စိန်တုံးစိန်ခဲကြီးများဖြင့် ပြည့်နှက်နေပြီး စိန်မိုးများ မကြာခဏ ရွာချနေတတ်တဲ့ဂြိုလ်

စိန်တုံးစိန်ခဲကြီးများဖြင့် ပြည့်နှက်နေပြီး စိန်မိုးများ မကြာခဏ ရွာချနေတတ်တဲ့ဂြိုလ်

ကမ္ဘာမြေနဲ့ မိုင် 2.6 ဘီလီယံအထိ အကွာအဝေးရှိတဲ့ ယူရေးနက်စ်ဂြိုဟ်ဟာ စိန်အစိုင်အခဲတွေနဲ့ ပြည့်နှက်နေပြီး စိန်မိုးတွေ အမြဲလိုလို ရွာသွန်းနေတယ်လို့ အာကာသ ပညာရှင်တွေက ဆိုပါတယ်။

အကြောင်းကတော့ ယူးရေးနက်စ်ဂြိုဟ်ဟာ ဟိုက်ဒရိုဂျင်နဲ့ ကာဗွန်ဓာတ်တို့ရဲ့ ပြင်းထန်တဲ့ ဖိအားကို ခံနေရတဲ့ ဂြိုဟ် ဖြစ်တယ်လို့ Metro မှာ ဖော်ပြထားပါတယ်။

အဆိုပါဖိအားဟာ ကမ္ဘာမြေထက်အောက် မိုင်ပေါင်း 5000 မှာ ရှိတဲ့ မြေသားတွေထက် ဖိအား ပိုများတဲ့ ပမာဏ ဖြစ်ပါတယ်။

ယူရေးနက်စ်ဂြိုဟ်ကို ရေခဲထုက ကာကွယ်ပေးထားပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းချီကတည်းက ဂြိုဟ်ပေါ်မှာ စိန်အခဲတွေဟာ ရေခဲပြင်ဘက်ကို တဖြည်းဖြည်း စိမ့်ထွက်နေခဲ့တယ်လို့ ဆိုပါတယ်။

ထိုကဲ့သို့ စိမ့်ထွက်လာတဲ့ စိန်အပွင့်ငယ်လေးတွေဟာ ယူရေးနက်စ်ဂြိုဟ်ကို ဝန်းရံနေတဲ့ ရေခဲစက်ဝန်းနဲ့ ရောယှက်ပြီး ဂြိုဟ်ရဲ့ အလှတရားကို ပိုပြီး ပေါ်လွင်စေခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ယူရေးနစ်စ်ဂြိုဟ်ပေါ်မှာ ဖိအားအနည်းငယ်သာ သက်ရောက်ခံရတဲ့ တန်ဖိုးနည်း ရတနာပစ္စည်း မရှိသလောက် ဖြစ်ပါတယ်။

စိန်ထုထည်ရဲ့ ကာရက်ဟာ သန်းပေါင်းများစွာ အလေးချိန် ရှိနိုင်တယ်လို့ ကျွမ်းကျင် ပညာရှင်တွေက ယုံကြည်ကြပါတယ်။

နက်ပကျွန်းဂြိုဟ်နဲ့ ယူရေးနက်စ်ဂြိုဟ်တို့ကို သိပ္ပံ ပညာရှင်တွေက “ မဟာရေခဲ ဂြိုဟ်ကြီးများ ” လို့ တင်စား ခေါ်ဝေါ်ကြပါတယ်။

အကြောင်းကတော့ အဆိုပါ ဂြိုဟ်တွေရဲ့ လေထု သိပ်သည်းမှုဟာ ကမ္ဘာမြေထက် အဆပေါင်း ထောင်ချီ ပိုများပါတယ်။

ဒါကြောင့် ယင်းဂြိုဟ် နှစ်ခုစလုံးမှာ အလွန် အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ စုရုံးနေနိုင်ကြောင်း ပညာရှင်တွေက ခန့်မှန်းခဲ့ကြပါတယ်။

ဒီလေ့လာမှုကို ဒေါက်တာ Dominik Kraus ဦးဆောင်တဲ့ Helmholtz Zentrum Dresden – Rossendorf (HZDR) သုတေသနအဖွဲ့က Nature Astronomy ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မူရင်းရေးသူကို လေးစားစွာ Credit ပေးပါသည်။

Zawgyi

စိန္တုံးစိန္ခဲႀကီးမ်ားျဖင့္ ျပည့္ႏွက္ေနၿပီး စိန္မိုးမ်ား မၾကာခဏ ႐ြာခ်ေနတတ္တဲ့ၿဂိဳလ္

ကမာၻေျမနဲ႔ မိုင္ 2.6 ဘီလီယံအထိ အကြာအေဝးရွိတဲ့ ယူေရးနက္စ္ၿဂိဳဟ္ဟာ စိန္အစိုင္အခဲေတြနဲ႔ ျပည့္ႏွက္ေနၿပီး စိန္မိုးေတြ အၿမဲလိုလို ႐ြာသြန္းေနတယ္လို႔ အာကာသ ပညာရွင္ေတြက ဆိုပါတယ္။

အေၾကာင္းကေတာ့ ယူးေရးနက္စ္ၿဂိဳဟ္ဟာ ဟိုက္ဒ႐ိုဂ်င္နဲ႔ ကာဗြန္ဓာတ္တို႔ရဲ႕ ျပင္းထန္တဲ့ ဖိအားကို ခံေနရတဲ့ ၿဂိဳဟ္ ျဖစ္တယ္လို႔ Metro မွာ ေဖာ္ျပထားပါတယ္။

အဆိုပါဖိအားဟာ ကမာၻေျမထက္ေအာက္ မိုင္ေပါင္း 5000 မွာ ရွိတဲ့ ေျမသားေတြထက္ ဖိအား ပိုမ်ားတဲ့ ပမာဏ ျဖစ္ပါတယ္။

ယူေရးနက္စ္ၿဂိဳဟ္ကို ေရခဲထုက ကာကြယ္ေပးထားၿပီး လြန္ခဲ့တဲ့ ႏွစ္ေပါင္း ေသာင္းခ်ီကတည္းက ၿဂိဳဟ္ေပၚမွာ စိန္အခဲေတြဟာ ေရခဲျပင္ဘက္ကို တျဖည္းျဖည္း စိမ့္ထြက္ေနခဲ့တယ္လို႔ ဆိုပါတယ္။

ထိုကဲ့သို႔ စိမ့္ထြက္လာတဲ့ စိန္အပြင့္ငယ္ေလးေတြဟာ ယူေရးနက္စ္ၿဂိဳဟ္ကို ဝန္းရံေနတဲ့ ေရခဲစက္ဝန္းနဲ႔ ေရာယွက္ၿပီး ၿဂိဳဟ္ရဲ႕ အလွတရားကို ပိုၿပီး ေပၚလြင္ေစခဲ့တယ္လို႔ သိပၸံပညာရွင္ေတြက ဆိုပါတယ္။

ယူေရးနစ္စ္ၿဂိဳဟ္ေပၚမွာ ဖိအားအနည္းငယ္သာ သက္ေရာက္ခံရတဲ့ တန္ဖိုးနည္း ရတနာပစၥည္း မရွိသေလာက္ ျဖစ္ပါတယ္။

စိန္ထုထည္ရဲ႕ ကာရက္ဟာ သန္းေပါင္းမ်ားစြာ အေလးခ်ိန္ ရွိႏိုင္တယ္လို႔ ကြၽမ္းက်င္ ပညာရွင္ေတြက ယုံၾကည္ၾကပါတယ္။

နက္ပကြၽန္းၿဂိဳဟ္နဲ႔ ယူေရးနက္စ္ၿဂိဳဟ္တို႔ကို သိပၸံ ပညာရွင္ေတြက “ မဟာေရခဲ ၿဂိဳဟ္ႀကီးမ်ား ” လို႔ တင္စား ေခၚေဝၚၾကပါတယ္။

အေၾကာင္းကေတာ့ အဆိုပါ ၿဂိဳဟ္ေတြရဲ႕ ေလထု သိပ္သည္းမႈဟာ ကမာၻေျမထက္ အဆေပါင္း ေထာင္ခ်ီ ပိုမ်ားပါတယ္။

ဒါေၾကာင့္ ယင္းၿဂိဳဟ္ ႏွစ္ခုစလုံးမွာ အလြန္ အဖိုးမျဖတ္ႏိုင္တဲ့ ရတနာေတြ စု႐ုံးေနႏိုင္ေၾကာင္း ပညာရွင္ေတြက ခန႔္မွန္းခဲ့ၾကပါတယ္။

ဒီေလ့လာမႈကို ေဒါက္တာ Dominik Kraus ဦးေဆာင္တဲ့ Helmholtz Zentrum Dresden – Rossendorf (HZDR) သုေတသနအဖြဲ႕က Nature Astronomy ဂ်ာနယ္မွာ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

မူရင္းေရးသူကို ေလးစားစြာ Credit ေပးပါသည္။

Leave a Comment