ဘုရားတည်ပြီး ဘုရားဒကာဘွဲ့ ခံချင်ကြသူများ နှင့် လှူရမယ့်နေရာတွေ ဒုနဲ့ဒေး တိုင်းပြည်

ဘုရားတည်ပြီး ဘုရားဒကာဘွဲ့ ခံချင်ကြသူများ နှင့် လှူရမယ့်နေရာတွေ ဒုနဲ့ဒေး တိုင်းပြည် ဗမာသူဌေးတွေ အသက်ကြီးလာချိန် ငွေလေးလဲ ကပ်ပြီဆိုတာနဲ့ ဘာအရူးထလဲဆိုရင် ဘုရားတည်ပြီး ဘုရားဒကာဘွဲ့ခံချင်တဲ့ ရောဂါက စလာတယ် စေတီ ဘုရားတဆူတည်ဖို့ဆိုတာ ကုန်ကျငွေဟာ မနည်းမနော ဒီလောက်ဖူးစရာ စေတီ ဘုရားတွေ များနေတာ ဘာလို့တည်ကျတာလဲ မေးရင် အထက်မှာ ပြောခဲ့သလိုပဲ အရူးထတာပေါ့ဗျာ တချို့က လုပ်သေးတာ သာသနာပြုတာတဲ့ အဲ့ဒီလူတွေကိုပဲ သာသနာ ဆိုတာ ဘာလဲလို့ မေးကြည့်တယ် ဂဃနဏ မဖြေနိုင်ဘူး

သာသနာ = အဆုံးအမ ပဋိယတ္တိ ပဋိပတ္တိ ပဋိဝေဒ တွေများ ဆက်မေးရင် ထရိုက်ခံရမှာ ကိုင်း ထားပါ လိုရင်းမရောက်ဖြစ်မယ် ဗမာပြည်အနှံ့မှာ တည်ထားတဲ့ စေတီဘုရား မနည်းပါဘူး ပြိုကျ ပျက်စီးနေတဲ့ စေတီ ဘုရားတွေလဲ အများကြီး.. မပြို မပျက်သေးပေမယ့် စောင့်ရှောက်ထိမ်းသိမ်းသူ မရှိလို့ ပျက်စီးတော့မယ့် စေတီ ဘုရားတွေလဲ အများကြီး အဲ့ဒါပဲဗျ ဗမာတွေ အကျင့်က လုပ်ဖို့ပဲ တွေးတယ် ရေရှည်တည်တန့်အောင် ဆက်လက်ထိမ်းသိမ်းဖို့ စတဲ့ plan တွေဘာမှ မရှိဘူး အဲ့တော့ ဘာဖြစ်တုန်းဆိုရင် အဟောသိကံ ဖြစ်ကုန်တာပေါ့ဗျာ

တည်တဲ့ ဘုရားဒကာက တယောက် လာပြင်တဲ့ ကုသိုလ်ရှင်က တယောက် ဘုရားခမျာ ဘယ်သူ့ကို ကျေးဇူးတင် ရမယ်ဆိုတာမသိရှာဘူး လာပြင်တဲ့ လူကိုလဲမေးအုံး စေတနာရှိလို့လားလို့.. NO အိပ်မက်အရ.. အဓိဌာန်အရ.. ရာထူးမြဲ အာဏာတည် စတဲ့ လိုဘတွေနဲ့ ရောက်လာကျတာ မသာပေါ်တဲ့အခါ အုတ်ဂူမှာ ဘုရားဒကာကြီး ဘယ်သူပါလို့ ကမ္ဗည်းတင်ဖို့အရေး ရူးကျတာ အဲ့ဒီငွေတွေကိုသာ တကယ်လိုအပ်တဲ့ လမ်း တံတား လျှပ်စစ်မီး ဆေးရုံ စာသင်တိုက်တွေအတွက် အသုံးချရင် ဘယ်လောက်ကောင်းမလဲ.. စာသင်သား သံဃာတော်တွေ ကိုရင်လေးတွေ စိတ်အေးချမ်းစွာ လိုအပ်မှူမရှိ ပညာသင်ကြားနိုင်မှ ဒီ သာသနာကြီးဟာ တည်တန့်နေမှာပါ..

အခုတော့ ခေါင်းရိတ်ဓား မရှိတဲ့ စာအုပ်မဝယ်နိုင်သေးတဲ့ စာဖြေသွားဖို့ လမ်းစားရိတ် မရှိတဲ့ ကိုရင် သံဃာတွေ ဒုနဲ့ဒေး.. လမ်းမကောင်း မီးမလင်း ဆေးရုံမရှိတဲ့ ရွာတွေ ဒုနဲ့ဒေး.. တခုခု လှူမယ်ဆိုတိုင်းမှာ ငါလှူမယ့် အလှူဟာ တကယ်လိုအပ်တဲ့ အလှူလား ဆိုတာကို သေချာတွေးပါ.. လိုအပ်တဲ့နေရာတွေမှာ လှူကြပါ ကမ္ဘာကျော် ဘီလျံနာ ဘီလ်ဂိတ် ချာ့ခ်ျ‌ကျောင်း လှူတယ်လို့များ ကြားဖူးလား.. ကင်ဆာရောဂါသည်တွေအတွက် ရေလိုအပ်နေသူတွေအတွက် သဘာဝဘေးသင့်သူတွေအတွက် စသည်ဖြင့် လိုအပ်တဲ့ နေရာမှာသာ လှူတယ်.. အပိုမလုပ်ဘူး.. ဒီကလူတွေကတော့ဖြင့် ပါမစ်ရဖို့ လုပ်ပိုင်ခွင့်ရဖို့ သီရိသုဓမ္မ မဏိဇောတ ရဖို့ ဘယ်ပွဲမှာ ဘယ်လောက်ဆိုပြီး လှူလိုက်တာပဲ.. သူ့အရပ်နဲ့ သူဇာတ်နဲ့တော့ အဟုတ်.. မဟုတ်တာက ကျုပ်တို့ဘဝတွေ ဝေလေလေတွေကြားမှာ လုံးပါးပါးလိုက်လာတယ်.. ကံပေါ့လေ လေးစားစွာဖြင့်.. မူရင်းရေးသားသူ ဘုန်းဘုန်း

Zawgyi

ဘုရားတည္ၿပီး ဘုရားဒကာဘြဲ႕ ခံခ်င္ၾကသူမ်ား ႏွင့္ လႉရမယ့္ေနရာေတြ ဒုနဲ႔ေဒး တိုင္းျပည္ ဗမာသူေဌးေတြ အသက္ႀကီးလာခ်ိန္ ေငြေလးလဲ ကပ္ၿပီဆိုတာနဲ႔ ဘာအ႐ူးထလဲဆိုရင္ ဘုရားတည္ၿပီး ဘုရားဒကာဘြဲ႕ခံခ်င္တဲ့ ေရာဂါက စလာတယ္ ေစတီ ဘုရားတဆူတည္ဖို႔ဆိုတာ ကုန္က်ေငြဟာ မနည္းမေနာ ဒီေလာက္ဖူးစရာ ေစတီ ဘုရားေတြ မ်ားေနတာ ဘာလို႔တည္က်တာလဲ ေမးရင္ အထက္မွာ ေျပာခဲ့သလိုပဲ အ႐ူးထတာေပါ့ဗ်ာ တခ်ိဳ႕က လုပ္ေသးတာ သာသနာျပဳတာတဲ့ အဲ့ဒီလူေတြကိုပဲ သာသနာ ဆိုတာ ဘာလဲလို႔ ေမးၾကည့္တယ္ ဂဃနဏ မေျဖႏိုင္ဘူး

သာသနာ = အဆုံးအမ ပဋိယတၱိ ပဋိပတၱိ ပဋိေဝဒ ေတြမ်ား ဆက္ေမးရင္ ထ႐ိုက္ခံရမွာ ကိုင္း ထားပါ လိုရင္းမေရာက္ျဖစ္မယ္ ဗမာျပည္အႏွံ႔မွာ တည္ထားတဲ့ ေစတီဘုရား မနည္းပါဘူး ၿပိဳက် ပ်က္စီးေနတဲ့ ေစတီ ဘုရားေတြလဲ အမ်ားႀကီး.. မၿပိဳ မပ်က္ေသးေပမယ့္ ေစာင့္ေရွာက္ထိမ္းသိမ္းသူ မရွိလို႔ ပ်က္စီးေတာ့မယ့္ ေစတီ ဘုရားေတြလဲ အမ်ားႀကီး အဲ့ဒါပဲဗ် ဗမာေတြ အက်င့္က လုပ္ဖို႔ပဲ ေတြးတယ္ ေရရွည္တည္တန႔္ေအာင္ ဆက္လက္ထိမ္းသိမ္းဖို႔ စတဲ့ plan ေတြဘာမွ မရွိဘူး အဲ့ေတာ့ ဘာျဖစ္တုန္းဆိုရင္ အေဟာသိကံ ျဖစ္ကုန္တာေပါ့ဗ်ာ

တည္တဲ့ ဘုရားဒကာက တေယာက္ လာျပင္တဲ့ ကုသိုလ္ရွင္က တေယာက္ ဘုရားခမ်ာ ဘယ္သူ႔ကို ေက်းဇူးတင္ ရမယ္ဆိုတာမသိရွာဘူး လာျပင္တဲ့ လူကိုလဲေမးအုံး ေစတနာရွိလို႔လားလို႔.. NO အိပ္မက္အရ.. အဓိဌာန္အရ.. ရာထူးၿမဲ အာဏာတည္ စတဲ့ လိုဘေတြနဲ႔ ေရာက္လာက်တာ မသာေပၚတဲ့အခါ အုတ္ဂူမွာ ဘုရားဒကာႀကီး ဘယ္သူပါလို႔ ကမၺည္းတင္ဖို႔အေရး ႐ူးက်တာ အဲ့ဒီေငြေတြကိုသာ တကယ္လိုအပ္တဲ့ လမ္း တံတား လွ်ပ္စစ္မီး ေဆး႐ုံ စာသင္တိုက္ေတြအတြက္ အသုံးခ်ရင္ ဘယ္ေလာက္ေကာင္းမလဲ.. စာသင္သား သံဃာေတာ္ေတြ ကိုရင္ေလးေတြ စိတ္ေအးခ်မ္းစြာ လိုအပ္မႉမရွိ ပညာသင္ၾကားႏိုင္မွ ဒီ သာသနာႀကီးဟာ တည္တန႔္ေနမွာပါ..

အခုေတာ့ ေခါင္းရိတ္ဓား မရွိတဲ့ စာအုပ္မဝယ္ႏိုင္ေသးတဲ့ စာေျဖသြားဖို႔ လမ္းစားရိတ္ မရွိတဲ့ ကိုရင္ သံဃာေတြ ဒုနဲ႔ေဒး.. လမ္းမေကာင္း မီးမလင္း ေဆး႐ုံမရွိတဲ့ ႐ြာေတြ ဒုနဲ႔ေဒး.. တခုခု လႉမယ္ဆိုတိုင္းမွာ ငါလႉမယ့္ အလႉဟာ တကယ္လိုအပ္တဲ့ အလႉလား ဆိုတာကို ေသခ်ာေတြးပါ.. လိုအပ္တဲ့ေနရာေတြမွာ လႉၾကပါ ကမာၻေက်ာ္ ဘီလ်ံနာ ဘီလ္ဂိတ္ ခ်ာ့ခ္်‌ေက်ာင္း လႉတယ္လို႔မ်ား ၾကားဖူးလား.. ကင္ဆာေရာဂါသည္ေတြအတြက္ ေရလိုအပ္ေနသူေတြအတြက္ သဘာဝေဘးသင့္သူေတြအတြက္ စသည္ျဖင့္ လိုအပ္တဲ့ ေနရာမွာသာ လႉတယ္.. အပိုမလုပ္ဘူး.. ဒီကလူေတြကေတာ့ျဖင့္ ပါမစ္ရဖို႔ လုပ္ပိုင္ခြင့္ရဖို႔ သီရိသုဓမၼ မဏိေဇာတ ရဖို႔ ဘယ္ပြဲမွာ ဘယ္ေလာက္ဆိုၿပီး လႉလိုက္တာပဲ.. သူ႔အရပ္နဲ႔ သူဇာတ္နဲ႔ေတာ့ အဟုတ္.. မဟုတ္တာက က်ဳပ္တို႔ဘဝေတြ ေဝေလေလေတြၾကားမွာ လုံးပါးပါးလိုက္လာတယ္.. ကံေပါ့ေလ ေလးစားစြာျဖင့္.. မူရင္းေရးသားသူ ဘုန္းဘုန္း

Leave a Comment