အဖော်အိပ်ပေးမယ့် ကလေးတွေမရောက်ခင် ချိုးချိုးချွတ်ချွတ်သံကြားလို့ မသိမသာကြည့်လိုက်တဲ့အခါ..

အပျိုကြီးပုံပြင်


အသက်၄၀ နီးပါးရှိနေပြီဖြစ်သော အပျိုကြီး။

ကူဖော်လောင်ဖက်လည်း မရှိတော့ ညကျရင် အိမ်နီးချင်း သူငယ်မလေးတွေကို ခေါ်၍ အိပ်တယ်။

တစ်ည

အဖော်အိပ်ပေးမယ့် ကလေးတွေမရောက်ခင် ချိုးချိုးချွတ်ချွတ်သံကြားလို့ မသိမသာကြည့်လိုက်တော့ သူခိုးကပ်နေမှန်း သိလိုက်တယ်။

ကြောက်လည်းကြောက်တယ် ရှိစုမဲ့လေးတွေပါသွားမှာလည်း စိုးတယ်။အော်လိုက်ပြန်လည်း သူခိုးက ဒီအတိုင်းထွက်ပြေးရင်တော်ရဲ့ သူမကိုရန်ပြုမှဖြင့်။

ခဏနေတော့ အကြံရသွားတယ်။ဟဲ့ ကောင်မလေးတွေ ညည်းတို့ကို ငါပုံပြင်ပြောပြမယ်ဆိုပြီး သူ့ဘေးမှာ လူရှိနေသလို အသံခပ်ကျယ်ကျယ်နဲ့ ပြောတယ်

ဟုတ်ကဲ့ နားထောင်မှာပေါ့ရှင့် ဆိုပြီး ကောင်မလေးတွေက ပြန်ပြောလေဟန် အသံဖျက်ပြီး သူ့ဟာသူ ပြောပြန်တယ်။ပြီးတော့ ပုံပြင်စပြောတယ်။

“ရှေးအခါက ရွာတစ်ရွာမှာ အလွန်ကပ်စေးနဲတဲ့ မိန်းမကြီးတစ်ယောက်ရှိတယ်တစ်နေ့တော့ အဲဒီမိန်းမကြီးဟာ ချောင်းတစ်ဖက်ကမ်းမှာရှိတဲ့ ရွာတစ်ရွာကို အကြွေးသွားတောင်းတာပေ့ါ…

သူချောင်းဖြတ်ဖို့ လှေတစ်စင်းကိုခေါ်ပြီး ဟိုဖက်ကမ်းကို အသွားအပြန် ငွေတစ်ပြားပေးမယ်…ပို့ပေးနိုင်မလားမေးတာပေ့ါ…

လှေသမားကလည်း ပို့ပေးမယ်ဆိုတာနဲ့ သူလည်း အဲဒီလှေနဲ့ ချောင်းကို ဖြတ်သွားလိုက်တယ်။ကမ်းကိုရောက်တော့ မိန်းမကြီးက ပိုက်ဆံမပေးခဲ့ပဲ ပြန်မှပေးမယ် စောင့်နေလို့ မှာခဲ့ပြီး အကြွေးသွားတောင်းတာပေ့ါ..။”

အပျိုကြီးက ပြောလက်စကို ခဏရပ်ပြီး အသံကို နားစွင့်တယ်။သူ့ ပုံပြင်ကို သူခိုးကလည်း နားထောင်နေမှန်းသိတော့ အသံနေအသံထားနဲ့ဆက်ပြောတယ်။

“မိန်းမကြီးက သူ့ကိစ္စပြီးလို့ပြန်လာတယ်။ချောင်းကိုဖြတ်မယ်လည်းလုပ်ကော သူစီးလာတဲ့လှေက တစ်ဘက်ကမ်းကိုပြန်ရောက်နေတာတွေ့လိုက်တယ်တဲ့…

အဲဒါနဲ့ မိန်းမကြီးလည်း အနီးအနားရှိတဲ့လှေကိုပဲ ငွေတစ်ပြားပေးမယ်ဆိုပြီး ထပ်ငှားခဲ့ရပြန်တာပေ့ါ…။အဲမိန်းမကြီးစီးလာတဲ့လှေနဲ့ အရင်က စီးခဲ့တဲ့ လှေတို့ဟာ ရေလယ်မှာတွေ့ကြတယ် ။

ပထမလှေရှင်က သူ့လူကို ဘာကြောင့်တင်ခေါ်လာရတာလဲ … ငါပြန်တင်ပို့ရင် ငွေတစ်ပြားရမယ် ခုတော့ ငါပို့တဲ့တစ်ခေါက်ဟာ အလကားဖြစ်သွားပြီဆိုပြီး ပြောတာပေ့ါ…

ဒုတိယလှေရှင်ကလည်း ငါ့ကိုငှားလို့ငါတင်တယ်နဲ့ စကားတွေများနေကြတော့တာပေ့ါ လှေရှင်နှစ်ဦး အငြင်းအခုန်ဖြစ်နေတော့ မိန်းမကြီးက ပြောလိုက်တယ်။

ကဲ…ကဲ… နှစ်ယောက်လုံး ပိုက်ဆံရအောင်နှစ်စီးလုံးကို ငါစီးမယ် …လှေချင်းကပ်ကြလို့ ပြောတယ်။

လှေရှင်နှစ်ဦးလည်း လှေတွေကို ပူးကပ်ပေးလိုက်ကြတယ် ..မိန်းမကြီးက လှေနှစ်စီးလုံးကို ခွပြီး စီးလိုက်သွားတာပေ့ါ။

ကမ်းနားလည်းရောက်ကာနီးကော လှေတစ်စင်းဟာ တက်လည်သွားတာနဲ့ အဲဒီခွစီးလာတဲ့မိန်းမကြီးလည်း ကျွမ်းပြန်သွားပြီး…”အမယ်လေး၊ ကူကြပါ၊ ကယ်ကြပါ ”

လို့ အော်တာပေ့ါ…။

ပုံပြင်ထဲက ဇာတ်ကြောင်းနဲ့ရောပြီး “အမလေး ကယ်ကြပါ…အမလေး ကယ်ကြပ်…ကယ်ကြပါအုံးတော်….”အသံကုန်အော်တယ်။

သူခိုးငပိန်းကတော့ ပုံပြင်ပြောနေတာပဲဆိုပြီး ရယ်လို့မောလို့ ကောင်းတုန်း။

အပျိုကြီးအော်သံကြောင့်ရောက်လာတဲ့ရွာသားတွေကထိုင်ပြီးရယ်နေတဲ့သူခိုးကို အလွယ်တကူ ဖမ်းမိသွားတယ်။

ပြောချင်တာကတော့ ကိုယ့်ရည်ရွယ်ချက်ကိုဦးတည်ပြီးမလုပ်ဘဲ ဘေးစကားတွေနားထောင်နေမယ်ဆိုရင် ဒုက္ခတွေပဲကြုံနိုင်တယ်ဆိုတာပါပဲ။

မူရင်းရေးသားသူအားလေးစားလျှတ်

Zawgyi

အပ်ိဳႀကီးပုံျပင္

အသက္၄၀ နီးပါးရွိေနၿပီျဖစ္ေသာ အပ်ိဳႀကီး။

ကူေဖာ္ေလာင္ဖက္လည္း မရွိေတာ့ ညက်ရင္ အိမ္နီးခ်င္း သူငယ္မေလးေတြကို ေခၚ၍ အိပ္တယ္။

တစ္ည

အေဖာ္အိပ္ေပးမယ့္ ကေလးေတြမေရာက္ခင္ ခ်ိဳးခ်ိဳးခြၽတ္ခြၽတ္သံၾကားလို႔ မသိမသာၾကည့္လိုက္ေတာ့ သူခိုးကပ္ေနမွန္း သိလိုက္တယ္။

ေၾကာက္လည္းေၾကာက္တယ္ ရွိစုမဲ့ေလးေတြပါသြားမွာလည္း စိုးတယ္။ေအာ္လိုက္ျပန္လည္း သူခိုးက ဒီအတိုင္းထြက္ေျပးရင္ေတာ္ရဲ႕ သူမကိုရန္ျပဳမွျဖင့္။

ခဏေနေတာ့ အႀကံရသြားတယ္။ဟဲ့ ေကာင္မေလးေတြ ညည္းတို႔ကို ငါပုံျပင္ေျပာျပမယ္ဆိုၿပီး သူ႔ေဘးမွာ လူရွိေနသလို အသံခပ္က်ယ္က်ယ္နဲ႔ ေျပာတယ္

ဟုတ္ကဲ့ နားေထာင္မွာေပါ့ရွင့္ ဆိုၿပီး ေကာင္မေလးေတြက ျပန္ေျပာေလဟန္ အသံဖ်က္ၿပီး သူ႔ဟာသူ ေျပာျပန္တယ္။ၿပီးေတာ့ ပုံျပင္စေျပာတယ္။

“ေရွးအခါက ႐ြာတစ္႐ြာမွာ အလြန္ကပ္ေစးနဲတဲ့ မိန္းမႀကီးတစ္ေယာက္ရွိတယ္တစ္ေန႔ေတာ့ အဲဒီမိန္းမႀကီးဟာ ေခ်ာင္းတစ္ဖက္ကမ္းမွာရွိတဲ့ ႐ြာတစ္႐ြာကို အေႂကြးသြားေတာင္းတာေပ့ါ…

သူေခ်ာင္းျဖတ္ဖို႔ ေလွတစ္စင္းကိုေခၚၿပီး ဟိုဖက္ကမ္းကို အသြားအျပန္ ေငြတစ္ျပားေပးမယ္…ပို႔ေပးႏိုင္မလားေမးတာေပ့ါ…

ေလွသမားကလည္း ပို႔ေပးမယ္ဆိုတာနဲ႔ သူလည္း အဲဒီေလွနဲ႔ ေခ်ာင္းကို ျဖတ္သြားလိုက္တယ္။ကမ္းကိုေရာက္ေတာ့ မိန္းမႀကီးက ပိုက္ဆံမေပးခဲ့ပဲ ျပန္မွေပးမယ္ ေစာင့္ေနလို႔ မွာခဲ့ၿပီး အေႂကြးသြားေတာင္းတာေပ့ါ..။”

အပ်ိဳႀကီးက ေျပာလက္စကို ခဏရပ္ၿပီး အသံကို နားစြင့္တယ္။သူ႔ ပုံျပင္ကို သူခိုးကလည္း နားေထာင္ေနမွန္းသိေတာ့ အသံေနအသံထားနဲ႔ဆက္ေျပာတယ္။

“မိန္းမႀကီးက သူ႔ကိစၥၿပီးလို႔ျပန္လာတယ္။ေခ်ာင္းကိုျဖတ္မယ္လည္းလုပ္ေကာ သူစီးလာတဲ့ေလွက တစ္ဘက္ကမ္းကိုျပန္ေရာက္ေနတာေတြ႕လိုက္တယ္တဲ့…

အဲဒါနဲ႔ မိန္းမႀကီးလည္း အနီးအနားရွိတဲ့ေလွကိုပဲ ေငြတစ္ျပားေပးမယ္ဆိုၿပီး ထပ္ငွားခဲ့ရျပန္တာေပ့ါ…။အဲမိန္းမႀကီးစီးလာတဲ့ေလွနဲ႔ အရင္က စီးခဲ့တဲ့ ေလွတို႔ဟာ ေရလယ္မွာေတြ႕ၾကတယ္ ။

ပထမေလွရွင္က သူ႔လူကို ဘာေၾကာင့္တင္ေခၚလာရတာလဲ … ငါျပန္တင္ပို႔ရင္ ေငြတစ္ျပားရမယ္ ခုေတာ့ ငါပို႔တဲ့တစ္ေခါက္ဟာ အလကားျဖစ္သြားၿပီဆိုၿပီး ေျပာတာေပ့ါ…

ဒုတိယေလွရွင္ကလည္း ငါ့ကိုငွားလို႔ငါတင္တယ္နဲ႔ စကားေတြမ်ားေနၾကေတာ့တာေပ့ါ ေလွရွင္ႏွစ္ဦး အျငင္းအခုန္ျဖစ္ေနေတာ့ မိန္းမႀကီးက ေျပာလိုက္တယ္။

ကဲ…ကဲ… ႏွစ္ေယာက္လုံး ပိုက္ဆံရေအာင္ႏွစ္စီးလုံးကို ငါစီးမယ္ …ေလွခ်င္းကပ္ၾကလို႔ ေျပာတယ္။

ေလွရွင္ႏွစ္ဦးလည္း ေလွေတြကို ပူးကပ္ေပးလိုက္ၾကတယ္ ..မိန္းမႀကီးက ေလွႏွစ္စီးလုံးကို ခြၿပီး စီးလိုက္သြားတာေပ့ါ။

ကမ္းနားလည္းေရာက္ကာနီးေကာ ေလွတစ္စင္းဟာ တက္လည္သြားတာနဲ႔ အဲဒီခြစီးလာတဲ့မိန္းမႀကီးလည္း ကြၽမ္းျပန္သြားၿပီး…”အမယ္ေလး၊ ကူၾကပါ၊ ကယ္ၾကပါ ”

လို႔ ေအာ္တာေပ့ါ…။

ပုံျပင္ထဲက ဇာတ္ေၾကာင္းနဲ႔ေရာၿပီး “အမေလး ကယ္ၾကပါ…အမေလး ကယ္ၾကပ္…ကယ္ၾကပါအုံးေတာ္….”အသံကုန္ေအာ္တယ္။

သူခိုးငပိန္းကေတာ့ ပုံျပင္ေျပာေနတာပဲဆိုၿပီး ရယ္လို႔ေမာလို႔ ေကာင္းတုန္း။

အပ်ိဳႀကီးေအာ္သံေၾကာင့္ေရာက္လာတဲ့႐ြာသားေတြကထိုင္ၿပီးရယ္ေနတဲ့သူခိုးကို အလြယ္တကူ ဖမ္းမိသြားတယ္။

ေျပာခ်င္တာကေတာ့ ကိုယ့္ရည္႐ြယ္ခ်က္ကိုဦးတည္ၿပီးမလုပ္ဘဲ ေဘးစကားေတြနားေထာင္ေနမယ္ဆိုရင္ ဒုကၡေတြပဲႀကဳံႏိုင္တယ္ဆိုတာပါပဲ။

မူရင္းေရးသားသူအားေလးစားလွ်တ္

Leave a Comment