ရန်ကုန်-ပြည်- မန္တလေး Express ကားပေါ်မှာဖြစ်သည် (ဖြစ်မှ ဖြစ်ရလေ အန်တီရယ်)
ကားပေါ်ရောက်ရင်အိပ်တတ်တာကြောင့်အသက် (၅၀) ဝင်းကျင်ခန့်အဒေါ်ကြီးတယောက်…
ရန်ကုန်-ပြည်- မန္တလေး Express ကားပေါ်တွင်ဖြစ်သည်…
ကားပေါ်ရောက်ရင်အိပ်တတ်တာကြောင့်အသက် (၅၀) ဝင်းကျင်ခန့်အဒေါ်ကြီးတယောက်မှ
ယဉ်မောင်းအားကားစတင်ထွက်ချိန်တွင် အော်ပြောလေသည်…
” ကားဆရာရေ အုတ်ဖိုတာဆုံရောက်ရင်အဒေါ့်ကိုပြောပါကွယ်”
” ဟုတ်ကဲ့ ဂျီးဒေါ်ရေ”
ထိုသို့ဖြင့် ကားစီးလာရင်း အဒေါ်ကြီးမှာအိပ်ငိုက်ပါလာတော့သည် နာရီအနဲငယ်အကြာတွင်တော့
အဒေါ်ကြီးအသံဟိန်းထွက်လာသည်…” ကားဆရာရေ အုတ်ဖိုတာဆုံရောက်ပြီလားကွဲ့”
ယဉ်မောင်းရော စပါယ်ယာပါအခက်တွေ့ကုန်ကြလေသည် …အုတ်ဖိုတာဆုံကိုအတော်လေးကျော်လွန်သွားတာကိုး …..
အခြားခရီးသယ်များကလည်းဒရိုင်ဘာကိုဝိုင်းဝန်းအပြစ်တင်ပြောဆိုနေကြတော့သည် ဒရိုင်ဘာလဲ မနေသာတော့ပဲ
” ကဲ ကဲကျနော့အပြစ်ပါဗျာ တောင်းပန်ပါတယ်နောက်ကိုပြန်မောင်းပေးပါ့မယ် ဂျီးဒေါ်ရေ”
ထို့နောက်ကားကို လေးဆယ့်ငါးမိနစ်ခန့်နောက်ကြောင်းပြန်လှည့်မောင်းခဲ့ရလေသည်…
” ကဲ ဂျီးဒေါ်ရေ အုတ်ဖိုတာဆုံရောက်ပါပြီဗျ ဆင်းလို့ရပါပြီ”
” အို ဆင်းမလို့မဟုတ်ပါဘူးငါ့တူရယ်ကားစထွက်တော့သမီးကမှာလိုက်လို့ပါ အုတ်ဖိုတာဆုံရောက်ရင်
နောက်ထပ်ဆေးတခွက်ထပ်သောက်ဖို့မမေ့နဲ့ဆိုလို့ပါကွယ်”
ရယ်မောခြင်းဖြင့် ဘဝအမောတွေပြေပါစေ…
Zawgyi
ရန္ကုန္-ျပည္- မႏၲေလး Express ကားေပၚမွာျဖစ္သည္ (ျဖစ္မွ ျဖစ္ရေလ အန္တီရယ္)
ကားေပၚေရာက္ရင္အိပ္တတ္တာေၾကာင့္အသက္ (၅၀) ဝင္းက်င္ခန႔္အေဒၚႀကီးတေယာက္…
ရန္ကုန္-ျပည္- မႏၲေလး Express ကားေပၚတြင္ျဖစ္သည္…
ကားေပၚေရာက္ရင္အိပ္တတ္တာေၾကာင့္အသက္ (၅၀) ဝင္းက်င္ခန႔္အေဒၚႀကီးတေယာက္မွ
ယဥ္ေမာင္းအားကားစတင္ထြက္ခ်ိန္တြင္ ေအာ္ေျပာေလသည္…
” ကားဆရာေရ အုတ္ဖိုတာဆုံေရာက္ရင္အေဒၚ့ကိုေျပာပါကြယ္”
” ဟုတ္ကဲ့ ဂ်ီးေဒၚေရ”
ထိုသို႔ျဖင့္ ကားစီးလာရင္း အေဒၚႀကီးမွာအိပ္ငိုက္ပါလာေတာ့သည္ နာရီအနဲငယ္အၾကာတြင္ေတာ့
အေဒၚႀကီးအသံဟိန္းထြက္လာသည္…” ကားဆရာေရ အုတ္ဖိုတာဆုံေရာက္ၿပီလားကြဲ႕”
ယဥ္ေမာင္းေရာ စပါယ္ယာပါအခက္ေတြ႕ကုန္ၾကေလသည္ …အုတ္ဖိုတာဆုံကိုအေတာ္ေလးေက်ာ္လြန္သြားတာကိုး …..
အျခားခရီးသယ္မ်ားကလည္းဒ႐ိုင္ဘာကိုဝိုင္းဝန္းအျပစ္တင္ေျပာဆိုေနၾကေတာ့သည္ ဒ႐ိုင္ဘာလဲ မေနသာေတာ့ပဲ
” ကဲ ကဲက်ေနာ့အျပစ္ပါဗ်ာ ေတာင္းပန္ပါတယ္ေနာက္ကိုျပန္ေမာင္းေပးပါ့မယ္ ဂ်ီးေဒၚေရ”
ထို႔ေနာက္ကားကို ေလးဆယ့္ငါးမိနစ္ခန႔္ေနာက္ေၾကာင္းျပန္လွည့္ေမာင္းခဲ့ရေလသည္…
” ကဲ ဂ်ီးေဒၚေရ အုတ္ဖိုတာဆုံေရာက္ပါၿပီဗ် ဆင္းလို႔ရပါၿပီ”
” အို ဆင္းမလို႔မဟုတ္ပါဘူးငါ့တူရယ္ကားစထြက္ေတာ့သမီးကမွာလိုက္လို႔ပါ အုတ္ဖိုတာဆုံေရာက္ရင္
ေနာက္ထပ္ေဆးတခြက္ထပ္ေသာက္ဖို႔မေမ့နဲ႔ဆိုလို႔ပါကြယ္”
ရယ္ေမာျခင္းျဖင့္ ဘဝအေမာေတြေျပပါေစ…