သနပ်ခါးလိမ်းတဲ့ မိန်းခလေးတိုင်း သိဖို့ အရေးကြီးတဲ့ အချက်လေးတွေ

သနပ်ခါးလိမ်းတဲ့ မိန်းခလေးတိုင်း သိဖို့ အရေးကြီးတဲ့ အချက်လေးတွေ


မေမေ ပြောပြတဲ့ ပျိုမေတို့ အကြိုက် သနပ်ခါး ကျောက်ပျဉ်

သနပ်ခါး ကျောက်ပြင် အသစ်ဆို ရေလေး ဆေးလိုက်ပြီး သနပ်ခါးတုံး သွေးထည့်လိုက်တာပဲ… အဲသလို လုပ်လို့မရပါဘူး…

ကျောက်သား အစစ်ကို ထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ် ဘိလပ်မြေ လိုမျိုးကို ပုံပြုထားတဲ့ ကျောက်ပျဉ်ဖြစ်ဖြစ် ပထမဦးဆုံး အသုံးမပြုခင်မှာ ဝယ်လာတဲ့ ကျောက်ပျဉ်ကို ရေစင်စင်ဆေးပြီး ကျောက်ပျဉ်ကို ရေပုန်းထဲကို ထည့်ပြီး ရေနဲ့ တစ်ည စိမ်ထားပါ…


နောက်တစ်ရက်မှာ နနွန်းတက်နဲ့ ဆီ + ဆားနဲ့ကို သွေးပြီး တစ်နေကုန် နေလှမ်းထားရပါတယ်… ဆီခြောက်တော့မှ သနပ်ခါးကျောက်ပျဉ်ကို ရေထပ်ဆေးပြီးမှ မိမိကြိုက်နှစ်သက်ရာ သနပ်ခါးတုံးကို သွေးရပါတယ်…

ထွက်လာတဲ့ သနပ်ခါး ကလေးတွေက ညက်နေပြီး တနေကုန် ပါးပြင်ပေါ် အရာထင်နေပါတယ်တဲ့…

ကဲ ကျောက်ပျဉ်အသစ်ကို ဘယ်လို အသုံးပြုရသလဲဆိုတာ သိသွားပြီပေါ့…

မေမေပြောပြတယ် ကျောက်ပျဉ်ပေါ် သနပ်ခါး သွေးတာ လေ့ကျင့်ခန်း တစ်ခုလုပ်တာနဲ့ တူတူပဲတဲ့…

ဒါပေမဲ့ ကြမ်းပြင်ပေါ် ချသွေးရတာ မဟုတ်ပဲ… မိမိခါးအလည်လောက် အမြင့်ရှိတဲ့ နေရာမှာ ထားပြီး သွေးရမယ်တဲ့…

သနပ်ခါးကို အားစိုက်သွေးနေရတော့ လေ့ကျင့်ခန်း လုပ်နေတယ်လို့ မထင်ရပေမယ့် နှစ်နဲ့ချီပြီး နေ့စဉ် သွေးနေရတော့ လက်မောင်းကြွက်သွားတွေက ပိုပြီးသန်မာတယ်…

ပျော့ပြီး ရွဲကျခြင်းမျိုး မဖြစ်ဘူးတဲ့၊ ဘယ်ညာတော့ လှည့်သွေးပေါ့တဲ့…

ငရုပ်သီး ထောင်းတာလဲ အတူတူပဲတဲ့… ခေါင်းလေ့ကျင့်ခန်းကတော့ ရေအိုး ရွက်တာပါတဲ့ မေမေ အမေ (အဖွား) ပြောပြတာလို့ ပြောတယ်…

( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင် Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ )

Zawgyi

သနပ္ခါးလိမ္းတဲ့ မိန္းခေလးတိုင္း သိဖို႔ အေရးႀကီးတဲ့ အခ်က္ေလးေတြ
ေမေမ ေျပာျပတဲ့ ပ်ိဳေမတို႔ အႀကိဳက္ သနပ္ခါး ေက်ာက္ပ်ဥ္

သနပ္ခါး ေက်ာက္ျပင္ အသစ္ဆို ေရေလး ေဆးလိုက္ၿပီး သနပ္ခါးတုံး ေသြးထည့္လိုက္တာပဲ… အဲသလို လုပ္လို႔မရပါဘူး…

ေက်ာက္သား အစစ္ကို ထြင္းထားတဲ့ ေက်ာက္ပ်ဥ္ ျဖစ္ျဖစ္ ဘိလပ္ေျမ လိုမ်ိဳးကို ပုံျပဳထားတဲ့ ေက်ာက္ပ်ဥ္ျဖစ္ျဖစ္ ပထမဦးဆုံး အသုံးမျပဳခင္မွာ ဝယ္လာတဲ့ ေက်ာက္ပ်ဥ္ကို ေရစင္စင္ေဆးၿပီး ေက်ာက္ပ်ဥ္ကို ေရပုန္းထဲကို ထည့္ၿပီး ေရနဲ႔ တစ္ည စိမ္ထားပါ…

ေနာက္တစ္ရက္မွာ နႏြန္းတက္နဲ႔ ဆီ + ဆားနဲ႔ကို ေသြးၿပီး တစ္ေနကုန္ ေနလွမ္းထားရပါတယ္… ဆီေျခာက္ေတာ့မွ သနပ္ခါးေက်ာက္ပ်ဥ္ကို ေရထပ္ေဆးၿပီးမွ မိမိႀကိဳက္ႏွစ္သက္ရာ သနပ္ခါးတုံးကို ေသြးရပါတယ္…

ထြက္လာတဲ့ သနပ္ခါး ကေလးေတြက ညက္ေနၿပီး တေနကုန္ ပါးျပင္ေပၚ အရာထင္ေနပါတယ္တဲ့…

ကဲ ေက်ာက္ပ်ဥ္အသစ္ကို ဘယ္လို အသုံးျပဳရသလဲဆိုတာ သိသြားၿပီေပါ့…

ေမေမေျပာျပတယ္ ေက်ာက္ပ်ဥ္ေပၚ သနပ္ခါး ေသြးတာ ေလ့က်င့္ခန္း တစ္ခုလုပ္တာနဲ႔ တူတူပဲတဲ့…

ဒါေပမဲ့ ၾကမ္းျပင္ေပၚ ခ်ေသြးရတာ မဟုတ္ပဲ… မိမိခါးအလည္ေလာက္ အျမင့္ရွိတဲ့ ေနရာမွာ ထားၿပီး ေသြးရမယ္တဲ့…

သနပ္ခါးကို အားစိုက္ေသြးေနရေတာ့ ေလ့က်င့္ခန္း လုပ္ေနတယ္လို႔ မထင္ရေပမယ့္ ႏွစ္နဲ႔ခ်ီၿပီး ေန႔စဥ္ ေသြးေနရေတာ့ လက္ေမာင္းႂကြက္သြားေတြက ပိုၿပီးသန္မာတယ္…

ေပ်ာ့ၿပီး ႐ြဲက်ျခင္းမ်ိဳး မျဖစ္ဘူးတဲ့၊ ဘယ္ညာေတာ့ လွည့္ေသြးေပါ့တဲ့…

င႐ုပ္သီး ေထာင္းတာလဲ အတူတူပဲတဲ့… ေခါင္းေလ့က်င့္ခန္းကေတာ့ ေရအိုး ႐ြက္တာပါတဲ့ ေမေမ အေမ (အဖြား) ေျပာျပတာလို႔ ေျပာတယ္…

( ဒီ Post ေလးက အသုံးဝင္တယ္ ဆိုရင္ Share တစ္ခ်က္ လုပ္ၿပီး မွ်ေဝေပးလိုက္ပါ )

Leave a Comment