“ကိုကို … ဘောင်းဘီချွတ် ”
“အို့ … ဘာလုပ်ဖို့တုန်း … ”
ငတိမက ရင်းမရှိဖျားမရှိ ပြောတော့ … ကျုပ်မှာ မအုပ်သင့်တာတွေ ဖမ်းအုပ်မိကုန်တယ် …
လူမြင်ကွင်းပန်းခြံကြီးမှာဗျာ … ချွတ်စရာလား
“ဒါဆို အင်္ကျီချွတ်ကွာ ” “ဟာ … ဘာလုပ်မှာတုန်းလို့ ”
ဘာကြောင့်လဲကို မသိဘူး ငတိမက တောင်းချင်တာတောင်းနေတာ
အကျိုးသင့်အကြောင်းသင့်ဆိုလည်း ပေးရတာ ဟုတ်တုတ်တုတ်
“ဒါဆို … ဦးထုပ် ချွတ်ကွာ ” “ဖွီး … ”
မေးမရနိုင်တာ သိတာနဲ့ အလိုက်သင့်ပဲ ချွတ်ပေးလိုက်တယ် …
ငတိမက ဘာလုပ်ဦးမယ်မသိဘူး … “အဲဒါ ဖေဖေဝယ်ပေးထားတဲ့ဟာနော် … ပေါက်ကရ မလုပ်ကြေး ”
“အင်းပါ … ခု မျက်လုံးမှိတ်လိုက် ” “ဘာ … လုပ် ” “မမေးနဲ့ မှိတ်လိုက်ပါဆို … ဖွင့်ဆိုမှဖွင့် ”
“ပြီးရောကွာ … ” ကျုပ်ဖြင့် မျက်လုံးသာ မှိတ်ထားရတယ် ဦးထုပ်ကလေးကို စိတ်မချဘူး
ငတိမ က ဘာလုပ်မယ်မှန်းမှမသိတာ … မှိတ်ထားတာ ငါးမိနစ်လောက်ကြာသွားတယ် … သူ့အသံလည်း မကြားရဘူး …
ကြာတော့ ဖွင့်ကြည့်ချင်လာတယ် “မဖွင့် နဲ့ဦးနော် …ဖွင့်ရင် အပြတ်ပဲ ” “အယ် … ”
ကိုယ်က ဖွင့်မယ်ကြံတာ … ငတိမက သိနေတာကိုး အဲဒါနဲ့ ပြန်မှိတ်ထားလိုက်တယ်
ခဏနေတော့ ဖုန်းဝင်လာပါလေရော … “ဖုန်းကိုင်လို့ရလားဟင် … “”အင်း … ရတယ် ကိုင် ”
အသံလာရာကို ရမ်းကိုင်လိုက်တော့ ကွက်တိပဲ ဖုန်းကလက်ထဲမှာ …
“ဟယ်လို … ” “ခွေးမသား … ” “ခွီး … ဘယ်ကကောင်တုန်း ငါ့ကိုဆဲတာ ”
“ခွေးမကြီးသား … ” “ဖီး … ဘယ်ကောင်တုန်းလို့ မေးနေတယ်လေ ” “ငါ မင်းအဖေကွ ”
“အောင်မယ် … ဘယ်ကအဖေလဲ … ဆဲပြီးမှ အခွက်လာမပြောင်နဲ့ဖြတ်ရိုက်မှာ ” “ဘို … “ဟုတ်တယ်ဗျာ … ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးနေတာ …ဖုန်းထဲက လာဆဲတာကိုး ပိတ်ဟောက်ပစ်လိုက်တယ် …
“ငါ့ဖုန်းနံပါတ်ကို မှတ်မထားဘူးလား ခွေးမကြီးသား ” “မျက်စိမှိတ်ထားတာကွ မမြင်ရဘူး ”
“အေး ငါ့ဖုန်းနံပါတ်က ၀၉၄၂၀…… ” “အင်း ကြားဖူးတယ် “”အေး ကြားဖူးမှာပေါ့ … မင်းအမေလင် … ငါမင်းအဖေ ”
“ဗုဒ္ဓေါ… “သေပြီ … ။ အဖေ့ဖုန်း … ငတိမက မျက်စိကြီးမှိတ်ခိုင်းထားတော့ ကျုပ်ကမမြင်ရပဲ အော်နေတာ … ဘယ်သိမတုန်းဗျ “သား မမြင်လိုက်လို့ပါ အဖေ … ”
“ခွေးမကြီးသား … မင်းငါတို့ကို အရှက်ခွဲနေတာလား ဟမ် “”စင် … အဲ သားဘာလုပ်လို့လည်း ”
“ခွေးမကြီးသား အိမ်ပြန်လာခဲ့ မင်းသိမယ် ” “ငှယ် … ”
ကျုပ်ဖြင့် ဘာမသိညာမသိနဲ့ အဖေကောတာခံလိုက်ရတယ်ပြီးတော့ ဖုန်းက ချသွားရော ခဏနေတော့ ဖုန်းဝင်လာပြန်ရော …
“ဟယ်လို … “”ခွေးမသား … မင်းအဲဒီ လိုက်ဖ်လွှင့်တာကို မရပ်သေးဘူးလား “”ဟော … ဘာလိုက်ဖ်လဲဗျာ … ”
ပြောပြောဆိုဆို မေ့ပြီးမျက်လုံးဖွင့်ကြည့်မိတော့ … ကျုပ်ဘေးမှာ လူတွေက ဝိုင်းလို့ ငတိမယူသွားတဲ့ ဦးထုပ်ကလေးက ရှေ့မှာ ပက်လက်ကလေး ပိုက်ဆံတွေတောင်ပြည့်လို့ …
ငတိမက ကျုပ်ကို ဖုန်းနဲ့ရိုက်ပြီး လိုက်ဖ်လွှင့်ပေးလေသတဲ့ … ခေါင်းစဉ်လေးတောင်ပါသေးတယ် …
“ဖုန်းကိုင်နိုင်သော အဆင့်မြင့်သူတောင်းစားတဲ့ … ” လခွမ်း
ဆွေမျိုးတွေကောင်းလို့ ကျုပ်မှာ အိမ်ပေါ်ကနှင်ချမခံရတာ …
အဲ့ကတည်းက ကိုယ့်ပစ္စည်းဆိုရင် ဘယ်သူတောင်းတောင်း ခဏလေးတောင် မငှါးရဲတော့တာ အခုထိ အဟုတ်ပါဆို မရယ်ကြေး
Zawgyi
“ကိုကို … ေဘာင္းဘီခြၽတ္ ”
“အို႔ … ဘာလုပ္ဖို႔တုန္း … ”
ငတိမက ရင္းမရွိဖ်ားမရွိ ေျပာေတာ့ … က်ဳပ္မွာ မအုပ္သင့္တာေတြ ဖမ္းအုပ္မိကုန္တယ္ …
လူျမင္ကြင္းပန္းၿခံႀကီးမွာဗ်ာ … ခြၽတ္စရာလား
“ဒါဆို အက်ႌခြၽတ္ကြာ ” “ဟာ … ဘာလုပ္မွာတုန္းလို႔ ”
ဘာေၾကာင့္လဲကို မသိဘူး ငတိမက ေတာင္းခ်င္တာေတာင္းေနတာ
အက်ိဳးသင့္အေၾကာင္းသင့္ဆိုလည္း ေပးရတာ ဟုတ္တုတ္တုတ္
“ဒါဆို … ဦးထုပ္ ခြၽတ္ကြာ ” “ဖြီး … ”
ေမးမရႏိုင္တာ သိတာနဲ႔ အလိုက္သင့္ပဲ ခြၽတ္ေပးလိုက္တယ္ …
ငတိမက ဘာလုပ္ဦးမယ္မသိဘူး … “အဲဒါ ေဖေဖဝယ္ေပးထားတဲ့ဟာေနာ္ … ေပါက္ကရ မလုပ္ေၾကး ”
“အင္းပါ … ခု မ်က္လုံးမွိတ္လိုက္ ” “ဘာ … လုပ္ ” “မေမးနဲ႔ မွိတ္လိုက္ပါဆို … ဖြင့္ဆိုမွဖြင့္ ”
“ၿပီးေရာကြာ … ” က်ဳပ္ျဖင့္ မ်က္လုံးသာ မွိတ္ထားရတယ္ ဦးထုပ္ကေလးကို စိတ္မခ်ဘူး
ငတိမ က ဘာလုပ္မယ္မွန္းမွမသိတာ … မွိတ္ထားတာ ငါးမိနစ္ေလာက္ၾကာသြားတယ္ … သူ႔အသံလည္း မၾကားရဘူး …
ၾကာေတာ့ ဖြင့္ၾကည့္ခ်င္လာတယ္ “မဖြင့္ နဲ႔ဦးေနာ္ …ဖြင့္ရင္ အျပတ္ပဲ ” “အယ္ … ”
ကိုယ္က ဖြင့္မယ္ႀကံတာ … ငတိမက သိေနတာကိုး အဲဒါနဲ႔ ျပန္မွိတ္ထားလိုက္တယ္
ခဏေနေတာ့ ဖုန္းဝင္လာပါေလေရာ … “ဖုန္းကိုင္လို႔ရလားဟင္ … “”အင္း … ရတယ္ ကိုင္ ”
အသံလာရာကို ရမ္းကိုင္လိုက္ေတာ့ ကြက္တိပဲ ဖုန္းကလက္ထဲမွာ …
“ဟယ္လို … ” “ေခြးမသား … ” “ခြီး … ဘယ္ကေကာင္တုန္း ငါ့ကိုဆဲတာ ”
“ေခြးမႀကီးသား … ” “ဖီး … ဘယ္ေကာင္တုန္းလို႔ ေမးေနတယ္ေလ ” “ငါ မင္းအေဖကြ ”
“ေအာင္မယ္ … ဘယ္ကအေဖလဲ … ဆဲၿပီးမွ အခြက္လာမေျပာင္နဲ႔ျဖတ္႐ိုက္မွာ ” “ဘို … “ဟုတ္တယ္ဗ်ာ … ကိုယ့္ဟာကိုယ္ ေအးေအးေဆးေဆးေနတာ …ဖုႏ္းထဲက လာဆဲတာကိုး ပိတ္ေဟာက္ပစ္လိုက္တယ္ …
“ငါ့ဖုန္းနံပါတ္ကို မွတ္မထားဘူးလား ေခြးမႀကီးသား ” “မ်က္စိမွိတ္ထားတာကြ မျမင္ရဘူး ”
“ေအး ငါ့ဖုန္းနံပါတ္က ၀၉၄၂၀…… ” “အင္း ၾကားဖူးတယ္ “”ေအး ၾကားဖူးမွာေပါ့ … မင္းအေမလင္ … ငါမင္းအေဖ ”
“ဗုေဒၶါ… “ေသၿပီ … ။ အေဖ့ဖုန္း … ငတိမက မ်က္စိႀကီးမွိတ္ခိုင္းထားေတာ့ က်ဳပ္ကမျမင္ရပဲ ေအာ္ေနတာ … ဘယ္သိမတုန္းဗ် “သား မျမင္လိုက္လို႔ပါ အေဖ … ”
“ေခြးမႀကီးသား … မင္းငါတို႔ကို အရွက္ခြဲေနတာလား ဟမ္ “”စင္ … အဲ သားဘာလုပ္လို႔လည္း ”
“ေခြးမႀကီးသား အိမ္ျပန္လာခဲ့ မင္းသိမယ္ ” “ငွယ္ … ”
က်ဳပ္ျဖင့္ ဘာမသိညာမသိနဲ႔ အေဖေကာတာခံလိုက္ရတယ္ၿပီးေတာ့ ဖုန္းက ခ်သြားေရာ ခဏေနေတာ့ ဖုန္းဝင္လာျပန္ေရာ …
“ဟယ္လို … “”ေခြးမသား … မင္းအဲဒီ လိုက္ဖ္လႊင့္တာကို မရပ္ေသးဘူးလား “”ေဟာ … ဘာလိုက္ဖ္လဲဗ်ာ … ”
ေျပာေျပာဆိုဆို ေမ့ၿပီးမ်က္လုံးဖြင့္ၾကည့္မိေတာ့ … က်ဳပ္ေဘးမွာ လူေတြက ဝိုင္းလို႔ ငတိမယူသြားတဲ့ ဦးထုပ္ကေလးက ေရွ႕မွာ ပက္လက္ကေလး ပိုက္ဆံေတြေတာင္ျပည့္လို႔ …
ငတိမက က်ဳပ္ကို ဖုန္းနဲ႔႐ိုက္ၿပီး လိုက္ဖ္လႊင့္ေပးေလသတဲ့ … ေခါင္းစဥ္ေလးေတာင္ပါေသးတယ္ …
“ဖုန္းကိုင္ႏိုင္ေသာ အဆင့္ျမင့္သူေတာင္းစားတဲ့ … ” လခြမ္း
ေဆြမ်ိဳးေတြေကာင္းလို႔ က်ဳပ္မွာ အိမ္ေပၚကႏွင္ခ်မခံရတာ …
အဲ့ကတည္းက ကိုယ့္ပစၥည္းဆိုရင္ ဘယ္သူေတာင္းေတာင္း ခဏေလးေတာင္ မငွါးရဲေတာ့တာ အခုထိ အဟုတ္ပါဆို မရယ္ေၾကး