လပြည့်နေ့ ဝိဇ္ဇာ၀ပြောအလှူတော်
တစ်ခါက ကျွန်ုပ်သည် စာအုပ်ဖြန်ချိရေးလုပ်သားတစ်ဦးအဖြစ်ပင်ပန်း ဆင်းရဲစွာအသက်မွေးခဲ့ရဖူးလေ၏။ ထိုအလုပ်မှာတစ်ပတ်လျှင် ၆ ရက်အလုပ်ဆင်းရ၏။ တနင်္ဂနွေ ၁ ရက်သာနားရ၏။ ကျန်သောရက်များတွင် နံနက် ၉ နာရီခန့်မှစ၍ ညနေ ၅ နာရီခန့်အထိတစ်နေကုန် ပြေးပြေးလွှားလွှားဖြင့်လုပ်ကိုင်ရသောအလုပ်မျိုးဖြစ်လေ၏။
စာအုပ်ဖြန့်ချိရေးအလုပ်ဟုဆိုရာ၌ တာ၀န်အဆင့်အမျိုးမျိုးရှိနေလေရာ ကြှနျုပျ၏တာ၀နျမှာအနိမ့်ဆုံးအလုပ်ကြမ်းကုန်ထမ်းသမားတစ်ဦး၏အဆင့်မျိုးသာလျှင်ဖြစ်ပြီး ၀ငျငှအေားဖွငျ့လညျးအနည်းဆုံးဖြစ်လေတော့၏။
ကြှနျုပျသညျနံနက် ၈ နာရီခန့်တွင်ထမင်းစားလေ့ရှိ၏။ များသောအားဖြင့် ဆန်နို့ဆီဘူး ၁ ဘူးခွဲခန့်ကိုချက်ပြီးထမင်းချက်သည့်အထဲတွင် ကြက်ဥတစ်လုံး ကိုပါပစ်ထည့်ထားလိုက်ကာ ထမင်းနပ်လျှင်ကြက်ဥကိုအခွံခွာပြီးတစ်၀က်ခြမ်းရလေ၏။ ပြီးလျှင် ထမင်း၌ဆီအနည်းငယ်ဆမ်း၊ ဆားဖြူး၍နယ်ဖတ်ကာ ကြက်သွန်နီဥတစ်ဥကိုတဂျွမ်းဂျွမ်းကိုက်လျက်ကြက်ဥပြုတ်တစ်ခြမ်းဖြင့် စားလေတော့၏။
ထိုထမင်းသည်ပင်ကြှနျုပျအဖို့ နံနက်စာနှင့်နေ့လယ်စာ ခွဲတမ်းအပြီးဖြစ်လေတော့၏။ထမင်းစားပြီးသည်နှင့် ပေါက်ပြဲနေသောလွယ်အိတ်စုတ်ကလေးကိုလွယ်ကာ ဖနောင့်နှင့်ခြေမအောက်တွင်ပါး၍ပေါက်နေပြီဖြစ်သော ဂျပန်ဖိနပ်စုတ်ကလေးကိုစီးလျက် အလုပ်သို့သွားရလေ၏။
ကြှနျုပျ၏ဖိနပ်ကလေးမှာလည်း ကိုယ်ထည်ကအပြာရောင်ဖြစ်သော်လည်း သဲကြိုးပြတ်သောအခါ ရရာသဲကြိုးအရောင်ကိုပြန်တပ်ရသောကြောင့် သဲကြိုးမှာအနီရောင်ဖြစ်နေလေ၏။
ထိုစဉ်ကရန်ကုန်မြို့ကြီးတွင်ဘတ်စ်ကားခမှာ ၁ ကျပ်ဖြစ်၏။ ဘယ်ကနေ ဘယ်အထိ ၁ ကျပ်၊ ဘယ်မှတ်တိုင်ကျော်လျှင်နောက်ထပ် ၁ ကျပ် ထပ်ပေးရမည် စသည်ဖြင့်ပေးရလေ၏။
ကြှနျုပျ၏အလုပျရှိနေသောနေရာမှာ ဘတ်စ်ကား ၁ ကျပ်ဖိုးခရီးကျော်ပြီး နောက်ထပ် ၂ မှတ်တိုင်ခန့်သွားရသေး၏။ နေ့စဉ်နှင့်အမျှကြှနျုပျသညျကားခ ၁ ကျပ်ထပ်ကုန်မည်ကိုစိုးသောကြောင့် ၁ ကျပ်ဖိုး မှတ်တိုင်ပြည့်သည်နှင့်ကားပေါ်မှဆင်းကာ ၂ မှတ်တိုင်ခန့်ကိုလမ်းလျှောက်ရမြဲဖြစ်ပါလေတော့၏။
ကြှနျုပျသညျ စာအုပ်ဖြန့်သောရက်များဆိုလျှင် ရွှေတိဂုံဘုရားလမ်းမှစ၍ရွှေဘုံသာလမ်း၊ ၂၉ လမ်း၊ လမ်း ၃၀၊ ၃၁ လမ်း၊ ၃၂ လမ်း၊ ၃၃ လမ်း၊ ပန်းဆိုးတန်း စသည်ဖြင့်ထိုစဉ်ကစာအုပ်ဆိုင်များဖြင့်ကြက်ပျံမကျ စည်ကားခဲ့သောလမ်းများတစ်လျောက် စာအုပ်များလိုက်ချပေးရလေ၏။ ထိုစဉ်ကစာအုပ်များဖြန့်ရခြင်းမှာယနေ့ခေတ်ကဲ့သို့ လက်တစ်ဆွဲနှစ်ဆွဲကလေးမဟုတ်ပါ။
ဘိုင်းနင်းဟုခေါ်သောစာအုပ်ချုပ်သည့်နေရာမှနေ၍ စာအုပ်များကိုလေးဘီးကားများဖြင့်အလီလီအခေါက်ခေါက်တိုက်ပြီး ဆိုင်ပေါက်စေ့လိုက်ချရခြင်းဖြစ်လေ၏။ ကားရပ်၍အဆင်ပြေသောတစ်နေရာတွင် ကားကိုရပ်ထားပြီး စာအုပ်များကိုလူကထမ်းပြီးလိုက်ချရခြင်းဖြစ်လေ၏။
စာအုပ်ဆိုင်များက ၎င်းင်းတို့ယူထားသောအုပ်ရေ ၅၀၊ ၁၀၀၊ ၂၀၀ စသဖြင့်ကိုဘောက်ချာလေးများပြန်ပေးလိုက်လေ၏။ များသောအားဖြင့်စာအုပ်များဖြန့်ရာတွင် အတင်ဟုပေးထားခဲ့ရသည်ကများလေ၏။ အပြတ်ဟူသောဖြန့်ချိခြင်း မှာမူရှားလှ၏။
နာမည်ကြီးသောစာရေးဆရာများ၊ မဂ္ဂဇင်းများသာ အပြတ်ဖြန့်ရ၏။ အပြတ်ဆိုသည်မှာ ယူသလောက်အုပ်ရေကိုလက်ငင်းငွေချေလိုက်ရသောစံနစ်ဖြစ်ပြီး အတင်ဆိုသောစံနစ်မှာမူ အထက်ကဆိုခဲ့သည့်နှယ်ယူထားသောအုပ်ရေကိုဘောက်ချာလေးများပြန်ပေးလိုက်သောစံနစ်ဖြစ်လေတော့၏။
ထိုသို့စာအုပ်ဖြန့်သောနေ့များတွင် နေပူမိုးရွာမရှောင်ပိုပြီးပင်ပမ်းကြီးစွာလုပ်ကိုင်ရလေ၏။ ထိုသို့ရန်ကုန်မြို့လယ်တစ်ဝိုက်ဆိုင်များကိုတစ်နေကုန်လိုက်ဖြန့်ရသည့်အပြင် နယ်မြို့များသို့ပို့ရန်အတွက်လည်း ဆာလာဖျင်အိတ်ဟုခေါ်သောအိတ် များအတွင်းသို့ စာအုပ်များကိုစီထည့်ကာကြိုးဖြင့်အပ်ဖြင့်ချုပ်ပြီး ကားဂိတ်များ၊ သင်္ဘောဆိပ်များသို့လိုက်ပို့ရသေး၏။
ထိုစဉ်ကစာအုပ်လောကတွင်ငွေမင်၊ အမည်းပိတ်၊ ကော်ကပ်၊ အဖြဲဟူသော ဝေါဟာရများလည်းအထူးခေတ်စားလေ၏။ စာအုပ်များမဖြန့်ချိမီစာပေစိစစ်ရေး ဌာနသို့တင်ပြရလေရာ ၎င်းဌာနကဘယ်ကဗျာကိုဖြုတ်ပါ၊ ဘယ်အပိုဒ်ကိုခွင့်မပြု၊ ဘယ်ဆောင်းပါး တစ်ပုဒ်လုံးဖြုတ်ရမည် စသည်ဖြင့်ညွှန်ကြားလာသည့်အတိုင်းပုံနှိပ်ပြီးထားသောစာအုပ်များတွင် ငွေရောင်မင်၊ မင်အမည်းတို့ဖြင့်တစ်မေ့တမောထိုင်ပြီးပိတ်ရခြင်း၊ စာရွက်များကိုဖြဲထုတ်ရခြင်း၊ စာရွက်နှစ်ရွက်ကိုပူး၍ကော်ဖြင့်ကပ်ရခြင်းများ ပြုလုပ်ကြရလေ၏။
အဖြဲခံရသော၊ ကော်ကပ်၍အပိတ်ခံရသောစာမူနှင့် တွဲပြီးပါသွားသောစာမူ စိစစ်ရေးကဖြုတ်ခိုင်းခြင်းမဟုတ်သော်လည်း အပိတ်ခံရသောစာမူနှင့် ကံဆိုးပြီးအတွဲလိုက်ပါသွားသောစာမူကို ဆိုက်ကားစီးရသည်ဟုလည်း ခေါ်ခဲ့ကြလေ၏။
ထိုသို့ကြုံလာလျှင် အချိန်အခက်အခဲကြောင့်ဘိုင်းနင်းခေါ် စာအုပ်ချုပ်လုပ်ငန်းမှလုပ်သားများဖြင့်ပင်မလုံလောက်တော့ဘဲ ကြှနျုပျတို့လညျးဝိုင်းရ၀န်းရမြဲဖြစ်ပါလေတော့၏။
စာအုပ်ဖြန့်ပြီးနောက်နေ့မှစ၍ ကြှနျုပျပွုလုပျရသောအလုပ်မှာ အထက်ကဆိုခဲ့သော စာအုပ်ဆိုင်များမှပေးလိုက်သည့်ဘောက်ချာစာရွက်ကလေးများကိုအထပ်လိုက် လွယ်အိတ်ထဲတွင်ထည့်လျက် တစ်ဆိုင်၀င်တစ်ဆိုင်ထွက်ခြေတိုမတတ်တစ်နေကုန်စာအုပ်ဖိုးများ လိုက်တောင်းရသောအလုပ်ဖြစ်ပါလေတော့၏။
အင်အားစိုက်ရသောအလုပ်မဟုတ်စေကာမူ နံနက် ၉ နာရီခန့်မှ ညနေစောင်းအထိတောက်လျှောက်တစ်လမ်း၀င်တစ်လမ်းထွက် တတောက်တောက်သွားနေရသောအလုပ်ဖြစ်ပါလေတော့၏။
တောင်း၍ရလာသောစာအုပ်ဖိုးများကို အလုပ်ရှင်ထံစာရင်းနှင့်တစ်ကွပြန်အပ်ပြီးမှ အိမ်သို့ပြန်ရ၏။ ထိုသည်မှာ နောက်ထပ်စာအုပ်အသစ်ထွက်သည့်ရက်အထိ နေ့စဉ်ပြုလုပ်ရခြင်းဖြစ်လေ၏။
စာအုပ်အသစ်ထွက်ခါနီးတွင်မူ စာအုပ်ဖိုးငွေလိုက်တောင်းခြင်းနှင့်အတူရောင်း၍မကုန်သောစာအုပ်များကိုပါပြန်သိမ်းရလေ၏။ ဟိုဆိုင်က ၅ အုပ်၊ ဒီဆိုင်က အုပ် ၂၀ စသည်ဖြင့် ဆိုင်များစုလိုက်သောအခါ ဆန်တစ်အိတ်ခန့်ပမာဏစာအုပ်စည်းကြီးကိုပါ တောက်လျောက်ထမ်းနေ၊ သယ်နေရခြင်းဖြစ်လေတော့၏။
ကြှနျုပျသညျညနေစောင်းများ၌ ဗိုက်ပူဟုခေါ်သောဘတ်စ်ကားကြီးများကိုခြေနင်းခုံပေါ်မှတွယ်၍စီးကာ အိမ်သို့ပြန်ရ၏။ တစ်နေ့ကုန်ဗိုက်ဆာနေသမျှမနက်ပိုင်းကချန်ထားခဲ့သော ပုရွက်ဆိတ် တက်နေတတ်သည့်ထမင်းကျန်တစ်၀က်၊ ကြက်ဥပြုတ်တစ်ခြမ်းတို့ဖြင့်ညစာပွဲတော်ကိုတည်ရလေ၏။
ကြှနျုပျသညျဇွဲလုံ့လကြီးစွာဖြင့် ရေကုန်ရေခမ်းကြိုးစားနေသော်လည်း ဘ၀မှာ မပြောင်ရောင်လာသည့်အပြင်ပို၍ပို၍ပင်မွဲမှောင်လာနေခဲ့လေ၏။
တစ်နေ့တွင်ကြှနျုပျသညျ အိမ်မှနာရီ၀က်ခန့်စောပြီးထွက်လာကာ ဆူးလေဘုရားသို့တက်သွားပြီးဘုရားရှိခိုးလေ၏။ ပြန်ဆင်းခါနီးတွင် အသက် ၇၀ နှစ်နီးပါးခန့်ရှိပြီဟုထင်ရသောယောဂီအညိုရောင်၀တ်ဆင်ထားသည့် အဘွားကြီးတစ်ဦးသည် ကြှနျုပျအနီးသို့ရောက်လာပြီး လူလေးရေ အမေ့ကိုတစ်ခု ကူညီပါကွယ် ဟုပြောလေရာ ကြှနျုပျကလညျး ဘာများကူညီရမှာပါလဲခင်ဗျ
အဘွားကြီးက သွားမရှိတော့သောပါးများခွက်၀င်သည်အထိပြုံးလေ၏။ ထို့နောက်တွင်မှ ထမင်းက၀သှားမှာပါကှယျ။ ဒီနေ့မှတိုက်တိုက်ဆိုင်ဆိုင် ဘုရားပေါ်မှာ သီလရှင်ဆရာလေးတွေမတွေ့မိဘူးဖြစ်နေတယ် ဟောဒါလေးတွေကို သီလရှင်လေးတွေဆီလှူပေးပါလားကွယ်။ အမေကအခုအဓိဋ္ဌာန်ပုတီးအချိန်နဲ့စိပ်ရမှာမို့ပါကွယ် ဟုပြောပြောဆိုဆို တစ်ထွာခန့်ပုလင်းလေး ၃ လုံးနှင့်ပရုတ်ဆီ ၁ ပုလင်းကိုလှမ်း၍ပေးလေ၏။ ကြှနျုပျလည်းဘုမသိဘမသိဖြင့် ယူထားလိုက်မိလေ၏။
အဘွားကြီးသည် သူ၏လွယ်အိတ်အတွင်းမှ ပုတီးကြီးကိုတုန်ချိတုန်ချိလက်အစုံဖြင့် ထုတ်ယူ နေရင်းမှ ဒီလိုကွယ် ဒီနေ့ကလပြည့်နေ့လေ။ လူလေးမှတ်ထား။ လပြည့်နေ့ရောက်တိုင်း သင့်တော်ရာပုလင်းလေးတစ်လုံးထဲမှာ ဆန်ထည့်၊ အဲသလိုပဲဆီတစ်ပုလင်း၊ ဆားတစ်ပုလင်းလည်းထည့်၊ ပြီးတော့ သင့်တော်ရာဆေးတစ်ပုလင်းနဲ့အတူ အဲဒီပုလင်း ၄ လုံးကိုလင်ပန်းလေးတစ်ချပ်မှာတင်ပြီး အိမ်ကဘုရားမှာပဲလှူရတယ်ကွယ့်။
၁ လပြည့်တဲ့လပြည့်နေ့ရောက်ရင် ဘုရားဆီကပြန်စွန့်ပြီး သီလရှင်လေးတွေကို လှူလိုက်ကွယ့်။ ပုလင်းဆိုတာန၀င်းကွယ့်၊ လင်ပန်းဆိုတာန၀င်းကွယ့်၊ လပြည့်ဆိုတာန၀င်းကွယ့်၊ ပြည့်ဝသောနိမိတ်ကွယ့်။ ဆန်ဆီဆေးဆားဆိုတာတွေက လူတွေရဲ့မရှိမဖြစ်အဓိကအခြေခံအရာတွေကွယ့်။
အဲဒီကုသိုလ်လေး လစဉ်ပုံမှန်လုပ်ပေး။ ငါ့သားထမင်း၀ရုံမျှမက လိုအပ်နေတဲ့ သတ္တဝါတွေကိုပါကယ်ပံ့နိုင်လာပါလိမ့်မယ်၊ ဝိဇ္ဇာဝပြောအလှူတော်ပေါ့ကွယ်ဟု လိုရင်တိုရှင်းပြော၍ ဘုရား၀တ်ပြုကာပုတီးစိပ်နေပါလေတော့၏။
ကြှနျုပျလညျးထိုအဘွားကြီးမှာကြားသည့်အတိုင်း ဆန်ဆီဆေးဆားပုလင်းလေးများကို သီလရှင်လေးများအားလှူလိုက်၏။ မှတ်ချက်။။ သီလရှင်ကိုလှူရန်အခက်အခဲရှိသော် သင့်တော်သလိုပြန်လှူနိုင်ပါသည်။ အချိန်အတိအကျပြုလုပ်လိုပါသော် လပြည့်နေ့မနက် ၉ နာရီသို့မဟုတ် ၉ နာရီ ၄၅ မိနစ်တွင်လှူနိုင်ပါသည်
မိမိကိုယ်တိုင်လည်းမှတ်မှတ်သားသား ဂရုစိုက်လျက် လပြည့်နေ့တိုင်းထိုဝိဇ္ဇာဝပြောအလှူကလေးကို စဉ်ဆက်မပြတ်ပြုလုပ်ခဲ့သည်ဖြစ်ရာ အလုပ်များပင်ပမ်းရကျိုးနပ်လာသည့်အပြင် ကံတရားအခွင့်အလမ်းကောင်းများလည်း ဆင့်ကာ ဆင့်ကာ ပေါ်ပေါက်လာခဲ့ပြီဖြစ်ပါသည်။
ကြက်ဥပြုတ်ကလေးတစ်လုံးကို မနက်တစ်ခြမ်း၊ ညတစ်ခြမ်းခွဲတမ်းချပြီး စားခဲ့ရသောကြှနျုပျသည် ယခုအခါ သူဌေးကြီးမဖြစ်သေးသော်လည်း ယခုစာဖတ်နေသူမိတ်ဆွေများအနေနှင့် ကြှနျုပျထံ ထမင်းလာစားကြမည်ဆိုပါလျှင်မူ ဧည့်၀တ်ကျေပွန်ရန်အပမ်းမကြီးလှကြောင်းပါခင်ဗျား။
Credit ဇင်ယော်နီ
ပိုက်ဆံအလႉခံမွာဆိုရင်ေတာ့ ၾကႇန်ေတာ်ကေတာင်ပြန်ပြီးအလႉခံရလိမ်႕မယ်အမေရေ။ ၾကႇန်ေတာ်႕ဟာၾကႇန်ေတာ်ေတာင် ထမင်းကဝခငြၾတာမဟုတ်ဘူးဟုပြန်ေပြာလိုက်မိေလ၏။
crd ဇင်ယော်နီ
Leave a Comment