အိမ်ထောင်ဦးစီးများသိရမည့်အချက်(၁၇)ချက်
အောက်ပါအချက်တွေဟာအိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့သတိထားရမယ့်အချက်တွေဖြစ်ပါတယ်
၁။အိမ်ထောင်ဦးစီးဟာဘုမ္မိအရပ်သို့မျက်နှာပြုထားတဲ့အိမ်ကိုရှောင်ပါအိမ်ထောင်ရေး၊စီးပွားရေး ကျန်းမာရေးထိခိုက်တတ်ပါတယ်
၂။အိမ်အဝင်တံခါးမကြီးနဲ့အိမ်နောက်ဖက်ထွက်ပေါက်တစ်တန်းတည်းဖြစ် နေရင်ငွေစုလို့မရတတ်ပါဘူး
၃။ခေါင်တံစို့ထိုးအိမ်တွေဟာထိခိုက်တတ်ပါတယ်။မြင်မိုရ်ခေါင်လေးဖက်ဖွင့်တဲ့အိမ်မျိုးပေါ့။
၄။လမ်းဦးတိုက်၊လှည်းဦးတိုက်၊လမ်းတစ်ဖက်ပိတ်နေတဲ့အိမ်တွေဟာအကြိုးမပေးပါဘူး
၅။ လှေကားကိုကြမ်းများဦးတိုက်နေခြင်းကအကျိုးမပေးပါ။
၆။အိမ်တစ်အိမ်တည်းမှာအဆောင်နှစ်ဆောင်အရွယ်စားတူရှိ နေခဲ့ရင်အိမ်ထောင်ရေးဖောက်ပြန်တတ်ပါတယ်
၇။အိမ်နီးနားချင်းအိမ်ကတံစက်မြိတ်ရေမိမိခြံဝင်းထဲကျရောက့် နေရင်သူများကိစ္စအမြဲဖြေရှင်းနေရမယ်
၈။သစ်ကိုင်းများအိမ်ခေါင်မိုးနဲ့ထိနေပြီးလေတိုက်တဲ့အခါလှုပ်ရှားသံထွက်ရင်စီးပွားပျက်မယ် အိမ် ခေါင်တံမြတ်လှည်းလို့ခေါ်ပါတယ်
၉။ညီအကိုမောင်နှမအရင်းများကြားမှာမိမိနေအိမ်ရောက်နေရင်အမြဲပြဿနာဖြစ်မယ်။နို့ညှပ်အိမ်လို့ခေါ်ပါတယ်
၁၀။လှေကားထစ်များအနိမ့်အမြင့်မတူညီရင်ထိခိုက်မယ်
၁၁။အိမ်ရှေ့ပိုင်းကမြေနိမ့်ပြီးအိမ်နောက်ပိုင်းကမြင့်နေရင်ဝင်ငွေနည်းတတ်ပြီးဇနီးသည်ကအမြဲငြူစူတာခံ နေရမယ်
၁၂။အိမ်ရှေ့မြေအနေအထားမြင့်ရင်အောက်ပိုင်းကနိမ့်ရင်ဇနီးသည်အသုံးအဖြုန်ကြီးမယ်။လက်ဖွာမယ်။
၁၃။နေအိမ်တစ်လုံးအသစ်ပြန်လည်မွမ်းမံပါကမီးဖိုချောင်မှစပြီးပြုပြင်ရင်လက်စမသတ်ပဲမ ပြုပြင်နိုင်ပါ
၁၄။နေအိမ်ဆောက်တဲ့အခါရေတွင်းအုတ်ကန်များကိုငုံပြီးဆောက်လုပ်ပါကစီးပွားရေးတစ်ဝက်တပျက်မှာရပ်တန့်ပြီးပြန်လည်ကျဆင်းသွားတတ်ပါတယ်
၁၅။အိမ်ခြံဝန်းအတွင်းမှာမိသားတစ်စုထဲကနေနေအိမ်ကြီးတစ်လုံး၊အိမ်အသေးတစ်လုံးဆောက်လုပ်နေထိုင်ခဲ့ရင်အိမ်ထောင်ရေးဖောက်ပြန်တတ်ပါတယ်
၁၆။ဧည့်ခန်းကျဉ်းပြီးမီးဖိုခန်းကျယ်နေရင်ဇနီး သည်ကဦးစီးတဲ့အိမ်ထောင်ရေးမျိုးဖြစ် နေတတ်ပါတယ်
၁၇။မီးဖိုဝကဧည့်ခန်းနဲ့ကပ်နေရင်စားစရိတ်ကြောင့်ထွက်ငွေများတဲ့အိမ်ဖြစ်တတ်ပါတယ်။ဤကားဗေဒင်ကျမ်းအလိုတည်း
Zawgyi
Leave a Comment