“တရားပွဲနဲ့ ဘီယာဆိုင်” (မြန်မာပြည်မှာ မဖြစ်မနေ လက်ခံရမယ့် အမှန်တရား တခု)

“တရားပွဲနဲ့ ဘီယာဆိုင်” (မြန်မာပြည်မှာ မဖြစ်မနေ လက်ခံရမယ့် အမှန်တရား တခု)လင်မယားစုံတွဲတစ်တွဲ တရားသွားနာကြတယ်။ ယောက်ျားဖြစ်သူက ဖုန်းကိုပိတ်ထားဖို့ မေ့သွားတယ်။ ဘုန်းကြီးက တရားချနေတုန်း ဖုန်းကဝင်လာရော ဖြစ်ချင်တော့ ဖုန်းသံက အကျယ်ကြီးမြည်နေတယ်။ ဒါနဲ့ဘုန်းကြီးရဲ့ အပြစ်ပြောတာ ခံလိုက်ရတယ်။ တရားနာနေတဲ့သူတွေကလည်း အကုန်လုံးဝိုင်းကြည့်ကြပါလေရော။တရားနာလည်းပြီးရော တစ်ချို့က သူ့ဆီလာပြီး အပြစ်တင်ကြပြောကြတယ်။ ယဉ်ကျေးမှုမရှိဘူး ကာလံဒေသံကိုနားမလည်ဘူးအသိတရား နည်းပါးလိုက်တာ တရားလာနာတာ ဖုန်းသံမပိတ်ဘဲ သူများကို အနှောက်အယှက်ဖြစ်အောင်လုပ်တယ် သမာဓိ ပျက်တယ် စသဖြင့်ပေါ့။ အိမ်အပြန်ကားပေါ်ရောက်တော့ မယားဖြစ်သူကလည်း ဆူပူပါလေရော သူလည်း စိတ်ညစ်စိတ်ရှုပ်တာနဲ့ ဘီယာဆိုင်ကို သွားပစ်လိုက်တယ်။

ဆိုင်ထဲရောက်တော့လည်း မနက်က သူ့အပြစ်ကြောင့် လူတကာဝိုင်းပြောတာ အပြစ်တင်တာခံရတာကို တွေးနေမိပြီး သတိလက်လွတ်နဲ့ ဘီယာပုလင်း ပြန်ချတော့ စားပွဲခုံကနေလွတ်ပြီး အောက်ပြုတ်ကျပါလေရော။ ဘီယာ ပုလင်းကွဲပြီး ပုလင်းကွဲစတွေ ပြန့်ကျဲကုန်တယ်။ ဘီယာတွေလဲ အင်္ကျီအဝတ်အစားတွေကို လာစင်ကုန်တယ်။ ချက်ချင်းပဲလူ ၂ ယောက် ၃ ယောက်လောက်သူဆီ လှမ်းလာကြတယ်။ သူ့စိတ်ထဲ ဒီနေ့တော့ တော်တော်ကို ကံဆိုးတဲ့နေ့ပဲ။ ထပ်ပြီး အပြစ်တင်ခံရတော့မှာပဲလို့ တွေးနေမိတယ်။ဒါပေမယ့်.. သူထင်ထားတာနဲ့ တစ်ခြားစီ ဖြစ်လာတယ်။ ပြေးလာကြတဲ့ စားပွဲထိုး ၂ ယောက် ၃ ယောက် က သူ့ကိုစိုးရိမ်တကြီးနဲ့ အကိုဘာဖြစ်သွားသေးလဲ။ပုလင်းကွဲတွေဘာတွေ ရှသွားသေးလား လို့ ဝိုင်းမေးကြတယ်။

ချက်ချင်းပဲ သူ့ကိုယ်ပေါ်က ပေနေတဲ့ဘီယာမြုတ်တွေ ဝိုင်းသုတ်ပေးကြတယ်။အမှိုက်ဂေါ် ယူလာတဲ့သူနဲ့ တံမြက်စီးယူလာတဲ့သူနဲ့ ချက်ချင်းသန့်ရှင်းရေး ဝိုင်းလုပ်ပေးကြတယ်။ ဆိုင်မန်နေဂျာက ဘီယာနောက်တစ်ပုလင်းလာချပေးရင်း.. အပြုံးချိုချိုနဲ့ သူ့ကိုပြောတာက “အမှားအယွင်း မတော်တဆဆိုတာ အချိန်မရွေးဖြစ်တတ်ပါတယ်.. သတိထား တတ်ဖို့ပဲလိုတာပါဗျာ” တဲ့။အဲ့နောက်ပိုင်း သူဟာ ဘီယာဆိုင်ကိုပဲ မကြာခဏရောက်ဖြစ်ပြီး တရားနာတာကို မသွားဖြစ်တော့ဘူး။ ဘာကြောင့်လဲဆိုတော့.. ဘုန်းကြီးကျောင်းက လူတွေထက် ဘီယာဆိုင်က လူတွေကသာနွေးနွေးထွေးထွေး အသိအမှတ်ပြု ဆက်ဆံကြလို့ပါ။ အမှန်ဆို ဘုန်းကြီးကျောင်းက လူတွေက ပိုပြီးမေတ္တာထားသဘောထားကြီး ဖေးမကြရမဲ့အစား ဘီယာဆိုင်ထဲကလူတွေနဲ့ ဆန့်ကျင့်ဖက် ဖြစ်နေကြလို့ပါ။

ဒါကြောင့် ဘုန်းကြီးကျောင်းတက်တဲ့သူတွေကလည်း သတိထားဆင်ခြင်ရမှာက စည်းကမ်းတွေ၊ ဘောင်တွေ၊ ကန့်သတ်ချက်တွေနဲ့ အရမ်းတင်းကြပ်ပြီး စိတ်ရင်း စေတနာ ခမ်းခြောက်လွန်းသူတွေ မဖြစ်ကြပါစေနဲ့။ လူသားတွေဆိုတာ ဘယ်သူမဆို အမှားမကင်းနိုင်ကြဘူးဆိုတာကို မမေ့ပါနဲ့။ အမှားသေးသေးမွှားမွှားတွေကို တစ်ယောက်နဲ့တစ်ယောက် ပြောစရာတွေဖြစ်ပြီး ကိစ္စကြီးအပြစ်ကြီးဖြစ်အောင်မချဲ့ပါနဲ့။ ကျောင်းကိုလာတဲ့သူကို တရားတွေနာပြီး စိတ်ဓာတ်တွေကြည်လင်လာ စေမဲ့အစား၊ ကျောင်းနဲ့ပိုဝေးအောင် မလာချင်အောင်တွန်းထုတ်ပစ်တာမျိုး မလုပ်လိုက်မိပါစေနဲ့။

အမှန်တရားဆိုတာ စည်းကမ်းတွေ၊ ဘောင်တွေ၊ သတ်မှတ်ချက်တွေကို တသွေမတိမ်း တင်းတင်းကြပ်ကြပ်လိုက်နာတဲ့အပေါ်မှာ မူတည်နေတာ မဟုတ်ပါဘူး။ တခါတစ်လေလည်း.. သူတစ်ပါးအပေါ် လိုက်လျောညီထွေမှုနဲ့ စာနာနားလည်တတ်မှုလည်း ရှိတတ်ရပါမယ်။ ဒါမှသာ နေထိုင်ချင်စရာကောင်းတဲ့ လူမှုပတ်ဝန်းကျင်ကောင်းတစ်ရပ် ဖြစ်လာမှာပါ။ သတိထား နားလည်မှုပေးကြပါနော်..

Zawgyi

“တရားပြဲနဲ႔ ဘီယာဆိုင္” (ျမန္မာျပည္မွာ မျဖစ္မေန လက္ခံရမယ့္ အမွန္တရား တခု)လင္မယားစုံတြဲတစ္တြဲ တရားသြားနာၾကတယ္။ ေယာက္်ားျဖစ္သူက ဖုန္းကိုပိတ္ထားဖို႔ ေမ့သြားတယ္။ ဘုန္းႀကီးက တရားခ်ေနတုန္း ဖုန္းကဝင္လာေရာ ျဖစ္ခ်င္ေတာ့ ဖုန္းသံက အက်ယ္ႀကီးျမည္ေနတယ္။ ဒါနဲ႔ဘုန္းႀကီးရဲ႕ အျပစ္ေျပာတာ ခံလိုက္ရတယ္။ တရားနာေနတဲ့သူေတြကလည္း အကုန္လုံးဝိုင္းၾကည့္ၾကပါေလေရာ။တရားနာလည္းၿပီးေရာ တစ္ခ်ိဳ႕က သူ႔ဆီလာၿပီး အျပစ္တင္ၾကေျပာၾကတယ္။ ယဥ္ေက်းမႈမရွိဘူး ကာလံေဒသံကိုနားမလည္ဘူးအသိတရား နည္းပါးလိုက္တာ တရားလာနာတာ ဖုန္းသံမပိတ္ဘဲ သူမ်ားကို အေႏွာက္အယွက္ျဖစ္ေအာင္လုပ္တယ္ သမာဓိ ပ်က္တယ္ စသျဖင့္ေပါ့။ အိမ္အျပန္ကားေပၚေရာက္ေတာ့ မယားျဖစ္သူကလည္း ဆူပူပါေလေရာ သူလည္း စိတ္ညစ္စိတ္ရႈပ္တာနဲ႔ ဘီယာဆိုင္ကို သြားပစ္လိုက္တယ္။

ဆိုင္ထဲေရာက္ေတာ့လည္း မနက္က သူ႔အျပစ္ေၾကာင့္ လူတကာဝိုင္းေျပာတာ အျပစ္တင္တာခံရတာကို ေတြးေနမိၿပီး သတိလက္လြတ္နဲ႔ ဘီယာပုလင္း ျပန္ခ်ေတာ့ စားပြဲခုံကေနလြတ္ၿပီး ေအာက္ျပဳတ္က်ပါေလေရာ။ ဘီယာ ပုလင္းကြဲၿပီး ပုလင္းကြဲစေတြ ျပန႔္က်ဲကုန္တယ္။ ဘီယာေတြလဲ အက်ႌအဝတ္အစားေတြကို လာစင္ကုန္တယ္။ ခ်က္ခ်င္းပဲလူ ၂ ေယာက္ ၃ ေယာက္ေလာက္သူဆီ လွမ္းလာၾကတယ္။ သူ႔စိတ္ထဲ ဒီေန႔ေတာ့ ေတာ္ေတာ္ကို ကံဆိုးတဲ့ေန႔ပဲ။ ထပ္ၿပီး အျပစ္တင္ခံရေတာ့မွာပဲလို႔ ေတြးေနမိတယ္။ဒါေပမယ့္.. သူထင္ထားတာနဲ႔ တစ္ျခားစီ ျဖစ္လာတယ္။ ေျပးလာၾကတဲ့ စားပြဲထိုး ၂ ေယာက္ ၃ ေယာက္ က သူ႔ကိုစိုးရိမ္တႀကီးနဲ႔ အကိုဘာျဖစ္သြားေသးလဲ။ပုလင္းကြဲေတြဘာေတြ ရွသြားေသးလား လို႔ ဝိုင္းေမးၾကတယ္။

ခ်က္ခ်င္းပဲ သူ႔ကိုယ္ေပၚက ေပေနတဲ့ဘီယာျမဳတ္ေတြ ဝိုင္းသုတ္ေပးၾကတယ္။အမႈိက္ေဂၚ ယူလာတဲ့သူနဲ႔ တံျမက္စီးယူလာတဲ့သူနဲ႔ ခ်က္ခ်င္းသန႔္ရွင္းေရး ဝိုင္းလုပ္ေပးၾကတယ္။ ဆိုင္မန္ေနဂ်ာက ဘီယာေနာက္တစ္ပုလင္းလာခ်ေပးရင္း.. အၿပဳံးခ်ိဳခ်ိဳနဲ႔ သူ႔ကိုေျပာတာက “အမွားအယြင္း မေတာ္တဆဆိုတာ အခ်ိန္မေ႐ြးျဖစ္တတ္ပါတယ္.. သတိထား တတ္ဖို႔ပဲလိုတာပါဗ်ာ” တဲ့။အဲ့ေနာက္ပိုင္း သူဟာ ဘီယာဆိုင္ကိုပဲ မၾကာခဏေရာက္ျဖစ္ၿပီး တရားနာတာကို မသြားျဖစ္ေတာ့ဘူး။ ဘာေၾကာင့္လဲဆိုေတာ့.. ဘုန္းႀကီးေက်ာင္းက လူေတြထက္ ဘီယာဆိုင္က လူေတြကသာေႏြးေႏြးေထြးေထြး အသိအမွတ္ျပဳ ဆက္ဆံၾကလို႔ပါ။ အမွန္ဆို ဘုန္းႀကီးေက်ာင္းက လူေတြက ပိုၿပီးေမတၱာထားသေဘာထားႀကီး ေဖးမၾကရမဲ့အစား ဘီယာဆိုင္ထဲကလူေတြနဲ႔ ဆန႔္က်င့္ဖက္ ျဖစ္ေနၾကလို႔ပါ။

ဒါေၾကာင့္ ဘုန္းႀကီးေက်ာင္းတက္တဲ့သူေတြကလည္း သတိထားဆင္ျခင္ရမွာက စည္းကမ္းေတြ၊ ေဘာင္ေတြ၊ ကန႔္သတ္ခ်က္ေတြနဲ႔ အရမ္းတင္းၾကပ္ၿပီး စိတ္ရင္း ေစတနာ ခမ္းေျခာက္လြန္းသူေတြ မျဖစ္ၾကပါေစနဲ႔။ လူသားေတြဆိုတာ ဘယ္သူမဆို အမွားမကင္းႏိုင္ၾကဘူးဆိုတာကို မေမ့ပါနဲ႔။ အမွားေသးေသးမႊားမႊားေတြကို တစ္ေယာက္နဲ႔တစ္ေယာက္ ေျပာစရာေတြျဖစ္ၿပီး ကိစၥႀကီးအျပစ္ႀကီးျဖစ္ေအာင္မခ်ဲ႕ပါနဲ႔။ ေက်ာင္းကိုလာတဲ့သူကို တရားေတြနာၿပီး စိတ္ဓာတ္ေတြၾကည္လင္လာ ေစမဲ့အစား၊ ေက်ာင္းနဲ႔ပိုေဝးေအာင္ မလာခ်င္ေအာင္တြန္းထုတ္ပစ္တာမ်ိဳး မလုပ္လိုက္မိပါေစနဲ႔။

အမွန္တရားဆိုတာ စည္းကမ္းေတြ၊ ေဘာင္ေတြ၊ သတ္မွတ္ခ်က္ေတြကို တေသြမတိမ္း တင္းတင္းၾကပ္ၾကပ္လိုက္နာတဲ့အေပၚမွာ မူတည္ေနတာ မဟုတ္ပါဘူး။ တခါတစ္ေလလည္း.. သူတစ္ပါးအေပၚ လိုက္ေလ်ာညီေထြမႈနဲ႔ စာနာနားလည္တတ္မႈလည္း ရွိတတ္ရပါမယ္။ ဒါမွသာ ေနထိုင္ခ်င္စရာေကာင္းတဲ့ လူမႈပတ္ဝန္းက်င္ေကာင္းတစ္ရပ္ ျဖစ္လာမွာပါ။ သတိထား နားလည္မႈေပးၾကပါေနာ္..

Leave a Comment