တရုတ်ရဲ့ ဝယ်လိုအားကြောင့် တစ်ပိဿာ ကျပ် (၂၀၀၀၀) အထိ ဈေးရနေတဲ့ တောထန်းမြစ်

တရုတ်ရဲ့ ဝယ်လိုအားကြောင့် တစ်ပိဿာ ကျပ် (၂၀၀၀၀) အထိ ဈေးရနေတဲ့ တောထန်းမြစ်

မကွေးမြို့နဲ့ မန္တလေးမြို့ ဈေးကွက်မှာ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားကြောင့် သဘာဝပေါက်ပင်ကထွက်ရှိတဲ့ တောထန်းမြစ် တစ်ပိဿာ ကျပ် ၂၀၀၀၀ အထိ ဈေးရရှိနေတယ်လို့ ကုန်သည်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ်လ ဒုတိယအပတ်လောက်ကစပြီး တောထန်းမြစ်ကို တူးဖော်ရောင်းချနေတဲ့ ဒေသခံတွေကို တရုတ်ကုန်သည်တွေက အစို တစ်ပိဿာ ကျပ် ၅၀၀၀ ဝန်းကျင်ပေးဝယ်ပြီး အခြောက် တစ်ပိဿာကို ကျပ် ၂၀၀၀၀ ဈေးကောင်းပေးဝယ်နေတယ်လို့ ဆိုပါတယ်။

တောထန်းမြစ်တူးသူတွေမှာ အခြေခံလူတန်းစားတွေပါဝင်ပြီး တစ်ဦးကို တစ်နေ့ ၄ ပိဿာလောက်တူးနိုင်လို့ ပြည်သူတွေရဲ့နေ့စဉ်စားသောက်ဖို့အခက်အခဲကို ယာယီဖြေရှင်းလို့ရနေတာဖြစ်တယ်လို့ မကွေးတိုင်း ပွင့်ဖြူမြို့နယ်က ဒေသခံတချို့ကပြောပါတယ်။

တောထန်းမြစ်ကို တရုတ်နိုင်ငံမှာ ဆေးဝါးဖော်စပ်တဲ့ နေရာမှာ အသုံးပြုပြီး လက်ရှိ မန္တလေးဈေးကွက်အတွင်းသို့ မိုးမိတ်၊ မိုးကုတ်၊ သပိတ်ကျင်း၊ ကောလင်း၊ ထီးချိုင့်၊ ယင်းမာပင်၊ ပုလဲ၊ ချင်းတွင်းမြစ်အနောက်ဘက်မှ တောထန်းမြစ်တွေ ဝင်ရောက်မှုရှိနေတယ်လို့ သိရပါတယ်။

တောထန်းမြစ်ကို တစ်နှစ်တစ်ရာသီ မိုးနှောင်းကာလ စက်တင်ဘာလနဲ့ အောက်တိုဘာလတို့မှာ တူးဖော်ပြီး ဈေးကွက်အတွင်းသို့ရောင်းချ ကြပါတယ်။ တောထန်းမြစ် ပေါက်ရောက်လေ့ရှိတဲ့ ဒေသများမှာ ‌ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီး အနောက်ခြမ်းဒေသတို့ ဖြစ်ကြောင်း သိရပါတယ်။

ဒေသခံတွေက အလုပ်မရှိတော့ တောထန်းမြစ်ရဖို့ အပင်လေးတွေတူးကြတယ်၊ အိမ်နီးခြင်းနိုင်ငံကြီးက ရသလောက်ဝယ်တယ်၊ ဒေသခံတွေ ဝင်ငွေရပေမဲ့ တဖက်က အပင်တွေမျိုးတုံးရတယ်၊ ကိုယ့်ဆီက ပညာလည်းမတတ်တော့ အပင်ရဲ့တန်ဖိုး ဘာမှမသိပေမဲ့ သူတို့နိုင်ငံမှာတော့ ဆေးကျမ်းတွေမှာ အတိအကျညွှန်းထားပြီး တန်ဖိုးရှိလှသောအပင် ဖြစ်ပါတယ်။

Zawgyi

တ႐ုတ္ရဲ႕ ဝယ္လိုအားေၾကာင့္ တစ္ပိႆာ က်ပ္ (၂၀၀၀၀) အထိ ေဈးရေနတဲ့ ေတာထန္းျမစ္

မေကြးၿမိဳ႕နဲ႔ မႏၲေလးၿမိဳ႕ ေဈးကြက္မွာ တ႐ုတ္ႏိုင္ငံရဲ႕ ဝယ္လိုအားေၾကာင့္ သဘာဝေပါက္ပင္ကထြက္ရွိတဲ့ ေတာထန္းျမစ္ တစ္ပိႆာ က်ပ္ ၂၀၀၀၀ အထိ ေဈးရရွိေနတယ္လို႔ ကုန္သည္ေတြနဲ႔ ေဒသခံေတြဆီက သိရပါတယ္။

ၾသဂုတ္လ ဒုတိယအပတ္ေလာက္ကစၿပီး ေတာထန္းျမစ္ကို တူးေဖာ္ေရာင္းခ်ေနတဲ့ ေဒသခံေတြကို တ႐ုတ္ကုန္သည္ေတြက အစို တစ္ပိႆာ က်ပ္ ၅၀၀၀ ဝန္းက်င္ေပးဝယ္ၿပီး အေျခာက္ တစ္ပိႆာကို က်ပ္ ၂၀၀၀၀ ေဈးေကာင္းေပးဝယ္ေနတယ္လို႔ ဆိုပါတယ္။

ေတာထန္းျမစ္တူးသူေတြမွာ အေျခခံလူတန္းစားေတြပါဝင္ၿပီး တစ္ဦးကို တစ္ေန႔ ၄ ပိႆာေလာက္တူးႏိုင္လို႔ ျပည္သူေတြရဲ႕ေန႔စဥ္စားေသာက္ဖို႔အခက္အခဲကို ယာယီေျဖရွင္းလို႔ရေနတာျဖစ္တယ္လို႔ မေကြးတိုင္း ပြင့္ျဖဴၿမိဳ႕နယ္က ေဒသခံတခ်ိဳ႕ကေျပာပါတယ္။

ေတာထန္းျမစ္ကို တ႐ုတ္ႏိုင္ငံမွာ ေဆးဝါးေဖာ္စပ္တဲ့ ေနရာမွာ အသုံးျပဳၿပီး လက္ရွိ မႏၲေလးေဈးကြက္အတြင္းသို႔ မိုးမိတ္၊ မိုးကုတ္၊ သပိတ္က်င္း၊ ေကာလင္း၊ ထီးခ်ိဳင့္၊ ယင္းမာပင္၊ ပုလဲ၊ ခ်င္းတြင္းျမစ္အေနာက္ဘက္မွ ေတာထန္းျမစ္ေတြ ဝင္ေရာက္မႈရွိေနတယ္လို႔ သိရပါတယ္။

ေတာထန္းျမစ္ကို တစ္ႏွစ္တစ္ရာသီ မိုးေႏွာင္းကာလ စက္တင္ဘာလနဲ႔ ေအာက္တိုဘာလတို႔မွာ တူးေဖာ္ၿပီး ေဈးကြက္အတြင္းသို႔ေရာင္းခ် ၾကပါတယ္။ ေတာထန္းျမစ္ ေပါက္ေရာက္ေလ့ရွိတဲ့ ေဒသမ်ားမွာ ‌ မႏၲေလးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီးနဲ႔ မေကြးတိုင္းေဒသႀကီး အေနာက္ျခမ္းေဒသတို႔ ျဖစ္ေၾကာင္း သိရပါတယ္။

ေဒသခံေတြက အလုပ္မရွိေတာ့ ေတာထန္းျမစ္ရဖို႔ အပင္ေလးေတြတူးၾကတယ္၊ အိမ္နီးျခင္းႏိုင္ငံႀကီးက ရသေလာက္ဝယ္တယ္၊ ေဒသခံေတြ ဝင္ေငြရေပမဲ့ တဖက္က အပင္ေတြမ်ိဳးတုံးရတယ္၊ ကိုယ့္ဆီက ပညာလည္းမတတ္ေတာ့ အပင္ရဲ႕တန္ဖိုး ဘာမွမသိေပမဲ့ သူတို႔ႏိုင္ငံမွာေတာ့ ေဆးက်မ္းေတြမွာ အတိအက်ၫႊန္းထားၿပီး တန္ဖိုးရွိလွေသာအပင္ ျဖစ္ပါတယ္။

Leave a Comment