ကံဇာတာမြင့်စေသော အလှူခုနှစ်မျိုး

ကံဇာတာမြင့်စေသော အလှူခုနှစ်မျိုး

အခါတစ်ပါး၌ သူဆင်းရဲတစ်ယောက်သည် ဘုရားရှင်အား “ဘုန်းတော်ကြီးသောမြတ်စွာဘုရား၊ တပည့်တော်သည် လူမှုရေး၌လည်းကောင်၊ စီးပွားရေး၌လည်းကောင်း၊ မိသားစုအရေး၌လည်းကောင်း ဘာလုပ်လုပ်အဆင်မပြေဖြစ်ကာ ကံနိမ့်နေပါတယ်ဘုရား။ အဘယ်အကြောင်းကြောင့် ဤသိုကံနိမ့်နေရပါသလဲဘုရား” ဟုမေးလျှောက်လေ၏။

“ချစ်သားသည်၊ မပေးမလှူလို့ အခုလိုဘာလုပ်လုပ်အဆင်မပြေ ဖြစ်နေရခြင်းဖြစ်ပေတယ်” တပည့်တော်က ဆင်းရဲနွမ်းပါးသူတစ်ယောက်ပါဘုရား။ “သူဆင်းရဲတွေလည်းလှူနိုင်တဲ့ အလှူရှိပါတယ်ချစ်သား” ဟောကြားပေးတော်မူပါဘုရား။

“နားထောင်လော့ချစ်သား၊ ချမ်းသာသူသာမက သူဆင်းရဲများပါလှူနိုင်တဲ့ အလှူခုနစ်မျိုးရှိပေသည်”

(၁)မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း၊ အပြုံးဖြင့်ဖော်ရွေစွာဆက်ဆံပါ။ (၂)နှုတ်ဖြင့်အလှူ ဒါနပြုခြင်း၊ အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသောစကားများပြောဆိုပါ။

(၃)စိတ်ဖြင့်အလှူဒါနပြုခြင်း၊ စိတ်တံခါးကိုဖွင့်၍ ဖြူစင်သောစိတ်ထားဖြင့် သူတစ်ပါးကိုပွင့်လင်း ရိုးသားစွာဆက်ဆံပါ။ (၄)အမြင်ဖြင့် အလှူဒါနပြုခြင်း၊ ကောင်းသောစေတနာ ကောင်းသောအမြင်ဖြင့် သူတပါး၏ကောင်းကွက်များကိုကြည့်ပေးပါ။

(၅)ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း၊ ကိုယ်နိုင်နင်းသောလုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကိုကူညီပါ။ (၆)နေရာထိုင်ခင်း အလှူဒါနပြုခြင်း၊ လှေစီး၊ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူနှင့် ကလေးငယ်တို့အား မိမိ၏ထိုင်ခုံနေရာကိုထိုင်စေပါ။

(၇)နေအိမ်အလှူဒါနပြုခြင်း၊ မိမိ၏အိမ်နေရာကို သူတပါးတို့ အနားယူရန်ပေးကမ်းပါ။ “ထိုသို့လှူသောအကျင့်ကောင်းရှိသူ၏နောက်သို့ အောင်မြင်ခြင်းသည် ထပ်ကြပ်မကွာလိုက်လာလိမ့်မည်ဟုဟောကြားတော်မူခဲ့လေသတည်း။

ပြုံးရွှင်သောမျက်နှာ၊ ချိုသာသောစကား၊ ဖြူစင်သောစိတ်ထား၊ ကောင်းကွက်ကိုကြည့်ပေးခြင်း၊ ကာယဖြင့်ကူညီခြင်း၊ ကြုံလျှင်မိမိထိုင်ခုံနေရာပေးခြင်း၊ မိမိအိမ်၌ခေတ္တ တည်းခိုခွင့်ပေးခြင်းပြုလျှင် များမကြာမီကံဇာတာမြင့်တက်လာပါမည်။ ဆရာဇော်(Credit)

Zawgyi

ကံဇာတာျမင့္ေစေသာ အလႉခုႏွစ္မ်ိဳး

အခါတစ္ပါး၌ သူဆင္းရဲတစ္ေယာက္သည္ ဘုရားရွင္အား “ဘုန္းေတာ္ႀကီးေသာျမတ္စြာဘုရား၊ တပည့္ေတာ္သည္ လူမႈေရး၌လည္းေကာင္၊ စီးပြားေရး၌လည္းေကာင္း၊ မိသားစုအေရး၌လည္းေကာင္း ဘာလုပ္လုပ္အဆင္မေျပျဖစ္ကာ ကံနိမ့္ေနပါတယ္ဘုရား။ အဘယ္အေၾကာင္းေၾကာင့္ ဤသိုကံနိမ့္ေနရပါသလဲဘုရား” ဟုေမးေလွ်ာက္ေလ၏။

“ခ်စ္သားသည္၊ မေပးမလႉလို႔ အခုလိုဘာလုပ္လုပ္အဆင္မေျပ ျဖစ္ေနရျခင္းျဖစ္ေပတယ္” တပည့္ေတာ္က ဆင္းရဲႏြမ္းပါးသူတစ္ေယာက္ပါဘုရား။ “သူဆင္းရဲေတြလည္းလႉႏိုင္တဲ့ အလႉရွိပါတယ္ခ်စ္သား” ေဟာၾကားေပးေတာ္မူပါဘုရား။

“နားေထာင္ေလာ့ခ်စ္သား၊ ခ်မ္းသာသူသာမက သူဆင္းရဲမ်ားပါလႉႏိုင္တဲ့ အလႉခုနစ္မ်ိဳးရွိေပသည္”

(၁)မ်က္ႏွာဟန္အမူအရာျဖင့္ အလႉဒါနျပဳျခင္း၊ အၿပဳံးျဖင့္ေဖာ္ေ႐ြစြာဆက္ဆံပါ။ (၂)ႏႈတ္ျဖင့္အလႉ ဒါနျပဳျခင္း၊ အားေပးစကား၊ ႏွစ္သိမ့္စကား၊ ခ်ီးက်ဴးစကား၊ ညႇာတာစကား၊ ေႏြးေထြးေသာစကားမ်ားေျပာဆိုပါ။

(၃)စိတ္ျဖင့္အလႉဒါနျပဳျခင္း၊ စိတ္တံခါးကိုဖြင့္၍ ျဖဴစင္ေသာစိတ္ထားျဖင့္ သူတစ္ပါးကိုပြင့္လင္း ႐ိုးသားစြာဆက္ဆံပါ။ (၄)အျမင္ျဖင့္ အလႉဒါနျပဳျခင္း၊ ေကာင္းေသာေစတနာ ေကာင္းေသာအျမင္ျဖင့္ သူတပါး၏ေကာင္းကြက္မ်ားကိုၾကည့္ေပးပါ။

(၅)ကာယလုပ္အားျဖင့္ အလႉဒါနျပဳျခင္း၊ ကိုယ္ႏိုင္နင္းေသာလုပ္ေဆာင္ေပးမႈျဖင့္ သူတစ္ပါးကိုကူညီပါ။ (၆)ေနရာထိုင္ခင္း အလႉဒါနျပဳျခင္း၊ ေလွစီး၊ကားစီးသည့္အခါ မိမိထိုင္ခုံေနရာကို အိုမင္းမစြမ္းသူ၊ ကိုယ္ဝန္ရွိသူႏွင့္ ကေလးငယ္တို႔အား မိမိ၏ထိုင္ခုံေနရာကိုထိုင္ေစပါ။

(၇)ေနအိမ္အလႉဒါနျပဳျခင္း၊ မိမိ၏အိမ္ေနရာကို သူတပါးတို႔ အနားယူရန္ေပးကမ္းပါ။ “ထိုသို႔လႉေသာအက်င့္ေကာင္းရွိသူ၏ေနာက္သို႔ ေအာင္ျမင္ျခင္းသည္ ထပ္ၾကပ္မကြာလိုက္လာလိမ့္မည္ဟုေဟာၾကားေတာ္မူခဲ့ေလသတည္း။

ၿပဳံး႐ႊင္ေသာမ်က္ႏွာ၊ ခ်ိဳသာေသာစကား၊ ျဖဴစင္ေသာစိတ္ထား၊ ေကာင္းကြက္ကိုၾကည့္ေပးျခင္း၊ ကာယျဖင့္ကူညီျခင္း၊ ႀကဳံလွ်င္မိမိထိုင္ခုံေနရာေပးျခင္း၊ မိမိအိမ္၌ေခတၱ တည္းခိုခြင့္ေပးျခင္းျပဳလွ်င္ မ်ားမၾကာမီကံဇာတာျမင့္တက္လာပါမည္။ ဆရာေဇာ္(Credit)

Leave a Comment