ဇစ်မြစ်ကို လှန်ကြည့်သည် ကိုင်ကြည့်သည် လက်နဲ့နှိုက်ကြည့်သည်

အသက် ၆၀ ကျော်လောက်ရှိသည့် အဒေါ်ကြီးတစ်ယောက် ငြီးပြီး မီးယပ်အထူးကု (OG) ထံသို့ရောက်လာသည်။

“အမလေး ကျွတ်ကျွတ် နာလိုက်တာ သားလေးရယ် အမေကြီးကို ကြည့်ပေးပါအုံး..”

ဆရာ၀န်မှ လှန်ကြည့်သည်။ ဘာမှမဖြစ် အားလုံးကောင်းသည် ။

“အမေ ဘာမှမဖြစ်ဘူး..အားလုံး ကောင်းပါတယ်”

အဒေါ်ကြီး ထပ်ငြီးသည်။

“အား အမလေး သေတော့မှာပဲ ကိုက်လိုက်တာ..”

ဆရာ၀န်မှ ထပ်လှန်ကြည့်သည်။ ကိုင်ကြည့်သည်။ အားလုံးပုံမှန် ဘာမှမဖြစ်ကြောင်း ပြန်ပြောသည်ကိုပင် မရ … အော်ပဲ အော်နေသည်

“နာလိုက်တာ..ကယ်ပါ ဆရာရယ် ”

ထပ်လှန်ကြည့်သည် ကိုင်ကြည့်သည် လက်နဲ့ နှိုက်ကြည့်သည် ဘာမှမဖြစ် အားလုံးကောင်းသည်။

ဆရာဝန်က … “ကဲ အမေ ဘယ်နား နာနေတာလဲ ကျွန်တော်ကြည့်တာ အားလုံး ကောင်းပါတယ်..”

“နောက်ဆုံးက အံဆုံးသွား ကိုက်နေတာ … နာလဲနာတယ်”

ဆရာ၀န် ဒေါသထွက်သွားသည်။

“ဟာ အမေကလည်း ..အဲဒါ သွားဆရာ၀န် ဆီပြရမှာ စောစောက မပြောဘူးဗျာ..အလုပ်ရှုပ်ရတဲ့အထဲ..”

“ဟဲ့ မသိဘူးလေ နင်က ဟိုလှန်ဒီလှန် ဟိုနှိုက်ကြည့် ဒီနှိုက်ကြည့်လုပ်နေတော့ ငါက နင်… ငါကိုက်နေတဲ့သွားရဲ့ အမြစ်ကိုရှာနေတယ်မှတ်တာပေါ့တော့….

တကတည်းမှပဲတော် …

Crd- ကိုရွှေလူ

Zawgyi

အသက္ ၆၀ ေက်ာ္ေလာက္ရွိသည့္ အေဒၚႀကီးတစ္ေယာက္ ၿငီးၿပီး မီးယပ္အထူးကု (OG) ထံသို႔ေရာက္လာသည္။

“အမေလး ကြၽတ္ကြၽတ္ နာလိုက္တာ သားေလးရယ္ အေမႀကီးကို ၾကည့္ေပးပါအုံး..”

ဆရာ၀န္မွ လွန္ၾကည့္သည္။ ဘာမွမျဖစ္ အားလုံးေကာင္းသည္ ။

“အေမ ဘာမွမျဖစ္ဘူး..အားလုံး ေကာင္းပါတယ္”

အေဒၚႀကီး ထပ္ၿငီးသည္။

“အား အမေလး ေသေတာ့မွာပဲ ကိုက္လိုက္တာ..”

ဆရာ၀န္မွ ထပ္လွန္ၾကည့္သည္။ ကိုင္ၾကည့္သည္။ အားလုံးပုံမွန္ ဘာမွမျဖစ္ေၾကာင္း ျပန္ေျပာသည္ကိုပင္ မရ … ေအာ္ပဲ ေအာ္ေနသည္

“နာလိုက္တာ..ကယ္ပါ ဆရာရယ္ ”

ထပ္လွန္ၾကည့္သည္ ကိုင္ၾကည့္သည္ လက္နဲ႔ ႏႈိက္ၾကည့္သည္ ဘာမွမျဖစ္ အားလုံးေကာင္းသည္။

ဆရာဝန္က … “ကဲ အေမ ဘယ္နား နာေနတာလဲ ကြၽန္ေတာ္ၾကည့္တာ အားလုံး ေကာင္းပါတယ္..”

“ေနာက္ဆုံးက အံဆုံးသြား ကိုက္ေနတာ … နာလဲနာတယ္”

ဆရာ၀န္ ေဒါသထြက္သြားသည္။

“ဟာ အေမကလည္း ..အဲဒါ သြားဆရာ၀န္ ဆီျပရမွာ ေစာေစာက မေျပာဘူးဗ်ာ..အလုပ္ရႈပ္ရတဲ့အထဲ..”

“ဟဲ့ မသိဘူးေလ နင္က ဟိုလွန္ဒီလွန္ ဟိုႏႈိက္ၾကည့္ ဒီႏႈိက္ၾကည့္လုပ္ေနေတာ့ ငါက နင္… ငါကိုက္ေနတဲ့သြားရဲ႕ အျမစ္ကိုရွာေနတယ္မွတ္တာေပါ့ေတာ့….

တကတည္းမွပဲေတာ္ …

Crd- ကိုေ႐ႊလူ

Leave a Comment