“ရထားပေါ်က (၅၀၀) တန် ထမင်းထုပ်လေးက ပေးတဲ့ သင်ခန်းစာ”

ရန်ကုန်မှ မန္တလေးသို့ သွားသော ရထားပေါ်တွင် ဖြစ်သည်။

ရထားပေါ်မှာပါလာတဲ့ ခရီးသည်တစ်ဦးရဲ့ လက်ထဲမှာဟောင်းနွမ်းနေတဲ့ ၅၀၀ တန်အစုတ် လေး တစ်ရွက်။

သူက လာသမျှ ဈေးသည်တွေကို အဲဒီပိုက်ဆံ လေးနဲ့ လိုက် ဝယ်နေတယ်။

ဒါပေမယ့်…ဈေးသည် တော်တော်များများက “ဒီပိုက်ဆံလေးပြန်လဲပေး ပါဦး” ဆိုပြီး လဲခိုင်း တယ်။

ဒီတော့ သူစဉ်းစားနေတယ်..

“အင်း” ဒီအတိုင်းဝယ်နေလို့ကတော့ အဆင်ပြေမှာမဟုတ် ဘူး။ ငါ နောက်ဘူတာကို ရောက်ရင် ရထားထွက်ခါနီးမှပဲ ဝယ်မယ်။ ဒီလိုဆိုရင်သူတို့ ပြန်လဲခိုင်းလို့ရမှာမဟုတ်တော့ ဘူး” သူ့အကြံနဲ့သူကတော့ ဟုတ်လို့ပေါ့။

နောက်လာမဲ့ဘူတာမှာလည်း ဈေးသည် တစ်ယောက်ရှိနေတယ် . .သူက..ရထား ထွက်ခါနီးမှ ထမင်းထုပ်တွေ အပြေးအလွှား လိုက်ရောင်းနေတာ။

ဘူတာကိုလဲရောက် ရထားပြန်ထွက်ခါနီး ဥသြလဲဆွဲရော – ရထားဘီးတွေကလဲ တစ်လိမ့်ချင်း လိမ့်စပြုလို့ ဒီတော့မှ

ဈေးသည်က …”ထမင်းတွေရမယ် ထမင်းတွေရမယ် ပူပူနွေးနွေးလေးနော် !တစ်ထုပ်မှ ၅၀၀ ပဲ၊ယူကြဦးမလား ? ”

ငါးရာတန်အစုတ် ကိုင်ထားတဲ့ ခရီးသည်ကလဲ ..

“လာဦးဗျို့ … တစ်ထုပ်လောက်ပေးပါ”

“ဟုတ်ကဲ့…ရော့ရော့… ပိုက်ဆံချပေးလိုက်လေ”

“အေး အေး”

ခရီးသည်ကလဲ ပိုက်ဆံအစုတ်လေး ထွက်သွားပြီး ထမင်း ထုပ်လေး ရလာတော့ သူ့ကိုယ်သူ ဟုတ်လှပြီပေါ့။

ဈေးသည်ကလဲ သူ့ထမင်း တစ်ထုပ်က ပိုက်ဆံ(၅)ရာ ရတယ်ဆိုတော့ ဝမ်းသာ လို့လေ…

ရထားပေါ်ကပစ်ချလိုက်လို့ လေထဲဝဲနေတဲ့ ပိုက်ဆံလေးကို အမိအရ ဖမ်းပြီးတော့မှ …

“ဟင်” !ပိုက်ဆံက အစုတ်ကြီးပါလား”

ခရီးသည်ကလဲ ဈေးသည်ကို လှမ်းကြည့်. . .သနားပါတယ် ဆိုတဲ့ သဘောပေါ့ !ပြီးတော့မှ ထမင်းစားမယ်ဆိုပြီး ထမင်းထုပ်ဖွင့် လိုက်တော့မှ…

“ဟာ” !! ထမင်းကအသိုးတွေပါလားဟ. .တောက်!”

မိတ်ဆွေတို့ရေ ..

ဒီ(ဟင် နဲ့ ဟာ)ကိုအနှစ်ချုပ်ရင်…

* အစုတ်ပေးရင်_အပုပ်ရတယ်။ *

* အပုပ်ပေးရင်_အစုတ်ရတယ် * ဆိုတဲ့သဘောပါ။

စိတ်ထားလေးတွေမကောင်းသရွေ့အကျိုးပေးလဲညံ့တတ်တယ်ဆိုတာ သတိရစေချင်လို့ပါ။

လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

Zawgyi

ရန္ကုန္မွ မႏၲေလးသို႔ သြားေသာ ရထားေပၚတြင္ ျဖစ္သည္။

ရထားေပၚမွာပါလာတဲ့ ခရီးသည္တစ္ဦးရဲ႕ လက္ထဲမွာေဟာင္းႏြမ္းေနတဲ့ ၅၀၀ တန္အစုတ္ ေလး တစ္႐ြက္။

သူက လာသမွ် ေဈးသည္ေတြကို အဲဒီပိုက္ဆံ ေလးနဲ႔ လိုက္ ဝယ္ေနတယ္။

ဒါေပမယ့္…ေဈးသည္ ေတာ္ေတာ္မ်ားမ်ားက “ဒီပိုက္ဆံေလးျပန္လဲေပး ပါဦး” ဆိုၿပီး လဲခိုင္း တယ္။

ဒီေတာ့ သူစဥ္းစားေနတယ္..

“အင္း” ဒီအတိုင္းဝယ္ေနလို႔ကေတာ့ အဆင္ေျပမွာမဟုတ္ ဘူး။ ငါ ေနာက္ဘူတာကို ေရာက္ရင္ ရထားထြက္ခါနီးမွပဲ ဝယ္မယ္။ ဒီလိုဆိုရင္သူတို႔ ျပန္လဲခိုင္းလို႔ရမွာမဟုတ္ေတာ့ ဘူး” သူ႔အႀကံနဲ႔သူကေတာ့ ဟုတ္လို႔ေပါ့။

ေနာက္လာမဲ့ဘူတာမွာလည္း ေဈးသည္ တစ္ေယာက္ရွိေနတယ္ . .သူက..ရထား ထြက္ခါနီးမွ ထမင္းထုပ္ေတြ အေျပးအလႊား လိုက္ေရာင္းေနတာ။

ဘူတာကိုလဲေရာက္ ရထားျပန္ထြက္ခါနီး ဥၾသလဲဆြဲေရာ – ရထားဘီးေတြကလဲ တစ္လိမ့္ခ်င္း လိမ့္စျပဳလို႔ ဒီေတာ့မွ

ေဈးသည္က …”ထမင္းေတြရမယ္ ထမင္းေတြရမယ္ ပူပူေႏြးေႏြးေလးေနာ္ !တစ္ထုပ္မွ ၅၀၀ ပဲ၊ယူၾကဦးမလား ? ”

ငါးရာတန္အစုတ္ ကိုင္ထားတဲ့ ခရီးသည္ကလဲ ..

“လာဦးဗ်ိဳ႕ … တစ္ထုပ္ေလာက္ေပးပါ”

“ဟုတ္ကဲ့…ေရာ့ေရာ့… ပိုက္ဆံခ်ေပးလိုက္ေလ”

“ေအး ေအး”

ခရီးသည္ကလဲ ပိုက္ဆံအစုတ္ေလး ထြက္သြားၿပီး ထမင္း ထုပ္ေလး ရလာေတာ့ သူ႔ကိုယ္သူ ဟုတ္လွၿပီေပါ့။

ေဈးသည္ကလဲ သူ႔ထမင္း တစ္ထုပ္က ပိုက္ဆံ(၅)ရာ ရတယ္ဆိုေတာ့ ဝမ္းသာ လို႔ေလ…

ရထားေပၚကပစ္ခ်လိုက္လို႔ ေလထဲဝဲေနတဲ့ ပိုက္ဆံေလးကို အမိအရ ဖမ္းၿပီးေတာ့မွ …

“ဟင္” !ပိုက္ဆံက အစုတ္ႀကီးပါလား”

ခရီးသည္ကလဲ ေဈးသည္ကို လွမ္းၾကည့္. . .သနားပါတယ္ ဆိုတဲ့ သေဘာေပါ့ !ၿပီးေတာ့မွ ထမင္းစားမယ္ဆိုၿပီး ထမင္းထုပ္ဖြင့္ လိုက္ေတာ့မွ…

“ဟာ” !! ထမင္းကအသိုးေတြပါလားဟ. .ေတာက္!”

မိတ္ေဆြတို႔ေရ ..

ဒီ(ဟင္ နဲ႔ ဟာ)ကိုအႏွစ္ခ်ဳပ္ရင္…

* အစုတ္ေပးရင္_အပုပ္ရတယ္။ *

* အပုပ္ေပးရင္_အစုတ္ရတယ္ * ဆိုတဲ့သေဘာပါ။

စိတ္ထားေလးေတြမေကာင္းသေ႐ြ႕အက်ိဳးေပးလဲညံ့တတ္တယ္ဆိုတာ သတိရေစခ်င္လို႔ပါ။

လူအခ်င္းခ်င္းလွည့္ပတ္ျခင္း ကင္းရွင္းၾကပါေစ။

Leave a Comment