အိမ်ထောင်ပြုရာမှာ အထူးရှောင်ရှားသင့်တဲ့ “ကွာ သုံးကွာ၊ ချာ သုံးချာ၊ ပါ သုံးပါ” ဆိုသည်မှာ …။

အိမ်ထောင်ပြုရာမှာ အထူးရှောင်ရှားသင့်တဲ့ “ကွာ သုံးကွာ၊ ချာ သုံးချာ၊ ပါ သုံးပါ” ဆိုသည်မှာ …

“အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမင်ရည် စုပ်ထိုး၊ ကျောင်းထိုင်ပင့်၊ မြတ်သံဃာ၊ စာချုပ်ရန်ခက်သည့်အမျိုး” ဆိုတဲ့ ရှေးပညာရှိများဆိုမိန့်စကားရှိပါတယ်။

အရွယ်ရောက်လာကြသူ အမျိုးသား အမျိုးသမီးတိုင်း (အပျိုကြီး၊ လူပျိုကြီးကလွဲရင်) အိမ်ထောင်ပြုကြမှာ ဖြစ်ပါတယ်။

အိမ်ထောင်ပြုကြတဲ့ အခါမှာလည်း မိဘပေးစားလို့ အိမ်ထောင်ပြုခြင်း၊ ကိုယ်အချင်းချင်း မေတ္တာမျှကြလို့ အိမ်ထောင်ပြုခြင်းဆိုပြီး နှစ်မျိုး ရှိပါတယ်။

ဘယ်လိုပုံစံမျိုးဖြင့် အိမ်ထောင်ပြုပြု အထူးဆင်ခြင်သင့်၊ ရှောင်ရှားသင့်သည့် “ကွာသုံးကွာ၊ ချာသုံးချာ၊ ပါသုံးပါ” ကိုတော့ အထူးရှောင်ရှားကြပါလို့ ရှေးပညာရှိများက သတိပေးပြောဆို ဆုံးမခဲ့ကြပါတယ်။

ဘာလို့လဲဆိုရင် အိမ်ထောင်ရေး အဆင်မပြေမှုတွေ ဖြစ်မှာ စိုးသည့် အတွက်ကြောင့်ပါ။ ဒါကြောင့် အိမ်ထောင်ပြုတဲ့အခါမှာ “ကွာသုံးကွာ၊ ချာသုံးချာ၊ ပါသုံးပါ” ကို သတိထား လိုက်နာကြဖို့ လိုပါတယ်။

ကွာသုံးကွာ ဆိုတာ…

၁။ လူမျိုး ကွာခြားခြင်း – လူမျိုးကွာခြားခြင်း ဆိုတာ လူမျိုးခြားကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မိတဲ့ မိန်းကလေး၊ ယောက်ျားလေးတွေဟာ ကိုယ့်မွေးဖွားလာမယ့် ရင်သွေးငယ်လေးတွေက လူမျိုးခြားစိတ် ပေါက်သွားရင် ကိုယ့်လူမျိုး တဖြေးဖြေးတုံးပြီး ပျောက်ကွယ်သွားနိုင်လို့ပါ။

၂။ အယူဘာသာ ကွာခြားခြင်း – အယူဘာသာကွာခြားသူကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မိတဲ့ သူများဟာ ကိုယ်ကဗုဒ္ဓဘာသာ ကိုယ့်အိမ်ထောင်ဖက်က အခြားဘာသာ ဖြစ်နေရင် အိမ်ထောင်ရေး အဆင်မပြေမှုတွေ အနည်းနဲ့အများ ဖြစ်တတ်ပါတယ်။

ဘာဖြစ်လို့လဲဆိုရင် ကိုယ်က ဗုဒ္ဓဘာသာ ဖြစ်သည့် အားလျော်စွာ ဒါန သီလ ဘာဝနာတရားများကို ကျင့်ကြံနေတဲ့ သမ္မာဒိဋ္ဌိ အယူမှန်နေသူ ဖြစ်လင့်ကစား ထိုကောင်းမှုများကို ပြုလုပ်ခြင်း ရှင်ပြု ရဟန်းခံခြင်းစတဲ့ ဗုဒ္ဓဘာသာနှင့် ဆိုင်တဲ့ ကုသိုလ်အလုပ်တို့ကို လုပ်ပေမယ့်လို့ ကိုယ့်အိမ်ထောင်ဖက်က အယူဘာသာ မတူညီသောကြောင့် ဝိုင်းဝန်းဆောင်ရွက်ပေးခြင်း မရှိနိုင်ပါဘူး။

ကိုယ်က နေ့ထူးနေ့မြတ်၊ ကိုယ့်ရဲ့မွေးနေ့တို့မှာ ဘုရားသွားကျောင်းတတ် ကုသိုလ်ရေစက်တွေ လုပ်ခြင်တယ်။ ကိုယ့်အိမ်ထောင်ဖက်က ဘာသာခြား ဖြစ်နေသည့်အတွက် လိုလားနှစ်သက်မှာ မဟုတ်ပါဘူး။

ဒီလိုဆိုရင် ရေရှည်မှာ ကိုယ့်အိမ်ထောင်ဖက်နဲ့ ကိုယ်ဟာ ဘာသာရေးနဲ့ ပတ်သက်လို့ အဆင်မပြေမှုတွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

၃။ စိတ်နေသဘောထား ကွာခြားခြင်း – စိတ်သဘောထား ကွာခြားသူဆိုတာ ကိုယ်က လှူချင် တန်းချင်၊ သီလစောင့်ချင်၊ ဘာဝနာတရားပွားများ အားထုတ်ချင်သော်လည်း ကိုယ့်အိမ်ထောင်ဖက်က ကိုယ့်လိုစိတ်ထားမျိုး မရှိဘူးဆိုရင် ထိုကုသိုလ် အလုပ်များကို ကိုယ့်အနေနဲ့ ပြုလုပ်ဖို့ မလွယ်ကူနိုင်တော့ပါဘူး။

ထိုကုသိုလ်ကောင်းမှုများ ပြုလုပ်ခွင့် မရလျှင် ကိုယ်ရဲ့ဘဝသံသရာအတွက် ဘာမှ အားကိုးစရာ ရှိတော့မှာ မဟုတ်တော့ပါဘူး။

လက်ရှိဘဝမှာလည်း စိတ်ချမ်းသာမှုတွေ ပျောက်ဆုံးသွားနိုင်ပါတယ်။ ဒါကြောင့် ဖော်ပြပါ “ကွာသုံးကွာ” ကို အိမ်ထောင်ဖက်အဖြစ် အရွေးချယ်ကြဖို့ ရှေးပညာရှိများဆုံးမထားခဲ့ခြင်း ဖြစ်ပါတယ်။

ချာသုံးချာ ဆိုတာ…

၁။ အသိဉာဏ်နုံချာသူ – အသိဉာဏ် ဗဟုသုတ အတွေးအခေါ် နုံချာနေသူကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မိပြီဆိုရင် ကိုယ့်ရဲ့အိမ်ထောင်ဖက်ဟာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ဘာသာရေး၊ မိသားစုအရေး စတဲ့ အရေးတွေမှာ အဆင်ပြေချောမွေ့အောင် တိုးတက်ကြီးပွားအောင် မကြံစည်နိုင်၊ မဆောင်ရွက်နိုင်တော့ပါဘူး။

အကောင်းအဆိုး အကြောင်းအကျိုးတွေကို ကိုယ်တိုင် စဉ်းစားဆုံးဖြတ်နိုင်စွမ်း မရှိတော့ဘဲ သူများပြောတာ အဟုတ်ထင်ပြီး လုပ်မိလုပ်ရာ အကျိုးမဲ့စေမယ့် အလုပ်တွေကိုသာ လုပ်ကိုင်ဆောင်ရွက်တတ်ပြီး ကိုယ့်ရဲ့အရေး မိသားစုအရေး စတာတွေကို နိမ့်ကျသထက် နိမ့်ကျအောင် လုပ်နေတတ်ပါတယ်။

၂။ စာရိတ္တနုံချာသူ – အကျင့်စာရိတ္တမရှိတဲ့ သူမျိုးကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မိရင်လည်း အိမ်ထောင်ရေး အဆင်မပြေနိုင်ပါဘူး။ ဆင်းရဲဒုက္ခမျိုးစုံတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။

အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ၊ မိသားစု အရှက်တကွဲ အကျိုးနည်းမှုတွေ ဖြစ်စေပါတယ်၊ ပတ်ဝန်းကျင်ရဲ့အထင်မြင်သေးမှု၊ သံသယမျက်လုံးတွေနဲ့ ကြည့်ခံရမှု၊ ရွံရှာမုန်းတီးမှုတွေကိုပါ လက်ရှိဘဝမှာ ခံရနိုင်သလို ထိုသူအတွက်လည်း တမလွန်ဘဝမှာ အပါယ်လေးပါး ကျရောက်နိုင်ပါတယ်။

၃။ ဘဝပေးနုံချာသူ – မွေးလာကတည်းက မျက်လုံးကန်းသူ၊ ခြေပြတ်၊ လက်ပြတ်၊ ဆွံ့အ နားမကြားသူများကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မိရင်လည်း ရေရှည်မှာ အိမ်ထောင်ရေး အဆင်ပြေနိုင်ဖို့ မလွယ်ပါဘူး။

တချို့ ဇနီးမောင်နှံတွေ ဖူးစာလို့ ပြောရမလား၊ သနားတယ်လို့ ပြောရမလား၊ အိမ်ထောင်ဖက် ရွေးချယ်တာမျိုးလည်း ရှိတတ်ကြပါတယ်။

ဒါမျိုးဆိုရင်လည်း နေနှင့်လ ရွှေနှင့်မြဆိုတာမျိုး မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ရှေးပညာရှိများက အိမ်ထောင်ဖက် ရွေးချယ်ကြတဲ့အခါ ထို ”ချာသုံးချာ” ကို ရှောင်ကြပါလို့ ဆုံးမခဲ့တာ ဖြစ်နိုင်ပါတယ်။

ပါသုံးပါ ဆိုတာ…

၁။ အနာရောဂါပါလာသူ –

နာတာရှည် အနာရောဂါ ပါလာသူကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်လိုက်ရင်လည်း သူ့ကို ဆေးကုပေးရမယ်၊ ဓာတ်စာ ကောင်းကောင်း ဝယ်ကျွေးရမယ်၊ တိုင်းရင်းဆေး၊ နိုင်ငံခြားဆေး မျိုးစုံနဲ့ ဆေးကုပေးရမယ်၊ ဆေးရုံ ဆေးခန်း ကောင်းကောင်းတတ်ပြီး ဆေးကုပေးရမယ်။

ကိုယ်အိမ်ထောင်ဖက်ကို ဆေးကုပေးနေရတာနဲ့တင် စီးပွားရေးကောင်းကောင်း မလုပ်နိုင်တော့ဘဲ စီးပွားရေးနယ်ပယ်မှာ အနုတ် လက္ခဏာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။

၂။ အကြွေးပါလာသူ – အကြွေးပါလာသူကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မိရင် သူ့မှာတင်နေတဲ့ အကြွေးကို ကိုယ်က လိုက်ဆပ်ပေးရပါတော့မယ်။ အိမ်ထောင်ပြုခါစ ထိုထိုအိမ်ထောင်ဖက်ရဲ့ အကြွေးများကို လိုက်ဆပ်နေရမည်ဆိုလျှင် စီးပွားရေး နလံထူဖို့ရာ အတော် ခက်ခဲသွားပါလိမ့်မယ်။

၃။ အပိုစားမည့်သူ (လူပိုတွေ) ပါလာသူ – ထိုသူမျိုးကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ရင်လည်း ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။ စီးပွားရေးနယ်ပယ်မှာ ကုန်ဈေးနှုံးတွေက အရမ်းကြီးပါတယ်။

ဒါ့အပြင် ကိုယ့်အိမ်ထောင်ဘက်နဲ့ အဆင်မပြေပြန်ရင်လည်း လူမှုရေး ခြေအနေ မကောင်းနိုင်ပါဘူး။

လူမှုရေး အခြေအနေ မကောင်းရင်တော့ ထိုဒဏ်ကို သည်းမခံနိုင်ကြတော့သည့်အဆုံး လင်မယားခန်း ပြတ်စဲတာတွေပါ ဖြစ်နိုင်ပါတယ်။

ဒါမို့ကြောင့် အိမ်ထောင်ပြုမည်ဆိုလျှင် မိမိရဲ့ အိမ်ထောင်ဖက်မှာ “ကွာသုံးကွာ၊ ချာသုံးချာ၊ ပါသုံးပါ” ထဲတွင် ပါမပါ သုံးသပ်ပြီးတော့မှ

ထို”ကွာ၊ချာ၊ပါ” သုံးမျိုးကို ရှောင်ပြီးတော့ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ကြဖို့ ရှေးပညာရှိများက အလေးအနက် ညွှန်ကြားဆုံးမခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက် အထက်ပါ စာစုသည် ဘုရားဟော ဒေသနာ မဟုတ်သည့်အတွက် အချို့သူတွေအတွက် မှန်ချင်မှန်မယ်၊ အချို့သူတွေအတွက် မှားကောင်း မှားနိုင်ပါတယ်။

Credit – Tin Maung Hlaing

Zawgyi

အိမ္ေထာင္ျပဳရာမွာ အထူးေရွာင္ရွားသင့္တဲ့ “ကြာ သုံးကြာ၊ ခ်ာ သုံးခ်ာ၊ ပါ သုံးပါ” ဆိုသည္မွာ …

“အိမ္ေထာင္ျပဳ၊ ဘုရားတည္၊ ေဆးမင္ရည္ စုပ္ထိုး၊ ေက်ာင္းထိုင္ပင့္၊ ျမတ္သံဃာ၊ စာခ်ဳပ္ရန္ခက္သည့္အမ်ိဳး” ဆိုတဲ့ ေရွးပညာရွိမ်ားဆိုမိန႔္စကားရွိပါတယ္။

အ႐ြယ္ေရာက္လာၾကသူ အမ်ိဳးသား အမ်ိဳးသမီးတိုင္း (အပ်ိဳႀကီး၊ လူပ်ိဳႀကီးကလြဲရင္) အိမ္ေထာင္ျပဳၾကမွာ ျဖစ္ပါတယ္။

အိမ္ေထာင္ျပဳၾကတဲ့ အခါမွာလည္း မိဘေပးစားလို႔ အိမ္ေထာင္ျပဳျခင္း၊ ကိုယ္အခ်င္းခ်င္း ေမတၱာမွ်ၾကလို႔ အိမ္ေထာင္ျပဳျခင္းဆိုၿပီး ႏွစ္မ်ိဳး ရွိပါတယ္။

ဘယ္လိုပုံစံမ်ိဳးျဖင့္ အိမ္ေထာင္ျပဳျပဳ အထူးဆင္ျခင္သင့္၊ ေရွာင္ရွားသင့္သည့္ “ကြာသုံးကြာ၊ ခ်ာသုံးခ်ာ၊ ပါသုံးပါ” ကိုေတာ့ အထူးေရွာင္ရွားၾကပါလို႔ ေရွးပညာရွိမ်ားက သတိေပးေျပာဆို ဆုံးမခဲ့ၾကပါတယ္။

ဘာလို႔လဲဆိုရင္ အိမ္ေထာင္ေရး အဆင္မေျပမႈေတြ ျဖစ္မွာ စိုးသည့္ အတြက္ေၾကာင့္ပါ။ ဒါေၾကာင့္ အိမ္ေထာင္ျပဳတဲ့အခါမွာ “ကြာသုံးကြာ၊ ခ်ာသုံးခ်ာ၊ ပါသုံးပါ” ကို သတိထား လိုက္နာၾကဖို႔ လိုပါတယ္။

ကြာသုံးကြာ ဆိုတာ…

၁။ လူမ်ိဳး ကြာျခားျခင္း – လူမ်ိဳးကြာျခားျခင္း ဆိုတာ လူမ်ိဳးျခားကို အိမ္ေထာင္ဖက္အျဖစ္ ေ႐ြးခ်ယ္မိတဲ့ မိန္းကေလး၊ ေယာက္်ားေလးေတြဟာ ကိုယ့္ေမြးဖြားလာမယ့္ ရင္ေသြးငယ္ေလးေတြက လူမ်ိဳးျခားစိတ္ ေပါက္သြားရင္ ကိုယ့္လူမ်ိဳး တေျဖးေျဖးတုံးၿပီး ေပ်ာက္ကြယ္သြားႏိုင္လို႔ပါ။

၂။ အယူဘာသာ ကြာျခားျခင္း – အယူဘာသာကြာျခားသူကို အိမ္ေထာင္ဖက္အျဖစ္ ေ႐ြးခ်ယ္မိတဲ့ သူမ်ားဟာ ကိုယ္ကဗုဒၶဘာသာ ကိုယ့္အိမ္ေထာင္ဖက္က အျခားဘာသာ ျဖစ္ေနရင္ အိမ္ေထာင္ေရး အဆင္မေျပမႈေတြ အနည္းနဲ႔အမ်ား ျဖစ္တတ္ပါတယ္။

ဘာျဖစ္လို႔လဲဆိုရင္ ကိုယ္က ဗုဒၶဘာသာ ျဖစ္သည့္ အားေလ်ာ္စြာ ဒါန သီလ ဘာဝနာတရားမ်ားကို က်င့္ႀကံေနတဲ့ သမၼာဒိ႒ိ အယူမွန္ေနသူ ျဖစ္လင့္ကစား ထိုေကာင္းမႈမ်ားကို ျပဳလုပ္ျခင္း ရွင္ျပဳ ရဟန္းခံျခင္းစတဲ့ ဗုဒၶဘာသာႏွင့္ ဆိုင္တဲ့ ကုသိုလ္အလုပ္တို႔ကို လုပ္ေပမယ့္လို႔ ကိုယ့္အိမ္ေထာင္ဖက္က အယူဘာသာ မတူညီေသာေၾကာင့္ ဝိုင္းဝန္းေဆာင္႐ြက္ေပးျခင္း မရွိႏိုင္ပါဘူး။

ကိုယ္က ေန႔ထူးေန႔ျမတ္၊ ကိုယ့္ရဲ႕ေမြးေန႔တို႔မွာ ဘုရားသြားေက်ာင္းတတ္ ကုသိုလ္ေရစက္ေတြ လုပ္ျခင္တယ္။ ကိုယ့္အိမ္ေထာင္ဖက္က ဘာသာျခား ျဖစ္ေနသည့္အတြက္ လိုလားႏွစ္သက္မွာ မဟုတ္ပါဘူး။

ဒီလိုဆိုရင္ ေရရွည္မွာ ကိုယ့္အိမ္ေထာင္ဖက္နဲ႔ ကိုယ္ဟာ ဘာသာေရးနဲ႔ ပတ္သက္လို႔ အဆင္မေျပမႈေတြ ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။

၃။ စိတ္ေနသေဘာထား ကြာျခားျခင္း – စိတ္သေဘာထား ကြာျခားသူဆိုတာ ကိုယ္က လႉခ်င္ တန္းခ်င္၊ သီလေစာင့္ခ်င္၊ ဘာဝနာတရားပြားမ်ား အားထုတ္ခ်င္ေသာ္လည္း ကိုယ့္အိမ္ေထာင္ဖက္က ကိုယ့္လိုစိတ္ထားမ်ိဳး မရွိဘူးဆိုရင္ ထိုကုသိုလ္ အလုပ္မ်ားကို ကိုယ့္အေနနဲ႔ ျပဳလုပ္ဖို႔ မလြယ္ကူႏိုင္ေတာ့ပါဘူး။

ထိုကုသိုလ္ေကာင္းမႈမ်ား ျပဳလုပ္ခြင့္ မရလွ်င္ ကိုယ္ရဲ႕ဘဝသံသရာအတြက္ ဘာမွ အားကိုးစရာ ရွိေတာ့မွာ မဟုတ္ေတာ့ပါဘူး။

လက္ရွိဘဝမွာလည္း စိတ္ခ်မ္းသာမႈေတြ ေပ်ာက္ဆုံးသြားႏိုင္ပါတယ္။ ဒါေၾကာင့္ ေဖာ္ျပပါ “ကြာသုံးကြာ” ကို အိမ္ေထာင္ဖက္အျဖစ္ အေ႐ြးခ်ယ္ၾကဖို႔ ေရွးပညာရွိမ်ားဆုံးမထားခဲ့ျခင္း ျဖစ္ပါတယ္။

ခ်ာသုံးခ်ာ ဆိုတာ…

၁။ အသိဉာဏ္ႏုံခ်ာသူ – အသိဉာဏ္ ဗဟုသုတ အေတြးအေခၚ ႏုံခ်ာေနသူကို အိမ္ေထာင္ဖက္အျဖစ္ ေ႐ြးခ်ယ္မိၿပီဆိုရင္ ကိုယ့္ရဲ႕အိမ္ေထာင္ဖက္ဟာ စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရး၊ဘာသာေရး၊ မိသားစုအေရး စတဲ့ အေရးေတြမွာ အဆင္ေျပေခ်ာေမြ႕ေအာင္ တိုးတက္ႀကီးပြားေအာင္ မႀကံစည္ႏိုင္၊ မေဆာင္႐ြက္ႏိုင္ေတာ့ပါဘူး။

အေကာင္းအဆိုး အေၾကာင္းအက်ိဳးေတြကို ကိုယ္တိုင္ စဥ္းစားဆုံးျဖတ္ႏိုင္စြမ္း မရွိေတာ့ဘဲ သူမ်ားေျပာတာ အဟုတ္ထင္ၿပီး လုပ္မိလုပ္ရာ အက်ိဳးမဲ့ေစမယ့္ အလုပ္ေတြကိုသာ လုပ္ကိုင္ေဆာင္႐ြက္တတ္ၿပီး ကိုယ့္ရဲ႕အေရး မိသားစုအေရး စတာေတြကို နိမ့္က်သထက္ နိမ့္က်ေအာင္ လုပ္ေနတတ္ပါတယ္။

၂။ စာရိတၱႏုံခ်ာသူ – အက်င့္စာရိတၱမရွိတဲ့ သူမ်ိဳးကို အိမ္ေထာင္ဖက္အျဖစ္ ေ႐ြးခ်ယ္မိရင္လည္း အိမ္ေထာင္ေရး အဆင္မေျပႏိုင္ပါဘူး။ ဆင္းရဲဒုကၡမ်ိဳးစုံေတြနဲ႔ ႀကဳံေတြ႕ရႏိုင္ပါတယ္။

အိမ္ေထာင္ေရး ေဖာက္ျပန္မႈေတြ၊ မိသားစု အရွက္တကြဲ အက်ိဳးနည္းမႈေတြ ျဖစ္ေစပါတယ္၊ ပတ္ဝန္းက်င္ရဲ႕အထင္ျမင္ေသးမႈ၊ သံသယမ်က္လုံးေတြနဲ႔ ၾကည့္ခံရမႈ၊ ႐ြံရွာမုန္းတီးမႈေတြကိုပါ လက္ရွိဘဝမွာ ခံရႏိုင္သလို ထိုသူအတြက္လည္း တမလြန္ဘဝမွာ အပါယ္ေလးပါး က်ေရာက္ႏိုင္ပါတယ္။

၃။ ဘဝေပးႏုံခ်ာသူ – ေမြးလာကတည္းက မ်က္လုံးကန္းသူ၊ ေျချပတ္၊ လက္ျပတ္၊ ဆြံ႕အ နားမၾကားသူမ်ားကို အိမ္ေထာင္ဖက္အျဖစ္ ေ႐ြးခ်ယ္မိရင္လည္း ေရရွည္မွာ အိမ္ေထာင္ေရး အဆင္ေျပႏိုင္ဖို႔ မလြယ္ပါဘူး။

တခ်ိဳ႕ ဇနီးေမာင္ႏွံေတြ ဖူးစာလို႔ ေျပာရမလား၊ သနားတယ္လို႔ ေျပာရမလား၊ အိမ္ေထာင္ဖက္ ေ႐ြးခ်ယ္တာမ်ိဳးလည္း ရွိတတ္ၾကပါတယ္။

ဒါမ်ိဳးဆိုရင္လည္း ေနႏွင့္လ ေ႐ႊႏွင့္ျမဆိုတာမ်ိဳး မျဖစ္ႏိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ ေရွးပညာရွိမ်ားက အိမ္ေထာင္ဖက္ ေ႐ြးခ်ယ္ၾကတဲ့အခါ ထို ”ခ်ာသုံးခ်ာ” ကို ေရွာင္ၾကပါလို႔ ဆုံးမခဲ့တာ ျဖစ္ႏိုင္ပါတယ္။

ပါသုံးပါ ဆိုတာ…

၁။ အနာေရာဂါပါလာသူ –

နာတာရွည္ အနာေရာဂါ ပါလာသူကို အိမ္ေထာင္ဖက္အျဖစ္ ေ႐ြးခ်ယ္လိုက္ရင္လည္း သူ႔ကို ေဆးကုေပးရမယ္၊ ဓာတ္စာ ေကာင္းေကာင္း ဝယ္ေကြၽးရမယ္၊ တိုင္းရင္းေဆး၊ ႏိုင္ငံျခားေဆး မ်ိဳးစုံနဲ႔ ေဆးကုေပးရမယ္၊ ေဆး႐ုံ ေဆးခန္း ေကာင္းေကာင္းတတ္ၿပီး ေဆးကုေပးရမယ္။

ကိုယ္အိမ္ေထာင္ဖက္ကို ေဆးကုေပးေနရတာနဲ႔တင္ စီးပြားေရးေကာင္းေကာင္း မလုပ္ႏိုင္ေတာ့ဘဲ စီးပြားေရးနယ္ပယ္မွာ အႏုတ္ လကၡဏာေတြနဲ႔ ႀကဳံေတြ႕ရႏိုင္ပါတယ္။

၂။ အေႂကြးပါလာသူ – အေႂကြးပါလာသူကို အိမ္ေထာင္ဖက္အျဖစ္ ေ႐ြးခ်ယ္မိရင္ သူ႔မွာတင္ေနတဲ့ အေႂကြးကို ကိုယ္က လိုက္ဆပ္ေပးရပါေတာ့မယ္။ အိမ္ေထာင္ျပဳခါစ ထိုထိုအိမ္ေထာင္ဖက္ရဲ႕ အေႂကြးမ်ားကို လိုက္ဆပ္ေနရမည္ဆိုလွ်င္ စီးပြားေရး နလံထူဖို႔ရာ အေတာ္ ခက္ခဲသြားပါလိမ့္မယ္။

၃။ အပိုစားမည့္သူ (လူပိုေတြ) ပါလာသူ – ထိုသူမ်ိဳးကို အိမ္ေထာင္ဖက္အျဖစ္ ေ႐ြးခ်ယ္ရင္လည္း ေရရွည္မွာ အဆင္မေျပႏိုင္ပါဘူး။ စီးပြားေရးနယ္ပယ္မွာ ကုန္ေဈးႏႈံးေတြက အရမ္းႀကီးပါတယ္။

ဒါ့အျပင္ ကိုယ့္အိမ္ေထာင္ဘက္နဲ႔ အဆင္မေျပျပန္ရင္လည္း လူမႈေရး ေျခအေန မေကာင္းႏိုင္ပါဘူး။

လူမႈေရး အေျခအေန မေကာင္းရင္ေတာ့ ထိုဒဏ္ကို သည္းမခံႏိုင္ၾကေတာ့သည့္အဆုံး လင္မယားခန္း ျပတ္စဲတာေတြပါ ျဖစ္ႏိုင္ပါတယ္။

ဒါမို႔ေၾကာင့္ အိမ္ေထာင္ျပဳမည္ဆိုလွ်င္ မိမိရဲ႕ အိမ္ေထာင္ဖက္မွာ “ကြာသုံးကြာ၊ ခ်ာသုံးခ်ာ၊ ပါသုံးပါ” ထဲတြင္ ပါမပါ သုံးသပ္ၿပီးေတာ့မွ

ထို”ကြာ၊ခ်ာ၊ပါ” သုံးမ်ိဳးကို ေရွာင္ၿပီးေတာ့ အိမ္ေထာင္ဖက္အျဖစ္ ေ႐ြးခ်ယ္ၾကဖို႔ ေရွးပညာရွိမ်ားက အေလးအနက္ ၫႊန္ၾကားဆုံးမခဲ့တာ ျဖစ္ပါတယ္။

မွတ္ခ်က္ အထက္ပါ စာစုသည္ ဘုရားေဟာ ေဒသနာ မဟုတ္သည့္အတြက္ အခ်ိဳ႕သူေတြအတြက္ မွန္ခ်င္မွန္မယ္၊ အခ်ိဳ႕သူေတြအတြက္ မွားေကာင္း မွားႏိုင္ပါတယ္။

Credit – Tin Maung Hlaing

Leave a Comment