တစ်ခါတုန်းက အပျိုကြီးတစ်ယောက်၊ ယောကျ်ားသိပ်လိုချင်လွန်းလို့ နာမည်ကြီး ဗေဒင်ဆရာကို အကူအညီ သွားတောင်းသတဲ့၊
ဗေဒင်ဆရာက
” ဒီည သန်းခေါင်ကျော်မှာ ရွာထဲဝင်ပြီး စနည်းနာကြည့်ပါ၊
တစ်ခါတုန်းက အပျိုကြီးတစ်ယောက်၊ ယောကျ်ားသိပ်လိုချင်လွန်းလို့ နာမည်ကြီး ဗေဒင်ဆရာကို အကူအညီ သွားတောင်းသတဲ့၊
ဗေဒင်ဆရာက
” ဒီည သန်းခေါင်ကျော်မှာ ရွာထဲဝင်ပြီး စနည်းနာကြည့်ပါ၊
တစ်ဂဏန်း အသံကြားရင် ၁- လအတွင်းရမယ်။
နှစ်ဂဏန်းအသံကြားရင် ၂ – လအတွင်း ရမယ် စသဖြင့် အတိတ်ကောက်ပေါ့လေ။
ဒါနဲ့ အပျိုကြီးလည်း စနည်းနာ ထွက်သပေါ့၊ ညသန်းခေါင် လူခြေတိတ်ချိန်ဆိုတော့ တစ်ရွာလုံး ဟောက်သံကလွဲလို့တိတ်ဆိတ်နေတယ်။
ရွာအစွန်နားရောက်တော့မှ အဖိုးအိုတစ်ဦး ဘုရားဝတ်တက်သံလို သဲ့သဲ့ကြားတော့ ခပ်သုတ်သုတ်ပြေးသွားပြီး နားထောင်တယ်။
စိတ်ထဲကတော့ အပါယ် ၄- ပါးတို့ ကပ် ၃ -ပါးတို့ဆိုတဲ့အသံ ကြားရရင်တော့ မဆိုးလှဘူး။ စောင့်ရ သုံး လေးလပေါ့ အတွေးလေးနဲ့။
အနားရောက်လို့ အသံကွဲကွဲပြားပြား ကြားလိုက်တာက
” အစိန္တေယျ အစိန္တေယျ အပ္ပမေယျ အပ္ပမေယျ…
လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း… ရှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း” !
ဆိုတဲ့အသံကြားလိုက်ရော အပျိုကြီး လက်နှစ်ဖက်နဲ့ နားကိုပိတ် ပြေးတော့တာတန်းနေတာပဲလေ…..
credit#
Zawgyi
တစ္ခါတုန္းက အပ်ိဳႀကီးတစ္ေယာက္၊ ေယာက်္ားသိပ္လိုခ်င္လြန္းလို႔ နာမည္ႀကီး ေဗဒင္ဆရာကို အကူအညီ သြားေတာင္းသတဲ့၊
ေဗဒင္ဆရာက
” ဒီည သန္းေခါင္ေက်ာ္မွာ ႐ြာထဲဝင္ၿပီး စနည္းနာၾကည့္ပါ၊
တစ္ခါတုန္းက အပ်ိဳႀကီးတစ္ေယာက္၊ ေယာက်္ားသိပ္လိုခ်င္လြန္းလို႔ နာမည္ႀကီး ေဗဒင္ဆရာကို အကူအညီ သြားေတာင္းသတဲ့၊
ေဗဒင္ဆရာက
” ဒီည သန္းေခါင္ေက်ာ္မွာ ႐ြာထဲဝင္ၿပီး စနည္းနာၾကည့္ပါ၊
တစ္ဂဏန္း အသံၾကားရင္ ၁- လအတြင္းရမယ္။
ႏွစ္ဂဏန္းအသံၾကားရင္ ၂ – လအတြင္း ရမယ္ စသျဖင့္ အတိတ္ေကာက္ေပါ့ေလ။
ဒါနဲ႔ အပ်ိဳႀကီးလည္း စနည္းနာ ထြက္သေပါ့၊ ညသန္းေခါင္ လူေျခတိတ္ခ်ိန္ဆိုေတာ့ တစ္႐ြာလုံး ေဟာက္သံကလြဲလို႔တိတ္ဆိတ္ေနတယ္။
႐ြာအစြန္နားေရာက္ေတာ့မွ အဖိုးအိုတစ္ဦး ဘုရားဝတ္တက္သံလို သဲ့သဲ့ၾကားေတာ့ ခပ္သုတ္သုတ္ေျပးသြားၿပီး နားေထာင္တယ္။
စိတ္ထဲကေတာ့ အပါယ္ ၄- ပါးတို႔ ကပ္ ၃ -ပါးတို႔ဆိုတဲ့အသံ ၾကားရရင္ေတာ့ မဆိုးလွဘူး။ ေစာင့္ရ သုံး ေလးလေပါ့ အေတြးေလးနဲ႔။
အနားေရာက္လို႔ အသံကြဲကြဲျပားျပား ၾကားလိုက္တာက
” အစိေႏၲယ် အစိေႏၲယ် အပၸေမယ် အပၸေမယ်…
ေလးသေခ်ၤနဲ႔ ကမာၻတစ္သိန္း… ရွစ္သေခ်ၤနဲ႔ ကမာၻတစ္သိန္း” !
ဆိုတဲ့အသံၾကားလိုက္ေရာ အပ်ိဳႀကီး လက္ႏွစ္ဖက္နဲ႔ နားကိုပိတ္ ေျပးေတာ့တာတန္းေနတာပဲေလ…..
credit#