အကြွေး… ယူပြီးရင် ပြန်ဆပ်ပါ” ငွေနဲ့ ပက်သက်ပြီး သစ္စာရှိကြပါ
ငွေနဲ့ ပက်သက်ပြီး သစ္စာရှိပါ… သူတစ်ပါးဆီက တစ်ကျပ် ယူထားရင် တစ်ကျပ် ပြန်ပေးပါ။ မရှိသေးဘူးဆိုရင် ရှိအောင်လုပ်ပါ…။ မပေးနိုင်သေးဘူးဆိုရင် ပေးနိုင်အောင် လုပ်ပါ။
အများကြီး ယူထားပြီး အားလုံးကို ပြန်မဆပ်နိုင်လျှင်တောင် နည်းနည်းချင်း ခွဲဆပ်ပါ။ ကိုယ်ယူထားတာ ပေးရမယ့် အချိန်ရောက်ရင်… တောင်းစရာ မလိုဘဲ ပေးပါ ။ အဆင်မပြေဘူးဆိုတဲ့ တစ်ခုထဲ အကြောင်းပြချက် ခဏ… ခဏ… မပြောမိစေနဲ့။
ဘာဖြစ်လို့ အခုလို ပြောနေရတာလဲ အကြောင်းရှိပါတယ်… အရမ်းလည်း အဓိပ္ပါယ် ရှိပါတယ်။ ကိုယ်ယူထားတဲ့ငွေဟာ သူတစ်ပါး အနေနဲ့ သူ့ရဲ့ ကြိုးစားမှုနဲ့ ရထားတာပါ ။
သူ့ရဲ့ ကိုယ်စွမ်း/ ဉာဏ်စွမ်းနဲ့ ခက်ခက်ခဲခဲ ရှာဖွေထားရတာပါ။ သင် သူတစ်ပါးဆီက ယူထားတဲ့ငွေဟာ ချွေးစက်တွေနဲ့ ရှာထားတာလည်း ဖြစ်နိုင်ပါတယ်။ မအိပ်မနေ ညနက်သန်းခေါင် အထိ ရှာဖွေထားတာလည်း ဖြစ်နိုင်တယ်။
သူ့ ကိုယ်ကျိုးအတွက် မသုံးစွဲရက်ဘဲ ယုံကြည်မှုနဲ့ ကိုယ့်ကို ပေးခဲ့ခြင်းဖြစ်တယ်။ အဲဒီ ယုံကြည်မှုကို ဘယ်တော့မှ လွယ်လွယ်လေး မချိုးဖျက်မိ ပါစေနဲ့။
ကိုယ် ပိုက်ဆံချေးထားတဲ့ သူက ချမ်းသာနေလို့… အဆင်ပြေနေလို့ ပြန်မပေးဘဲ နေလို့ မရပါဘူး ။ သူ ချမ်းသာတာက သူ့ကြိုးစားမှုနဲ့ သူ့ အပိုင်း… ကိုယ် ယူထားတာက ကိုယ့် အပိုင်းပါ။
ပိုင်းရှင် မတောင်းသေးလို့ မပေးသေးဘူး ဆိုပြီး မနေပါနဲ့… ကိုယ့်မှာ ရှိနေရင် ပြန်ပေးလိုက်ပါ။ ယခုဘဝအကြွေးက နောင်ဘဝ ဝဋ်ကြွေး ဆပ်ရမယ်… ငွေအပေါ် သစ္စာရှိဖို့ လိုပါတယ်…
ငွေအပေါ် သစ္စာရှိမှ… ငွေကလည်း ကိုယ့်အပေါ်သစ္စာ ရှိမှာပါ။ သူးများ ပိုက်ဆံကို ပြန်ပေးဖို့ ဆန္ဒမရှိတဲ့နေ့က စ၍ သင် ဘာလုပ်လုပ် အဆင်မပြေတော့ဘူးဆိုတာ သိထား လိုက်ပါ။
သူတစ်ပါးငွေကြေး၊ ပစ္စည်းဥစ္စာကို ချေးငှားပြီး ပြန်မဆပ်တဲ့သူဆိုတာ ယခုဘဝရော… လာမည့်ဘဝတွေ အထိပါ ပြောင်ပြောင်ရောင်ရောင် မရှိဘဲ ဆင်းရဲနေမှာပဲ……။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
Zawgyi
အေႂကြး… ယူၿပီးရင္ ျပန္ဆပ္ပါ” ေငြနဲ႔ ပက္သက္ၿပီး သစၥာရွိၾကပါ
ေငြနဲ႔ ပက္သက္ၿပီး သစၥာရွိပါ… သူတစ္ပါးဆီက တစ္က်ပ္ ယူထားရင္ တစ္က်ပ္ ျပန္ေပးပါ။ မရွိေသးဘူးဆိုရင္ ရွိေအာင္လုပ္ပါ…။ မေပးႏိုင္ေသးဘူးဆိုရင္ ေပးႏိုင္ေအာင္ လုပ္ပါ။
အမ်ားႀကီး ယူထားၿပီး အားလုံးကို ျပန္မဆပ္ႏိုင္လွ်င္ေတာင္ နည္းနည္းခ်င္း ခြဲဆပ္ပါ။ ကိုယ္ယူထားတာ ေပးရမယ့္ အခ်ိန္ေရာက္ရင္… ေတာင္းစရာ မလိုဘဲ ေပးပါ ။ အဆင္မေျပဘူးဆိုတဲ့ တစ္ခုထဲ အေၾကာင္းျပခ်က္ ခဏ… ခဏ… မေျပာမိေစနဲ႔။
ဘာျဖစ္လို႔ အခုလို ေျပာေနရတာလဲ အေၾကာင္းရွိပါတယ္… အရမ္းလည္း အဓိပၸါယ္ ရွိပါတယ္။ ကိုယ္ယူထားတဲ့ေငြဟာ သူတစ္ပါး အေနနဲ႔ သူ႔ရဲ႕ ႀကိဳးစားမႈနဲ႔ ရထားတာပါ ။
သူ႔ရဲ႕ ကိုယ္စြမ္း/ ဉာဏ္စြမ္းနဲ႔ ခက္ခက္ခဲခဲ ရွာေဖြထားရတာပါ။ သင္ သူတစ္ပါးဆီက ယူထားတဲ့ေငြဟာ ေခြၽးစက္ေတြနဲ႔ ရွာထားတာလည္း ျဖစ္ႏိုင္ပါတယ္။ မအိပ္မေန ညနက္သန္းေခါင္ အထိ ရွာေဖြထားတာလည္း ျဖစ္ႏိုင္တယ္။
သူ႔ ကိုယ္က်ိဳးအတြက္ မသုံးစြဲရက္ဘဲ ယုံၾကည္မႈနဲ႔ ကိုယ့္ကို ေပးခဲ့ျခင္းျဖစ္တယ္။ အဲဒီ ယုံၾကည္မႈကို ဘယ္ေတာ့မွ လြယ္လြယ္ေလး မခ်ိဳးဖ်က္မိ ပါေစနဲ႔။
ကိုယ္ ပိုက္ဆံေခ်းထားတဲ့ သူက ခ်မ္းသာေနလို႔… အဆင္ေျပေနလို႔ ျပန္မေပးဘဲ ေနလို႔ မရပါဘူး ။ သူ ခ်မ္းသာတာက သူ႔ႀကိဳးစားမႈနဲ႔ သူ႔ အပိုင္း… ကိုယ္ ယူထားတာက ကိုယ့္ အပိုင္းပါ။
ပိုင္းရွင္ မေတာင္းေသးလို႔ မေပးေသးဘူး ဆိုၿပီး မေနပါနဲ႔… ကိုယ့္မွာ ရွိေနရင္ ျပန္ေပးလိုက္ပါ။ ယခုဘဝအေႂကြးက ေနာင္ဘဝ ဝဋ္ေႂကြး ဆပ္ရမယ္… ေငြအေပၚ သစၥာရွိဖို႔ လိုပါတယ္…
ေငြအေပၚ သစၥာရွိမွ… ေငြကလည္း ကိုယ့္အေပၚသစၥာ ရွိမွာပါ။ သူးမ်ား ပိုက္ဆံကို ျပန္ေပးဖို႔ ဆႏၵမရွိတဲ့ေန႔က စ၍ သင္ ဘာလုပ္လုပ္ အဆင္မေျပေတာ့ဘူးဆိုတာ သိထား လိုက္ပါ။
သူတစ္ပါးေငြေၾကး၊ ပစၥည္းဥစၥာကို ေခ်းငွားၿပီး ျပန္မဆပ္တဲ့သူဆိုတာ ယခုဘဝေရာ… လာမည့္ဘဝေတြ အထိပါ ေျပာင္ေျပာင္ေရာင္ေရာင္ မရွိဘဲ ဆင္းရဲေနမွာပဲ……။
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ျပန္လည္ မွ်ေဝျခင္း ျဖစ္ပါသည္။