ကုမ္ပဏီနှစ်ပတ်လည်နေ့မှာ ဝန်ထမ်းတွေကို တန်ဖိုးကြီးလက်ဆောင်များအပြင် ကားဆိုင်ကယ်နှင့် တစ်နှစ်စာ လခတွေကို မုန့်ဖို့အနေဖြင့် မဲဖောက်ပေးသည့် ပိုင်ရှင်လင်မယား

ကုမ္ပဏီနှစ်ပတ်လည်နေ့မှာ ဝန်ထမ်းတွေကို တန်ဖိုးကြီးလက်ဆောင်များအပြင် ကားဆိုင်ကယ်နှင့် တစ်နှစ်စာ လခတွေကို မုန့်ဖို့အနေဖြင့် မဲဖောက်ပေးသည့် ပိုင်ရှင်လင်မယား

မည်သူမဆို အလုပ်တစ်ခုကို စေတနာကောင်းမွန်ပြီး နားလည်မှုအပြည့်ပေးနိုင်သော သူဋ္ဌေးအလုပ်ရှင်များထံတွင်သာ သွားရောက်လုပ်ကိုင်လိုကြပေသည်။

အလုပ်သမားများကို သူဋ္ဌေးတစ်ဦးကဲ့သို့ ပြောင်းလဲပေးနိုင်ခြင်းမရှိလျှင်တောင် နားလည်မှုအပြည့်ဖြင့် ပျော်ရွင်စေသော သူဋ္ဌေးများကို အလိုရှိကြသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ Doan Di Bangနှင့် Nguyen Quoc Vuဆိုသည့် ကုမ္ပဏီပိုင်ရှင် လင်မယားနှစ်ဦးဟာ အလုပ်သမားများကို နွေးထွေးစွာဆက်ဆံပြောဆိုတတ်သောကြောင့် နာမည်ကြီးသူတွေဖြစ်ပါတယ်။

ကုမ္ပဏီ၏နှစ်ပတ်လည်နေ့တွင်လည်း ဝန်ထမ်းတွေအကုန်လုံးကို တန်ဖိုးကြီးလက်ဆောင်များကို ပေးအပ်ခဲ့သည့်အပြင် ကားနှင့်ဆိုင်ကယ်ကိုပါ မဲဖောက်ပြီး လက်ဆောင်ပေးခဲ့သေးသည်။

ကြိုးစားထူးချွန်သည့်ဝန်ထမ်းများကိုလည်း တစ်နှစ်စာ လစာကို လက်ဆောင်အနေဖြင့် ပံ့ပိုးပေးခဲ့ပါသေးတယ်။

Zawgyi







Leave a Comment