အူရီဒူးမြန်မာကို စင်ကာပူ TOMV သို့ ရောင်းချရန် စီစဉ်

အူရီဒူးမြန်မာကို စင်ကာပူ TOMV သို့ ရောင်းချရန် စီစဉ်

စက်တင်ဘာ ၅ ၊ ၂၀၂၂

ကာတာနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် အူရီဒူးမြန်မာကို စင်ကာပူအခြေစိုက် နည်းပညာ ကုမ္ပဏီတခုဖြစ်သည့် The One Matrix Ventures (TOMV) သို့ ရောင်းချရန် စီစဉ်နေကြောင်း Reuters သတင်းဌာနက ယနေ့ ဖော်ပြလာသည်။

အူရီဒူး အနေဖြင့် TOMV သို့ ရောင်းချရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနထံသို့ တင်ပြထားသော်လည်း အသေးစိတ် အချက် အလက်ကို မသိရှိရသေးကြောင်း သတင်းရင်းမြစ်များက ပြောသည်ဟု Reuters က ဆိုသည်။

အူရီဒူး မြန်မာကို ဝယ်ယူခွင့်ရရန် အလားအလာရှိနေသော စင်ကာပူကုမ္ပဏီ TOMV သည် မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးမျိုးမြင့်အုန်း ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်ပြီး သူသည် စင်ကာပူနည်းပညာကုမ္ပဏီ Campana Group ၏ ဦးဆောင်သူလည်း ဖြစ်သည်။

အူရီဒူးမြန်မာကို Young Investment Group နှင့် ရွှေသံလွင် ဦးကျော်ဝင်း ဟု လူသိများသော စီးပွားရေး လုပ်ငန်းရှင် ပိုင်ဆိုင်သည့် SkyNet ကုမ္ပဏီတို့ကလည်း ဝယ်ယူခွင့်ရရန် ကြိုးပမ်းလျက် ရှိသည်။

မြန်မာနိုင်ငံတွင် နော်ဝေ ဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနော ထွက်ခွာသွားပြီးနောက် အူရီဒူးကလည်း မြန်မာနိုင်ငံမှ လုပ်ငန်းများကို ရောင်းချပြီး ထွက်ခွာရန် ပြင်ဆင်လာခြင်း ဖြစ်သည်။

Zawgyi

အူရီဒူးျမန္မာကို စင္ကာပူ TOMV သို့ ေရာင္းခ်ရန္ စီစဥ္

စက္တင္ဘာ ၅ ၊ ၂၀၂၂

ကာတာနိုင္ငံအေျခစိုက္ ဆက္သြယ္ေရးကုမၸဏီျဖစ္သည့္ အူရီဒူးျမန္မာကို စင္ကာပူအေျခစိုက္ နည္းပညာ ကုမၸဏီတခုျဖစ္သည့္ The One Matrix Ventures (TOMV) သို့ ေရာင္းခ်ရန္ စီစဥ္ေနေၾကာင္း Reuters သတင္းဌာနက ယေန႔ ေဖာ္ျပလာသည္။

အူရီဒူး အေနျဖင့္ TOMV သို့ ေရာင္းခ်ရန္အတြက္ ပို့ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနလက္ေအာက္ရွိ ဆက္သြယ္ေရး ညႊန္ၾကားမွု ဦးစီးဌာနထံသို့ တင္ျပထားေသာ္လည္း အေသးစိတ္ အခ်က္ အလက္ကို မသိရွိရေသးေၾကာင္း သတင္းရင္းျမစ္မ်ားက ေျပာသည္ဟု Reuters က ဆိုသည္။

အူရီဒူး ျမန္မာကို ဝယ္ယူခြင့္ရရန္ အလားအလာရွိေနေသာ စင္ကာပူကုမၸဏီ TOMV သည္ ျမန္မာစီးပြားေရးလုပ္ငန္းရွင္ ဦးမ်ိဳးျမင့္အုန္း ပိုင္ဆိုင္သည့္ ကုမၸဏီျဖစ္ၿပီး သူသည္ စင္ကာပူနည္းပညာကုမၸဏီ Campana Group ၏ ဦးေဆာင္သူလည္း ျဖစ္သည္။

အူရီဒူးျမန္မာကို Young Investment Group ႏွင့္ ေရႊသံလြင္ ဦးေက်ာ္ဝင္း ဟု လူသိမ်ားေသာ စီးပြားေရး လုပ္ငန္းရွင္ ပိုင္ဆိုင္သည့္ SkyNet ကုမၸဏီတို့ကလည္း ဝယ္ယူခြင့္ရရန္ ႀကိဳးပမ္းလ်က္ ရွိသည္။

ျမန္မာနိုင္ငံတြင္ ေနာ္ေဝ ဆက္သြယ္ေရး ကုမၸဏီ တယ္လီေနာ ထြက္ခြာသြားၿပီးေနာက္ အူရီဒူးကလည္း ျမန္မာနိုင္ငံမွ လုပ္ငန္းမ်ားကို ေရာင္းခ်ၿပီး ထြက္ခြာရန္ ျပင္ဆင္လာျခင္း ျဖစ္သည္။

Leave a Comment