သင်ဒီနိမိတ်တွေမြင်ရင် သင်ကံကောင်းပြီလို့ မှတ်လိုက်ပါတော့

(၁)အိမ်ထဲခြံထဲကို ကြောင်တစ်ကောင်ဝင်လာရင် သတိထားကြည့်ပါ။ ကြောင်နက်ဆိုရင်ဒါဟာ သစ္စာဖောက်ယုံကြည်မှု အလွဲသုံးခံရမယ့်နိမိတ်ဖြစ်ပြီး ကြောင်ဖြူဆိုရင် အိမ်သားတစ်ယောက်ယောက် နေထိုင်မကောင်းဖြစ်မယ့် နိမိတ်ဖြစ်ပါတယ်။

ဒါပေမယ့်ကြောင်ဝါရွှေဝါရောင် ကြောင်မျိုးဝင်လာရင်တော့ ကံကောင်းတော့မယ့်နိမိတ်ဖြစ်ပါတယ်။ ကြောင်ဟာဟိုးတုန်းက ဂမ္ဘီရအတတ်ပညာနဲ့ ဆက်နွယ်တဲ့ သတ္တဝါမျိုးလည်းဖြစ်ပါတယ်။

(၂)သွားရင်းလာရင်း လမ်းမှာမြွေနဲ့ တည့်တည့်တိုးသူတွေ ရှိကြမှာပါ။ မြွေကိုမြင်ရတာဟာ ကိုယ့်ဘဝအတွက်အရေးကြီးအရေးပါတဲ့ အဖြစ်အပျက်(သို့) လူတစ်ယောက်ပေါ်လာမှာကို နိမိတ်ပြတာပါပဲ။

အဆိပ်ပြင်းတဲ့မြွေဖြစ်လေ ကံပိုကောင်းလေလို့လည်း အဆိုရှိပါတယ်။ မြန်မာ့ဗေဒင်ပညာမှာတော့ အမျိုးသားဆို ကိုယ့်လက်ဝဲကနေမြွေဖြတ်ရင်ကံကောင်းစေတတ်ပြီး အမျိုးသမီးဆိုရင်တော့ ကိုယ့်လက်ယာကဖြတ်ရင် ကံကောင်းတယ်လို့အကြမ်းဖျဉ်းသတ်မှတ်ထားတာရှိပါတယ်။

ဖြစ်နိုင်ရင်တော့မြွေကိုမသတ်ဘဲ လွှတ်ပေးလိုက်သင့်ပါတယ်။ (၃)ကိုယ့်အတွက်နေ့ကောင်းရက်သာလို့ သတ်မှတ်တဲ့နေ့(သို့) ရက်ရာဇာတစ်ရက်မှာတစ်စုံတစ်ယောက်က မုန့်ဖိုးပဲဖြစ်ဖြစ် ကြွေးပြန်ပေးတာမျိုးဖြစ်ဖြစ် ပေးလာခဲ့ရင်အဲဒီငွေကို သိမ်းထားတာပါ။

အဲဒီငွေဟာကံကောင်းပျော်ရွှင်စေမယ့် လာဘ်ငွေဖြစ်ပါတယ်။ ကိုယ့်အတွက်နေ့ကောင်းရက်သာမျိုး သတ်မှတ်မထားရင် လဆန်း(၁)ရက် ဒါမှမဟုတ်လပြည့်နေ့မှာ ရလာတဲ့ငွေစက္ကူတွေဟာ ကံကောင်းစေတဲ့ လာဘ်ခေါ်ငွေပဲဖြစ်ပါတယ်။

(၄)မြန်မာ့အယူအဆမှာလျှာကိုက်မိရင် တစ်ယောက်ယောက်က ကိုယ့်အကြောင်းအတင်းတွေပြောနေပြီလို့ ယူဆကြတာရှိသလို နိုင်ငံတကာမှာလည်း နားယားရင်အတင်းပြောခံနေရပြီလို့ ယူဆကြတာမျိုးရှိနေပါတယ်။

ဘယ်ဘက်နားယားရင် ကိုယ့်အကြောင်းအကောင်းပြောတာဖြစ်ပြီး ညာဘက်နားယားရင်တော့ မကောင်းတဲ့အတင်းအဖျင်းတွေ အပြောခံရတယ်လို့ သတ်မှတ်ပါတယ်။ ဘာပဲဖြစ်ဖြစ်နားယားတာဟာ လူမှုဆက်ဆံရေး မိတ်ဆွေအသိုင်းအဝိုင်းနဲ့ ပတ်သက်လို့ စိတ်ချမ်းသာစရာတစ်ခုခု ကြုံရမယ့် နိမိတ်အဖြစ် ယူဆကြပါတယ်။

(၅)ပျားအုံစွဲတာနွယ်ပင်တက်တာနဲ့ ပတ်သက်လို့တော့ မြန်မာနဲ့တခြားနိုင်ငံတွေကြားမှာ အယူအဆ ကွဲလွဲမှုရှိပါတယ်။ ကမ္ဘာသုံးနိမိတ်မှာ အိမ်ကိုနွယ်တက်တာကို နိမိတ်ကောင်းလို့ယူဆပေမယ့် မြန်မာ့ရိုးရာဗေဒင်မှာက ခြေရင်းနောက်ဖေးမှာတက်မှနိမိတ်ကောင်းဖြစ်တာပါ။

အိမ်ရှေ့၊မျက်နှာစာနွယ်တက်ရင် အိမ်တွင်းရေးရာပြဿနာဖြစ်တတ်တယ်လို့ ယူဆတာမျိုးရှိပါတယ်။ ပျားအုံစွဲရင်လည်းနောက်ဖေးမှာစွဲမှ နိမိတ်ကောင်းအဖြစ်ယူဆပါတယ်။ အိမ်ရှေ့ခေါင်းရင်းမှာ စွဲရင်စီးပွားရေးညံ့သွားတတ်ပါတယ်။ Credit

Zawgyi

(၁)အိမ္ထဲၿခံထဲကို ေၾကာင္တစ္ေကာင္ဝင္လာရင္ သတိထားၾကည့္ပါ။ ေၾကာင္နက္ဆိုရင္ဒါဟာ သစၥာေဖာက္ယုံၾကည္မႈ အလြဲသုံးခံရမယ့္နိမိတ္ျဖစ္ၿပီး ေၾကာင္ျဖဴဆိုရင္ အိမ္သားတစ္ေယာက္ေယာက္ ေနထိုင္မေကာင္းျဖစ္မယ့္ နိမိတ္ျဖစ္ပါတယ္။

ဒါေပမယ့္ေၾကာင္ဝါေ႐ႊဝါေရာင္ ေၾကာင္မ်ိဳးဝင္လာရင္ေတာ့ ကံေကာင္းေတာ့မယ့္နိမိတ္ျဖစ္ပါတယ္။ ေၾကာင္ဟာဟိုးတုန္းက ဂမၻီရအတတ္ပညာနဲ႔ ဆက္ႏြယ္တဲ့ သတၱဝါမ်ိဳးလည္းျဖစ္ပါတယ္။

(၂)သြားရင္းလာရင္း လမ္းမွာေႁမြနဲ႔ တည့္တည့္တိုးသူေတြ ရွိၾကမွာပါ။ ေႁမြကိုျမင္ရတာဟာ ကိုယ့္ဘဝအတြက္အေရးႀကီးအေရးပါတဲ့ အျဖစ္အပ်က္(သို႔) လူတစ္ေယာက္ေပၚလာမွာကို နိမိတ္ျပတာပါပဲ။

အဆိပ္ျပင္းတဲ့ေႁမြျဖစ္ေလ ကံပိုေကာင္းေလလို႔လည္း အဆိုရွိပါတယ္။ ျမန္မာ့ေဗဒင္ပညာမွာေတာ့ အမ်ိဳးသားဆို ကိုယ့္လက္ဝဲကေနေႁမြျဖတ္ရင္ကံေကာင္းေစတတ္ၿပီး အမ်ိဳးသမီးဆိုရင္ေတာ့ ကိုယ့္လက္ယာကျဖတ္ရင္ ကံေကာင္းတယ္လို႔အၾကမ္းဖ်ဥ္းသတ္မွတ္ထားတာရွိပါတယ္။

ျဖစ္ႏိုင္ရင္ေတာ့ေႁမြကိုမသတ္ဘဲ လႊတ္ေပးလိုက္သင့္ပါတယ္။ (၃)ကိုယ့္အတြက္ေန႔ေကာင္းရက္သာလို႔ သတ္မွတ္တဲ့ေန႔(သို႔) ရက္ရာဇာတစ္ရက္မွာတစ္စုံတစ္ေယာက္က မုန႔္ဖိုးပဲျဖစ္ျဖစ္ ေႂကြးျပန္ေပးတာမ်ိဳးျဖစ္ျဖစ္ ေပးလာခဲ့ရင္အဲဒီေငြကို သိမ္းထားတာပါ။

အဲဒီေငြဟာကံေကာင္းေပ်ာ္႐ႊင္ေစမယ့္ လာဘ္ေငြျဖစ္ပါတယ္။ ကိုယ့္အတြက္ေန႔ေကာင္းရက္သာမ်ိဳး သတ္မွတ္မထားရင္ လဆန္း(၁)ရက္ ဒါမွမဟုတ္လျပည့္ေန႔မွာ ရလာတဲ့ေငြစကၠဴေတြဟာ ကံေကာင္းေစတဲ့ လာဘ္ေခၚေငြပဲျဖစ္ပါတယ္။

(၄)ျမန္မာ့အယူအဆမွာလွ်ာကိုက္မိရင္ တစ္ေယာက္ေယာက္က ကိုယ့္အေၾကာင္းအတင္းေတြေျပာေနၿပီလို႔ ယူဆၾကတာရွိသလို ႏိုင္ငံတကာမွာလည္း နားယားရင္အတင္းေျပာခံေနရၿပီလို႔ ယူဆၾကတာမ်ိဳးရွိေနပါတယ္။

ဘယ္ဘက္နားယားရင္ ကိုယ့္အေၾကာင္းအေကာင္းေျပာတာျဖစ္ၿပီး ညာဘက္နားယားရင္ေတာ့ မေကာင္းတဲ့အတင္းအဖ်င္းေတြ အေျပာခံရတယ္လို႔ သတ္မွတ္ပါတယ္။ ဘာပဲျဖစ္ျဖစ္နားယားတာဟာ လူမႈဆက္ဆံေရး မိတ္ေဆြအသိုင္းအဝိုင္းနဲ႔ ပတ္သက္လို႔ စိတ္ခ်မ္းသာစရာတစ္ခုခု ႀကဳံရမယ့္ နိမိတ္အျဖစ္ ယူဆၾကပါတယ္။

(၅)ပ်ားအုံစြဲတာႏြယ္ပင္တက္တာနဲ႔ ပတ္သက္လို႔ေတာ့ ျမန္မာနဲ႔တျခားႏိုင္ငံေတြၾကားမွာ အယူအဆ ကြဲလြဲမႈရွိပါတယ္။ ကမာၻသုံးနိမိတ္မွာ အိမ္ကိုႏြယ္တက္တာကို နိမိတ္ေကာင္းလို႔ယူဆေပမယ့္ ျမန္မာ့႐ိုးရာေဗဒင္မွာက ေျခရင္းေနာက္ေဖးမွာတက္မွနိမိတ္ေကာင္းျဖစ္တာပါ။

အိမ္ေရွ႕၊မ်က္ႏွာစာႏြယ္တက္ရင္ အိမ္တြင္းေရးရာျပႆနာျဖစ္တတ္တယ္လို႔ ယူဆတာမ်ိဳးရွိပါတယ္။ ပ်ားအုံစြဲရင္လည္းေနာက္ေဖးမွာစြဲမွ နိမိတ္ေကာင္းအျဖစ္ယူဆပါတယ္။ အိမ္ေရွ႕ေခါင္းရင္းမွာ စြဲရင္စီးပြားေရးညံ့သြားတတ္ပါတယ္။ Credit

Leave a Comment