ဆွမ်းခံမယ့် ဒါကာမကြီးရဲ့အိမ်ကချိတ်ထားတဲ့ ဆိုင်းဘုတ်ကိုတွေ့ပြီး အလူးအလဲပြေးကြရတဲ့ ကိုရင်လေးတို့ရဲ့အဖြစ်
“မင်းမြင်လို့တော်သေးတာပေါ့” 😔
ကိုရင်လေးနှစ်ပါး အိမ်ခြံပေါက်ကနေ အိမ်ထဲကိုအော်ခေါ်နေကြတာ…
“ဗျို့ ဒါကာမကြီး …ဒါကာမကြီး” ဆိုပြီး
အဲအချိန်မှာ တစ်ပါးက ဘာမပြော ညာမပြောနဲ့ အိမ်နဲ့ဝေးရာကိုပြေးပါလေရော…
ကျန်တစ်ပါးလည်း ဘုမသိဘမသိနဲ့ ရှေ့တစ်ပါးနောက်ကို လိုက်ပြေးရတာပေါ့။
ရှေ့ကကိုရင်ကိုမှီတော့ …
“မင်းက ဘာလို့ပြေးတာလဲ ?
“ငါသူတို့အိမ်မှာ ချိတ်ထားတဲ့ ဆိုင်းဘုတ်ကိုတွေ့လို့”
“ဘာရေးထားလို့လဲ?”
“ဗုဒ္ဓံ ဓမ္မံ သံဃံ အမှုန့်ကြိတ်သည်တဲ့”
“ဟုတ်လား?
မင်းမြင်လို့တော်သေးတာပေါ့”။ 😁😁🤣
.
တချို့ ကြော်ငြာဆိုင်းဘုတ်များသည် အဆီအငေါ်တည့်အောင် ကြော်ငြာသင့်ပါကြောင်း…
Zawgyi
ဆြမ္းခံမယ့္ ဒါကာမႀကီးရဲ႕အိမ္ကခ်ိတ္ထားတဲ့ ဆိုင္းဘုတ္ကိုေတြ႕ၿပီး အလူးအလဲေျပးၾကရတဲ့ ကိုရင္ေလးတို႔ရဲ႕အျဖစ္
“မင္းျမင္လို႔ေတာ္ေသးတာေပါ့” 😔
ကိုရင္ေလးႏွစ္ပါး အိမ္ၿခံေပါက္ကေန အိမ္ထဲကိုေအာ္ေခၚေနၾကတာ…
“ဗ်ိဳ႕ ဒါကာမႀကီး …ဒါကာမႀကီး” ဆိုၿပီး
အဲအခ်ိန္မွာ တစ္ပါးက ဘာမေျပာ ညာမေျပာနဲ႔ အိမ္နဲ႔ေဝးရာကိုေျပးပါေလေရာ…
က်န္တစ္ပါးလည္း ဘုမသိဘမသိနဲ႔ ေရွ႕တစ္ပါးေနာက္ကို လိုက္ေျပးရတာေပါ့။
ေရွ႕ကကိုရင္ကိုမွီေတာ့ …
“မင္းက ဘာလို႔ေျပးတာလဲ ?
“ငါသူတို႔အိမ္မွာ ခ်ိတ္ထားတဲ့ ဆိုင္းဘုတ္ကိုေတြ႕လို႔”
“ဘာေရးထားလို႔လဲ?”
“ဗုဒၶံ ဓမၼံ သံဃံ အမႈန္႔ႀကိတ္သည္တဲ့”
“ဟုတ္လား?
မင္းျမင္လို႔ေတာ္ေသးတာေပါ့”။ 😁😁🤣
.
တခ်ိဳ႕ ေၾကာ္ျငာဆိုင္းဘုတ္မ်ားသည္ အဆီအေငၚတည့္ေအာင္ ေၾကာ္ျငာသင့္ပါေၾကာင္း…