အသားတုကိုဘာနဲ့လုပ္ထားသလဲ အသားတုစားရင္က်န်းမာရေးနဲ့သင့်လေ်ာ်ရဲ့လားသိခ်င်ရင်ဝင္ဖတ်ကြည့်ပါ

အသားတုဟာ ဒီနိုင်ငံမှာတော့တော်တော်လေးအသုံးတွင်ကျယ်တယ်လို့ ပြောလို့ရပါတယ်။

လမ်းဘေးတုတ်ထိုးဆိုင်လေးတွေ၊အကင်ဆိုင်လေးတွေကစပြီး၊ခရမ်းချဉ်သီးလေးနဲ့ချက်ထားတဲ့အသားတု ဟင်း ၊ အသားတုဗလချောင်ကြော်လေး စသည်ဖြင့် အသုံးတွင်ကျယ်လှပါတယ်။

အသားတုကို မြန်မာနိုင်ငံမှာသာမကအာရှမှာတော်တော်များများ စားကြပါတယ်။

မြန်မာနိုင်ငံ မှာတေ့ာ သက်သက်လွတ်ဟင်းပွဲတွေမှာ အများဆုံး တွေ့မြင်ရတတ်ပါသတဲ့။

လူတိုင်းနီးပါးကြိုက်တဲ့အသားတုကို ဘာနဲ့ လုပ်ထားတာလဲဆိုတာရော တွေးကြည့်ဖူးလား?

မသိသေးဘူးဆိုရင် ပြောပြမယ်နော်။ အသားတုကိုအဓိက ပြုလုပ်ထားတာကတော့ ပဲပိစပ် လို့ခေါ်တဲ့ ပဲပုတ်ကပါတဲ့ဗျာ။

၁၉၅၀ ပြည့် နှစ်လောက်တုန်းက FORD ကားကုမ္ပဏီက သိပ္ပံပညာရှင်တစ်ယောက်ဟာ ကားတာယာတွေကိုပဲပုတ်အမျှင်ကနေထုတ်ယူဖို့ ကြိုးစားခဲ့ရာကနေ စားလို့ရတဲ့ အသားတုကို စတင်တွေ့ရှိခဲ့တာပါ။

ပဲပုတ်ကို အပူချိန်ပြင်းပြင်းနဲ့ အကြာကြီးကြိုပြီး သေးငယ်သောအမျှင်ဆွဲအပေါက်ငယ်တွေကနေ ဖိအားနဲ့တွန်းထုတ်လိုက်တဲ့အခါရုတ်တ ရက် ကျယ်လာပြီး ရရှိတဲ့အမျှင်တွေဟာ အသားလိုစားကောင်းကြောင်းလေ့လာတွေ့ရှိခဲ့တာပါတဲ့။

ကျန်းမာရေးရှူထောင့်ဘက်က ကြည့်မယ်ဆိုရင်လည်း အသားတုမှာ အသားကရရှိတဲ့ ပရိုတင်းဓါတ်တွေ အ ပြည့်အဝ ပါဝင်ပါတယ်။

ဒါ့အပြင် အမျှင်ဓါတ်တွေ လည်းပါတာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေတယ်။

အူလမ်းကြောင်းအတွက်ကောင်းတယ်။ သူ့မှာ ကျန်းမာရေးအတွက်ကောင်းတဲ့အချက်တွေ တော်တော်များများပါရှိပါတယ်။

ဒါကြောင့်မို့ အသားတွေမစားရင်ပဲဖြစ်ဖြစ်အသားတုကိုဒီတိုင်းကြိုက်လို့ပဲဖြစ်ဖြစ်

ရွေးချယ်သင့်တဲ့စားစရာတစ်မျိုးဖြစ်ပါကြောင်းဗဟုသုတအနေနဲ့ ဖော်ပြလိုက်ပါတယ်။

Zawgyi

အသားတုဟာ ဒီနိုင္ငံမွာေတာ့ေတာ္ေတာ္ေလးအသုံးတြင္က်ယ္တယ္လို႔ ေျပာလို႔ရပါတယ္။

လမ္းေဘးတုတ္ထိုးဆိုင္ေလးေတြ၊အကင္ဆိုင္ေလးေတြကစၿပီး၊ခရမ္းခ်ဥ္သီးေလးနဲ႕ခ်က္ထားတဲ့အသားတု ဟင္း ၊ အသားတုဗလေခ်ာင္ေၾကာ္ေလး စသည္ျဖင့္ အသုံးတြင္က်ယ္လွပါတယ္။

အသားတုကို ျမန္မာနိုင္ငံမွာသာမကအာရွမွာေတာ္ေတာ္မ်ားမ်ား စားၾကပါတယ္။

ျမန္မာနိုင္ငံ မွာေတ့ာ သက္သက္လြတ္ဟင္းပြဲေတြမွာ အမ်ားဆုံး ေတြ႕ျမင္ရတတ္ပါသတဲ့။

လူတိုင္းနီးပါးႀကိဳက္တဲ့အသားတုကို ဘာနဲ႕ လုပ္ထားတာလဲဆိုတာေရာ ေတြးၾကည့္ဖူးလား?

မသိေသးဘူးဆိုရင္ ေျပာျပမယ္ေနာ္။ အသားတုကိုအဓိက ျပဳလုပ္ထားတာကေတာ့ ပဲပိစပ္ လို႔ေခၚတဲ့ ပဲပုတ္ကပါတဲ့ဗ်ာ။

၁၉၅၀ ျပည့္ ႏွစ္ေလာက္တုန္းက FORD ကားကုမၸဏီက သိပၸံပညာရွင္တစ္ေယာက္ဟာ ကားတာယာေတြကိုပဲပုတ္အမွ်င္ကေနထုတ္ယူဖို႔ ႀကိဳးစားခဲ့ရာကေန စားလို႔ရတဲ့ အသားတုကို စတင္ေတြ႕ရွိခဲ့တာပါ။

ပဲပုတ္ကို အပူခ်ိန္ျပင္းျပင္းနဲ႕ အၾကာႀကီးႀကိဳၿပီး ေသးငယ္ေသာအမွ်င္ဆြဲအေပါက္ငယ္ေတြကေန ဖိအားနဲ႕တြန္းထုတ္လိုက္တဲ့အခါ႐ုတ္တ ရက္ က်ယ္လာၿပီး ရရွိတဲ့အမွ်င္ေတြဟာ အသားလိုစားေကာင္းေၾကာင္းေလ့လာေတြ႕ရွိခဲ့တာပါတဲ့။

က်န္းမာေရးရႉေထာင့္ဘက္က ၾကည့္မယ္ဆိုရင္လည္း အသားတုမွာ အသားကရရွိတဲ့ ပရိုတင္းဓါတ္ေတြ အ ျပည့္အဝ ပါဝင္ပါတယ္။

ဒါ့အျပင္ အမွ်င္ဓါတ္ေတြ လည္းပါတာေၾကာင့္ အစာေျခစနစ္ကို ေကာင္းမြန္ေစတယ္။

အူလမ္းေၾကာင္းအတြက္ေကာင္းတယ္။ သူ႕မွာ က်န္းမာေရးအတြက္ေကာင္းတဲ့အခ်က္ေတြ ေတာ္ေတာ္မ်ားမ်ားပါရွိပါတယ္။

ဒါေၾကာင့္မို႔ အသားေတြမစားရင္ပဲျဖစ္ျဖစ္အသားတုကိုဒီတိုင္းႀကိဳက္လို႔ပဲျဖစ္ျဖစ္

ေ႐ြးခ်ယ္သင့္တဲ့စားစရာတစ္မ်ိဳးျဖစ္ပါေၾကာင္းဗဟုသုတအေနနဲ႕ ေဖာ္ျပလိုက္ပါတယ္။

Leave a Comment