ရတနာ (၃) ပါးမှာ ဘုရားနဲ့ ဘုန်းကြီးပဲ ကိုးကွယ်ဆည်းကပ်ပြီး တရားမပါ ဖြစ်နေကြရင်

ရတနာ (၃) ပါးမှာ ဘုရားနဲ့ ဘုန်းကြီးပဲ ကိုးကွယ်ဆည်းကပ်ပြီး တရားမပါ ဖြစ်နေကြရင် ဘုရားနဲ့ ဘုန်းကြီးပဲ ကိုးကွယ်ဆည်းကပ်ပြီး တရားမပါဖြစ်နေကြရင် (သို့) တရားမဲ့နေကြရင် ရတနာသုံးပါးဖြစ်တဲ့ တေဝါစိက သရဏဂုံတည်ဖို့ မဖြစ်နိုင်ပါဘူး။ဒွေဝါစိက သရဏဂုံ၊ တေဝါစိက သရဏဂုံဆိုပြီး နှစ်မျိုးရှိတယ်။ဘုရားပွင့်ပြီးစအခါ ဘုရားနဲ့တရားတော်ဖြစ်ပေါ်လာပြီး တပည့်သားသံဃာတော်များ မဖြစ်ပေါ်သေးမီ

အခိုက်အတန့်ကာလက ဘုရားကို ကိုးကွယ်ရာလို့ ဆည်းကပ်ပါတယ်ဆိုပြီး တစ်ကြိမ်၊ တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါတယ်ဆိုပြီး တစ်ကြိမ်၊ အဲဒီလိုကိုးကွယ်ရာ နှစ်အဖြစ် နှစ်ကြိမ်ရွတ်ဆိုရတဲ့ သရဏဂုံကို ဒွေဝါစိက သရဏဂုံလို့ခေါ်ပါတယ်။ဘုရားရဲ့ တရားတော်ကို လိုက်နာကျင့်ကြံကြတဲ့ တပည့်သားသံဃာတော်များ ပေါ်လာတဲ့အခါ မှာတော့ သံဃာတော်ကို ကိုးကွယ်ရာ ဆည်းကပ်ပါတယ်လို့ အရင်နှစ်ကြိမ်မှာ ကိုးကွယ်ရာတစ်ကြိမ်တိုးပြီး

သုံးကြိမ်ရွတ်ဆိုရတဲ့ သရဏဂုံ ဖြစ်လာခဲ့ပါတယ်။ တေဝါစိကသရဏဂုံခေါ်တဲ့ အခုခေတ် ဗုဒ္ဓဘာသာဝင်တိုင်း ဆောက်တည်နေကြတဲ့ သရဏဂုံမျိုးဖြစ်ပါတယ်။လက်ရှိမြန်မာပြည်မှာ တစ်ချို့ဗုဒ္ဓဘာသာတွေက ဘုရားနဲ့ သံဃာကိုတော့ ကိုးကွယ်ဆည်းကပ်နေကြပေမဲ့ ဗုဒ္ဓတရားကို မလိုက်နာ မကျင့်သုံးပဲနေကြတယ်။တစ်ချို့သော ဗုဒ္ဓဘာသာဘုန်းကြီးများဟာလဲ တရားဓမ္မကို မဟောကြားမသင်ပြတော့ပဲ လာဘ်လာဘနဲ့ ဂုဏ်သတင်းကျော်ဇောမှုအတွက် ကြွယ်ဝချမ်းသာသူ

တန်ခိုးအာဏာရှိသူတွေအကြိုက် ဟောပြောကြပြီး ယတြာပေး အခါပေးတွေဖြစ်ကုန်ကြပါတယ်။ ဘုန်ကြီးတစ်ချို့ဟာ အမှားအမှန်ဝေဖန်ပိုင်းခြား ထောက်ပြပြီး အသိတရားတွေ မပေးကြတော့ပါဘူး။ သူတိုကတော့ အလိ(ထ်) ဘုန်းကြီးတွေဖြစ်ကြပါတယ်။ EBM (Elite Burmese Monks)တေဝါစိကသရဏဂုံခေါ်တဲ့ ရတနာသုံးပါးဖြစ်တဲ့ သရဏဂုံသုံးပါးကို

ဗုဒ္ဓဘာသာအများစုကြီးက ဘယ်လိုကိုးကွယ်၊ ဘယ်လိုကျင့်သုံး၊ ဘယ်လိုတည်ဆောက်နေကြပါသလဲဆိုတာကို ပြန်ဆန်းစစ်ကြည့်ရင် ဘုရားနဲ့ ဘုန်းကြီးပဲ ကိုးကွယ်ဆည်းကပ်ပြီး တရားမပါကြပဲ ဖြစ်နေကြတယ်။ တေဝါစိကသရဏဂုံခေါ်တဲ့ သရဏဂုံမျိုး မဖြစ်နိုင်တော့ပါဘူး။ဒါကြောင့် ဗုဒ္ဓဘာသာဝင်စစ်စစ်တွေဆိုရင် ဘုရားနဲ့ ဘုန်းကြီးဆည်းကပ်ရုံသာမက တရား မမဲ့ဖို့လည်း လိုနေကြပါတယ်။တင်မောင်အုန်း (L.L.B), ၂၀၂၂ ခုဇန်နဝါရီလ (၂၈) ရက်

Zawgyi

ရတနာ (၃) ပါးမွာ ဘုရားနဲ႔ ဘုန္းႀကီးပဲ ကိုးကြယ္ဆည္းကပ္ၿပီး တရားမပါ ျဖစ္ေနၾကရင္ ဘုရားနဲ႔ ဘုန္းႀကီးပဲ ကိုးကြယ္ဆည္းကပ္ၿပီး တရားမပါျဖစ္ေနၾကရင္ (သို႔) တရားမဲ့ေနၾကရင္ ရတနာသုံးပါးျဖစ္တဲ့ ေတဝါစိက သရဏဂုံတည္ဖို႔ မျဖစ္ႏိုင္ပါဘူး။ေဒြဝါစိက သရဏဂုံ၊ ေတဝါစိက သရဏဂုံဆိုၿပီး ႏွစ္မ်ိဳးရွိတယ္။ဘုရားပြင့္ၿပီးစအခါ ဘုရားနဲ႔တရားေတာ္ျဖစ္ေပၚလာၿပီး တပည့္သားသံဃာေတာ္မ်ား မျဖစ္ေပၚေသးမီ

အခိုက္အတန႔္ကာလက ဘုရားကို ကိုးကြယ္ရာလို႔ ဆည္းကပ္ပါတယ္ဆိုၿပီး တစ္ႀကိမ္၊ တရားေတာ္ကို ကိုးကြယ္ဆည္းကပ္ပါတယ္ဆိုၿပီး တစ္ႀကိမ္၊ အဲဒီလိုကိုးကြယ္ရာ ႏွစ္အျဖစ္ ႏွစ္ႀကိမ္႐ြတ္ဆိုရတဲ့ သရဏဂုံကို ေဒြဝါစိက သရဏဂုံလို႔ေခၚပါတယ္။ဘုရားရဲ႕ တရားေတာ္ကို လိုက္နာက်င့္ႀကံၾကတဲ့ တပည့္သားသံဃာေတာ္မ်ား ေပၚလာတဲ့အခါ မွာေတာ့ သံဃာေတာ္ကို ကိုးကြယ္ရာ ဆည္းကပ္ပါတယ္လို႔ အရင္ႏွစ္ႀကိမ္မွာ ကိုးကြယ္ရာတစ္ႀကိမ္တိုးၿပီး

သုံးႀကိမ္႐ြတ္ဆိုရတဲ့ သရဏဂုံ ျဖစ္လာခဲ့ပါတယ္။ ေတဝါစိကသရဏဂုံေခၚတဲ့ အခုေခတ္ ဗုဒၶဘာသာဝင္တိုင္း ေဆာက္တည္ေနၾကတဲ့ သရဏဂုံမ်ိဳးျဖစ္ပါတယ္။လက္ရွိျမန္မာျပည္မွာ တစ္ခ်ိဳ႕ဗုဒၶဘာသာေတြက ဘုရားနဲ႔ သံဃာကိုေတာ့ ကိုးကြယ္ဆည္းကပ္ေနၾကေပမဲ့ ဗုဒၶတရားကို မလိုက္နာ မက်င့္သုံးပဲေနၾကတယ္။တစ္ခ်ိဳ႕ေသာ ဗုဒၶဘာသာဘုန္းႀကီးမ်ားဟာလဲ တရားဓမၼကို မေဟာၾကားမသင္ျပေတာ့ပဲ လာဘ္လာဘနဲ႔ ဂုဏ္သတင္းေက်ာ္ေဇာမႈအတြက္ ႂကြယ္ဝခ်မ္းသာသူ

တန္ခိုးအာဏာရွိသူေတြအႀကိဳက္ ေဟာေျပာၾကၿပီး ယၾတာေပး အခါေပးေတြျဖစ္ကုန္ၾကပါတယ္။ ဘုန္ႀကီးတစ္ခ်ိဳ႕ဟာ အမွားအမွန္ေဝဖန္ပိုင္းျခား ေထာက္ျပၿပီး အသိတရားေတြ မေပးၾကေတာ့ပါဘူး။ သူတိုကေတာ့ အလိ(ထ္) ဘုန္းႀကီးေတြျဖစ္ၾကပါတယ္။ EBM (Elite Burmese Monks)ေတဝါစိကသရဏဂုံေခၚတဲ့ ရတနာသုံးပါးျဖစ္တဲ့ သရဏဂုံသုံးပါးကို

ဗုဒၶဘာသာအမ်ားစုႀကီးက ဘယ္လိုကိုးကြယ္၊ ဘယ္လိုက်င့္သုံး၊ ဘယ္လိုတည္ေဆာက္ေနၾကပါသလဲဆိုတာကို ျပန္ဆန္းစစ္ၾကည့္ရင္ ဘုရားနဲ႔ ဘုန္းႀကီးပဲ ကိုးကြယ္ဆည္းကပ္ၿပီး တရားမပါၾကပဲ ျဖစ္ေနၾကတယ္။ ေတဝါစိကသရဏဂုံေခၚတဲ့ သရဏဂုံမ်ိဳး မျဖစ္ႏိုင္ေတာ့ပါဘူး။ဒါေၾကာင့္ ဗုဒၶဘာသာဝင္စစ္စစ္ေတြဆိုရင္ ဘုရားနဲ႔ ဘုန္းႀကီးဆည္းကပ္႐ုံသာမက တရား မမဲ့ဖို႔လည္း လိုေနၾကပါတယ္။တင္ေမာင္အုန္း (L.L.B), ၂၀၂၂ ခုဇန္နဝါရီလ (၂၈) ရက္

Leave a Comment