နေ့တိုင်းစံချိန်တင် တက်နေတဲ့ မြန်မာ့ရွှေဈေး ဘယ်လောက်ထိ တက်နိုင်မလဲဆိုတဲ့ အဖြေ

ရွှေဈေးအကြောင်း လာလာမေးကြလို့ ပါ့ပလစ်ပို့စ် နဲ့ပဲ ကျွန်တော် ဖြေပေးလိုက်ပါတယ်။ ကမ္ဘာ့ရွှေဈေးက နည်းပညာ သဘောတရား နှစ်ခုအရပြောမယ်ဆိုရင်

(၁) အကျပိုင်း ရောက်နေတဲ့ အနေအထား (Descending Channel) ကို ချိုးဖောက်နိုင် (Breakout) ထားပြီလို့ ယူဆနိုင်ပါတယ်။ အဲဒီအတွက် ကမ္ဘာ့ရွှေဈေးဟာ ဒေါ်လာ ၁၈၀၀ အထက်ကို ခိုင်ခိုင်မာမာ ရပ်တည်သွားရင် ကာလလတ်လောက်မှာ ဒေါ်လာ ၁၈၈၀ ကို ပြေးပါလိမ့်မယ်။ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနဲ့ ထိုင်ဝမ်အရေးတို့ကြောင့် ကမ္ဘာ့ရွှေဟာ အတက်ဘက် ပြန်ယိမ်းလာတာပါ။

(၂) နောက်နည်းပညာ သဘောတရားတစ်ခု ဖြစ်တဲ့ EMA သဘောတရား အရကြည့်ရင် ၂၀၂၂ ဧပြီလောက်မှာ စခဲ့တဲ့ ကမ္ဘာ့ရွှေအကျ ဟာ ၂၀၂၂ ခုနှစ် ဩဂုတ် လဆန်းမှာပဲ အတက်ပြမှု (Bullish Crossover) ဖြစ်ပြီး ပြီးဆုံးခဲ့တာ တွေ့ရပါတယ်။

အဲဒီအတွက် ခြုံငုံပြောရရင် ကမ္ဘာ့ရွှေဟာ အတက်ဘက်ကို အားယူနေတယ်လို့ ပြောရပါတော့မယ်။ ပုံမှန်ဆို ကမ္ဘာ့ရွှေတက်ရင် ဒေါ်လာကျပါတယ်။ ရွှေနဲ့ ဒေါ်လာဟာ ပြောင်းပြန်ပါ။ ဒါပေမယ့် ပြည်တွင်းဈေးကွက်မှာ ရွှေရော၊ ဒေါ်လာ နှစ်မျိုးလုံးက ဝယ်လိုအား အရမ်းများနေပါတယ်။

နောက်တစ်ခုက ဗဟိုဘဏ်နှုန်း ၁၈၅၀ ကနေ ၂၁၀၀ တင်လိုက်တဲ့ အတွက် ဒေါ်လာဈေး ပိုမာလာသလို ဆက်လည်း မာနေဖို့ပဲ ရှိပါတယ်။ ဒါက ပြည်တွင်းဈေးကွက် ကြောင့်ပါ။ ဒါကြောင့် ကမ္ဘာ့ရွှေဈေးသာ ဒေါ်လာ ၁၈၈၀ ရောက်ခဲ့ရင် အနာဂတ် ပြည်တွင်းရွှေ ဘယ်လောက်ဖြစ်လာနိုင်သလဲ ဆိုတာ ဆဝါးကြည့်ချင်သူတွေ အတွက် ကမ္ဘာ့ရွှေဈေး ကို ၁.၈၇၅ နဲ့စား ဒေါ်လာဈေးနဲ့မြှောက် ပြီးတွက်လို့ရပါတယ်။

ဥပမာ ~ 1,880/ 1.875 x 2,650 = 2,657,000 ဆိုရင် ၂၇ သိန်း လောက် ရောက်နိုင်တာတွေ့ရပါမယ်။ ဒေါ်လာဈေးကတော့ ဘိုင်းနန့်က ဈေးကို ပျမ်းမျှ ယူထားတာ ဖြစ်ပါတယ်။ ဒေါ်လာဈေး အတက်အကျက ရွှေဈေးပေါ် အများကြီးရိုက်ခတ်ပါလိမ့်မယ်။

အဲဒီတော့ ဒေါ်လာဈေးမာ၊ ရွှေဝယ်လိုအားလည်း များနေတဲ့ ပြည်တွင်းဈေးကွက် အတွက် ကမ္ဘာ့ရွှေ ဒေါ်လာ ၁၈၈၀ နားချဉ်းကပ်လာချိန်မှာကို ဝယ်လိုအား (Demand) နဲ့ ခိုင်မာတဲ့ ပိုင်ဆိုင်မှု ပစ္စည်း အိမ်ခြံမြေ (Safe Haven Asset) ကြောင့် ကာလလတ်မှာ (၂၇) သိန်း လောက် ရောက်သွားခဲ့ရင်လည်း အံ့သြစရာ မရှိဘူးလို့ပဲ ဖြေချင်ပါတယ်။ ဒါက ပျမ်းမျှ ကြိုတင်တွက်ချက်မှုပါ၊ နေ့စဉ် အချက်အလက် ပေါင်းများစွာက ဒီတွက်ချက်မှုပေါ် အကျိုးသက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။ မျိုးအိမ်ဇန်၊

Zawgyi

ေ႐ႊေဈးအေၾကာင္း လာလာေမးၾကလို႔ ပါ့ပလစ္ပို႔စ္ နဲ႔ပဲ ကြၽန္ေတာ္ ေျဖေပးလိုက္ပါတယ္။ ကမာၻ႔ေ႐ႊေဈးက နည္းပညာ သေဘာတရား ႏွစ္ခုအရေျပာမယ္ဆိုရင္

(၁) အက်ပိုင္း ေရာက္ေနတဲ့ အေနအထား (Descending Channel) ကို ခ်ိဳးေဖာက္ႏိုင္ (Breakout) ထားၿပီလို႔ ယူဆႏိုင္ပါတယ္။ အဲဒီအတြက္ ကမာၻ႔ေ႐ႊေဈးဟာ ေဒၚလာ ၁၈၀၀ အထက္ကို ခိုင္ခိုင္မာမာ ရပ္တည္သြားရင္ ကာလလတ္ေလာက္မွာ ေဒၚလာ ၁၈၈၀ ကို ေျပးပါလိမ့္မယ္။ ကမာၻ႔စီးပြားေရး က်ဆင္းမႈနဲ႔ ထိုင္ဝမ္အေရးတို႔ေၾကာင့္ ကမာၻ႔ေ႐ႊဟာ အတက္ဘက္ ျပန္ယိမ္းလာတာပါ။

(၂) ေနာက္နည္းပညာ သေဘာတရားတစ္ခု ျဖစ္တဲ့ EMA သေဘာတရား အရၾကည့္ရင္ ၂၀၂၂ ဧၿပီေလာက္မွာ စခဲ့တဲ့ ကမာၻ႔ေ႐ႊအက် ဟာ ၂၀၂၂ ခုႏွစ္ ဩဂုတ္ လဆန္းမွာပဲ အတက္ျပမႈ (Bullish Crossover) ျဖစ္ၿပီး ၿပီးဆုံးခဲ့တာ ေတြ႕ရပါတယ္။

အဲဒီအတြက္ ၿခဳံငုံေျပာရရင္ ကမာၻ႔ေ႐ႊဟာ အတက္ဘက္ကို အားယူေနတယ္လို႔ ေျပာရပါေတာ့မယ္။ ပုံမွန္ဆို ကမာၻ႔ေ႐ႊတက္ရင္ ေဒၚလာက်ပါတယ္။ ေ႐ႊနဲ႔ ေဒၚလာဟာ ေျပာင္းျပန္ပါ။ ဒါေပမယ့္ ျပည္တြင္းေဈးကြက္မွာ ေ႐ႊေရာ၊ ေဒၚလာ ႏွစ္မ်ိဳးလုံးက ဝယ္လိုအား အရမ္းမ်ားေနပါတယ္။

ေနာက္တစ္ခုက ဗဟိုဘဏ္ႏႈန္း ၁၈၅၀ ကေန ၂၁၀၀ တင္လိုက္တဲ့ အတြက္ ေဒၚလာေဈး ပိုမာလာသလို ဆက္လည္း မာေနဖို႔ပဲ ရွိပါတယ္။ ဒါက ျပည္တြင္းေဈးကြက္ ေၾကာင့္ပါ။ ဒါေၾကာင့္ ကမာၻ႔ေ႐ႊေဈးသာ ေဒၚလာ ၁၈၈၀ ေရာက္ခဲ့ရင္ အနာဂတ္ ျပည္တြင္းေ႐ႊ ဘယ္ေလာက္ျဖစ္လာႏိုင္သလဲ ဆိုတာ ဆဝါးၾကည့္ခ်င္သူေတြ အတြက္ ကမာၻ႔ေ႐ႊေဈး ကို ၁.၈၇၅ နဲ႔စား ေဒၚလာေဈးနဲ႔ေျမႇာက္ ၿပီးတြက္လို႔ရပါတယ္။

ဥပမာ ~ 1,880/ 1.875 x 2,650 = 2,657,000 ဆိုရင္ ၂၇ သိန္း ေလာက္ ေရာက္ႏိုင္တာေတြ႕ရပါမယ္။ ေဒၚလာေဈးကေတာ့ ဘိုင္းနန႔္က ေဈးကို ပ်မ္းမွ် ယူထားတာ ျဖစ္ပါတယ္။ ေဒၚလာေဈး အတက္အက်က ေ႐ႊေဈးေပၚ အမ်ားႀကီး႐ိုက္ခတ္ပါလိမ့္မယ္။

အဲဒီေတာ့ ေဒၚလာေဈးမာ၊ ​ေ႐ႊဝယ္လိုအားလည္း မ်ားေနတဲ့ ျပည္တြင္းေဈးကြက္ အတြက္ ကမာၻ႔ေ႐ႊ ေဒၚလာ ၁၈၈၀ နားခ်ဥ္းကပ္လာခ်ိန္မွာကို ဝယ္လိုအား (Demand) နဲ႔ ခိုင္မာတဲ့ ပိုင္ဆိုင္မႈ ပစၥည္း အိမ္ၿခံေျမ (Safe Haven Asset) ေၾကာင့္ ကာလလတ္မွာ (၂၇) သိန္း ေလာက္ ေရာက္သြားခဲ့ရင္လည္း အံ့ၾသစရာ မရွိဘူးလို႔ပဲ ေျဖခ်င္ပါတယ္။ ဒါက ပ်မ္းမွ် ႀကိဳတင္တြက္ခ်က္မႈပါ၊ ေန႔စဥ္ အခ်က္အလက္ ေပါင္းမ်ားစြာက ဒီတြက္ခ်က္မႈေပၚ အက်ိဳးသက္ေရာက္မႈ ရွိမွာ ျဖစ္ပါတယ္။ မ်ိဳးအိမ္ဇန္၊

Leave a Comment