သစ္စာမရှိ ဖောက်ပြန်ထားသောသူများ ဘုရားပေါ်သို့ တက်လာလျှင် ချက်ချင်းမိုးတွေမှောင်လာပြီး မိုးကြိုးတွေပစ်ချတယ်ဆိုတဲ့ တန်ခိုးကြီးဘုရား
သစ္စာမရှိ ဖောက်ပြန်ထားသောသူများ ဘုရားပေါ်သို့ တက်လာလျှင် ချက်ချင်းမိုးတွေမှောင်လာပြီး
မိုးကြိုးတွေပစ်ချတယ်ဆိုတဲ့ တန်ခိုးကြီးဘုရား
ပရိသတ်ကြီးရေ “ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမလွယ်နဲ့” ဆိုတာ ကြားဖူးမှာပါနော်…
ဒီစကားအလကားထားခဲ့တာမဟုတ်ပါဘူး…။ဘယ်နေရာ ဘယ်ဒေသ သွားသွား သက်ဆိုင်ရာဒေသတွေမှာ ချမှတ်ထားတဲ့
အယူ စည်းကမ်းတွေကို ဖောက်ဖျက်လို့မရပါဘူး…။ဖောက်ဖျက်ရင် အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့နိုင်ပါတယ်
ဒီအကြောင်းလေးနဲ့ ပတ်သက်ပြီး မုလအိဘုရားရဲ့ ထူးခြားဆန်းကြယ်ပုံတွေကို
လူမှုကွန်ရက် စာမျက်နှာမှာ ခုလို ဖော်ပြ ထားပါတယ်။“မုလအိ ဘုရားရှိ ရာတောင်ပေါ်ကအဆင်းမှာ
ကားဘရိတ် ပေါက်ပြီးသေဆုံးတဲ့ နာရေးသတင်းကြား ရလို့ စိတ်မကောင်းပါဘူး…။
သေဆုံးသူ အကြောင်းလည်းသေချာ အတိအကျ သိပ်မသိပေမယ့် မုလအိ ဘုရားနဲ့ ပတ်သက်ပြီး
သိထားသင့်စရာ သတိထားစရာ အချက်တွေ ရှိပါတယ်။
ဘုရားကို တည်ထားခဲ့ သူရဲ့ အမုန်းတရားနဲ့ ကျိန်စာတွေကြောင့်လို့ ရှေးရှေးက ပြောဆို ခဲ့ရာက
အစဉ်အဆက် ဆရာတော်များကနေ တဆင့်ပြောပြ သတိပေးထား ပါတယ်
ဘုရားရှိရ ာတောင်နဲ့ အနီးပါတ်ဝန်းကျင် နေရာများအားလုံးမှာ “တောပြစ် သားကောင်မပြစ်ရ။”
ဘုရားရှိရာ တောင်အနီး ပါတ်ဝန်းကျင် တဝိုက်မှာ တောအရမ်းနက် ပါတယ်တောမပစ်ရန် သားကောင်တွေ့သမျှ မပစ်ရန်
အလှည့်ကျ ကျောင်းထိုင်ပေးသော ဆရာတော်များက အမြဲသတိပေးပါတယ်။ သစ်ပင်များလည်း မခုတ်ရပါ။
တောအရမ်းနက်သဖြင့် ရံဖန်ရံခါတောင် ပေါ်တက်စဉ် ကျားကြီးများကျားသစ်များ ဒေါင်းများစသဖြင့်တွေ့ရနိုင်ပါတယ်
ဘုရားရှိရာ တောင်ပေါ်တက်ရင် တောင်အလယ် ယာဉ်ရပ်နားစခန်း ခရီးတဝက်မှာ
ကိုယ်ခန္ဓာသန့်ရှင်းစင်ကြယ်သွားအောင် ရေချိုးရပါမယ်။”အမျိုးသမီးများ လစဉ် ဓမ္မတာလာနေလျှင်
တောင်ပေါ်မတက်ရပါ။ အဝတ်အစား အတိုအပြတ်မလုံခြုံတာ မဝတ်ဆင်ရပါ
ဘုရားရှိရာတောင်ပေါ်ကို လင်မယား သမီးရည်းစား တူယှဉ်တွဲ မတက်ရပါ။ တောင်ပေါ်စခန်းနားနေရာတွေမှာ အတူမအိပ်ရပါ။”
“ဘုရားရှိရာ တောင်ပေါ်ကို တက်နေစဉ် ဘုရားဖူးနေစဉ် စကားကြမ်းကြမ်း မပြောရပါ။
ဆဲတာ ဆိုတာ နိမိတ်မရှိသော စကားများ မပြောဆိုရပါ။”
“သစ္စာမရှိ ဖောက်ပြန် ထားသောသူများ ဘုရားရှိရာ တောင်ပေါ်သို့ တက်လာလျှင်
ချက်ချင်းမိုးတွေေ မှာင်လာပြီး မိုးကြိုးတွေပစ်ချ ဖူးသောအကြောင်း ကိစ္စ များလည်း ရှိခဲ့ ဖူးပါသည်။
“အမျိုးသားများသာ သီးသန့်တက်ဖူးရသော တောင်ပေါ်ကဘုရားမို့ အမျိုးသမီးများ လုံးဝကျူးကျော် ဝင်ဖူး၍မရပါ။”
မုလအိဘုရားရှိရာတောင်ပေါ်မှာ အလှည့်ကျ စောင့်ရှောက်ပေးသော ဆရာတော်ကြီးများကလည်း အထူးသတိပေးထားပါတယ်။
မုလအိဘုရားသည် သာမန်ဘုရားမဟုတ် တောနက်ထဲက နတ်ကြီးသော ဘုရားဖြစ်တာမို့
အလည်အပါတ် အပျော်သဘောမျိုးဖြင့် မသွားသင့် သည်ကိုသတိထား ရပါမည်နော်။”
ဆိုပြီး ရေးသားထားတာပါ…။ဒါကြောင့် ပရိသတ်ကြီးတို့လည်း ဘုရားဖူးသွားမယ်ဆို ရှောင်ရမယ့်
အချက်လေးတွေကို သတိထားကြပါနော်…အားလုံးကျန်းမာချမ်းသာကြပါစေ…။ ။
Zawgyi
သစၥာမရွိ ေဖာက္ျပန္ထားေသာသူမ်ား ဘုရားေပၚသို႔ တက္လာလွ်င္ ခ်က္ခ်င္းမိုးေတြေမွာင္လာၿပီး မိုးႀကိဳးေတြပစ္ခ်တယ္ဆိုတဲ့ တန္ခိုးႀကီးဘုရား
သစၥာမရွိ ေဖာက္ျပန္ထားေသာသူမ်ား ဘုရားေပၚသို႔ တက္လာလွ်င္ ခ်က္ခ်င္းမိုးေတြေမွာင္လာၿပီး
မိုးႀကိဳးေတြပစ္ခ်တယ္ဆိုတဲ့ တန္ခိုးႀကီးဘုရား
ပရိသတ္ႀကီးေရ “ေရွးထုံးလည္းမပယ္နဲ႔ ေဈးသုံးလည္းမလြယ္နဲ႔” ဆိုတာ ၾကားဖူးမွာပါေနာ္…
ဒီစကားအလကားထားခဲ့တာမဟုတ္ပါဘူး…။ဘယ္ေနရာ ဘယ္ေဒသ သြားသြား သက္ဆိုင္ရာေဒသေတြမွာ ခ်မွတ္ထားတဲ့
အယူ စည္းကမ္းေတြကို ေဖာက္ဖ်က္လို႔မရပါဘူး…။ေဖာက္ဖ်က္ရင္ အႏၲရာယ္တစ္ခုခုနဲ႔ ႀကဳံေတြ႕ႏိုင္ပါတယ္
ဒီအေၾကာင္းေလးနဲ႔ ပတ္သက္ၿပီး မုလအိဘုရားရဲ႕ ထူးျခားဆန္းၾကယ္ပုံေတြကို
လူမႈကြန္ရက္ စာမ်က္ႏွာမွာ ခုလို ေဖာ္ျပ ထားပါတယ္။“မုလအိ ဘုရားရွိ ရာေတာင္ေပၚကအဆင္းမွာ
ကားဘရိတ္ ေပါက္ၿပီးေသဆုံးတဲ့ နာေရးသတင္းၾကား ရလို႔ စိတ္မေကာင္းပါဘူး…။
ေသဆုံးသူ အေၾကာင္းလည္းေသခ်ာ အတိအက် သိပ္မသိေပမယ့္ မုလအိ ဘုရားနဲ႔ ပတ္သက္ၿပီး
သိထားသင့္စရာ သတိထားစရာ အခ်က္ေတြ ရွိပါတယ္။
ဘုရားကို တည္ထားခဲ့ သူရဲ႕ အမုန္းတရားနဲ႔ က်ိန္စာေတြေၾကာင့္လို႔ ေရွးေရွးက ေျပာဆို ခဲ့ရာက
အစဥ္အဆက္ ဆရာေတာ္မ်ားကေန တဆင့္ေျပာျပ သတိေပးထား ပါတယ္
ဘုရားရွိရ ာေတာင္နဲ႔ အနီးပါတ္ဝန္းက်င္ ေနရာမ်ားအားလုံးမွာ “ေတာျပစ္ သားေကာင္မျပစ္ရ။”
ဘုရားရွိရာ ေတာင္အနီး ပါတ္ဝန္းက်င္ တဝိုက္မွာ ေတာအရမ္းနက္ ပါတယ္ေတာမပစ္ရန္ သားေကာင္ေတြ႕သမွ် မပစ္ရန္
အလွည့္က် ေက်ာင္းထိုင္ေပးေသာ ဆရာေတာ္မ်ားက အၿမဲသတိေပးပါတယ္။ သစ္ပင္မ်ားလည္း မခုတ္ရပါ။
ေတာအရမ္းနက္သျဖင့္ ရံဖန္ရံခါေတာင္ ေပၚတက္စဥ္ က်ားႀကီးမ်ားက်ားသစ္မ်ား ေဒါင္းမ်ားစသျဖင့္ေတြ႕ရႏိုင္ပါတယ္
ဘုရားရွိရာ ေတာင္ေပၚတက္ရင္ ေတာင္အလယ္ ယာဥ္ရပ္နားစခန္း ခရီးတဝက္မွာ
ကိုယ္ခႏၶာသန႔္ရွင္းစင္ၾကယ္သြားေအာင္ ေရခ်ိဳးရပါမယ္။”အမ်ိဳးသမီးမ်ား လစဥ္ ဓမၼတာလာေနလွ်င္
ေတာင္ေပၚမတက္ရပါ။ အဝတ္အစား အတိုအျပတ္မလုံၿခဳံတာ မဝတ္ဆင္ရပါ
ဘုရားရွိရာေတာင္ေပၚကို လင္မယား သမီးရည္းစား တူယွဥ္တြဲ မတက္ရပါ။ ေတာင္ေပၚစခန္းနားေနရာေတြမွာ အတူမအိပ္ရပါ။”
“ဘုရားရွိရာ ေတာင္ေပၚကို တက္ေနစဥ္ ဘုရားဖူးေနစဥ္ စကားၾကမ္းၾကမ္း မေျပာရပါ။
ဆဲတာ ဆိုတာ နိမိတ္မရွိေသာ စကားမ်ား မေျပာဆိုရပါ။”
“သစၥာမရွိ ေဖာက္ျပန္ ထားေသာသူမ်ား ဘုရားရွိရာ ေတာင္ေပၚသို႔ တက္လာလွ်င္
ခ်က္ခ်င္းမိုးေတြေ မွာင္လာၿပီး မိုးႀကိဳးေတြပစ္ခ် ဖူးေသာအေၾကာင္း ကိစၥ မ်ားလည္း ရွိခဲ့ ဖူးပါသည္။
“အမ်ိဳးသားမ်ားသာ သီးသန႔္တက္ဖူးရေသာ ေတာင္ေပၚကဘုရားမို႔ အမ်ိဳးသမီးမ်ား လုံးဝက်ဴးေက်ာ္ ဝင္ဖူး၍မရပါ။”
မုလအိဘုရားရွိရာေတာင္ေပၚမွာ အလွည့္က် ေစာင့္ေရွာက္ေပးေသာ ဆရာေတာ္ႀကီးမ်ားကလည္း အထူးသတိေပးထားပါတယ္။
မုလအိဘုရားသည္ သာမန္ဘုရားမဟုတ္ ေတာနက္ထဲက နတ္ႀကီးေသာ ဘုရားျဖစ္တာမို႔
အလည္အပါတ္ အေပ်ာ္သေဘာမ်ိဳးျဖင့္ မသြားသင့္ သည္ကိုသတိထား ရပါမည္ေနာ္။”
ဆိုၿပီး ေရးသားထားတာပါ…။ဒါေၾကာင့္ ပရိသတ္ႀကီးတို႔လည္း ဘုရားဖူးသြားမယ္ဆို ေရွာင္ရမယ့္
အခ်က္ေလးေတြကို သတိထားၾကပါေနာ္…အားလုံးက်န္းမာခ်မ္းသာၾကပါေစ…။ ။