အများပိုင်ပစ္စည်းအပေါ် ထားတဲ့စိတ်ဓာတ်မှာ ဂျပန်နဲ့ မြန်မာတို့ ကွာခြားပုံ

အများပိုင်ပစ္စည်းအပေါ် ထားတဲ့စိတ်ဓာတ်မှာ ဂျပန်နဲ့ မြန်မာတို့ ကွာခြားပုံ (ဒီလိုတွေကွာလို့ တိုးတက်မှု ကွာတာ)

“ဂျပန်က ဘတ်စ်ကားတွေပေါ်မှာ ဆိုဖာ ထိုင်ခုံတွေကို ဓါးနဲ့ခွဲထားတာ၊ ဖျက်စီးထားတာမျိုး မရှိပါဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီလို ဖျက်စီးလိုက်ရင် ဂျပန်တွေရဲ့ ပစ္စည်း ပျက်စီးသွားတာ၊ ဂျပန်တွေရဲ့ ပိုက်ဆံတွေ ဆုံးရှုံးသွားတာပဲလို့ ခံယူကြလို့ပါပဲတဲ့” ။

အမှတ်မထင် ဖတ်မိတဲ့ စာလေးတစ်ကြောင်းပါ။ သြော် … တို့မြန်မာတွေ အတိုင်းပါပဲလားလို့ ပြောရင် ထရယ်ကြမလား မသိဘူး။

Correction Pen ကို လူကြီးလူငယ်တော်တော်များများ ကောင်းကောင်းကြီး သိကြပါတယ်။ မူရင်းတီထွင်သူက မှင်ဖျက်ဆေးအဖြစ် တီထွင်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာတော့ ရှေးဟောင်း အမွေအနှစ် ဖျက်ဆေးအဖြစ် အသုံးပြုခံနေရပါတယ်။

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတွေ ၊ နေရာတွေမှာ မှင်ဖျက်ဆေးတွေနဲ့ ပွစိခတ်နေအောင် ရေးထားတာကို စာဖတ်သူတွေလည်း မြင်ဖူးကြမှာပါ။

တစ်ခါက ကျွန်တော် ခေါင်းလောင်းအကြီးကြီးတစ်ခုကို တွေ့တော့ ဝမ်းသာအားရ ခေါင်းလောင်းထိုးမလို့ လုပ်တုန်း အထဲမှာ စုံတွဲထိုင်နေတာတွေ့လို့ ဘာလုပ်နေပါလိမ့် ဆိုပြီး ထိုင်ကြည့်နေတော့ ကျွန်တော့်ကို ဘုကြည့်ကြည့်ပြီး ထွက်သွားတယ်။

ကျွန်တော်လဲ ဘာများ ရှိပါလိမ့်ဆိုပြီးခေါင်းလောင်းအောက် ဝင်ကြည့်လိုက်တော့ အားပါးပါး စာတွေ စာတွေ မနည်းမနောပါလား။

Correction Pen နဲ့ ရေးထားတာ ဖွေးနေတာပဲ။ (၁၀)တန်း စာမှာပါတဲ့ ခေါင်းလောင်းစာ ဆိုတာ ဒါမျိုးနေမှာလို့ ထင်စရာရှိတယ်။

ရေးထားတာ အစုံပါပဲ။ “ခင့်ကို သိပ်ချစ်တဲ့ မောင်” တို့ “ကိုကို နဲ့ နွယ် (အမှတ်တရ ၄.၅.၂၀၁၁)” တို့ “သူ့ကို လွမ်းနေတာ သူသိပါစေ” တို့ ဖတ်ရင်းဖတ်ရင်း တစ်ပတ်လည်ပြီး ခေါင်းသာ မူးသွားတယ်။ စာတွေက မကုန်ဘူး။

နောက်တစ်နေရာက မန္တလေး နန်းတော်ဝင်းထဲက နန်းမြင့်မျှော်စင်။ အပေါ် ရောက်သွားတဲ့အခါ နံရံမှာ အဲ့လိုပဲ ပွစိခတ်အောင် ရေးထားတာ။


Correction pen မပါတဲ့သူက ဓါးနဲ့ ခြစ်တယ်။ မျက်ခုံးမွှေးဆွဲတံ အနက်နဲ့ ရေးတယ်။ (အစက မီးသွေးခဲ ထင်နေတာ၊ ဒီစာရေးဖို့တော့ မီးသွေးခဲကို ဒီအထိ သယ်လာမှာ မဟုတ်လောက်ဘူး။ ဖြစ်ခြင်းဖြစ် မျက်ခုံးမွှေးဆွဲတံပဲ ဖြစ်ဖို့ များတယ်) ။

နိူင်ငံခြားသားတွေ မြင်တဲ့အခါ ပါးစပ် အဟောင်းသားနဲ့ အံ့သြသွားတယ်။ သူတို့ဆီမှာလဲ မှုတ်ဆေးတွေနဲ့ နံရံမှာ လိုက်ရေး၊လိုက်ဆွဲတဲ့ လူငယ်တွေ ရှိပါတယ်။

ယနေ့မှာတော့ အဲ့ဒါကို အနုပညာတစ်ရပ်အနေနဲ့ ဖော်ထုတ်ပေးလိုက်တဲ့အခါ စည်းကမ်းမဲ့ နံရံပေါ်မှာ ရေးတာတွေ မဟုတ်တော့ပဲ။ ပြပွဲတွေ ပြခန်းတွေ လုပ်နိုင်တဲ့အထိ အနုပညာတစ်ရပ် ဖြစ်လာပါတယ်။

ကျွန်တော်တို့ ဒီ correction pen လက်ရာတွေက ပန်းချီတွေလဲ မဟုတ် ၊ မှတ်သားစရာလဲ မဟုတ်။ ပြခန်းလည်း လုပ်ပေးလို့မရ။

အမှတ်တရ ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာ ဆိုပေမယ့် ဒါဟာ မိမိလူမျိုး၊ မိမိနိုင်ငံရဲ့ အလှအပကို ဖျက်စီးပစ်နေမှန်း မတွေးမိဘူး ထင်ပါတယ်။

ကဲ …ဒါဖြင့် …ဒါကို ဘယ်လို ကာကွယ်ကြမလဲ။ How to prevent this? ပေါ့။ ရှေးဟောင်းပစ္စည်း (သို့) နေရာကို သံဆူးကြိုး ကာရမလား။ ၂၄ နာရီ အစောင့် ထားရမလား။

CCTV ပဲ တပ်ပြီး စောင့်ကြည့် အရေးယူရမလား။ တကယ်တော့ အဲ့ဒါတွေ တစ်ခုမှမလိုပါဘူး။ “ဒါတွေဟာ ငါတို့ တစ်မျိုးသားလုံး ပိုင်တယ်။ ငါတို့ မဖျက်စီးသင့်ဘူး။ ဒါတွေက ငါတို့နိုင်ငံအတွက် အဖိုးတန်တယ်၊ ငါတို့မဖျက်စီးသင့်ဘူး။

ဒါတွေဟာ နောက်လာမယ့် လူငယ်တွေအတွက် ကောင်းကောင်းမွန်မွန် ကျန်ရစ်သင့်တယ်။ ငါတို့ မဖျက်စီးသင့်ဘူး “ဆိုတဲ့ အသိမျိုးကို လူတိုင်းလူတိုင်းရဲ့ ရင်ထဲ ရိုက်ထည့်ပေးထားရမယ်။

ကျွန်တော်ပြောနေတာက အင်မတန် ကြီးကျယ်တဲ့ စီမံကိန်းကြီးလဲ မဟုတ်ပါဘူး။

ဆည်မြောင်း၊ တမံတွေ၊ တံတားတွေ ဆောက်မယ့် စီမံကိန်းမျိုး၊ နိုင်ငံတော် ရှေ့တက်လှမ်းမယ့် စီမံကိန်းမျိုးတွေထက် စာရင် ကျွန်တော်ပေးတဲ့ အကြံဉာဏ်ဟာ အင်မတန် သေးဖွဲသိမ်နုပ်တဲ့ အကြံဉာဏ်ပါ။

ဒါပေမယ့် ကျွန်တော်တို့ ဒီကနေ့ ဒီ correction pen တွေနဲ့ ရေးတာကို ရပ်လိုက်ရင် နောက် မျိုးဆက်တစ်ခုကျရင် အခုလို ညစ်ပတ်နေတဲ့ Correction pen တွေ ပွနေတဲ့ နေရာမျိုးတွေ မရှိတော့ဘဲ သန့်ရှင်း သပ်ရပ်တဲ့ MYANMAR (မြန်မာ) ဖြစ်နေမှာ အသေအချာပါပဲဗျာ။

“ဤနေရာရောက်ငြား အများ လူ ရှင်

ခဲတံ ၊ မှင် ၊ ဆေး မရေးစေချင် ၊

တောင်းပန်ငြား ရေးထား စေတနာရှင် ။”

Credit – ဒေါက်တာခန့်ညားအောင်

(4th October 2015) မှ

ပြန်လည်ဖော်ပြသည်။ ။

Zawgyi

အမ်ားပိုင္ပစၥည္းအေပၚ ထားတဲ့စိတ္ဓာတ္မွာ ဂ်ပန္နဲ႔ ျမန္မာတို႔ ကြာျခားပုံ (ဒီလိုေတြကြာလို႔ တိုးတက္မႈ ကြာတာ)

“ဂ်ပန္က ဘတ္စ္ကားေတြေပၚမွာ ဆိုဖာ ထိုင္ခုံေတြကို ဓါးနဲ႔ခြဲထားတာ၊ ဖ်က္စီးထားတာမ်ိဳး မရွိပါဘူးတဲ့။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲ့ဒီလို ဖ်က္စီးလိုက္ရင္ ဂ်ပန္ေတြရဲ႕ ပစၥည္း ပ်က္စီးသြားတာ၊ ဂ်ပန္ေတြရဲ႕ ပိုက္ဆံေတြ ဆုံးရႈံးသြားတာပဲလို႔ ခံယူၾကလို႔ပါပဲတဲ့” ။

အမွတ္မထင္ ဖတ္မိတဲ့ စာေလးတစ္ေၾကာင္းပါ။ ေၾသာ္ … တို႔ျမန္မာေတြ အတိုင္းပါပဲလားလို႔ ေျပာရင္ ထရယ္ၾကမလား မသိဘူး။

Correction Pen ကို လူႀကီးလူငယ္ေတာ္ေတာ္မ်ားမ်ား ေကာင္းေကာင္းႀကီး သိၾကပါတယ္။ မူရင္းတီထြင္သူက မွင္ဖ်က္ေဆးအျဖစ္ တီထြင္ခဲ့ေပမယ့္ ျမန္မာႏိုင္ငံမွာေတာ့ ေရွးေဟာင္း အေမြအႏွစ္ ဖ်က္ေဆးအျဖစ္ အသုံးျပဳခံေနရပါတယ္။

ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္ပစၥည္းေတြ ၊ ေနရာေတြမွာ မွင္ဖ်က္ေဆးေတြနဲ႔ ပြစိခတ္ေနေအာင္ ေရးထားတာကို စာဖတ္သူေတြလည္း ျမင္ဖူးၾကမွာပါ။

တစ္ခါက ကြၽန္ေတာ္ ေခါင္းေလာင္းအႀကီးႀကီးတစ္ခုကို ေတြ႕ေတာ့ ၀မ္းသာအားရ ေခါင္းေလာင္းထိုးမလို႔ လုပ္တုန္း အထဲမွာ စုံတြဲထိုင္ေနတာေတြ႕လို႔ ဘာလုပ္ေနပါလိမ့္ ဆိုၿပီး ထိုင္ၾကည့္ေနေတာ့ ကြၽန္ေတာ့္ကို ဘုၾကည့္ၾကည့္ၿပီး ထြက္သြားတယ္။

ကြၽန္ေတာ္လဲ ဘာမ်ား ရွိပါလိမ့္ဆိုၿပီးေခါင္းေလာင္းေအာက္ ၀င္ၾကည့္လိုက္ေတာ့ အားပါးပါး စာေတြ စာေတြ မနည္းမေနာပါလား။

Correction Pen နဲ႔ ေရးထားတာ ေဖြးေနတာပဲ။ (၁၀)တန္း စာမွာပါတဲ့ ေခါင္းေလာင္းစာ ဆိုတာ ဒါမ်ိဳးေနမွာလို႔ ထင္စရာရွိတယ္။

ေရးထားတာ အစုံပါပဲ။ “ခင့္ကို သိပ္ခ်စ္တဲ့ ေမာင္” တို႔ “ကိုကို နဲ႔ ႏြယ္ (အမွတ္တရ ၄.၅.၂၀၁၁)” တို႔ “သူ႔ကို လြမ္းေနတာ သူသိပါေစ” တို႔ ဖတ္ရင္းဖတ္ရင္း တစ္ပတ္လည္ၿပီး ေခါင္းသာ မူးသြားတယ္။ စာေတြက မကုန္ဘူး။

ေနာက္တစ္ေနရာက မႏၲေလး နန္းေတာ္၀င္းထဲက နန္းျမင့္ေမွ်ာ္စင္။ အေပၚ ေရာက္သြားတဲ့အခါ နံရံမွာ အဲ့လိုပဲ ပြစိခတ္ေအာင္ ေရးထားတာ။

Correction pen မပါတဲ့သူက ဓါးနဲ႔ ျခစ္တယ္။ မ်က္ခုံးေမႊးဆြဲတံ အနက္နဲ႔ ေရးတယ္။ (အစက မီးေသြးခဲ ထင္ေနတာ၊ ဒီစာေရးဖို႔ေတာ့ မီးေသြးခဲကို ဒီအထိ သယ္လာမွာ မဟုတ္ေလာက္ဘူး။ ျဖစ္ျခင္းျဖစ္ မ်က္ခုံးေမႊးဆြဲတံပဲ ျဖစ္ဖို႔ မ်ားတယ္) ။

ႏိူင္ငံျခားသားေတြ ျမင္တဲ့အခါ ပါးစပ္ အေဟာင္းသားနဲ႔ အံ့ၾသသြားတယ္။ သူတို႔ဆီမွာလဲ မႈတ္ေဆးေတြနဲ႔ နံရံမွာ လိုက္ေရး၊လိုက္ဆြဲတဲ့ လူငယ္ေတြ ရွိပါတယ္။

ယေန႔မွာေတာ့ အဲ့ဒါကို အႏုပညာတစ္ရပ္အေနနဲ႔ ေဖာ္ထုတ္ေပးလိုက္တဲ့အခါ စည္းကမ္းမဲ့ နံရံေပၚမွာ ေရးတာေတြ မဟုတ္ေတာ့ပဲ။ ျပပြဲေတြ ျပခန္းေတြ လုပ္ႏိုင္တဲ့အထိ အႏုပညာတစ္ရပ္ ျဖစ္လာပါတယ္။

ကြၽန္ေတာ္တို႔ ဒီ correction pen လက္ရာေတြက ပန္းခ်ီေတြလဲ မဟုတ္ ၊ မွတ္သားစရာလဲ မဟုတ္။ ျပခန္းလည္း လုပ္ေပးလို႔မရ။

အမွတ္တရ ျဖစ္ေစခ်င္တဲ့ ရည္႐ြယ္ခ်က္နဲ႔ လုပ္တာ ဆိုေပမယ့္ ဒါဟာ မိမိလူမ်ိဳး၊ မိမိႏိုင္ငံရဲ႕ အလွအပကို ဖ်က္စီးပစ္ေနမွန္း မေတြးမိဘူး ထင္ပါတယ္။

ကဲ …ဒါျဖင့္ …ဒါကို ဘယ္လို ကာကြယ္ၾကမလဲ။ How to prevent this? ေပါ့။ ေရွးေဟာင္းပစၥည္း (သို႔) ေနရာကို သံဆူးႀကိဳး ကာရမလား။ ၂၄ နာရီ အေစာင့္ ထားရမလား။

CCTV ပဲ တပ္ၿပီး ေစာင့္ၾကည့္ အေရးယူရမလား။ တကယ္ေတာ့ အဲ့ဒါေတြ တစ္ခုမွမလိုပါဘူး။ “ဒါေတြဟာ ငါတို႔ တစ္မ်ိဳးသားလုံး ပိုင္တယ္။ ငါတို႔ မဖ်က္စီးသင့္ဘူး။ ဒါေတြက ငါတို႔ႏိုင္ငံအတြက္ အဖိုးတန္တယ္၊ ငါတို႔မဖ်က္စီးသင့္ဘူး။

ဒါေတြဟာ ေနာက္လာမယ့္ လူငယ္ေတြအတြက္ ေကာင္းေကာင္းမြန္မြန္ က်န္ရစ္သင့္တယ္။ ငါတို႔ မဖ်က္စီးသင့္ဘူး “ဆိုတဲ့ အသိမ်ိဳးကို လူတိုင္းလူတိုင္းရဲ႕ ရင္ထဲ ႐ိုက္ထည့္ေပးထားရမယ္။

ကြၽန္ေတာ္ေျပာေနတာက အင္မတန္ ႀကီးက်ယ္တဲ့ စီမံကိန္းႀကီးလဲ မဟုတ္ပါဘူး။

ဆည္ေျမာင္း၊ တမံေတြ၊ တံတားေတြ ေဆာက္မယ့္ စီမံကိန္းမ်ိဳး၊ ႏိုင္ငံေတာ္ ေရွ႕တက္လွမ္းမယ့္ စီမံကိန္းမ်ိဳးေတြထက္ စာရင္ ကြၽန္ေတာ္ေပးတဲ့ အႀကံဥာဏ္ဟာ အင္မတန္ ေသးဖြဲသိမ္ႏုပ္တဲ့ အႀကံဥာဏ္ပါ။

ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဒီကေန႔ ဒီ correction pen ေတြနဲ႔ ေရးတာကို ရပ္လိုက္ရင္ ေနာက္ မ်ိဳးဆက္တစ္ခုက်ရင္ အခုလို ညစ္ပတ္ေနတဲ့ Correction pen ေတြ ပြေနတဲ့ ေနရာမ်ိဳးေတြ မရွိေတာ့ဘဲ သန္႔ရွင္း သပ္ရပ္တဲ့ MYANMAR (ျမန္မာ) ျဖစ္ေနမွာ အေသအခ်ာပါပဲဗ်ာ။

“ဤေနရာေရာက္ျငား အမ်ား လူ ရွင္

ခဲတံ ၊ မွင္ ၊ ေဆး မေရးေစခ်င္ ၊

ေတာင္းပန္ျငား ေရးထား ေစတနာရွင္ ။”

Credit – ေဒါက္တာခန္႔ညားေအာင္

(4th October 2015) မွ

ျပန္လည္ေဖာ္ျပသည္။ ။

Leave a Comment