လူနက္ခတ်၊ နတ်နက္ခတ်၊ ဘီလူးနက္ခတ် တို့၏ စရိုက်လက္ခဏာများ

လူနက္ခတ်၊ နတ်နက္ခတ်၊ ဘီလူးနက္ခတ် တို့၏ စရိုက်လက္ခဏာများ

မိမိတို့၏ မြန်မာမွေးသက္ကရာဇ်ကို ၃ နဲ့စား၊ ၁ ကြွင်းလျှင် နတ်နက္ခတ်၊ ၂ ကြွင်းလျှင် လူနက္ခတ်၊ ၀ ကြွင်းလျှင် ဘီလူးနက္ခတ်ဟု သတ်မှတ်ရာ၏။

နတ်နက္ခတ်

ထိုနက္ခတ်ပိုင်ရှင်တို့သည် လူဖြောင့်စိတ်တိုများ ဖြစ်ကြသည်။ မိမိသာ မှန်ပါစေ ငြိမ်ခံလေ့မရှိဘဲ မှန်ရာကို အားမနာတမ်း ပြောဆိုဝံ့သည်။ အပြိုင်အဆိုင်ပြုလုပ်ရခြင်းနှင့် တိုက်ခိုက်ရခြင်းကို ပျော်မွေ့သူဖြစ်သည်။

အပြောအဆို လိမ္မာ သိမ်မွေ့သလောက် စိတ်ဓာတ်ရေးရာမှာ လွန်စွာ မာကြောသူများ ဖြစ်သည်။ တဇွတ်ထိုးလည်း လုပ်ကိုင်တတ်သည်။

သစ္စာနှင့် မေတ္တာ ယှဉ်လာလျှင်တောင် သစ္စာကို ဦးစားပေးသူများ ဖြစ်ပြီး မှန်ကန်မှုကို နှစ်သက်သူများ ဖြစ်သည်။ နတ်နက္ခတ်တို့၏ သဘောမှာ အနေအထိုင် တည်ကြည်ခန့်ငြားသည်။

သို့သော် မကောင်းသောအချက်မှာ တယူသန်စိတ်နှင့် တဇွတ်ထိုး ပြုလုပ်တတ်သော စိတ်ဖြစ်သည်။ ထိုစိတ်ကို ထိန်းချုပ်နိုင်မှသာ မိမိအလိုရှိရာကို လှမ်းကိုင်နိုင်သူများ ဖြစ်လိမ့်မည်။

မိတ်ဆွေအပေါင်းအသင်းမင်သူဖြစ်၍ ထိုသူတို့နှင့်ပတ်သက်လျှင် ကူညီပံ့ပိုးတတ်သည်။ ထို့ကြောင့် အပေါင်းအသင်း ဆရာသမားများ၏ အကူအညီများ မကြာခဏ ရတတ်သည်။ လောဘမကြီးသောသူများ ဖြစ်သော်လည်း လွန်စွာချမ်းသာစိတ်ပြင်းပြသူများ ဖြစ်သည်။ မိမိရှိလျှင်လည်း မနှမြောဘဲ ပေးကမ်းတတ်သူများ ဖြစ်သည်။

သီချင်းသီဆိုမှု၊ ကခုန်မှုများကို နှစ်သက်သည်။ စတိုင်ကျကျ နေထိုင်တတ်သည်။ ကိုယ့်ခြေထောက်ပေါ် မရပ်မချင်း မိဘဆွေမျိုးများထံမှ လိုသမျှကို နားပူနာဆာ ပြုလုပ်တတ်သည်။ အချစ်ရေးတွင်လည်း အပေါင်းအသင်းလောက် မမင်။ ချစ်သူ အိမ်ထောင်ဘက်နှင့် အချိန်တော်တော်များများ အတူမရှိတတ်။ သူငယ်ချင်း အပေါင်းအသင်း နှင့် အပြင်နေရာများတွင် အချိန်ကုန်သည်က များတတ်သည်။

သို့သော် အမှန်တကယ် ချစ်တတ်သူများလည်း ဖြစ်ကြသည်။ မရည်ရွယ်သူများနှင့်လည်း ဖူးစာဆုံလေ့ရှိတတ်ကြသည်။ အပေါင်းအသင်းမင်သူဖြစ်၍ အပေါင်းအသင်းကောင်းလျှင် ကောင်းသလို ကောင်းသည့်ဘက်သို့ရောက်ရှိသွားတတ်ပြီး

မကောင်းလျှင် မကောင်းသကဲ့သို့ မကောင်းမှုဘက်သို့ အားသာသွားတတ်သည်။

စိတ်အရောင်ဆိုးလွယ်သည်။ မိမိရပ်တည်ချက်မှ တခြားသို့ နားယောင်လွယ်သည်။ စိတ်ဓာတ်မာသော်လည်း နားယောင်လွယ်ခြင်းသည် ယုံကြည်လွယ်သည့် အားနည်းချက်ကို ဖြစ်စေသည်။

ထိုနက္ခတ်ပိုင်ရှင်များ လိုက်နာရမည့်အချက်များမှာ

၁။ လူ့အောက်ကျို့ပေါင်းလေ နက်နဲသော ပညာရပ်များ အများမရနိုင်သော အမည်ကောင်းများ ရရှိတတ်သဖြင့် အောက်ကျို့ပေါင်းပါ။

၂။ နားယောင်လွယ် ယုံကြည်လွယ်သူဖြစ်သဖြင့် သူတစ်ပါးကို ယုံကြည်မလွယ်လေ တိုးတက်လေ ဖြစ်သဖြင့် ယုံကြည်မလွယ်ပါနှင့်။

၃။အပေါင်းအသင်းများလျှင် များသည့်အလျောက် အကုန်လုံးကို ပေါင်းသင်းခြင်းမပြုဘဲ ရှောင်သင့်သူရှောင် ပေါင်းသင့်သူပေါင်း မရှောင်နိုင်လျှင်လည်း ကိုယ်ပေါင်းစိတ်ခွာအတိုင်းနေထိုင်ရမည်။

၄။ စိတ်ရှည်သည်းခံပါ။ စိတ်ရှည်သည်းခံခြင်းသည် နတ်နက္ခတ်ပိုင်ရှင်တို့အတွက် ထိပ်ဆုံးသို့ရောက်ရှိမည့်လမ်းပင် ဖြစ်သည်။

လူနက္ခတ်

ထိုနက္ခတ်ပိုင်ရှင်များသည် စကားအပြောအဆို မာသည်။ ပြတ်သားတတ်သည်။ ကွေ့ဝိုက်ပြောရသည်ထက် တည့်တည့် မခြွင်းမချန် ပြောလိုကြသည်။ အပြောမာသော်လည်း စိတ်နှလုံးသိမ်မွေ့သည်။ ကိုယ်ကာယအားဖြင့်လည်း မည်သူ့အပေါ်မှ ရန်ပြုလိုစိတ် မရှိသူများ ဖြစ်သည်။

ဘ၀တွင် သုခနှင့်ဒုက္ခ ယှဉ်လျှင် ဒုက္ခကို ပိုမိုရင်ဆိုင်ရသူများ ဖြစ်သဖြင့် ဘ၀အသိအမြင် ဘ၀အတွေ့အကြုံ များပြားသူများ ဖြစ်သည်။ လက်တွေ့ဆန်သော ဘ၀ကို ဖြတ်သန်းရသူများဖြစ်သဖြင့် စိတ်ကူးယဉ်မှုနည်းပါးသူများဖြစ်ကြသည်။

ဘ၀ပထမ အရွယ်မှစ၍ အခက်အခဲမျိုးစုံကို ကြုံတတ်သူများဖြစ်ပြီး အရွယ်ရလာချိန်တွင် တော်ရုံတန်ရုံကို ခံနိုင်ရည်ရှိသူ စိတ်ထားတတ်သူများဖြစ်နေသည်။

အရာရာကို လေ့လာလိုက်စားလိုစိတ် စူးစမ်းလိုစိတ်ရှိသည်။ ဘ၀တွင်လည်း ပြောင်းလဲခြင်းများစွာ ရှိနေတတ်ပြီး မွေးရပ်မြေမှပြောင်းရွှေ့နေထိုင်ရခြင်း ရုတ်တရက် အိမ်ထောင်ကျခြင်း၊ မိဘများနှင့်ခွဲခွာရခြင်း ညီအစ်ကိုမောင်နှမ ဆွေမျိုးများနှင့် ခွဲခွာရခြင်းများ ကြုံတွေ့ရသူများဖြစ်သည်။

မိမိအပေါ်ကို တင်စီးသောစကား မာန ထောင်လွှားစွာ ပြောဆိုသော စကားများကို အများစုမှာ မခံချင်သူများဖြစ်ပြီး ချက်ချင်းလိုပင် တုံ့ပြန်တတ်သည်။

အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးလိုသည့် စိတ်ရှိသည်။ သူဆိုးလို့ ကိုယ်လိုက်ဆိုးရင် ကိုယ့်ပါ အပြစ်ရှိသူ ဖြစ်သွားတတ်သဖြင့် ထိုအချက်သည် အဓိက အားနည်းချက်ဖြစ်သည်။

ဥာဏ်ရည်ဥာဏ်သွေး ကောင်းသောသူများလည်း ဖြစ်ပြီး ဘဝပေးပညာကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်သောသူများလည်း ဖြစ်သည်။ ထူးခြားချက်မှာ အကျဉ်းအကြပ်ထဲတွင်ပင် အခွင့်အလမ်းကို ရအောင် ရှာဖွေတတ်ကြသည်။

အကြောင်းအရာတစ်ခုခုကို အမြဲတစေ စဉ်းစားနေတတ်သည်။ မိမွေ ဖမွေထက် ကိုယ့်ဒူးကိုယ်ချွန်လိုသူများ ဖြစ်ပြီး ဘဝပေးအရလည်း ထိုကဲ့သို့ ပုံစံမျိုးသာ ဖြစ်လာတတ်သူများ ဖြစ်သည်။

များသောအားဖြင့် ညီအစ်ကိုမောင်နှမများနှင့် မတဲ့တတ်။ မိသားစုနဲ့ အဆင်မပြေတတ်ပေ။ ချစ်သူရည်စား များပြားတတ်ခြင်း သို့မဟုတ် အချစ်ရေး အိမ်ထောင်ဘက် အပြိုင်အဆိုင် များကို ကြုံတွေ့တတ်ကြသည်။ နောက်ဆုံး ပြိုင်စရာမရှိလျှင် ချစ်သူအချင်းချင်း လင်မယားအချင်းချင်းအပြိုင်စိတ်ဆိုးခြင်း အပြိုင် စိတ်ကောက်တတ်ကြပေသည်။ ဘ၀လုပ်ငန်းများတွင် ပညာရေးလုပ်ငန်းများထက် စီးပွားရေးများတွင် ပိုမိုအကျိုးပေးသူများလည်းဖြစ်သည်။

လိုက်နာရန်အချက်များကတော့ —

၁။ စကားပြောမာကျောသူဖြစ်လျှင် သိမ်မွေ့စွာပြောဆိုပါက စကားပြောပညာနှင့် နဂိုရှိပြီးသား ဘ၀အသိပညာပေါင်းစပ်မိပြီး လူအများ အားကိုးအားထားသူ ဖြစ်လာမည်ဖြစ်ပြီး အောင်မြင်ရေးအတွက်လည်း အထောက်အပံ့များ ဖြစ်ပေလိမ့်မည်။။ ထို့ကြောင့် စကားမာမာပြောခြင်းအား ရှောင်ကြဉ်ပါ။

၂။နောက် အတိုက်အခံသဘောမျိုးတွေကို ရှောင်ပါ။ ပြန်လည်တုံ့ပြန်ချင်းထက် ဥပက္ခာပြုလိုက်ခြင်းဖြင့် မထင်မှတ်သော ကျော်ကြားမှု ကောင်းသတင်းများအား ပိုင်ဆိုင်ပေလိမ့်မည်။

၃။စိတ်ကိုငြိမ်အောင် ထိန်းချုပ်ပါ။ ရုတ်တရက် တုံ့ပြန်မပြောခင် စိတ်ကိုငြိမ်အောင် ထိန်းချုပ်ပြီးမှ ပြောဆိုပါက ပိုမိုကောင်းမွန်လိမ့်မည်။

၄။ကိုယ်ကာယအား စိတ်နှလုံးအားဖြင့် ကောင်းမွန်သူဖြစ်သဖြင့် စကားအပြောအဆိုကို ဆင်ခြင်စွာပြောဆိုခြင်းသည်ပင် လူနက္ခတ်ပိုင်ရှင်တို့အတွက် ထိပ်ဆုံးရောက်ရှိမည့် လမ်းပင်ဖြစ်သည်။

ဘီလူးနက္ခတ်

ထိုနက္ခတ်ပိုင်ရှင်တို့သည် စိတ်ဓာတ်ပြင်းပြသူများဖြစ်ပြီး တိုက်လျှင်နိုင်ရမည် ယှဉ်လျှင်သာရမည်ဆိုသည့် စိတ်ထားမျိုး ရှိတတ်ကြသည်။။ အများစုမှာ မခံချင်စိတ်များပြားသူများ ဖြစ်သည်။ အရာရာကို လေ့လာလိုက်စားသောသူများ ဖြစ်ပြီး ဟိုစပ်စပ်ဒီစပ်စပ် လုပ်တတ်သောသူများ ဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်သဖြင့် တစ်ခါတစ်ရံ အလုပ်ကိစ္စများတွင် တစ်၀က်တစ်ပြက်များ ဖြစ်နေတတ်ကြသည်။ ကျေးဇူးတရားကို သိတတ်သောသူများလည်း ဖြစ်သည် ။

ထိုသူတို့၏ စိတ်ဓာတ်သည် သူကောင်းလျှင် ကိုယ်ကောင်းမည်။ သူမကောင်းလျှင် ကိုယ်မကောင်းနိုင်ဟူသော ကြည့်မှန်သဖွယ် နေထိုင်ကြသည်။ ပေါင်းရသင်းရ လွန်စွာခက်သောသူများဖြစ်ပြီး ကွယ်ရာတွင် ဝေဖန် အပြစ်ပြောခံရခြင်းများ ကြုံရတတ်ပြီး ထိုသို့ ပြောသည်ကိုလည်း ဂရုစိုက်လေ့မရှိသူများလည်း ဖြစ်သည်။

အပေါင်းအသင်းများကိုလည်း ကိုယ့်အပေါ် တကယ်နားလည်သူကိုသာ ရွေးချယ်ပေါင်းလေ့ ရှိသည်။ လူအများနောက်လိုက်ထက် ဆရာလုပ်တတ်ခြင်း အမိန့်ပေးတတ်ခြင်း သြဇာပေးလိုစိတ်များ ရှိသည်။ ထို့ကြောင့် ကိစ္စတော်တော်များများတွင် သိအောင် ကြိုးစားလေ့ရှိကြသည်။

ဤနက္ခတ်ပိုင်ရှင်များသည် သေလျှင်မြေကြီး ရှင်လျှင်ရွှေထီးဟူသော စိတ်ထားမျိုးလည်း ရှိပြန်သည်။ တခါတစ်ရံ ဝေခွဲမရသော ကိစ္စများတွင် နောက်ဆုတ်လေ့မရှိ ရှေ့သို့သာ တုံးတိုက်တိုက်ကျားကိုက်ကိုက် ပြုမူတတ်ကြသည်။ ထိုအချက်သည် မှားမှန် ချင့်ချိန်မှု အားနည်းတတ်သော အဓိက အားနဲချက်တစ်ခု ဖြစ်သည်။ ထိုအချက်ကိုတော့ အထူးပြုပြင်ရပေမည်။

သူတို့သည် မည်သည့်နေရာတွင်မဆို ထင်ပေါ်ကျော်ကြားလိုကြသည်။ ငယ်စဉ်အခါတွင် အခက်အခဲများနှင့် ကြုံတွေ့ရတတ်သည်။ ချစ်သူ အိမ်ထောင်ဘက်များနှင့် ပတ်သက်ပြီး ခံစားလွယ် ပေါက်ကွဲလွယ် တတ်သည်။

သို့သော် နှစ်နှစ်ခါခါ ချစ်တတ်သူများ ဖြစ်သည်။ စီးပွားရေးနှင့် ပတ်သက်ပြီး စုပေါင်းလုပ်ခြင်းထက် တစ်ဦးထဲလုပ်ကိုင်လျှင် ပိုမိုကောင်းမွန်ပြီး အများအကျိုး နှင့်သက်ဆိုင်သော လုပ်ငန်းများတွင်အကျိုးလွန်စွာပေးသူများ ဖြစ်သည်။

ထိုနက္ခတ်ပိုင်ရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များမှာ —

၁။ထင်ပေါ် ကျော်ကြားလိုသော လောဘရှိသဖြင့် ထိုလောဘကို ထိန်းချုပ်ပါ။

၂။မဝေခွဲနိုင်သော ကိစ္စများတွင်တောင် တုံးတိုက်ကျားကိုက် စွန့်စား တတ်သူများ ဖြစ်သဖြင့် အမှားတွေဖြစ်တတ်ပြီး ဘ၀အတက်အကျ မြန်တတ်သည်။ ထို့ကြောင့် ရှည်ကြာသော အောင်မြင်မှု မြဲမြံသော ရပ်တည်မှုများကို အလိုရှိပါက သေချာ စဉ်းစားဆင်ခြင်ခြင်း၊ ရှေ့တစ်လှမ်းအတွက် နောက်တစ်လှမ်းဆုတ်၍ အားယူခြင်းများကို ချိန်ဆလုပ်ဆောင်ပါ။

၃။မခံချင်စိတ် များပြားသဖြင့် မခံချင်စိတ်ကြောင့် တစ်ခါတစ်လေ လောကကြီးကိုပင် အရွဲ့တိုက်တတ်ကြသည်။ ထိုမခံချင်စိတ်အား စနစ်တကျ ထိန်းချုပ်ခြင်း မှန်ကန်သောနေရာတွင် အသုံချတတ်ခြင်းသည်ပင် ထိုနက္ခတ်ပိုင်ရှင်များအတွက် ထိပ်ဆုံးသို့ ရောက်ရှိမည့်လမ်းပင် ဖြစ်ပေသည်။

မိမိအိမ်ထောင်ဖတ် ချစ်သူတို့၏ နက္ခတ်ကို တွက်ပြီး စစ်ဆေးနိုင်ကြပါစေ။

သင်ဆရာ မြင်ဆရာ ကြားဆရာများအား အစဥ်ဦးခိုက်လျှက် 🙏🏻🙏🏻🙏🏻

Zawgyi

လူနကၡတ္၊ နတ္နကၡတ္၊ ဘီလူးနကၡတ္ တို႔၏ စ႐ိုက္လကၡဏာမ်ား

မိမိတို႔၏ ျမန္မာေမြးသကၠရာဇ္ကို ၃ နဲ႔စား၊ ၁ ႂကြင္းလွ်င္ နတ္နကၡတ္၊ ၂ ႂကြင္းလွ်င္ လူနကၡတ္၊ ၀ ႂကြင္းလွ်င္ ဘီလူးနကၡတ္ဟု သတ္မွတ္ရာ၏။

နတ္နကၡတ္

ထိုနကၡတ္ပိုင္ရွင္တို႔သည္ လူေျဖာင့္စိတ္တိုမ်ား ျဖစ္ၾကသည္။ မိမိသာ မွန္ပါေစ ၿငိမ္ခံေလ့မရွိဘဲ မွန္ရာကို အားမနာတမ္း ေျပာဆိုဝံ့သည္။ အၿပိဳင္အဆိုင္ျပဳလုပ္ရျခင္းႏွင့္ တိုက္ခိုက္ရျခင္းကို ေပ်ာ္ေမြ႕သူျဖစ္သည္။

အေျပာအဆို လိမၼာ သိမ္ေမြ႕သေလာက္ စိတ္ဓာတ္ေရးရာမွာ လြန္စြာ မာေၾကာသူမ်ား ျဖစ္သည္။ တဇြတ္ထိုးလည္း လုပ္ကိုင္တတ္သည္။

သစၥာႏွင့္ ေမတၱာ ယွဥ္လာလွ်င္ေတာင္ သစၥာကို ဦးစားေပးသူမ်ား ျဖစ္ၿပီး မွန္ကန္မႈကို ႏွစ္သက္သူမ်ား ျဖစ္သည္။ နတ္နကၡတ္တို႔၏ သေဘာမွာ အေနအထိုင္ တည္ၾကည္ခန္႔ျငားသည္။

သို႔ေသာ္ မေကာင္းေသာအခ်က္မွာ တယူသန္စိတ္ႏွင့္ တဇြတ္ထိုး ျပဳလုပ္တတ္ေသာ စိတ္ျဖစ္သည္။ ထိုစိတ္ကို ထိန္းခ်ဳပ္ႏိုင္မွသာ မိမိအလိုရွိရာကို လွမ္းကိုင္ႏိုင္သူမ်ား ျဖစ္လိမ့္မည္။

မိတ္ေဆြအေပါင္းအသင္းမင္သူျဖစ္၍ ထိုသူတို႔ႏွင့္ပတ္သက္လွ်င္ ကူညီပံ့ပိုးတတ္သည္။ ထို႔ေၾကာင့္ အေပါင္းအသင္း ဆရာသမားမ်ား၏ အကူအညီမ်ား မၾကာခဏ ရတတ္သည္။ ေလာဘမႀကီးေသာသူမ်ား ျဖစ္ေသာ္လည္း လြန္စြာခ်မ္းသာစိတ္ျပင္းျပသူမ်ား ျဖစ္သည္။ မိမိရွိလွ်င္လည္း မႏွေျမာဘဲ ေပးကမ္းတတ္သူမ်ား ျဖစ္သည္။

သီခ်င္းသီဆိုမႈ၊ ကခုန္မႈမ်ားကို ႏွစ္သက္သည္။ စတိုင္က်က် ေနထိုင္တတ္သည္။ ကိုယ့္ေျခေထာက္ေပၚ မရပ္မခ်င္း မိဘေဆြမ်ိဳးမ်ားထံမွ လိုသမွ်ကို နားပူနာဆာ ျပဳလုပ္တတ္သည္။ အခ်စ္ေရးတြင္လည္း အေပါင္းအသင္းေလာက္ မမင္။ ခ်စ္သူ အိမ္ေထာင္ဘက္ႏွင့္ အခ်ိန္ေတာ္ေတာ္မ်ားမ်ား အတူမရွိတတ္။ သူငယ္ခ်င္း အေပါင္းအသင္း ႏွင့္ အျပင္ေနရာမ်ားတြင္ အခ်ိန္ကုန္သည္က မ်ားတတ္သည္။

သို႔ေသာ္ အမွန္တကယ္ ခ်စ္တတ္သူမ်ားလည္း ျဖစ္ၾကသည္။ မရည္႐ြယ္သူမ်ားႏွင့္လည္း ဖူးစာဆုံေလ့ရွိတတ္ၾကသည္။ အေပါင္းအသင္းမင္သူျဖစ္၍ အေပါင္းအသင္းေကာင္းလွ်င္ ေကာင္းသလို ေကာင္းသည့္ဘက္သို႔ေရာက္ရွိသြားတတ္ၿပီး

မေကာင္းလွ်င္ မေကာင္းသကဲ့သို႔ မေကာင္းမႈဘက္သို႔ အားသာသြားတတ္သည္။

စိတ္အေရာင္ဆိုးလြယ္သည္။ မိမိရပ္တည္ခ်က္မွ တျခားသို႔ နားေယာင္လြယ္သည္။ စိတ္ဓာတ္မာေသာ္လည္း နားေယာင္လြယ္ျခင္းသည္ ယုံၾကည္လြယ္သည့္ အားနည္းခ်က္ကို ျဖစ္ေစသည္။

ထိုနကၡတ္ပိုင္ရွင္မ်ား လိုက္နာရမည့္အခ်က္မ်ားမွာ

၁။ လူ႔ေအာက္က်ိဳ႕ေပါင္းေလ နက္နဲေသာ ပညာရပ္မ်ား အမ်ားမရႏိုင္ေသာ အမည္ေကာင္းမ်ား ရရွိတတ္သျဖင့္ ေအာက္က်ိဳ႕ေပါင္းပါ။

၂။ နားေယာင္လြယ္ ယုံၾကည္လြယ္သူျဖစ္သျဖင့္ သူတစ္ပါးကို ယုံၾကည္မလြယ္ေလ တိုးတက္ေလ ျဖစ္သျဖင့္ ယုံၾကည္မလြယ္ပါႏွင့္။

၃။အေပါင္းအသင္းမ်ားလွ်င္ မ်ားသည့္အေလ်ာက္ အကုန္လုံးကို ေပါင္းသင္းျခင္းမျပဳဘဲ ေရွာင္သင့္သူေရွာင္ ေပါင္းသင့္သူေပါင္း မေရွာင္ႏိုင္လွ်င္လည္း ကိုယ္ေပါင္းစိတ္ခြာအတိုင္းေနထိုင္ရမည္။

၄။ စိတ္ရွည္သည္းခံပါ။ စိတ္ရွည္သည္းခံျခင္းသည္ နတ္နကၡတ္ပိုင္ရွင္တို႔အတြက္ ထိပ္ဆုံးသို႔ေရာက္ရွိမည့္လမ္းပင္ ျဖစ္သည္။

လူနကၡတ္

ထိုနကၡတ္ပိုင္ရွင္မ်ားသည္ စကားအေျပာအဆို မာသည္။ ျပတ္သားတတ္သည္။ ေကြ႕ဝိုက္ေျပာရသည္ထက္ တည့္တည့္ မႁခြင္းမခ်န္ ေျပာလိုၾကသည္။ အေျပာမာေသာ္လည္း စိတ္ႏွလုံးသိမ္ေမြ႕သည္။ ကိုယ္ကာယအားျဖင့္လည္း မည္သူ႔အေပၚမွ ရန္ျပဳလိုစိတ္ မရွိသူမ်ား ျဖစ္သည္။

ဘ၀တြင္ သုခႏွင့္ဒုကၡ ယွဥ္လွ်င္ ဒုကၡကို ပိုမိုရင္ဆိုင္ရသူမ်ား ျဖစ္သျဖင့္ ဘ၀အသိအျမင္ ဘ၀အေတြ႕အႀကဳံ မ်ားျပားသူမ်ား ျဖစ္သည္။ လက္ေတြ႕ဆန္ေသာ ဘ၀ကို ျဖတ္သန္းရသူမ်ားျဖစ္သျဖင့္ စိတ္ကူးယဥ္မႈနည္းပါးသူမ်ားျဖစ္ၾကသည္။

ဘ၀ပထမ အ႐ြယ္မွစ၍ အခက္အခဲမ်ိဳးစုံကို ႀကဳံတတ္သူမ်ားျဖစ္ၿပီး အ႐ြယ္ရလာခ်ိန္တြင္ ေတာ္႐ုံတန္႐ုံကို ခံႏိုင္ရည္ရွိသူ စိတ္ထားတတ္သူမ်ားျဖစ္ေနသည္။

အရာရာကို ေလ့လာလိုက္စားလိုစိတ္ စူးစမ္းလိုစိတ္ရွိသည္။ ဘ၀တြင္လည္း ေျပာင္းလဲျခင္းမ်ားစြာ ရွိေနတတ္ၿပီး ေမြးရပ္ေျမမွေျပာင္းေ႐ႊ႕ေနထိုင္ရျခင္း ႐ုတ္တရက္ အိမ္ေထာင္က်ျခင္း၊ မိဘမ်ားႏွင့္ခြဲခြာရျခင္း ညီအစ္ကိုေမာင္ႏွမ ေဆြမ်ိဳးမ်ားႏွင့္ ခြဲခြာရျခင္းမ်ား ႀကဳံေတြ႕ရသူမ်ားျဖစ္သည္။

မိမိအေပၚကို တင္စီးေသာစကား မာန ေထာင္လႊားစြာ ေျပာဆိုေသာ စကားမ်ားကို အမ်ားစုမွာ မခံခ်င္သူမ်ားျဖစ္ၿပီး ခ်က္ခ်င္းလိုပင္ တုံ႔ျပန္တတ္သည္။

အိုး႐ြဲ႕ကို စေလာင္း႐ြဲ႕နဲ႔ ဖုံးလိုသည့္ စိတ္ရွိသည္။ သူဆိုးလို႔ ကိုယ္လိုက္ဆိုးရင္ ကိုယ့္ပါ အျပစ္ရွိသူ ျဖစ္သြားတတ္သျဖင့္ ထိုအခ်က္သည္ အဓိက အားနည္းခ်က္ျဖစ္သည္။

ဥာဏ္ရည္ဥာဏ္ေသြး ေကာင္းေသာသူမ်ားလည္း ျဖစ္ၿပီး ဘဝေပးပညာကို ပိုင္ပိုင္ႏိုင္ႏိုင္ ကြၽမ္းက်င္ေသာသူမ်ားလည္း ျဖစ္သည္။ ထူးျခားခ်က္မွာ အက်ဥ္းအၾကပ္ထဲတြင္ပင္ အခြင့္အလမ္းကို ရေအာင္ ရွာေဖြတတ္ၾကသည္။

အေၾကာင္းအရာတစ္ခုခုကို အၿမဲတေစ စဥ္းစားေနတတ္သည္။ မိေမြ ဖေမြထက္ ကိုယ့္ဒူးကိုယ္ခြၽန္လိုသူမ်ား ျဖစ္ၿပီး ဘဝေပးအရလည္း ထိုကဲ့သို႔ ပုံစံမ်ိဳးသာ ျဖစ္လာတတ္သူမ်ား ျဖစ္သည္။

မ်ားေသာအားျဖင့္ ညီအစ္ကိုေမာင္ႏွမမ်ားႏွင့္ မတဲ့တတ္။ မိသားစုနဲ႔ အဆင္မေျပတတ္ေပ။ ခ်စ္သူရည္စား မ်ားျပားတတ္ျခင္း သို႔မဟုတ္ အခ်စ္ေရး အိမ္ေထာင္ဘက္ အၿပိဳင္အဆိုင္ မ်ားကို ႀကဳံေတြ႕တတ္ၾကသည္။ ေနာက္ဆုံး ၿပိဳင္စရာမရွိလွ်င္ ခ်စ္သူအခ်င္းခ်င္း လင္မယားအခ်င္းခ်င္းအၿပိဳင္စိတ္ဆိုးျခင္း အၿပိဳင္ စိတ္ေကာက္တတ္ၾကေပသည္။ ဘ၀လုပ္ငန္းမ်ားတြင္ ပညာေရးလုပ္ငန္းမ်ားထက္ စီးပြားေရးမ်ားတြင္ ပိုမိုအက်ိဳးေပးသူမ်ားလည္းျဖစ္သည္။

လိုက္နာရန္အခ်က္မ်ားကေတာ့ —

၁။ စကားေျပာမာေက်ာသူျဖစ္လွ်င္ သိမ္ေမြ႕စြာေျပာဆိုပါက စကားေျပာပညာႏွင့္ နဂိုရွိၿပီးသား ဘ၀အသိပညာေပါင္းစပ္မိၿပီး လူအမ်ား အားကိုးအားထားသူ ျဖစ္လာမည္ျဖစ္ၿပီး ေအာင္ျမင္ေရးအတြက္လည္း အေထာက္အပံ့မ်ား ျဖစ္ေပလိမ့္မည္။။ ထို႔ေၾကာင့္ စကားမာမာေျပာျခင္းအား ေရွာင္ၾကဥ္ပါ။

၂။ေနာက္ အတိုက္အခံသေဘာမ်ိဳးေတြကို ေရွာင္ပါ။ ျပန္လည္တုံ႔ျပန္ခ်င္းထက္ ဥပကၡာျပဳလိုက္ျခင္းျဖင့္ မထင္မွတ္ေသာ ေက်ာ္ၾကားမႈ ေကာင္းသတင္းမ်ားအား ပိုင္ဆိုင္ေပလိမ့္မည္။

၃။စိတ္ကိုၿငိမ္ေအာင္ ထိန္းခ်ဳပ္ပါ။ ႐ုတ္တရက္ တုံ႔ျပန္မေျပာခင္ စိတ္ကိုၿငိမ္ေအာင္ ထိန္းခ်ဳပ္ၿပီးမွ ေျပာဆိုပါက ပိုမိုေကာင္းမြန္လိမ့္မည္။

၄။ကိုယ္ကာယအား စိတ္ႏွလုံးအားျဖင့္ ေကာင္းမြန္သူျဖစ္သျဖင့္ စကားအေျပာအဆိုကို ဆင္ျခင္စြာေျပာဆိုျခင္းသည္ပင္ လူနကၡတ္ပိုင္ရွင္တို႔အတြက္ ထိပ္ဆုံးေရာက္ရွိမည့္ လမ္းပင္ျဖစ္သည္။

ဘီလူးနကၡတ္

ထိုနကၡတ္ပိုင္ရွင္တို႔သည္ စိတ္ဓာတ္ျပင္းျပသူမ်ားျဖစ္ၿပီး တိုက္လွ်င္ႏိုင္ရမည္ ယွဥ္လွ်င္သာရမည္ဆိုသည့္ စိတ္ထားမ်ိဳး ရွိတတ္ၾကသည္။။ အမ်ားစုမွာ မခံခ်င္စိတ္မ်ားျပားသူမ်ား ျဖစ္သည္။ အရာရာကို ေလ့လာလိုက္စားေသာသူမ်ား ျဖစ္ၿပီး ဟိုစပ္စပ္ဒီစပ္စပ္ လုပ္တတ္ေသာသူမ်ား ျဖစ္သည္။ ထိုကဲ့သို႔ ျပဳလုပ္သျဖင့္ တစ္ခါတစ္ရံ အလုပ္ကိစၥမ်ားတြင္ တစ္၀က္တစ္ျပက္မ်ား ျဖစ္ေနတတ္ၾကသည္။ ေက်းဇူးတရားကို သိတတ္ေသာသူမ်ားလည္း ျဖစ္သည္ ။

ထိုသူတို႔၏ စိတ္ဓာတ္သည္ သူေကာင္းလွ်င္ ကိုယ္ေကာင္းမည္။ သူမေကာင္းလွ်င္ ကိုယ္မေကာင္းႏိုင္ဟူေသာ ၾကည့္မွန္သဖြယ္ ေနထိုင္ၾကသည္။ ေပါင္းရသင္းရ လြန္စြာခက္ေသာသူမ်ားျဖစ္ၿပီး ကြယ္ရာတြင္ ေဝဖန္ အျပစ္ေျပာခံရျခင္းမ်ား ႀကဳံရတတ္ၿပီး ထိုသို႔ ေျပာသည္ကိုလည္း ဂ႐ုစိုက္ေလ့မရွိသူမ်ားလည္း ျဖစ္သည္။

အေပါင္းအသင္းမ်ားကိုလည္း ကိုယ့္အေပၚ တကယ္နားလည္သူကိုသာ ေ႐ြးခ်ယ္ေပါင္းေလ့ ရွိသည္။ လူအမ်ားေနာက္လိုက္ထက္ ဆရာလုပ္တတ္ျခင္း အမိန္႔ေပးတတ္ျခင္း ၾသဇာေပးလိုစိတ္မ်ား ရွိသည္။ ထို႔ေၾကာင့္ ကိစၥေတာ္ေတာ္မ်ားမ်ားတြင္ သိေအာင္ ႀကိဳးစားေလ့ရွိၾကသည္။

ဤနကၡတ္ပိုင္ရွင္မ်ားသည္ ေသလွ်င္ေျမႀကီး ရွင္လွ်င္ေ႐ႊထီးဟူေသာ စိတ္ထားမ်ိဳးလည္း ရွိျပန္သည္။ တခါတစ္ရံ ေဝခြဲမရေသာ ကိစၥမ်ားတြင္ ေနာက္ဆုတ္ေလ့မရွိ ေရွ႕သို႔သာ တုံးတိုက္တိုက္က်ားကိုက္ကိုက္ ျပဳမူတတ္ၾကသည္။ ထိုအခ်က္သည္ မွားမွန္ ခ်င့္ခ်ိန္မႈ အားနည္းတတ္ေသာ အဓိက အားနဲခ်က္တစ္ခု ျဖစ္သည္။ ထိုအခ်က္ကိုေတာ့ အထူးျပဳျပင္ရေပမည္။

သူတို႔သည္ မည္သည့္ေနရာတြင္မဆို ထင္ေပၚေက်ာ္ၾကားလိုၾကသည္။ ငယ္စဥ္အခါတြင္ အခက္အခဲမ်ားႏွင့္ ႀကဳံေတြ႕ရတတ္သည္။ ခ်စ္သူ အိမ္ေထာင္ဘက္မ်ားႏွင့္ ပတ္သက္ၿပီး ခံစားလြယ္ ေပါက္ကြဲလြယ္ တတ္သည္။

သို႔ေသာ္ ႏွစ္ႏွစ္ခါခါ ခ်စ္တတ္သူမ်ား ျဖစ္သည္။ စီးပြားေရးႏွင့္ ပတ္သက္ၿပီး စုေပါင္းလုပ္ျခင္းထက္ တစ္ဦးထဲလုပ္ကိုင္လွ်င္ ပိုမိုေကာင္းမြန္ၿပီး အမ်ားအက်ိဳး ႏွင့္သက္ဆိုင္ေသာ လုပ္ငန္းမ်ားတြင္အက်ိဳးလြန္စြာေပးသူမ်ား ျဖစ္သည္။

ထိုနကၡတ္ပိုင္ရွင္မ်ားလိုက္နာေဆာင္႐ြက္ရမည့္အခ်က္မ်ားမွာ —

၁။ထင္ေပၚ ေက်ာ္ၾကားလိုေသာ ေလာဘရွိသျဖင့္ ထိုေလာဘကို ထိန္းခ်ဳပ္ပါ။

၂။မေဝခြဲႏိုင္ေသာ ကိစၥမ်ားတြင္ေတာင္ တုံးတိုက္က်ားကိုက္ စြန္႔စား တတ္သူမ်ား ျဖစ္သျဖင့္ အမွားေတြျဖစ္တတ္ၿပီး ဘ၀အတက္အက် ျမန္တတ္သည္။ ထို႔ေၾကာင့္ ရွည္ၾကာေသာ ေအာင္ျမင္မႈ ၿမဲၿမံေသာ ရပ္တည္မႈမ်ားကို အလိုရွိပါက ေသခ်ာ စဥ္းစားဆင္ျခင္ျခင္း၊ ေရွ႕တစ္လွမ္းအတြက္ ေနာက္တစ္လွမ္းဆုတ္၍ အားယူျခင္းမ်ားကို ခ်ိန္ဆလုပ္ေဆာင္ပါ။

၃။မခံခ်င္စိတ္ မ်ားျပားသျဖင့္ မခံခ်င္စိတ္ေၾကာင့္ တစ္ခါတစ္ေလ ေလာကႀကီးကိုပင္ အ႐ြဲ႕တိုက္တတ္ၾကသည္။ ထိုမခံခ်င္စိတ္အား စနစ္တက် ထိန္းခ်ဳပ္ျခင္း မွန္ကန္ေသာေနရာတြင္ အသုံခ်တတ္ျခင္းသည္ပင္ ထိုနကၡတ္ပိုင္ရွင္မ်ားအတြက္ ထိပ္ဆုံးသို႔ ေရာက္ရွိမည့္လမ္းပင္ ျဖစ္ေပသည္။

မိမိအိမ္ေထာင္ဖတ္ ခ်စ္သူတို႔၏ နကၡတ္ကို တြက္ၿပီး စစ္ေဆးႏိုင္ၾကပါေစ။

သင္ဆရာ ျမင္ဆရာ ၾကားဆရာမ်ားအား အစဥ္ဦးခိုက္လွ်က္ 🙏🏻🙏🏻🙏🏻

Leave a Comment