဘူး အမႀကီးလိုခ်င္ရင္ ၃၀၀၀တန္ ရွိပါတယ္”

ေဈးဝယ္ ။ ။” ၃၀၀၀ တန္က သန႔္လား အာမခံလား”

ကြၽန္ေတာ္ ။ ။”အင္း.အမႀကီးရယ္ ၄၅၀၀ တန္ေလာက္ေတာ့ မသန႔္ဘူး အာမ မခံႏိုင္ဘူးေပါ့ အမႀကီးရယ္ ”

ေဈးဝယ္ ။ ။” ေတာ္ၿပီ အာဆို မဝယ္ေတာ့ဘူး ” အင္….. ျပန္သြားၿပီ ေဟာ့ အေဒၚႀကီးတေယာက္ ပုံးနဲ႔ ဝင္လာၿပီ

ကြၽန္ေတာ္ ။ ။”အန္တီ ဘာဆီယူမလဲ”

အေဒၚႀကီး ။ ။”ပဲဆီေလး လိုခ်င္တာ ျပန္ေရာင္းဖို႔”

ကြၽန္ေတာ္ ။ ။” ျပန္ေရာင္းဖို႔ဆို႔ အန္တီ ေရာင္းတန္းဆီ ၂၅၀၀ တန္ ၃၀၀၀ တန္ ေတြရွိပါတယ္ ”

အေဒၚႀကီး။။”အမေလးေတာ္ ငါ့အိမ္ဆိုင္မွာေတာင္၂၅ဝဝဘဲ ေရာင္းတာ ဆိုင္ႀကီးျဖစ္ၿပီးေတာ့ ေဈးႀကီးတာ” ဟင္ ေျပာၿပီး ခ်ာကနဲ႔ လွည့္ထြက္သြားတယ္သိပ္မၾကာလိုက္ လူႀကီးတေယာက္ ဆိုင္ကယ္ရပ္ ပုံးႏွစ္ပုံးဆြဲၿပီး ဆိုင္ထဲဝင္လာတယ္။

ကြၽန္ေတာ္ ။ ။”ဦးေလး ဘာဆီယူလဲ ”

ဦးေလး။ ။”ငါ့တူေရ ဦးေလးျပန္ေရာင္းဖို႔ ပဲဆီ ႏွမ္းဆီအေရာ ေရာင္းတန္းဆီေလး လိုခ်င္တာ” ဒီတခါေတြ႕ မယ္ ေဈးကိုမေျပာေတာ့ဘူးကြ … လို႔ေတြးၿပီး

ကြၽန္ေတာ္ ။ ။”ဦးေလးက ဘယ္ေလာက္တန္လို ခ်င္တာလဲ”

ဦးေလး ။ ။”ဦးက ပဲဆီ ႏွမ္းဆီကို ၂၀၀၀ တန္ေလာက္ လိုခ်င္တာကြ ရက္ကြပ္ထဲမွာေရာင္းရတာက အဆစ္ထည့္ေပးရတာနဲ႔ ဘူးအျပည့္ ထည့္ေပးရတာနဲ႔၂၀၀၀ တန္ေလာက္မွ ကိုက္မွာကြ ”

ကြၽန္ေတာ္ ။ ။”အင္ …၂၀၀၀ တန္ပဲဆီ အဲ့ဒါဆို ဦးေလးရယ္ စားအုန္းဆီ ၁၈၇၀ တန္ကို တ႐ုတ္ကလာတဲ့ ေျမပဲနံ ထည့္ၿပီးေရာင္း တာေနမွာပါ ဦးေလးရယ္ဦးေလးလိုခ်င္ရင္ အနံဘူးသြားဝယ္ၿပီးလုပ္ေပးမယ္ေလ ပဲဆီအနံေလးနဲ႔ကို ၁၉၀၀ ဘဲ ေပး”

ဦးေလး ။ ။”အဲလို႔ႀကီး အနံထည့္ေပးတာလား ”

ကြၽန္ေတာ္။ ။”အဲ့ဒီလိုအနံေလးဘဲထည့္ေရာင္းမွ ဒီေဈးေရာင္းလို႔ ရမွာေပါ့ ဦးေလးရယ္ ကြၽန္ေတာ္တို႔က ကိုယ့္ဆီစက္နဲ႔ကိုယ္မို႔လို႔ ဆီစက္နာမည္ပ်က္မွာစိုးလို႔ သိကၡာရွိရွိနဲ႔ ဒီပဲဆီကဒီလို စသျဖင့္ မွန္မွန္ကန္ကန္ ေျပာၿပီးေရာင္းတာပါ ။

ဆီစက္မရွိတဲ့ ဆီဆိုင္ေတြကေတာ့ ဘာမွေျပာမွာ မဟုပ္ဘူး။ကြၽန္ေတာ္တို႔ကက်ေတာ့ လြဲခ်လို႔ မရဘူးေလ အဲ့ဒီေတာ့ ဒီဆီက ဒီလိုလုပ္ထားတယ္ဟိုဆီက ဟိုလိုေရာထားတယ္ အာမခံတယ္ မခံဘူး စသည္ျဖင့္ မွန္မွန္ကန္ကန္ေျပာျပၿပီးမွ ေရာင္းတာပါ “

ဦးေလး ။ ။ ” အဲ့ဒီလို မေကာင္းမွန္းသိသိႀကီးနဲ႔ေတာ့ ဆီေတာင္မေရာင္းခ်င္ေတာ့ဘူး အိမ္ျပန္ေျပာလိုက္အုန္းမယ္ကြာ” ရွင္းျပလိုက္ မွ ဆီမဝယ္ဘဲ စိတ္ပ်က္လက္ပ်က္နဲ႔ ျပန္သြားတယ္။

ေဈးဝယ္ ။ ။”ေမာင္ေလး ဆီဝယ္ခ်င္လို႔”

ကြၽန္ေတာ္ ။ ။”ဟုပ္ အမႀကီး ဘာဆီယူမလဲဗ်”

ေဈးဝယ္။ ။”အမ ျပန္ေရာင္းဖို႔ ႏွမ္းဆီအေရာ ပဲဆီအေရာ လိုခ်င္တာ”

ကြၽန္ေတာ္ ။ ။”အမက ဘယ္ေလာက္တန္လိုခ်င္တာလဲ”

ေဈးဝယ္ ။ ။” အမက ပဲဆီေရာ ႏွမ္းဆီေရာကို ၁၈၅၀ တန္ ဝယ္ေနက်ကြ အရင္ ဝယ္ေနက်ဆိုင္က အေပါက္ဆိုးၿပီး သြားရတာ လမ္းက်ပ္လိုမင္းတို႔ဆို င္စမ္းဝယ္ၾကည့္မလို႔ ဝင္လာတာ”

ကြၽန္ေတာ္ ။ ။” ပဲဆီ ၁၈၅၀ တန္ ဟုပ္ပမလား အမႀကီးရယ္ အနိမ့္ဆုံး စားအုန္းဆီေတာင္ ၁၈၇၀ ရွိတာကို ”

ေဈးဝယ္ ။ ။”၁၈၅၀ တန္ မရွိဘူးလား အမက ဝယ္ေနက်ပါ အမဝယ္ၿပီးရင္ မင္းကို ေဘာင္ခ်ာ လာျပမယ္”

ကြၽန္ေတာ္ ။ ။”အဲ့ဒါဆိုရင္ေတာ့ ေက်းဇူးပါ အမႀကီးရယ္ ကြၽန္ေတာ္လဲ ဆီ နမူနာ ၾကည့္ရတာေပါ့” ဆီပုံးေတြ ဆိုင္ကယ္ေပၚတင္ၿပီး ျပန္ထြက္သြားတယ္ မၾကာလိုက္ ခဏေနေတာ့ ျပန္ေရာက္လာတယ္။

” ေမာင္ေလးေရာ့ ” ဆိုၿပီး ေဘာင္ခ်ာျပတယ္ ဟုပ္တယ္ဗ်ာ ပဲဆီအေရာ ၁၈၅၀ ႏွမ္းဆီအေရာ ၁၈၅၀ တဲ့ “အမႀကီး ဆီေလးၾကည့္ခ်င္လို႔ ” ဆိုေတာ့ “ၾကည့္ေလ” တဲ့

ဆိုင္ကယ္ေပၚက ဆီပုံးကိုခ် ဆီနည္းနည္းစီသြန္ၿပီး နမ္းၾကည့္ လွ်က္ၾကည့္လိုက္ေတာ့ ခားသက္သက္ ပူစပ္စပ္နဲ႔ ေကာ့စတစ္ေတြနဲ႔ ခြၽတ္ထားတဲ့ ဝါေစ့ဆီေတြ ျဖစ္ေနလို႔ အျမန္ပလုပ္က်င္းလိုက္ရတယ္။

“ဟာ…အမႀကီး ဒီဆီေတြေရာင္းတာလား ေကာ့စတစ္ေတြနဲ႔ ခြၽတ္ထားတဲ့ ဝါဆီေတြ ေတာ္ေတာ္ဆိုးတယ္ေနာ္ ” လိုေျပာေတာ့ ” မတက္ႏိုင္ဘူး ငါ့ေမာင္ရယ္ အမတို႔ရပ္ကြက္ထဲမွာက ေဈးကလည္းမရ

ေရသန႔္တဘူးကို ၁၀၀၀ ဘဲေရာင္းရတယ္ ေရသန႔္ဘူး ခြန္ကလည္း ၅၅ က်ပ္ သားဆံ့တယ္။

ကြၽန္ေတာ္ ဘာမွ ျပန္မေျပာႏိုင္ေတာ့ ” ဟင္းးး ” လို႔ သက္ျပင္းခ်ၿပီး ဆီပုံးေတြ ျပန္တင္ေပးလိုက္တယ္ ဪ…. ဒုက္ခ ဒုက္ခ သိေတာ့ သိတယ္ မေကာင္းမွန္းသိတယ္ သူမ်ားေတြ ေရာင္းေနေပမယ့္ ကိုယ္က မေကာင္းမွန္းသိသိႀကီးနဲ႔ မေရာင္းခ်င္။

ႏွလုံးအထူးကု ဆရာဝန္ႀကီးတဦးေျပာတာ သတိရမိတယ္ “ဆီ ဆိုတာ အေရအတြက္ နည္းနည္းနဲ႔ သန႔္သန႔္ေ ကာင္းေကာင္းေလး စားသင့္တယ္ ဆီရဲ႕ သဘာဝက အစားမ်ားရင္ အသည္းကို ဝန္ပိေစတယ္အဲဒီၾကားတဲ့ စားတဲ့ဆီက မသန႔္ ၊

ဆီကမသန႔္ရတဲ့အထဲ ဆီျပန္ဟင္း ဆီျမဳပ္ဟင္းေတြခ်က္ၿပီး မဆင္မခ်င္ စားေနသမွ်ေတာ့ အသဲေျခာက္ ၊ အသဲဆီဖုန္း အသဲကင္ဆာ ၊ ႏွလုံးေသြးေၾကာက်ဥ္း ၊ ႏွလုံးေသြးပိတ္ ၊ အဝလြန္ ၊ ေလျဖတ္ စတဲ့ ေရာဂါေတြ တခုမဟုပ္တခု ျဖစ္မွာဘဲ ” တဲ့

ေနစဥ္စားေနၾက အစားအစာေတြမွာ မပါမျဖစ္တဲ့ ဆီကို အသိတရားမရွိ ေပါေပါေခ်ာင္ေခ်ာင္ေတြကိုမဆင္မခ်င္ စားေနသမွ် ေတာ့မိသားစုရဲ႕ ပညာေရး စီးပြားေရး လူမူ႔ေရး စတဲ့ ဘဝ ဖြဳံၿဖိဳး တိုးတက္ေရးေတြ အတြက္ သုံးစြဲရမယ့္ ေခြၽးနည္းစာေတြကို

ေဆး႐ုံ ေဆးခန္း ေတြမွာ သူတို႔ မညႇာမတာေတာင္းသ မွ်ေဈးဆစ္လို႔မရဘဲ ေပးေနရအုန္း မွာပါပဲ။အခု လည္း ျပည္ပႏိုင္ငံေပါင္းစုံက ဝင္လာတဲ့ ေနၾကာဆီေတြ ၊ ပဲပိစပ္ဆီေတြ စတဲ့ဆီမ်ိဳးစုံကို ေတြရမွာပါ။

ဒါေပမယ္ အဲဒီ ေနၾကာဆီ ၊ ပဲပိစပ္ဆီေတြမွာေနၾကာေစ့ရဲ႕ ၊ ပဲပိစပ္ရဲ႕သဘာဝအနံေတြေနၾကာေစ့ရဲ႕ ၊ ပဲပိစပ္ရဲ႕ သဘာဝအေရာင္ေတြ မရွိဘဲသဘာဝအေရာင္အဆင္း အနံအရသာေတြကိုနည္းပညာနဲ႔ ခြၽတ္ထားလို႔ ျဖဴဖတ္ျဖဴေရာ္ျဖစ္ေနတာကို ေတြ႕ရမွာပါ။

သဘာဝအေရာင္အဆင္း သဘာဝအနံအရသာေတြကို ခြၽတ္ထားၿပီဆိုကတည္းက သဘာဝဆီေတြမွာပါတဲ့ ေဆးဖတ္ဝင္တဲ့ တခ်ိဳ႕အာနိသင္ေတြ ျပတ္ျပယ္ကုန္ၿပီဆိုတာ မေမ့ပါနဲ႔။

ေနာက္ၿပီး ျပည္ပကေန ေရေၾကာင္း ကုန္းေၾကာင္း အဆင့္ဆင့္လာၿပီး ဝန္ထမ္းေတြအမ်ားႀကီးခန႔္ ကားေတြနဲ႔ ပတ္ေရာင္း စတဲ့ေၾကာ္ျငာေတြ အေထြေထြဝန္ေဆာင္မူ ကုန္က်စရိတ္ေတြ အမ်ားႀကီးသုံးထားတဲ့

ျပည္ပက ေနၾကာဆီ ၊ ပဲပိစပ္ဆီ ေတြကျပည္တြင္းက ပဲဆီသန႔္၊ ေနၾကာဆီသန႔္ ၊ႏွမ္းဆီသန႔္ စတဲ့အေထြေထြ ဝန္ေဆာင္မူ႔ ကုန္က်စရိတ္ အနည္းငယ္ဘဲရွိတဲ့

ျပည္တြင္းမွာတင္ ထုက္လုပ္တဲ့ သဘာဝဆီေဈးထက္ သက္သာေနတာကိုလည္း စဥ္းစားေစခ်င္ပါတယ္။ ျပည္ပကေန စားအုန္းဆီ တင္သြင္းရတာတႏွစ္ကို စားအုန္းဆီ တန္ေပါင္း ၅ သိန္းႏွင့္အထက္

ေဒၚလာ သန္းေပါင္း ၄၀၀ ေက်ာ္ ၅၀၀ ဝန္းက်င္ဖိုး တင္သြင္းေနရပါတယ္ဗ်ာ။ၿပီးေတာ့ အဲ့ဒီ ဆီေတြကို မဆင္မခ်င္ စားၿပီးျဖစ္လာတဲ့ ေရာဂါေတြအတြက္ ေဆးဝါးေတြ ထပ္ၿပီးတင္သြင္းရပါေသးတယ္။

ဒီေတာ့ဗ်ာ ေ႐ႊျမန္မာတို႔ ထပ္ခါ ထပ္ခါ နာပါတယ္ဗ်ာ ျမန္မာျပည္သူ ျပည္သားအေပါင္း မသန႔္တဲ့ဆီေၾကာင့္ ျဖစ္ေသာ ေရာဂါဆိုးမ်ားမွ ကင္းေဝးၿပီးကိုယ္က်န္းမာ၍ စိတ္ခ်မ္းသာေစရန္…..

ျပည္တြင္းမွ သဘာဝ ေျမပဲႏွင့္ အသီးအႏွံဆီမ်ား ထုပ္လုပ္ေသာဆီစက္လုပ္ငန္းရွင္မ်ား ပိုမို ထုပ္လုပ္ႏိုင္ရန္…ဆီစက္လုပ္ငန္းရွင္မ်ား ပိုမို ထုပ္လုပ္ႏိုင္ၿပီးျပည္တြင္းအလုပ္အကိုင္မ်ား ေပါမ်ားလာေစရန္ျပည္ပဆီ ၊

ေဆးဝါး ႏွင့္ သြင္းကုန္မ်ားေလ်ာ့နည္းၿပီးျမန္မာက်ပ္ေငြတန္ဖိုး ျမင့္တက္လာေစရန္စသည့္ စသည့္ တို႔ကို ရည္႐ြယ္၍ တက္သေလာက္ မွတ္သေလာက္ ေရးသားခ်င္း ျဖစ္ပါသည္ မွားတာပါရင္လည္း ေစတနာအမွားမို႔ ခြင့္လြတ္ပါ…။

Credit

Leave a Comment