“တစ်ယောက်ထဲနေတဲ့ မျက်မမြင်အဖွားအိုအတွက် ဓာတ်တိုင်ပေါ်က စာလေး တစ်စောင်”

ကျွန်တော် အလုပ်ကပြန်လာတဲ့တစ်နေ့ လမ်းက ဓာတ်တိုင်မှာ စာရွက်အဟောင်းလေး တစ်ရွက်ကပ်ထားတာကိုတွေ့လို့ဖတ်မိလိုက်တယ်။

မသေမသပ် လက်ရေးလေးနဲ့ ခုလိုရေးထားတယ်။

“ကျွန်မ လမ်းသွားရင်း ငွေ ၅၀၀၀ ကျပျောက်သွားလို့ပါ။

တစ်ယောက်ယောက်များတွေ့ခဲ့ရင် ဒီလိပ်စာအတိုင်း ကျေးဇူးပြု၍လာပေးစေလိုပါတယ်။

ကျွန်မက မျက်စိလည်းကောင်းကောင်းမမြင်တဲ့အတွက် ပိုက်ဆံကိုပြန်ရှာဖို့လည်း အဆင်မပြေလို့ပါ။

ကျွန်မကို ကူညီပြီး ပြန်ရှာပေးပါနော်” ဆိုပြီး အောက်နားမှာတော့ လိပ်စာတစ်ခုရေးထားတယ်။

ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့ စာထဲကလိပ်စာအတိုင်း သွားကြည့်မိတယ်။

အဲဒီလိပ်စာမှာ အဖွားအိုတစ်ယောက်နေပါတယ်။အဖွားက မျက်စိမမြင်ရပါဘူး။အနားကိုကျွန်တော်ရောက်သွားမှ အဖွားက “ဘယ်သူလဲ” လို့ မေးတယ်။

“ကျွန်တော် အဖွားကျပျောက်သွားတဲ့ ငွေ ၅၀၀၀ ကောက်ရထားလို့ လာပြန်ပေးတာပါ” လို့ ပြောလိုက်တယ်။

ကျွန်တော့်စကားကိုကြားတာနဲ့ အဖွားက မျက်ရည်ကျပါတယ်။

“မင်းနဲ့ဆိုရင် အဖွားကို ငွေ ၅၀၀၀လာပေးတာ အယောက် ၄၀ကျော်သွားပြီ။ဓာတ်တိုင်မှာ စာကပ်ထားတာတွေ့လို့တဲ့..

အဖွားဘာစာမှ ရေးပြီးမကပ်ခဲ့ပါဘူးစာလည်း မရေးတတ်ပါဘူး။

အဲ့လိုရေးပေးမယ့် သားသမီးတွေလည်းအနားမှာ မရှိပါဘူးကွယ်” တဲ့..

အဖွားကို သနားမိတာနဲ့ အဖွားလက်ထဲကို ငွေ ၅၀၀၀ ထည့်ပေးလိုက်ပါတယ်။

အဖွားက ပါးစပ်က တတွတ်တွတ်နဲ့ဆုတွေအများကြီး ပေးတယ်။

ပြီးတော့ အဖွားက ကျွန်တော်မပြန်ခင် ခုလို မှာလိုက်ပါသေးတယ်။

“သားပြန်သွားရင် အဲဒီဓာတ်တိုင်ပေါ်ကစာရွက်ကို စုတ်ဖြဲလိုက်ပါသားရယ်။အဖွားမရေးတဲ့စာကြောင့် လူတွေကိုဒုက္ခမရောက်စေချင်ဘူး”

ကျွန်တော် အဖွားဆီက ပြန်လာတော့ တစ်လမ်းလုံး စဉ်းစားလာမိတယ်။

ဒီစာကို ဘယ်သူကရေးပြီး ကပ်ခဲ့တာလဲ..

အရင်လူတွေကိုလည်း အဖွား ဒီလိုပဲပြောခဲ့မှာ သေချာတယ်။

ဒါပေမယ့် ဘာလို့စာရွက်ကို မဖြဲခဲ့ကြတာလဲ။အဖွားကိုဒါနပြုဖို့ စဉ်းစားပြီးလုပ်သွားတဲ့သူရဲ့လုပ်ရပ်ကိုလည်း ကျေးဇူးတင်နေမိတယ်။

တဆက်တည်းမှာပဲ တခြားသူတွေကို ကူညီဖို့ဆိုတာ နည်းလမ်းတွေအများကြီးရှိပါလား ဆိုတာကိုလည်း အသိတစ်ခုရလိုက်တယ်.စဉ်းစားတတ်ဖို့ပဲ လိုတာပါ

ဒီလိုနဲ့ ကိုယ်အတွေးနဲ့ကိုယ် လမ်းလျှောက်နေလိုက်တာ လူတစ်ယောက်ရဲ့ခေါ်သံကြားမှ အတွေးစပြတ်သွားတယ်။

သူက ကျွန်တော့်ကို အခုလိုမေးတယ်။

“နောင်ကြီး ဒီလိပ်စာကိုသိလားဗျ။ ဒီလိပ်စာရှင်ရဲ့ငွေ ၅၀၀၀ ကိုကျွန်တော်ကောက်ရထားလို့သွားပြန်ပေးချင်လို့ပါ”

Zawgyi

ကြၽန္ေတာ္ အလုပ္ကျပန္လာတဲ့တစ္ေန႔ လမ္းက ဓာတ္တိုင္မွာ စာ႐ြက္အေဟာင္းေလး တစ္႐ြက္ကပ္ထားတာကိုေတြ႕လို႔ဖတ္မိလိုက္တယ္။

မေသမသပ္ လက္ေရးေလးနဲ႔ ခုလိုေရးထားတယ္။

“ကြၽန္မ လမ္းသြားရင္း ေငြ ၅၀၀၀ က်ေပ်ာက္သြားလို႔ပါ။

တစ္ေယာက္ေယာက္မ်ားေတြ႕ခဲ့ရင္ ဒီလိပ္စာအတိုင္း ေက်းဇူးျပဳ၍လာေပးေစလိုပါတယ္။

ကြၽန္မက မ်က္စိလည္းေကာင္းေကာင္းမျမင္တဲ့အတြက္ ပိုက္ဆံကိုျပန္ရွာဖို႔လည္း အဆင္မေျပလို႔ပါ။

ကြၽန္မကို ကူညီၿပီး ျပန္ရွာေပးပါေနာ္” ဆိုၿပီး ေအာက္နားမွာေတာ့ လိပ္စာတစ္ခုေရးထားတယ္။

ကြၽန္ေတာ္လည္း စိတ္ဝင္စားတာနဲ႔ စာထဲကလိပ္စာအတိုင္း သြားၾကည့္မိတယ္။

အဲဒီလိပ္စာမွာ အဖြားအိုတစ္ေယာက္ေနပါတယ္။အဖြားက မ်က္စိမျမင္ရပါဘူး။အနားကိုကြၽန္ေတာ္ေရာက္သြားမွ အဖြားက “ဘယ္သူလဲ” လို႔ ေမးတယ္။

“ကြၽန္ေတာ္ အဖြားက်ေပ်ာက္သြားတဲ့ ေငြ ၅၀၀၀ ေကာက္ရထားလို႔ လာျပန္ေပးတာပါ” လို႔ ေျပာလိုက္တယ္။

ကြၽန္ေတာ့္စကားကိုၾကားတာနဲ႔ အဖြားက မ်က္ရည္က်ပါတယ္။

“မင္းနဲ႔ဆိုရင္ အဖြားကို ေငြ ၅၀၀၀လာေပးတာ အေယာက္ ၄၀ေက်ာ္သြားၿပီ။ဓာတ္တိုင္မွာ စာကပ္ထားတာေတြ႕လို႔တဲ့..

အဖြားဘာစာမွ ေရးၿပီးမကပ္ခဲ့ပါဘူးစာလည္း မေရးတတ္ပါဘူး။

အဲ့လိုေရးေပးမယ့္ သားသမီးေတြလည္းအနားမွာ မရွိပါဘူးကြယ္” တဲ့..

အဖြားကို သနားမိတာနဲ႔ အဖြားလက္ထဲကို ေငြ ၅၀၀၀ ထည့္ေပးလိုက္ပါတယ္။

အဖြားက ပါးစပ္က တတြတ္တြတ္နဲ႔ဆုေတြအမ်ားႀကီး ေပးတယ္။

ၿပီးေတာ့ အဖြားက ကြၽန္ေတာ္မျပန္ခင္ ခုလို မွာလိုက္ပါေသးတယ္။

“သားျပန္သြားရင္ အဲဒီဓာတ္တိုင္ေပၚကစာ႐ြက္ကို စုတ္ၿဖဲလိုက္ပါသားရယ္။အဖြားမေရးတဲ့စာေၾကာင့္ လူေတြကိုဒုကၡမေရာက္ေစခ်င္ဘူး”

ကြၽန္ေတာ္ အဖြားဆီက ျပန္လာေတာ့ တစ္လမ္းလုံး စဥ္းစားလာမိတယ္။

ဒီစာကို ဘယ္သူကေရးၿပီး ကပ္ခဲ့တာလဲ..

အရင္လူေတြကိုလည္း အဖြား ဒီလိုပဲေျပာခဲ့မွာ ေသခ်ာတယ္။

ဒါေပမယ့္ ဘာလို႔စာ႐ြက္ကို မၿဖဲခဲ့ၾကတာလဲ။အဖြားကိုဒါနျပဳဖို႔ စဥ္းစားၿပီးလုပ္သြားတဲ့သူရဲ႕လုပ္ရပ္ကိုလည္း ေက်းဇူးတင္ေနမိတယ္။

တဆက္တည္းမွာပဲ တျခားသူေတြကို ကူညီဖို႔ဆိုတာ နည္းလမ္းေတြအမ်ားႀကီးရွိပါလား ဆိုတာကိုလည္း အသိတစ္ခုရလိုက္တယ္.စဥ္းစားတတ္ဖို႔ပဲ လိုတာပါ

ဒီလိုနဲ႔ ကိုယ္အေတြးနဲ႔ကိုယ္ လမ္းေလွ်ာက္ေနလိုက္တာ လူတစ္ေယာက္ရဲ႕ေခၚသံၾကားမွ အေတြးစျပတ္သြားတယ္။

သူက ကြၽန္ေတာ့္ကို အခုလိုေမးတယ္။

“ေနာင္ႀကီး ဒီလိပ္စာကိုသိလားဗ်။ ဒီလိပ္စာရွင္ရဲ႕ေငြ ၅၀၀၀ ကိုကြၽန္ေတာ္ေကာက္ရထားလို႔သြားျပန္ေပးခ်င္လို႔ပါ”

Leave a Comment