နွားမကြီးကို ဝယ်လိုက်တဲ့နေ့ကစပြီး အစာမစားပဲ မျက်ရည်တွေနဲ့ အော်ပဲအော်နေလို့ အရင်ပိုင်ရှင်အား သွားပြန်မေးကြည့်လိုက်သာအခါ

နွားမကြီးကို ဝယ်လိုက်တဲ့နေ့ကစပြီး အစာမစားပဲ မျက်ရည်တွေနဲ့ အော်ပဲအော်နေလို့ အရင်ပိုင်ရှင်အား သွားပြန်မေးကြည့်လိုက်သာအခါ

ဦးဝင်းမောင် တစ်ယောက် ညနေကျောင်းဆင်းချိန်တွင် သားဖြစ်သူပြန်လာမှာကို တွေးပြီး စိုးရိမ်နေမိသည်။ “ဖေကြီးရေ ဖေကြီး”၊ ဟော သားပြန်လာပြီ လှမ်းကြည့်လိုက်တော့ သားငယ်ဖြစ်သူ၏ မျက်နှာလည်းမကောင်း သားဖြစ်က ရုတ်တရက် ဖေကြီး ဒီနေ့ ညိုညို လာလည်းမကြိုဘူး အိမ်မှာလည်းမတွေ့ဘူး ဖေကြီး ဘယ်ရောက်သွားတာလဲ။

သားဖြစ်သူ၏ မေးခွန်းကို ဦးဝင်းမောင် တစ်ယောက်ဖြေရန်ခက်ခဲနေ သားရယ် သားနဲ့ ညိုညိုနဲ့ သံယောဇဉ်ကို ဖေကြီးသိပါတယ်ကွယ်။ ဒါပေမယ့် ဖေကြီးတို့စပါးက ဒီနှစ် မအောင်လို့ စားဖို့အနိုင်နိုင် ဖြစ်နေတယ်လေ။ နောက်နေ့‌ တွေအတွက် အဖေတို့မှာ ဆန်ဖိုး မရှိတော့လို့ ညိုညိုကို ဖေကြီး ရောင်းလိုက်ရတယ်ကွယ်။

စကားလည်းဆုံးရော သားငယ်လေးက ညိုညိုကိုပြန်ခေါ်ပေးဆိုပြီး ငိုလိုက်တာမှ ချော့လို့မရအောင်ပဲ။ မတတ်နိုင်ဘူးလေ နောက်နေ့တွေအတွက် ဝမ်းစာက အရေးကြီးတယ်မလား။ သည်းခံရမှာပေါ့ဆိုပြီး သားငယ်အငိုတိတ်တဲ့အထိစောင့်ပြီး နားလည်အောင်ပြောပြမယ်ဆိုပြီး ဦဝင်းမောင် စိတ်ထဲ တွေးနေမိသည်။

သို့ပေမယ့်လည်း သားငယ်ကတော့ ညိုညိုမပါရင် ကျောင်းမသွားဘူးဟုဆိုကာ ပေကပ်ကပ်လုပ်နေလေရဲ့ ၊ ထမင်းလည်းမစား၊ အဲ့လိုနဲ့ သုံးရက်လောက်ကြာတော့ သားငယ်လေး အပြင်းဖျားရော၊ အဖေဖြစ်သူက ဘာလုပ်ရမှန်းမသိ ဆေးလည်းမသောက်ဘူး ဘာမှလည်းမစားဘူး။

ညနေရောက်တော့ ခြံဝမှာ ခြူသံလေးနဲ့ ညိုညိုအော်သံကြားတော့ သားငယ်လေး ခေါင်းထောင်ကြည့်ပြီး ညိုညိုဆီကို အပြေးနှင်ပြီး ဖက်ပြီး ငိုပါတော့တယ်။ ဒါနဲ့ ညိုညိုကိုဝယ်သွားတဲ့ ကိုခင်မြင့်က ဒီနွားမကြီး ကျွန်တော့်အိမ် ရောက်တဲ့နေ့ကတည်းက အစာလည်းမစားဘူး၊ မျက်ရည်တွေနဲ့ နေ့တိုင်းပဲ အော်ပဲအော်နေတာဗျာ။ ကျွန်တော်လည်း အစကတော့ ဒီလိုပဲအနေစိမ်းလို့ မစားတာထင်တယ်ဆိုပြီး စောင့်ကြည့်နေတာ။


အခုက တစ်ရက်မဟုတ် နှစ်ရက်မဟုတ်နဲ့ သုံးရက်လောက်ဖြစ်လာတော့ ကျွန်တော် သနားလာတယ်။ သိလည်း သိချင်လာတယ်။ ဘာ့ကြောင့်လဲဆိုတာ အဲ့ဒါနဲ့ ကျွန်တော် ခင်ဗျားကိုမေးမယ်ဆိုပြီး သူ့ပါခေါ်လာတာ ဦးဝင်းမောင်ရေ။ အော် ဒါက ဒီလိုဗျ ဦးဝင်းမောင်က ရှင်းပြလေသည်။

ကျွန်တော့် ဇနီးဆုံးတော့ သားငယ်လေးက လသားအရွယ်ပဲရှိသေးတယ် အဲ့အချိန်မှာ ညိုညိုကလည်း သားကျထားတော့မိခင်နို့အစား ဒီနွားမကြီးရဲ့ နို့ကို ကျိုချက်ပြီးတိုက်ရတယ်။ အဲ့မှာ နို့တိုက်ဖို့က သားလေးအတွက် ပူစရာမလိုတော့ဘူး နောက် အရွယ်နည်းနည်းကြီး လမ်းလျှောက်တတ်တော့လည်း ဒီညိုညိုနဲ့ပဲ ဆော့တာလေ။


နောက် မူကြိုထားတဲ့ အရွယ်မှာလည်း သူ့ကို ညိုညိုက မူကြိုအထိလိုက်ပို့တယ်။ ညနေဆိုလည်း မူကြိုအထိသွားကြိုတယ်။ အဲ့ဒါကြောင့် သားငယ်လေးက ညိုညိုကို သံယောဇဉ် ဖြစ်နေတာ ကိုခင်မြင့်က အော်ဒါကြောင့် သူသားလေးကို သံယောဇဉ်ဖြစ်ပြီး မနေနိုင်တာကိုဆိုပြီး ကိုခင်မြင့်က ညိုညိုကို ဦးဝင်းမောင်ထံ ပြန်ပေးခဲ့ပါတယ်။

သားလေးနဲ့ ညိုညိုတို့ရဲ့ သံယောဇဉ် ကိုမခွဲရက်နိုင်တာကြောင့် အရင်ဝယ်ထားတဲ့ ပိုက်ဆံကိုတောင်မှ ပြန်မယူသွားတော့ပဲ ဒီအတိုင်းပြန်ခဲ့ပါတယ်။ လူနဲ့တိရိစ္ဆာန်လေးတွေ ကြားက သံယောဇဉ်တွေဟာ ပြောမပြတတ်အောင်ကို ကြီးမားကြပါတယ်။

Credit

Zawgyi

ႏြားမႀကီးကို ဝယ္လိုက္တဲ့ေန႔ကစၿပီး အစာမစားပဲ မ်က္ရည္ေတြနဲ႔ ေအာ္ပဲေအာ္ေနလို႔ အရင္ပိုင္ရွင္အား သြားျပန္ေမးၾကည့္လိုက္သာအခါ

ဦးဝင္းေမာင္ တစ္ေယာက္ ညေနေက်ာင္းဆင္းခ်ိန္တြင္ သားျဖစ္သူျပန္လာမွာကို ေတြးၿပီး စိုးရိမ္ေနမိသည္။ “ေဖႀကီးေရ ေဖႀကီး”၊ ေဟာ သားျပန္လာၿပီ လွမ္းၾကည့္လိုက္ေတာ့ သားငယ္ျဖစ္သူ၏ မ်က္ႏွာလည္းမေကာင္း သားျဖစ္က ႐ုတ္တရက္ ေဖႀကီး ဒီေန႔ ညိဳညိဳ လာလည္းမႀကိဳဘူး အိမ္မွာလည္းမေတြ႕ဘူး ေဖႀကီး ဘယ္ေရာက္သြားတာလဲ။

သားျဖစ္သူ၏ ေမးခြန္းကို ဦးဝင္းေမာင္ တစ္ေယာက္ေျဖရန္ခက္ခဲေန သားရယ္ သားနဲ႔ ညိဳညိဳနဲ႔ သံေယာဇဥ္ကို ေဖႀကီးသိပါတယ္ကြယ္။ ဒါေပမယ့္ ေဖႀကီးတို႔စပါးက ဒီႏွစ္ မေအာင္လို႔ စားဖို႔အႏိုင္ႏိုင္ ျဖစ္ေနတယ္ေလ။ ေနာက္ေန႔‌ ေတြအတြက္ အေဖတို႔မွာ ဆန္ဖိုး မရွိေတာ့လို႔ ညိဳညိဳကို ေဖႀကီး ေရာင္းလိုက္ရတယ္ကြယ္။

စကားလည္းဆုံးေရာ သားငယ္ေလးက ညိဳညိဳကိုျပန္ေခၚေပးဆိုၿပီး ငိုလိုက္တာမွ ေခ်ာ့လို႔မရေအာင္ပဲ။ မတတ္ႏိုင္ဘူးေလ ေနာက္ေန႔ေတြအတြက္ ဝမ္းစာက အေရးႀကီးတယ္မလား။ သည္းခံရမွာေပါ့ဆိုၿပီး သားငယ္အငိုတိတ္တဲ့အထိေစာင့္ၿပီး နားလည္ေအာင္ေျပာျပမယ္ဆိုၿပီး ဦဝင္းေမာင္ စိတ္ထဲ ေတြးေနမိသည္။

သို႔ေပမယ့္လည္း သားငယ္ကေတာ့ ညိဳညိဳမပါရင္ ေက်ာင္းမသြားဘူးဟုဆိုကာ ေပကပ္ကပ္လုပ္ေနေလရဲ႕ ၊ ထမင္းလည္းမစား၊ အဲ့လိုနဲ႔ သုံးရက္ေလာက္ၾကာေတာ့ သားငယ္ေလး အျပင္းဖ်ားေရာ၊ အေဖျဖစ္သူက ဘာလုပ္ရမွန္းမသိ ေဆးလည္းမေသာက္ဘူး ဘာမွလည္းမစားဘူး။

ညေနေရာက္ေတာ့ ၿခံဝမွာ ျခဴသံေလးနဲ႔ ညိဳညိဳေအာ္သံၾကားေတာ့ သားငယ္ေလး ေခါင္းေထာင္ၾကည့္ၿပီး ညိဳညိဳဆီကို အေျပးႏွင္ၿပီး ဖက္ၿပီး ငိုပါေတာ့တယ္။ ဒါနဲ႔ ညိဳညိဳကိုဝယ္သြားတဲ့ ကိုခင္ျမင့္က ဒီႏြားမႀကီး ကြၽန္ေတာ့္အိမ္ ေရာက္တဲ့ေန႔ကတည္းက အစာလည္းမစားဘူး၊ မ်က္ရည္ေတြနဲ႔ ေန႔တိုင္းပဲ ေအာ္ပဲေအာ္ေနတာဗ်ာ။ ကြၽန္ေတာ္လည္း အစကေတာ့ ဒီလိုပဲအေနစိမ္းလို႔ မစားတာထင္တယ္ဆိုၿပီး ေစာင့္ၾကည့္ေနတာ။

အခုက တစ္ရက္မဟုတ္ ႏွစ္ရက္မဟုတ္နဲ႔ သုံးရက္ေလာက္ျဖစ္လာေတာ့ ကြၽန္ေတာ္ သနားလာတယ္။ သိလည္း သိခ်င္လာတယ္။ ဘာ့ေၾကာင့္လဲဆိုတာ အဲ့ဒါနဲ႔ ကြၽန္ေတာ္ ခင္ဗ်ားကိုေမးမယ္ဆိုၿပီး သူ႔ပါေခၚလာတာ ဦးဝင္းေမာင္ေရ။ ေအာ္ ဒါက ဒီလိုဗ် ဦးဝင္းေမာင္က ရွင္းျပေလသည္။

ကြၽန္ေတာ့္ ဇနီးဆုံးေတာ့ သားငယ္ေလးက လသားအ႐ြယ္ပဲရွိေသးတယ္ အဲ့အခ်ိန္မွာ ညိဳညိဳကလည္း သားက်ထားေတာ့မိခင္ႏို႔အစား ဒီႏြားမႀကီးရဲ႕ ႏို႔ကို က်ိဳခ်က္ၿပီးတိုက္ရတယ္။ အဲ့မွာ ႏို႔တိုက္ဖို႔က သားေလးအတြက္ ပူစရာမလိုေတာ့ဘူး ေနာက္ အ႐ြယ္နည္းနည္းႀကီး လမ္းေလွ်ာက္တတ္ေတာ့လည္း ဒီညိဳညိဳနဲ႔ပဲ ေဆာ့တာေလ။

ေနာက္ မူႀကိဳထားတဲ့ အ႐ြယ္မွာလည္း သူ႔ကို ညိဳညိဳက မူႀကိဳအထိလိုက္ပို႔တယ္။ ညေနဆိုလည္း မူႀကိဳအထိသြားႀကိဳတယ္။ အဲ့ဒါေၾကာင့္ သားငယ္ေလးက ညိဳညိဳကို သံေယာဇဥ္ ျဖစ္ေနတာ ကိုခင္ျမင့္က ေအာ္ဒါေၾကာင့္ သူသားေလးကို သံေယာဇဥ္ျဖစ္ၿပီး မေနႏိုင္တာကိုဆိုၿပီး ကိုခင္ျမင့္က ညိဳညိဳကို ဦးဝင္းေမာင္ထံ ျပန္ေပးခဲ့ပါတယ္။

သားေလးနဲ႔ ညိဳညိဳတို႔ရဲ႕ သံေယာဇဥ္ ကိုမခြဲရက္ႏိုင္တာေၾကာင့္ အရင္ဝယ္ထားတဲ့ ပိုက္ဆံကိုေတာင္မွ ျပန္မယူသြားေတာ့ပဲ ဒီအတိုင္းျပန္ခဲ့ပါတယ္။ လူနဲ႔တိရိစာၦန္ေလးေတြ ၾကားက သံေယာဇဥ္ေတြဟာ ေျပာမျပတတ္ေအာင္ကို ႀကီးမားၾကပါတယ္။

Credit

Leave a Comment