ခေတ်မကောင်းတဲ့ အချိန်မှာ အခြေခံလူတန်းစားတွေကို လိုင်းပေါ်ကနေ ဂျင်းထည့်နေကြတဲ့ အဖြစ်

အွန်လိုင်းမှာ မဲပေါက်တယ်ဆိုပြီး ဂျင်းထည့်ခံရတဲ့ သူတွေ တဖြည်းဖြည်း များလာပါတယ်။ ဆိုင်ကယ်မဲ၊ ဖုန်းမဲ၊ ရွှေလက်ဝတ်လက်စားမဲတွေကို တမဲ ဘယ်လောက်နဲ့ လိုင်းပေါ်မှာ စုပြီး မဲဖောက်ပေးတယ်ဆိုကာ ဂျင်းထည့်နေကြတာ ဖြစ်ပါတယ်။ ယခုလည်း တမဲ ကျပ် ၃၉၀၀၀ နဲ့ စုပြီး မဲပေါက်တယ်ဆိုကာ ဂျင်းထည့်ခံရတဲ့ အကြောင်းကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

ရွှေဆွဲကြိုးလေး မဲပေါက်တယ်ဆိုပြီး ဖုန်းဆက်ပို့လိုက်လို့ ပါဆယ်ရုံးကနေ ၃၉၀၀၀ နဲ့ ခုဘဲ ထုတ်လာတာ အမ နားမလည်လို့ အတုအစစ်လေး စစ်ပေးပါလား ညီမလေးရယ်တဲ့။


ပစ္စည်းလေး ကြည့်လိုက်တာနဲ့ အတုမှန်းသိပေမဲ့ လာပြတဲ့အမ ကျေနပ်အောင် မှတ်ကျောက်လေးတင်ပြပေးပြီး စိတ်မကောင်းစွာနဲ့ဘဲ စတိုးဆိုင်တွေမှာရောင်းတဲ့ ၄/၅ထောင်ဘဲ ရှိတဲ့ အတုလို့ ပြောလိုက်ရတယ် မျက်နှာလည်း မကောင်းတော့ဘူး မိုးရေတွေကြားထဲ စိုရွှဲပြီး ပြန်သွားလေတယ်။

၃၉၀၀၀ ထဲမလို့ တော်သေးတယ်လို့ ပြောလို့ရပေမဲ့ ခုလို ငွေကြေးရှားပါးနေတဲ့ အချိန်မှာ သူ့အတွက်လည်းနှမြောစရာပါဘဲရှင် အရင်ကလည်း မဲပေါက်တယ်ဆိုပြီး ထုတ်ပြီး လာပြကြတာ ၃ဦးလောက် ရှိပေမဲ့ အရင်ကြိုးတွေ /ဆွဲပြားတွေကိုတော့ မင်မင်တို့ မရိုက်ထားဖြစ်ဘူး။


ခုကတော့ လူလိမ်တွေ အရမ်းပေါလာတဲ့ ခေတ်မှာ မင်မင်တို့ရဲ့ မိတ်ဆွေများ သတိလက်လွတ် မဖြစ်သွားစေဖို့ ရည်ရွယ်ပြီးတင်ပြလိုက်တာပါ အချို့ဆို ဖုန်းမဲပေါက်တယ် ၂သိန်း အရင်လွှဲရမယ်ဆိုလို့ ရွှေအပေါင်လာထားတယ်။

မင်မင်တို့ လည်း ရှင်းပြ အတတ်နိုင်ဆုံးအမှီတားလိုက်နိုင်လို့တော်သေးတယ် လူလိမ်တွေက ရိုးသားလှတဲ့ လူကြီးတွေကို အဓိက ပစ်မှတ်ထားတာ များတယ်။ လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေရှင် (ရွှေလင်းယုန် စိန်ရွှေရတနာဆိုင်)

Zawgyi

အြန္လိုင္းမွာ မဲေပါက္တယ္ဆိုၿပီး ဂ်င္းထည့္ခံရတဲ့ သူေတြ တျဖည္းျဖည္း မ်ားလာပါတယ္။ ဆိုင္ကယ္မဲ၊ ဖုန္းမဲ၊ ေ႐ႊလက္ဝတ္လက္စားမဲေတြကို တမဲ ဘယ္ေလာက္နဲ႔ လိုင္းေပၚမွာ စုၿပီး မဲေဖာက္ေပးတယ္ဆိုကာ ဂ်င္းထည့္ေနၾကတာ ျဖစ္ပါတယ္။ ယခုလည္း တမဲ က်ပ္ ၃၉၀၀၀ နဲ႔ စုၿပီး မဲေပါက္တယ္ဆိုကာ ဂ်င္းထည့္ခံရတဲ့ အေၾကာင္းကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။

ေ႐ႊဆြဲႀကိဳးေလး မဲေပါက္တယ္ဆိုၿပီး ဖုန္းဆက္ပို႔လိုက္လို႔ ပါဆယ္႐ုံးကေန ၃၉၀၀၀ နဲ႔ ခုဘဲ ထုတ္လာတာ အမ နားမလည္လို႔ အတုအစစ္ေလး စစ္ေပးပါလား ညီမေလးရယ္တဲ့။

ပစၥည္းေလး ၾကည့္လိုက္တာနဲ႔ အတုမွန္းသိေပမဲ့ လာျပတဲ့အမ ေက်နပ္ေအာင္ မွတ္ေက်ာက္ေလးတင္ျပေပးၿပီး စိတ္မေကာင္းစြာနဲ႔ဘဲ စတိုးဆိုင္ေတြမွာေရာင္းတဲ့ ၄/၅ေထာင္ဘဲ ရွိတဲ့ အတုလို႔ ေျပာလိုက္ရတယ္ မ်က္ႏွာလည္း မေကာင္းေတာ့ဘူး မိုးေရေတြၾကားထဲ စို႐ႊဲၿပီး ျပန္သြားေလတယ္။

၃၉၀၀၀ ထဲမလို႔ ေတာ္ေသးတယ္လို႔ ေျပာလို႔ရေပမဲ့ ခုလို ေငြေၾကးရွားပါးေနတဲ့ အခ်ိန္မွာ သူ႔အတြက္လည္းႏွေျမာစရာပါဘဲရွင္ အရင္ကလည္း မဲေပါက္တယ္ဆိုၿပီး ထုတ္ၿပီး လာျပၾကတာ ၃ဦးေလာက္ ရွိေပမဲ့ အရင္ႀကိဳးေတြ /ဆြဲျပားေတြကိုေတာ့ မင္မင္တို႔ မ႐ိုက္ထားျဖစ္ဘူး။

ခုကေတာ့ လူလိမ္ေတြ အရမ္းေပါလာတဲ့ ေခတ္မွာ မင္မင္တို႔ရဲ႕ မိတ္ေဆြမ်ား သတိလက္လြတ္ မျဖစ္သြားေစဖို႔ ရည္႐ြယ္ၿပီးတင္ျပလိုက္တာပါ အခ်ိဳ႕ဆို ဖုန္းမဲေပါက္တယ္ ၂သိန္း အရင္လႊဲရမယ္ဆိုလို႔ ေ႐ႊအေပါင္လာထားတယ္။

မင္မင္တို႔ လည္း ရွင္းျပ အတတ္ႏိုင္ဆုံးအမွီတားလိုက္ႏိုင္လို႔ေတာ္ေသးတယ္ လူလိမ္ေတြက ႐ိုးသားလွတဲ့ လူႀကီးေတြကို အဓိက ပစ္မွတ္ထားတာ မ်ားတယ္။ လူအခ်င္းခ်င္းလွည့္ပတ္ျခင္းကင္းရွင္းၾကပါေစရွင္ (ေ႐ႊလင္းယုန္ စိန္ေ႐ႊရတနာဆိုင္)

Leave a Comment