လူအိုရုံ အပို့ခံလိုက်ရတဲ့ အမေအိုကြီးတစ်ယောက်ရဲ့ ရင်နင့်ဖွယ်ရာ အဖြစ်အပျက်လေး

“အမေဆိုတာ သားသမီးအတွက်သေခါနီးအချိန်ထိ စိုးရိမ်ပူပန် နေတတ်ပါတယ်”

လူရွယ်တစ်ယောက်ဟာ သူ့အဖေဆုံးသွားတော့ သူ့အမေအိုကို အိမ်မှာ မထားချင်တာနဲ့ လူအိုရုံကို ပိုထားလိုက်တယ်။

တစ်လမှာ တစ်ခါလောက်တော့ အမေကို သွားကြည့်တယ်။ တစ်ရက်မှာ လူအိုရုံကနေသူ့ဆီကိုဖုန်းဆက်လာတယ်။

သူ့အမေဟာ အပျင်းဖျားပြီး သေမလို ဖြစ်နေတယ်။ ချက်ချင်းလာပါတဲ့။

သူလည်း သူ့အလုပ်ကို ရပ်လိုက်ပြီး လူအိုရုံကို တက်စီကားငှားပြီး သွားလိုက်တယ်။

သူရောက်သွားတော့ အမေဟာ ကုတင်ပေါ်မှာ အမောဖောက်ပြီး သေခါနီး ဖြစ်နေပြီ။

သူက အမေ့ပါးနားကို ကပ်ပြီး “ကျွန်တော် ဘာလုပ်ပေးရမလဲအမေ”လို့ မေးလိုက်တယ်။

အမေဟာ မျက်လုံးပွင့်လာပြီး ခုလိုစကားကို မောနေတဲ့ကြားက အားတင်းပြီး ပြောလိုက်တယ်။ “လူအိုရုံမှာ ပန်ကာတွေ ဝယ်ပြီး လှူပေးပါ။

နောက်ပြီးရေခဲသေတ္တာတစ်လုံးလည်း လှူပေးပါ။ညဆာတဲ့အခါ စားဖို့ အစားအသောက်တွေ ထည့်ထားဖို့ပါ”

လူရွယ်ဟာ အမေ့စကားကြောင့် အတော့်ကို အံ့အားသင့်သွားပြီး ခုလို မေးလိုက်ပြန်တယ်။

“အမေ ဒီမှာ နေတာ ကြာနေပြီ။ ဒါမျိုးလိုချင်တယ်လို့ အမေ ကျွန်တော့်ကို တစ်ခါမှ မပြောဖူးခဲ့ပါဘူး။

အခု အမေ့မှာ နေရဖို့ နာရီပိုင်းလေးပဲကျန်တော့မှ ဘာကြောင့် ဒါတွေ လိုချင်ရတာလဲ အမေရာ”အမေက ခုလို တိုးတိုးလေး ပြန်ဖြေလိုက်တယ်။

“ဟုတ်ပါတယ် သားရယ်။ အမေလေ ဒီမှာ နေစဉ်တလျှောက်လုံးမှာ ပူအိုက်တာတွေ၊ စားစရာမရှိလို့ ဗိုက်ဆာတာတွေ၊ နာကျင်တာတွေကို ခံနိုင်ခဲ့ပါတယ်။

အမေ အခု ပြောတာတွေဟာ အမေ့အတွက် မဟုတ်ပါဘူးကွယ်။မင်းအသက်ကြီးလာရင် မင်းကလေးတွေ မင်းကို လူအိုရုံမှာ လာပို့ထားတဲ့အခါ

အဲဒီဒဏ်တွေကို မင်း မခံနိုင်မှာ စိုးလို့ မင်းအတွက်ပါကွယ်”အမေဆိုတာ သားသမီးအတွက် သေခါနီးအချိန်ထိ စိုးရိမ်ပူပန်နေတတ်ပါတယ်။

အမေ့ကျေးဇူးကိုမမေ့ကြပါနဲ့ လို့ သတိပေးရင်း ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်ကြီးကျန်းမာချမ်းသာကြပါစေ…။

Credit

Zawgyi

“အေမဆိုတာ သားသမီးအတြက္ေသခါနီးအခ်ိန္ထိ စိုးရိမ္ပူပန္ ေနတတ္ပါတယ္”

လူ႐ြယ္တစ္ေယာက္ဟာ သူ႔အေဖဆုံးသြားေတာ့ သူ႔အေမအိုကို အိမ္မွာ မထားခ်င္တာနဲ႔ လူအို႐ုံကို ပိုထားလိုက္တယ္။

တစ္လမွာ တစ္ခါေလာက္ေတာ့ အေမကို သြားၾကည့္တယ္။ တစ္ရက္မွာ လူအို႐ုံကေနသူ႔ဆီကိုဖုန္းဆက္လာတယ္။

သူ႔အေမဟာ အပ်င္းဖ်ားၿပီး ေသမလို ျဖစ္ေနတယ္။ ခ်က္ခ်င္းလာပါတဲ့။

သူလည္း သူ႔အလုပ္ကို ရပ္လိုက္ၿပီး လူအို႐ုံကို တက္စီကားငွားၿပီး သြားလိုက္တယ္။

သူေရာက္သြားေတာ့ အေမဟာ ကုတင္ေပၚမွာ အေမာေဖာက္ၿပီး ေသခါနီး ျဖစ္ေနၿပီ။

သူက အေမ့ပါးနားကို ကပ္ၿပီး “ကြၽန္ေတာ္ ဘာလုပ္ေပးရမလဲအေမ”လို႔ ေမးလိုက္တယ္။

အေမဟာ မ်က္လုံးပြင့္လာၿပီး ခုလိုစကားကို ေမာေနတဲ့ၾကားက အားတင္းၿပီး ေျပာလိုက္တယ္။ “လူအို႐ုံမွာ ပန္ကာေတြ ဝယ္ၿပီး လႉေပးပါ။

ေနာက္ၿပီးေရခဲေသတၱာတစ္လုံးလည္း လႉေပးပါ။ညဆာတဲ့အခါ စားဖို႔ အစားအေသာက္ေတြ ထည့္ထားဖို႔ပါ”

လူ႐ြယ္ဟာ အေမ့စကားေၾကာင့္ အေတာ့္ကို အံ့အားသင့္သြားၿပီး ခုလို ေမးလိုက္ျပန္တယ္။

“အေမ ဒီမွာ ေနတာ ၾကာေနၿပီ။ ဒါမ်ိဳးလိုခ်င္တယ္လို႔ အေမ ကြၽန္ေတာ့္ကို တစ္ခါမွ မေျပာဖူးခဲ့ပါဘူး။

အခု အေမ့မွာ ေနရဖို႔ နာရီပိုင္းေလးပဲက်န္ေတာ့မွ ဘာေၾကာင့္ ဒါေတြ လိုခ်င္ရတာလဲ အေမရာ”အေမက ခုလို တိုးတိုးေလး ျပန္ေျဖလိုက္တယ္။

“ဟုတ္ပါတယ္ သားရယ္။ အေမေလ ဒီမွာ ေနစဥ္တေလွ်ာက္လုံးမွာ ပူအိုက္တာေတြ၊ စားစရာမရွိလို႔ ဗိုက္ဆာတာေတြ၊ နာက်င္တာေတြကို ခံႏိုင္ခဲ့ပါတယ္။

အေမ အခု ေျပာတာေတြဟာ အေမ့အတြက္ မဟုတ္ပါဘူးကြယ္။မင္းအသက္ႀကီးလာရင္ မင္းကေလးေတြ မင္းကို လူအို႐ုံမွာ လာပို႔ထားတဲ့အခါ

အဲဒီဒဏ္ေတြကို မင္း မခံႏိုင္မွာ စိုးလို႔ မင္းအတြက္ပါကြယ္”အေမဆိုတာ သားသမီးအတြက္ ေသခါနီးအခ်ိန္ထိ စိုးရိမ္ပူပန္ေနတတ္ပါတယ္။

အေမ့ေက်းဇူးကိုမေမ့ၾကပါနဲ႔ လို႔ သတိေပးရင္း ဖတ္ရႈေပးၾကတဲ့ ပရိတ္သတ္ႀကီးက်န္းမာခ်မ္းသာၾကပါေစ…။

Credit

Leave a Comment