ကားစပယ်ယာ ဘဝကနေ ဝိန့်စိန် ရွှေဆိုင်ပိုင်ရှင် ဘဝရောက်အောင် ကြိုးစားခဲ့သူ ဦးဝင်းစိန်ရဲ့ ဘဝဇာတ်ကြောင်း

အဖိုးရဲ့ငယ်ဘဝလေးက တော်တော်လေးမကောင်းခဲ့ရှာဘူး ထမင်းတလုတ်တောင် မစားခဲ့ရတဲ့နေ့တွေ မရေမတွက်နိုင်အောင်ပဲတဲ့…အဖိုးအိမ်ကထွက်လာတော့အသက် ၁၆နှစ်၊ ပထမဆုံးအလုပ်က မန္တလေးကနေ ရှမ်းပြည်သွားတဲ့ဘက်သွားတဲ့ကားမှာ ကားစပယ်ယာလုပ်တာ၊ အရမ်းအေးတဲ့ဆောင်းတွင်းတွေမှာ အနွေးထည်တထည်တောင်ကောင်းကောင်းမသုံးနိုင်ခဲ့တဲ့သူ၊ကျွန်မတို့သီပေါသွားမယ်ပြောတော့ သူက သူမလိုက်ချင်ဘူးတဲ့ သူအခါခါအလီလီ သွားခဲ့ဖူးတဲ့နေရာ သူအဲ့နေရာရဲ့ အအေးဓာတ်ကို သူပြန်မခံစားချင်ဘူးတဲ့၊ နောက်တော့သူရန်ကုန်တက်တယ်၊ သူ့ဦလေးတယောက်ရဲ့အကူညီနဲ့ တိုက်စန်းရွှေဆိုင်မှာ ပန်းထိမ်ဝင်လုပ်တယ်၊ ၁၀ နှစ်လောက်ကြာသွားတယ်၊သူ့လုပ်ဖော်ကိုင်ဖက်တွေက သူ့မှာမိဘဆွေမျိုးသားချင်း မရှိဘူးလို့တောင်သူ့ကိုထင်တယ် ။


သူ့မိဘတွေက ဆင်းရဲ့လွန်းလို့ သူ့ဆီလာစရာ ကားခမရှိဘူး၊ သူမှာလည်းရသမျှ ကျစ်ကျစ်ပါအောင်စု့ပြီး အမေရယ် အမရယ်ကိုထောက်ပံ့တယ်၊ အဖိုးကကြိုးစားတယ် ရိုးသားတယ်၊ အဲ့ဒါကြောင့် အဖိုးရဲ့ဆရာက ပဲခူးသူလေး ဒေါ်ရိမ်နဲ့ အောင်သွယ်ပေးပြီး မိဘနေရာကနေ နေရာချပေးခဲ့တယ်၊သူ့မှာ စီးကရက်ဘူးတဘူးစာ ရွှေလေးစုမိထားတယ်၊ သူအိမ်ထောင်ပြု့ပြီး မန္တလေးကိုဆင်းလာတယ်၊သူတတ်တဲ့ပညာလေးနဲ့စီးပွားရှာဖို့၊ အဖိုးက စာသေချာမသင်ခဲ့ ရရှာဘူး ဒါပေမယ့်သူနားလည်တာတခုရှိတယ်၊ မှန်မှန်ကန်ကန်နဲ့ဖြေးဖြေးသာသွား သူတနေ့အောင်မြင်မယ်ဆိုတာပဲ၊ ဝိန့်စိန်က ဆိုင်လေးစဖွင့်တော့ ဆိုင်ကြီးတွေအလျှင်မြန်မလုပ်ပေးနိုင်တဲ့ အရေးပေါ်အထည်လေးတွေနဲ့စခဲ့တယ်၊ညတွင်းချင်းလက်စွပ်ပြီးအောင်လုပ်ပေးတာတို့ ပြင်ထည်လေးတွေတို့နဲ့ပေါ့။


အဖိုးရဲ့စေတနာ လက်ရာ ပညာကြောင့် ဝိန့်စိန်ဟာ တဖြည် းဖြည်းလူသိများလာတယ်၊ ၁၀ ပေ x ပေ ၂၀ အခန်းလေးမှာ မိသားစု့ ၅ ယောက်နေရာကနေ ပိုကြီးတဲ့အခန်းလေးပြောင်းလာနိုင်တယ်၊ အဲ့ကနေ ပိုက်ဆံစု့ အိမ်လေးဝယ်လာနိုင်တယ်၊အဖိုးရဲ့ ပထမဆုံးအိမ်လေးက အခု့ဆိုင်အမှတ် ၁ ဖွင့်ထားတဲ့ ၂၈လမ်း x ၈၄ လမ်းထောင့်ကအိမ်၊ သူ့မိသားစု့လေးအတွက်အိမ်။သူ့ရဲ့လက်သုံးစကားလေးဖြစ်တဲ့ မှန်မှန်ကန်ကန်လုပ်ကလေးကို လက်ကိုင်ထားပြီးတော့ ရွှေဆိုင်လောကမှာ ရောင်းဈေးဝယ်ဈေးကို ပထမဆုံး ရွှေဈေးကို တရားဝင်ရေးပြီးရောင်းတဲ့ ဆိုင်လေးဖြစ်လာတယ်၊ ရောင်းရင်ဘယ်ဈေးရမယ် ဝယ်ရင် ဘယ်ဈေးပေးရမယ်ဆိုတာ မေးစရာမလို ဆိုင်ထဲဝင်လိုက်တာနဲ့ ပွင့်လင်းမြင်သာစွာရေးထားတယ်၊ဝိန့်စိန်က ဒါကြောင့်ယုံကြည်မှု့ပိုရခဲ့တယ်။


ဦးကျားကြီးဝင်း မီးလောင်ခဲ့စဉ်ကလည်း အဖိုးက သူ့ဆီအပ်ထားတဲ့ ရွှေငွေလက်ဝတ်ရတနာတွေကို တခု့မကျန်ပြန်ပေးလို့ဆိုပြီး .. ရန်သူမျိုး ၅ ပါးရန်ကြောင့်ပျက်စီးသွားတာတွေတောင် ပြန်ပေးတယ်ဆိုပြီး ဝိန့်စိန်က နာမည်တက်ခဲ့ပြန်တယ်။ တဖြေးဖြေးနဲ့ ဝိန့်စိန်က ပိုပိုပြီးအောင်မြင်လာတယ်။အဖေအိမ်ထောင်ကျတော့ အဖိုးက လုပ်ငန်းကို အဖေ့ကို ဦးစီးစေခဲ့ပြီး သူက အကြံပေးနေရာမှာနေပြီး အဖေ့ကိုလမ်းညွှန်ခဲ့တယ်။ အဖိုးက အမြဲတမ်းလိုလို ဆိုင်ထိုင်တယ်။ ဈေးဝယ်တွေနဲ့စကားပြောတယ်။ သူကအမြဲအမှန်အတိုင်းပဲ အကြံတွေပေးတတ်သလို မဟုတ်မမှန် စွပ်စွဲရင်လည်း စိတ်ကြီးတတ်တယ်။


အဖိုးကလူဖြောင့်စိတ်တို။ တခါတလေရွှေဈေး တက်နေချိန် ဈေးဝယ်တွေလာဝယ်ရင် အဖိုးက အခု့ချိန်မဝယ်နဲ့ မြေဝယ် ဈေးပြန်ကျမှ ရွှေဝယ်တို့ဘာတို့ပြောတာ။ တခါတလေအဖိုးကို အဲ့လိုတွေမပြောပါနဲ့ ပြောယူရတယ်။ဆိုင်ကရွှေကို မကောင်းဘူးဘာဘူးပြောရင်လည်း သိပ်စိတ်တိုတာ၊ လူများဆီက မတရားသဖြင့် တပြားတချပ်တောင်မယူခဲ့ဘူးဆိုပြီး သူစိတ်တိုတတ်တယ်။ သူကကျွန်မတို့ကို သိပ်ပြီး ပညာတတ်ကြီးတွေဖြစ်စေချင်တာ။ သူ့မှာကျွန်မတို့က ဘယ်လိုနိုင်ငံခြားတွေမှာ စာသွားသင်ခဲ့တာ။ဘာတွေလုပ်နိုင်တာဆိုတာကို သူသိပ်ဂုဏ်ယူတာ။ ငယ်ငယ်ကတည်းက ကျောင်းတွေဆိုသူကိုယ်တိုင်ပို့ သူကိုယ်တိုင်ကြိုတာ။ မနက် ၆ နာရီ တရုတ်ကျောင်းပို့တာကနေစပြီး ည ၉ နာရီ ကျူရှင်ပြီးတဲ့အထိ သူ့ရဲ့ ပထမဆုံးကားဖြစ်တဲ့ ဂျစ်ကားကြီးနဲ့အပို့အကြိုလုပ်တာ။


ဂျစ်ကားစီးရတာကို သိပ်ရှက်ခဲ့တာ တော်တော်ဟောင်းနေပြီကို ဒါပေမယ့်အဖိုးအတွက်တော့ ဒီကားလေးက သူ့ကို မီးဘေးကကယ်ခဲ့တဲ့ ကားလေး သူ့သား ၁၀ တန်းအောင်လို့ အမှတ်တရပေးခဲ့တဲ့ ကားလေးဖြစ်လို့ အဲ့ကားလေးကို မရောင်းရက်ခဲ့ဘူး အဖိုးကအမြဲပြောတယ်။မရှိတဲ့ဒု့က္ခကိုသူကောင်းကောင်းနားလည်တယ်။ မရှိမှာ သူသိပ်ကြောက်တယ်တဲ့။ သူနားလည်တာနဲ့အမျှ သူကိုယ်ချင်းစာစိတ်အပြည့်နဲ့ မိဘမဲ့ကျောင်းတွေလှူတယ် လူအိုရုံတွေဆောက်ပေးတယ်။သူစာမသင်ခဲ့ရသမျှ လူများတွေ စာတတ်အောင် ဘကကျောင်းတွေဆောက်တယ်။ စာသင်ကျောင်းတွေလှူတယ်။ ဆေးရုံသုံးပစ္စည်းတွေ စက်တွေအကုန်လှူတယ်။ မျက်စိဆေးရုံမှာလည်း ရာသက်ပန်လူနာမှတ်တမ်းစာအုပ် အလှူလေးလုပ်ထားတယ်။


အဖိုးကအဖွားကို သိပ်ချစ်တာ အဖွားက ၁ ဆို သူ ၂ မလုပ်ဘူး။ သူ့ဘေးနားမှာနေပြီး အခက်ခဲမှန်သမျှကို သူနဲ့အတူရင်ဆိုင်ပေးခဲ့လို့ သူဒီဘဝရောက်ရတာတဲ့ ကျွန်မတို့ အဘိုးကိုအမြဲနောက်နေကျစကားရှိတယ်။“ဦးဝင်းစိန်ရဲ့ဘဝမှာ ဒေါ်ရိမ်သာ ၁ ဒေါ်ရိမ်သာ ၂ ဒေါ်ရိမ်သာ ၁ ကနေ ၁၀ထိပဲလို့ ” အဖိုးကအဲ့လိုသံယောဇဉ်ကြီးတဲ့သူ။ စည်းကမ်းကြီးတဲ့သူ။ ကျွန်မအဖိုးဆီက အကြိုက်ဆုံးစကားကိုပြောပါဆိုရင် အဖေငယ်ငယ်က ဥပုဒ်နေ့ နားမယ် အလုပ်မလုပ်ဘူးပြောတော့ အဖိုးက “အဲ့ဆိုမင်းဥပုဒ်နေ့ဆို ထမင်းမစားဘူးပေါ့?” ဆိုပြီးပြန်ပြောတာပဲ။ဒါကျွန်မသိပ်လေးစား သိပ်မြတ်နိုးချစ်ခင်ရတဲ့ ဝိန့်စိန်ကို အုပ်တချပ်သဲတပွင့်ကနေ စတည်ထောင်ခဲ့သူ ဖိုးဖိုးဦးဝင်းစိန်ရဲ့အကြောင်းပါ။ (ကျွန်မတို့အိမ်မှာ ပုံထဲကအတိုင်း ထမင်းစားတာ သိပ်ရှားတာနော်။ မွေးနေ့မလို့။တနေ့ အရွက် ၂ မျိုး အသား ၂ မျိုး ဟင်းရည်ပဲ။ မကုန်တာတွေ ပိုနေတာတွေကို အဖိုးရောအဖွားရောက သိပ်မုန်းတာ လိုသလောက်ပဲချက်စားစေချင်တာ)

Zawgyi

အဖိုးရဲ႕ငယ္ဘဝေလးက ေတာ္ေတာ္ေလးမေကာင္းခဲ့ရွာဘူး ထမင္းတလုတ္ေတာင္ မစားခဲ့ရတဲ့ေန႔ေတြ မေရမတြက္ႏိုင္ေအာင္ပဲတဲ့…အဖိုးအိမ္ကထြက္လာေတာ့အသက္ ၁၆ႏွစ္၊ ပထမဆုံးအလုပ္က မႏၲေလးကေန ရွမ္းျပည္သြားတဲ့ဘက္သြားတဲ့ကားမွာ ကားစပယ္ယာလုပ္တာ၊ အရမ္းေအးတဲ့ေဆာင္းတြင္းေတြမွာ အေႏြးထည္တထည္ေတာင္ေကာင္းေကာင္းမသုံးႏိုင္ခဲ့တဲ့သူ၊ကြၽန္မတို႔သီေပါသြားမယ္ေျပာေတာ့ သူက သူမလိုက္ခ်င္ဘူးတဲ့ သူအခါခါအလီလီ သြားခဲ့ဖူးတဲ့ေနရာ သူအဲ့ေနရာရဲ႕ အေအးဓာတ္ကို သူျပန္မခံစားခ်င္ဘူးတဲ့၊ ေနာက္ေတာ့သူရန္ကုန္တက္တယ္၊ သူ႔ဦေလးတေယာက္ရဲ႕အကူညီနဲ႔ တိုက္စန္းေ႐ႊဆိုင္မွာ ပန္းထိမ္ဝင္လုပ္တယ္၊ ၁၀ ႏွစ္ေလာက္ၾကာသြားတယ္၊သူ႔လုပ္ေဖာ္ကိုင္ဖက္ေတြက သူ႔မွာမိဘေဆြမ်ိဳးသားခ်င္း မရွိဘူးလို႔ေတာင္သူ႔ကိုထင္တယ္ ။

သူ႔မိဘေတြက ဆင္းရဲ႕လြန္းလို႔ သူ႔ဆီလာစရာ ကားခမရွိဘူး၊ သူမွာလည္းရသမွ် က်စ္က်စ္ပါေအာင္စု႔ၿပီး အေမရယ္ အမရယ္ကိုေထာက္ပံ့တယ္၊ အဖိုးကႀကိဳးစားတယ္ ႐ိုးသားတယ္၊ အဲ့ဒါေၾကာင့္ အဖိုးရဲ႕ဆရာက ပဲခူးသူေလး ေဒၚရိမ္နဲ႔ ေအာင္သြယ္ေပးၿပီး မိဘေနရာကေန ေနရာခ်ေပးခဲ့တယ္၊သူ႔မွာ စီးကရက္ဘူးတဘူးစာ ေ႐ႊေလးစုမိထားတယ္၊ သူအိမ္ေထာင္ျပဳ႕ၿပီး မႏၲေလးကိုဆင္းလာတယ္၊သူတတ္တဲ့ပညာေလးနဲ႔စီးပြားရွာဖို႔၊ အဖိုးက စာေသခ်ာမသင္ခဲ့ ရရွာဘူး ဒါေပမယ့္သူနားလည္တာတခုရွိတယ္၊ မွန္မွန္ကန္ကန္နဲ႔ေျဖးေျဖးသာသြား သူတေန႔ေအာင္ျမင္မယ္ဆိုတာပဲ၊ ဝိန႔္စိန္က ဆိုင္ေလးစဖြင့္ေတာ့ ဆိုင္ႀကီးေတြအလွ်င္ျမန္မလုပ္ေပးႏိုင္တဲ့ အေရးေပၚအထည္ေလးေတြနဲ႔စခဲ့တယ္၊ညတြင္းခ်င္းလက္စြပ္ၿပီးေအာင္လုပ္ေပးတာတို႔ ျပင္ထည္ေလးေတြတို႔နဲ႔ေပါ့။

အဖိုးရဲ႕ေစတနာ လက္ရာ ပညာေၾကာင့္ ဝိန႔္စိန္ဟာ တျဖည္ းျဖည္းလူသိမ်ားလာတယ္၊ ၁၀ ေပ x ေပ ၂၀ အခန္းေလးမွာ မိသားစု႔ ၅ ေယာက္ေနရာကေန ပိုႀကီးတဲ့အခန္းေလးေျပာင္းလာႏိုင္တယ္၊ အဲ့ကေန ပိုက္ဆံစု႔ အိမ္ေလးဝယ္လာႏိုင္တယ္၊အဖိုးရဲ႕ ပထမဆုံးအိမ္ေလးက အခု႔ဆိုင္အမွတ္ ၁ ဖြင့္ထားတဲ့ ၂၈လမ္း x ၈၄ လမ္းေထာင့္ကအိမ္၊ သူ႔မိသားစု႔ေလးအတြက္အိမ္။သူ႔ရဲ႕လက္သုံးစကားေလးျဖစ္တဲ့ မွန္မွန္ကန္ကန္လုပ္ကေလးကို လက္ကိုင္ထားၿပီးေတာ့ ေ႐ႊဆိုင္ေလာကမွာ ေရာင္းေဈးဝယ္ေဈးကို ပထမဆုံး ေ႐ႊေဈးကို တရားဝင္ေရးၿပီးေရာင္းတဲ့ ဆိုင္ေလးျဖစ္လာတယ္၊ ေရာင္းရင္ဘယ္ေဈးရမယ္ ဝယ္ရင္ ဘယ္ေဈးေပးရမယ္ဆိုတာ ေမးစရာမလို ဆိုင္ထဲဝင္လိုက္တာနဲ႔ ပြင့္လင္းျမင္သာစြာေရးထားတယ္၊ဝိန႔္စိန္က ဒါေၾကာင့္ယုံၾကည္မႈ႕ပိုရခဲ့တယ္။

ဦးက်ားႀကီးဝင္း မီးေလာင္ခဲ့စဥ္ကလည္း အဖိုးက သူ႔ဆီအပ္ထားတဲ့ ေ႐ႊေငြလက္ဝတ္ရတနာေတြကို တခု႔မက်န္ျပန္ေပးလို႔ဆိုၿပီး .. ရန္သူမ်ိဳး ၅ ပါးရန္ေၾကာင့္ပ်က္စီးသြားတာေတြေတာင္ ျပန္ေပးတယ္ဆိုၿပီး ဝိန႔္စိန္က နာမည္တက္ခဲ့ျပန္တယ္။ တေျဖးေျဖးနဲ႔ ဝိန႔္စိန္က ပိုပိုၿပီးေအာင္ျမင္လာတယ္။အေဖအိမ္ေထာင္က်ေတာ့ အဖိုးက လုပ္ငန္းကို အေဖ့ကို ဦးစီးေစခဲ့ၿပီး သူက အႀကံေပးေနရာမွာေနၿပီး အေဖ့ကိုလမ္းၫႊန္ခဲ့တယ္။ အဖိုးက အၿမဲတမ္းလိုလို ဆိုင္ထိုင္တယ္။ ေဈးဝယ္ေတြနဲ႔စကားေျပာတယ္။ သူကအၿမဲအမွန္အတိုင္းပဲ အႀကံေတြေပးတတ္သလို မဟုတ္မမွန္ စြပ္စြဲရင္လည္း စိတ္ႀကီးတတ္တယ္။

အဖိုးကလူေျဖာင့္စိတ္တို။ တခါတေလေ႐ႊေဈး တက္ေနခ်ိန္ ေဈးဝယ္ေတြလာဝယ္ရင္ အဖိုးက အခု႔ခ်ိန္မဝယ္နဲ႔ ေျမဝယ္ ေဈးျပန္က်မွ ေ႐ႊဝယ္တို႔ဘာတို႔ေျပာတာ။ တခါတေလအဖိုးကို အဲ့လိုေတြမေျပာပါနဲ႔ ေျပာယူရတယ္။ဆိုင္ကေ႐ႊကို မေကာင္းဘူးဘာဘူးေျပာရင္လည္း သိပ္စိတ္တိုတာ၊ လူမ်ားဆီက မတရားသျဖင့္ တျပားတခ်ပ္ေတာင္မယူခဲ့ဘူးဆိုၿပီး သူစိတ္တိုတတ္တယ္။ သူကကြၽန္မတို႔ကို သိပ္ၿပီး ပညာတတ္ႀကီးေတြျဖစ္ေစခ်င္တာ။ သူ႔မွာကြၽန္မတို႔က ဘယ္လိုႏိုင္ငံျခားေတြမွာ စာသြားသင္ခဲ့တာ။ဘာေတြလုပ္ႏိုင္တာဆိုတာကို သူသိပ္ဂုဏ္ယူတာ။ ငယ္ငယ္ကတည္းက ေက်ာင္းေတြဆိုသူကိုယ္တိုင္ပို႔ သူကိုယ္တိုင္ႀကိဳတာ။ မနက္ ၆ နာရီ တ႐ုတ္ေက်ာင္းပို႔တာကေနစၿပီး ည ၉ နာရီ က်ဴရွင္ၿပီးတဲ့အထိ သူ႔ရဲ႕ ပထမဆုံးကားျဖစ္တဲ့ ဂ်စ္ကားႀကီးနဲ႔အပို႔အႀကိဳလုပ္တာ။

ဂ်စ္ကားစီးရတာကို သိပ္ရွက္ခဲ့တာ ေတာ္ေတာ္ေဟာင္းေနၿပီကို ဒါေပမယ့္အဖိုးအတြက္ေတာ့ ဒီကားေလးက သူ႔ကို မီးေဘးကကယ္ခဲ့တဲ့ ကားေလး သူ႔သား ၁၀ တန္းေအာင္လို႔ အမွတ္တရေပးခဲ့တဲ့ ကားေလးျဖစ္လို႔ အဲ့ကားေလးကို မေရာင္းရက္ခဲ့ဘူး အဖိုးကအၿမဲေျပာတယ္။မရွိတဲ့ဒု႔ကၡကိုသူေကာင္းေကာင္းနားလည္တယ္။ မရွိမွာ သူသိပ္ေၾကာက္တယ္တဲ့။ သူနားလည္တာနဲ႔အမွ် သူကိုယ္ခ်င္းစာစိတ္အျပည့္နဲ႔ မိဘမဲ့ေက်ာင္းေတြလႉတယ္ လူအို႐ုံေတြေဆာက္ေပးတယ္။သူစာမသင္ခဲ့ရသမွ် လူမ်ားေတြ စာတတ္ေအာင္ ဘကေက်ာင္းေတြေဆာက္တယ္။ စာသင္ေက်ာင္းေတြလႉတယ္။ ေဆး႐ုံသုံးပစၥည္းေတြ စက္ေတြအကုန္လႉတယ္။ မ်က္စိေဆး႐ုံမွာလည္း ရာသက္ပန္လူနာမွတ္တမ္းစာအုပ္ အလႉေလးလုပ္ထားတယ္။

အဖိုးကအဖြားကို သိပ္ခ်စ္တာ အဖြားက ၁ ဆို သူ ၂ မလုပ္ဘူး။ သူ႔ေဘးနားမွာေနၿပီး အခက္ခဲမွန္သမွ်ကို သူနဲ႔အတူရင္ဆိုင္ေပးခဲ့လို႔ သူဒီဘဝေရာက္ရတာတဲ့ ကြၽန္မတို႔ အဘိုးကိုအၿမဲေနာက္ေနက်စကားရွိတယ္။“ဦးဝင္းစိန္ရဲ႕ဘဝမွာ ေဒၚရိမ္သာ ၁ ေဒၚရိမ္သာ ၂ ေဒၚရိမ္သာ ၁ ကေန ၁၀ထိပဲလို႔ ” အဖိုးကအဲ့လိုသံေယာဇဥ္ႀကီးတဲ့သူ။ စည္းကမ္းႀကီးတဲ့သူ။ ကြၽန္မအဖိုးဆီက အႀကိဳက္ဆုံးစကားကိုေျပာပါဆိုရင္ အေဖငယ္ငယ္က ဥပုဒ္ေန႔ နားမယ္ အလုပ္မလုပ္ဘူးေျပာေတာ့ အဖိုးက “အဲ့ဆိုမင္းဥပုဒ္ေန႔ဆို ထမင္းမစားဘူးေပါ့?” ဆိုၿပီးျပန္ေျပာတာပဲ။ဒါကြၽန္မသိပ္ေလးစား သိပ္ျမတ္ႏိုးခ်စ္ခင္ရတဲ့ ဝိန႔္စိန္ကို အုပ္တခ်ပ္သဲတပြင့္ကေန စတည္ေထာင္ခဲ့သူ ဖိုးဖိုးဦးဝင္းစိန္ရဲ႕အေၾကာင္းပါ။ (ကြၽန္မတို႔အိမ္မွာ ပုံထဲကအတိုင္း ထမင္းစားတာ သိပ္ရွားတာေနာ္။ ေမြးေန႔မလို႔။တေန႔ အ႐ြက္ ၂ မ်ိဳး အသား ၂ မ်ိဳး ဟင္းရည္ပဲ။ မကုန္တာေတြ ပိုေနတာေတြကို အဖိုးေရာအဖြားေရာက သိပ္မုန္းတာ လိုသေလာက္ပဲခ်က္စားေစခ်င္တာ)

Leave a Comment