သရဏဂုံ သုံးပါးကို အမြဲမပျက် ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်တို့ ရရှိနိုင်သော အကျိုးတရားများ …(အပြည့်အစုံဖတ်ရန်ပုံကိုနှိပ်ပါ)

သရဏဂုံ သုံးပါးကို အမြဲမပျက် ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်တို့ ရရှိနိုင်သော အကျိုးတရားများမိမိ၏ အဆွေခင်ပွန်းများကို မည်သူကမျှ ပျက်စီးအောင် မပြုလုပ်နိုင်ခြင်းစသည့်အကျိုးတရားတို့ဖြင့် ပြည့်စုံနိုင်ပါသည်။ထို့ကြောင့် … အလွန်အလုပ်များ၍ တရား အားထုတ်ရန်အတွက် အချိန်မရသော သူများသည် သရဏဂုံ သုံးပါးကို အမြဲမပြတ် ရွတ်ဆိုပွားများသင့်ပါသည်။

သရဏဂုံ သုံးပါးကို အမြဲမပျက် ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်သည် အောက်ပါ အကျိုးတရားများကို ရရှိနိုင်ပါသည် …

၁။ ဒိ သာသု ပူဇိတော ဟောမိ။ သွားလေရာ အရပ်တိုင်း၌ လေးစားမြတ်နိုးခြင်းခံရမည်

၂ ။ တိက္ခပညော။ ဉာဏ်အလွန် ထက်မြက်မည်။

၃။ သဗ္ဗေ ဒေဝါနုဝတ္တန္တိ။ နတ်တို့၏ စောင့်ရှောက်ခြင်း ခံရမည်။

၄။ အမိတဘောဂံလဘာမဟံ။ စီးပွားရေး အဆင်ပြေမည်။


၅။ သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ။ ဖြစ်လေရာဘဝတိုင်း၌ ရုပ်အဆင်း အလွန် လှပမည်။

၆။ ပဋိကန္တော ဘဝါမဟံ။ ဖြစ်လေရာ ဘဝတိုင်း၌လူချစ်လူခင် အလွန်ပေါမည်။

၇။ မိတ္တာနံ အစလော ဟောမိ။ ဖြစ်လေရာဘဝတိုင်း၌ မိတ်ကောင်းဆွေကောင်းခိုင်မြဲမည်။

၈။ ယသော အဗ္ဘုဂ္ဂတော မမံ။ ဖြစ်လေရာ ဘဝတိုင်း၌လူအများ၏ လေးစားခြင်းခံရမည်။ ကောင်းသောစကားများ ကိုသာပြောကြမည် ကောင်းသတင်းများသာ ကျောဇောလိမ့်မည်ဟု တိသရဏမထေရ် ရဟန္တာအရှင်မြတ်ကဟောကြားခဲ့သည်။

ဒီဃနိကာယ်(နှာ-၃၃၂) သံယုတ္တနိကာယ်(နှာ-၃၄၁) တို့၌ လာသော သရဏံ၏ အကျိုးတရားများမှာ –

၁။ ယခုပစ္စပ္န်ဘဝ၌ ကျရောက်ဆဲ ကျရောက်လတ္တံ့သော အန္တရာယ်များရှိခြင်း၊ ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ အပါယ်လေးပါးသို့ကျရောက်ခြင်း စသည် တို့ကို တားမြစ်ဖျက်ဆီး‌ ပေးတတ်၏။

၂။နောင်ဘဝ နတ်ပြည်သို့ ရောက်သည့် အခါတွင်လည်း သရဏဂုံ တည်သောနတ်သည် သရဏဂုံမတည်သော နတ်ထက်အသက်ရှည်ခြင်း၊ဆင်းလှခြင်း၊ အခြွေအရံပေါများခြင်း၊ အပူဇော်ခံရခြင်း ထက်မြက်သော ဉာဏ်ပညာရှိခြင်း၊ မနှိုင်းယှဉ်နိုင်သော စည်းစိမ်ချမ်းသာကိုရရှိခြင်း၊ ရွှေဆင်းနှင့်တူသော အဆင်းရှိခြင်း၊ ချစ်ခင် နှစ်သက်မှု ကို ရရှိခြင်း၊ကျော်စောထင်ရှားခြင်း၊ အစိုးရခြင်း၊ နတ်တို့၏ အာရုံငါးပါးတွင် သာလွန်ခြင်းမိမိ၏အလိုကို အခြားသော နတ်များက လိုက်လျော ကြရခြင်း၊ မိမိ၏ အဆွေခင်ပွန်းများကို မည်သူကမျှပျက်စီးအောင် မပြုလုပ် နိုင်ခြင်းစသည့် အကျိုးတရားတို့ဖြင့် ပြည့်စုံနိုင်ပါသည်။

ထို့ကြောင့်…အလွန်အလုပ်များ၍ တရားအားထုတ်ရန်အတွက် အချိန်မရသော သူများသည်သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ်ဆိုပွားများသင့် ပါသည် ။ထိုသို့ ရွတ်ဆိုပွားများရခြင်း အကျိုးကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် နိဗ္ဗာန်ကို မျက်မှောက်ပြုကြရပါမည် ။သံသရာ၌ကျင်လည် ရလျှင်လည်း ဖေါ်ပြခဲ့သော အကျိုးတရားများကို ရရှိပါလိမ့်မည်။

ထို့ကြောင့် သရဏဂုံ သုံးပါးကို သတိရတိုင်း အမှတ်ရတိုင်း စိတ်ထဲမှာ ရွတ်ဆိုပွားများကြပါဟုတိုက်တွန်းအပ်ပါသည်။

ဖတ်ရှု့အားပေးကြသော ပရိသတ်ကြီး တစ်ဉီးချင်း တစ်ယောက်ချင်းစီတိုင်းအား ကျေးဇူး အထူးတင်ရှိပါသည်။စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ဖြင့်ပြည့်စုံကာ မြန်မာပြည်သူပြည်သားများ လိုလားတောင့်တသော နေ့ရက်များ အမြန်ရောက်ရှိ ပိုင်ဆိုင်နိုင်ကြပါစေ။မြန်မာပြည်ကြီးလည်းရွှင်လန်း ချမ်းမြေ့ပါစေဗျ။ပြည်သူများအားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Zawgyi

သရဏဂုံ သုံးပါးကို အၿမဲမပ်က္ ႐ြတ္ဆိုပြားမ်ားေသာ ပုဂၢိဳလ္တို႔ ရရွိႏိုင္ေသာ အက်ိဳးတရားမ်ားမိမိ၏ အေဆြခင္ပြန္းမ်ားကို မည္သူကမွ် ပ်က္စီးေအာင္ မျပဳလုပ္ႏိုင္ျခင္းစသည့္အက်ိဳးတရားတို႔ျဖင့္ ျပည့္စုံႏိုင္ပါသည္။ထို႔ေၾကာင့္ … အလြန္အလုပ္မ်ား၍ တရား အားထုတ္ရန္အတြက္ အခ်ိန္မရေသာ သူမ်ားသည္ သရဏဂုံ သုံးပါးကို အၿမဲမျပတ္ ႐ြတ္ဆိုပြားမ်ားသင့္ပါသည္။

သရဏဂုံ သုံးပါးကို အၿမဲမပ်က္ ႐ြတ္ဆိုပြားမ်ားေသာ ပုဂၢိဳလ္သည္ ေအာက္ပါ အက်ိဳးတရားမ်ားကို ရရွိႏိုင္ပါသည္ …

၁။ ဒိ သာသု ပူဇိေတာ ေဟာမိ။ သြားေလရာ အရပ္တိုင္း၌ ေလးစားျမတ္ႏိုးျခင္းခံရမည္

၂ ။ တိကၡပေညာ။ ဉာဏ္အလြန္ ထက္ျမက္မည္။

၃။ သေဗၺ ေဒဝါႏုဝတၱႏၲိ။ နတ္တို႔၏ ေစာင့္ေရွာက္ျခင္း ခံရမည္။

၄။ အမိတေဘာဂံလဘာမဟံ။ စီးပြားေရး အဆင္ေျပမည္။

၅။ သုဝဏၰဝေဏၰာ သဗၺတၳ။ ျဖစ္ေလရာဘဝတိုင္း၌ ႐ုပ္အဆင္း အလြန္ လွပမည္။

၆။ ပဋိကေႏၲာ ဘဝါမဟံ။ ျဖစ္ေလရာ ဘဝတိုင္း၌လူခ်စ္လူခင္ အလြန္ေပါမည္။

၇။ မိတၱာနံ အစေလာ ေဟာမိ။ ျဖစ္ေလရာဘဝတိုင္း၌ မိတ္ေကာင္းေဆြေကာင္းခိုင္ၿမဲမည္။

၈။ ယေသာ အဗၻဳဂၢေတာ မမံ။ ျဖစ္ေလရာ ဘဝတိုင္း၌လူအမ်ား၏ ေလးစားျခင္းခံရမည္။ ေကာင္းေသာစကားမ်ား ကိုသာေျပာၾကမည္ ေကာင္းသတင္းမ်ားသာ ေက်ာေဇာလိမ့္မည္ဟု တိသရဏမေထရ္ ရဟႏၲာအရွင္ျမတ္ကေဟာၾကားခဲ့သည္။

ဒီဃနိကာယ္(ႏွာ-၃၃၂) သံယုတၱနိကာယ္(ႏွာ-၃၄၁) တို႔၌ လာေသာ သရဏံ၏ အက်ိဳးတရားမ်ားမွာ –

၁။ ယခုပစၥပၷ္ဘဝ၌ က်ေရာက္ဆဲ က်ေရာက္လတၱံ့ေသာ အႏၲရာယ္မ်ားရွိျခင္း၊ ေၾကာက္႐ြံ႕ျခင္း၊ ထိတ္လန႔္ျခင္း၊ ကိုယ္ဆင္းရဲျခင္း၊ စိတ္ဆင္းရဲျခင္း၊ အပါယ္ေလးပါးသို႔က်ေရာက္ျခင္း စသည္ တို႔ကို တားျမစ္ဖ်က္ဆီး‌ ေပးတတ္၏။

၂။ေနာင္ဘဝ နတ္ျပည္သို႔ ေရာက္သည့္ အခါတြင္လည္း သရဏဂုံ တည္ေသာနတ္သည္ သရဏဂုံမတည္ေသာ နတ္ထက္အသက္ရွည္ျခင္း၊ဆင္းလွျခင္း၊ အေႁခြအရံေပါမ်ားျခင္း၊ အပူေဇာ္ခံရျခင္း ထက္ျမက္ေသာ ဉာဏ္ပညာရွိျခင္း၊ မႏႈိင္းယွဥ္ႏိုင္ေသာ စည္းစိမ္ခ်မ္းသာကိုရရွိျခင္း၊ ေ႐ႊဆင္းႏွင့္တူေသာ အဆင္းရွိျခင္း၊ ခ်စ္ခင္ ႏွစ္သက္မႈ ကို ရရွိျခင္း၊ေက်ာ္ေစာထင္ရွားျခင္း၊ အစိုးရျခင္း၊ နတ္တို႔၏ အာ႐ုံငါးပါးတြင္ သာလြန္ျခင္းမိမိ၏အလိုကို အျခားေသာ နတ္မ်ားက လိုက္ေလ်ာ ၾကရျခင္း၊ မိမိ၏ အေဆြခင္ပြန္းမ်ားကို မည္သူကမွ်ပ်က္စီးေအာင္ မျပဳလုပ္ ႏိုင္ျခင္းစသည့္ အက်ိဳးတရားတို႔ျဖင့္ ျပည့္စုံႏိုင္ပါသည္။

ထို႔ေၾကာင့္…အလြန္အလုပ္မ်ား၍ တရားအားထုတ္ရန္အတြက္ အခ်ိန္မရေသာ သူမ်ားသည္သရဏဂုံသုံးပါးကို အၿမဲမျပတ္ ႐ြတ္ဆိုပြားမ်ားသင့္ ပါသည္ ။ထိုသို႔ ႐ြတ္ဆိုပြားမ်ားရျခင္း အက်ိဳးေၾကာင့္ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္တြင္ နိဗၺာန္ကို မ်က္ေမွာက္ျပဳၾကရပါမည္ ။သံသရာ၌က်င္လည္ ရလွ်င္လည္း ေဖၚျပခဲ့ေသာ အက်ိဳးတရားမ်ားကို ရရွိပါလိမ့္မည္။

ထို႔ေၾကာင့္ သရဏဂုံ သုံးပါးကို သတိရတိုင္း အမွတ္ရတိုင္း စိတ္ထဲမွာ ႐ြတ္ဆိုပြားမ်ားၾကပါဟုတိုက္တြန္းအပ္ပါသည္။

ဖတ္ရႈ႕အားေပးၾကေသာ ပရိသတ္ႀကီး တစ္ဉီးခ်င္း တစ္ေယာက္ခ်င္းစီတိုင္းအား ေက်းဇူး အထူးတင္ရွိပါသည္။စိတ္၏ခ်မ္းသာျခင္း ကိုယ္၏က်န္းမာျခင္းတို႔ျဖင့္ျပည့္စုံကာ ျမန္မာျပည္သူျပည္သားမ်ား လိုလားေတာင့္တေသာ ေန႔ရက္မ်ား အျမန္ေရာက္ရွိ ပိုင္ဆိုင္ႏိုင္ၾကပါေစ။ျမန္မာျပည္ႀကီးလည္း႐ႊင္လန္း ခ်မ္းေျမ့ပါေစဗ်။ျပည္သူမ်ားအားလုံးပဲ႐ႊင္လန္းခ်မ္းေျမ့ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္။

Leave a Comment