ကမ္ဘာ့သက်တမ်း အရင့်ဆုံး ကျောက်စိမ်း ထွက်ရှိတဲ့ မှော်စီဇာမှော်ဆိုတာ

ကမ္ဘာ့သက်တမ်း အရင့်ဆုံး ကျောက်စိမ်း ထွက်ရှိတဲ့ မှော်စီဇာမှော်ဆိုတာ

ဒီဆောင်းပါး ရေးရတာဟာ မြန်မာ ပြည်သားတွေ ကိုယ့်နိုင်ငံက ထွက်တဲ့ ကျောက်စိမ်းရဲ့ တန်ဖိုးကို သိစေချင်တာရယ် ဒီက အကောင်းဆုံး ကျောက်စိမ်းတွေ ဘာ့ကြောင့် ကျောက်မျက် ရောင်းချတဲ့ emporium မှာမမြင်ရတာလဲ ဆိုတာရယ် စသည်တို့ကို သိစေချင်လို့ပါ။

မှော်စီဇာဆိုတာ ဖါးကန့် နဲ့ လုံးခင်း ကြားက မှော်ပါ။ အရင်က လုံးခင်းနဲ့ ပိုနီးတဲ့နေရာကိုသာ ခေါ်ပေမယ့် ခုတော့ လုံးခင်းကနေ ဖါးကန့်နားထိ တကြောလုံးကို ခေါ်နေပါတော့တယ်။

အကောင်းဆုံး ကျောက်တွေက လုံးခင်းနဲ့ ပိုနီးတဲ့ နေရာမှာ ထွက်ပါတယ်။မှော်စီဇာမှော်က ကျောက်သားဟာ ကမ္ဘာမှာ အဆင့်မြင့်ဆုံး ဖြစ်တယ်။ ကျောက်စိမ်းမှာတော့ မာခြင်းအဆင့်မှာ ဒီမှော်က ကျောက်ကို ဘယ်မှော်မှ မမှီဘူး။ အသားကောင်းတယ်။ အမြုပ် ရှင်းတယ်။

ဒီဓာတ်ပုံ 1 က ကျောက်စိမ်းက ဘော်လီအရည်စွဲ လို့ ခေါ်ပါတယ်။ ဖန်သားမှန်သားမှာ အရည်စွဲတာ။ ရောင်းလိုက်တာ $ 15 သန်း ကျပ် သန်း တစ်သောင်း ခုနှစ်ထောင်ကျော် ရပါတယ်တဲ့။ အများကြီးရတာ မထင်နဲ့။ နိုင်ငံတကာဈေး ထက် အများကြီးလျော့နည်း ပါတယ်။

မှော်စီဇာ ဆိုတာ ဒီလို ဘော်လီသား နဲ့ အသားအကောင်းဆုံး ကျောက်စိမ်းကောင်းတွေ ထွက်တဲ့နေရာပါ။ အခုလက်ရှိလို ယန္တရား အင်အားနဲ့ လုပ်ကိုင်ရင် မှော်စီဇာတစ်မှော်လုံး အတိုင်းအတာနဲ့ဆို တစ်ရက် တစ်ရက် အလုံး ၅၀ လောက် ထွက်မယ် ခန့်မှန်းတယ်။

၂၀၁၂ က တိုက်ပွဲတွေဖြစ်နေပြီး ကုမ္ပဏီတွေ လုပ်ငန်းရပ်ထားချိန် ကြိုင်လုပ်ကွက်လို့ ခေါ်တဲ့ နေရာဟာ မှော်စီဇာမှာ နာမည်အကြီးဆုံးပါပဲ။ ခေါင်းပေါင်းကျင်းထားပြီးသလို ဖြစ်တဲ့ အဲ့လုပ်ကွက်မှာ တစ်ချို့ လူတွေဆို ၃ ယောက်တူးတာ တစ်ရက် နှစ်ရက်နဲ့ သိန်း လေး/ငါး သောင်း ရသွားတာ ရှိပါတယ်။ စာရေးသူ ကိုယ်တွေ့ ပါ။

၂၀၁၃ လောက်က ကြိုင်လုပ်ကွက်မှာ တနိုင်တပိုင် ဝင်လုပ်တဲ့သူ တစ်ထောင်နီးပါးရှိတယ်။ စာရေးသူရဲ့ မျက်စိရှေ့ သုံးလအတွင်း သိန်းငွေ မရတဲ့ ကျင်းသား မရှိ။ ကျပ် သိန်း ဆယ်ကြီး ရာငွေ မရတဲ့ ငွေထောက် လောပန်း မရှိပါဘူး။

အဲဒီ လူတစ်ထောင်လောက်နဲ့ တူးတဲ့ ၃ လ ဆိုတာ အခု ယန္တရားအားနဲ့ တူးရင် ၃ ရက်မလိုဘူး ကုန်မှာ။ ၃ လ အတွင်း မိသားစု ထောင်ချီ ကို အဆင်ပြေစေ သည့်အပြင် အပို ကားဝယ် အိမ်ဝယ် နဲ့ လူအများကြီး ဘဝတွေ စိုပြေစေခဲ့တာပေါ့။ ဒါ ၃/၄ ဧက လောက် ရှိတဲ့ ကြိုင်လုပ်ကွက် တစ်ခုထဲနော်။ ဒီလို လုပ်ကွက်ပေါင်း ရာချီ ဖါးကန့် လုံးခင်းကြားမှာ ရှိပါတယ်။

ဒီနေရာ တစ်ကြောပဲနဲ့ကို တစ်ရက် us$ ဒေါ်လာ သန်းဆယ်ကြီး ရာ ငွေ ရနိုင်တယ် လို့ပြောရင် ပိုတယ်လို့ မထင်ပါနဲ့။
ဒါဆိုရင်ပဲ Global Witness က ဖော်ပြတဲ့ တစ်နှစ် us $ 31 billions ဟာ မရိုင်းပါဘူး။

emporium မှာ အခွန်ငွေ ရောင်းရငွေမှ ၂၀% ကနေ ၂၅% ထိ အစိုးရကို ပေးရပါတယ်။ အခွန်ဆောင်တာပေါ့။ အခွန် မဆောင်ချင်တာရယ် မိမိရဲ့ ကျောက်စိမ်းက ရတဲ့ ဝင်ငွေကို လျှို့ဝှက်ထားချင်တာရယ် တို့ကြောင့် မှောင်ခို ကျောက်စိမ်း တင်ပို့ရောင်းချ ကြတာပါ။

မိမိရဲ့ ကျောက်စိမ်းက ရငွေကို ဖော်ပြလိုက်ရင် (emporium တင်ခြင်းဖြင့်) လုပ်လိုက်ရင် မိမိတူးနေတဲ့ လုပ်ကွက်ဟာ အရမ်း နာမည်ကြီးသွားပြီး အပြိုင်အဆိုင် ဝင်လာမယ်။

ဒါဆို အလကား နီးနီး ရထားတဲ့ လုပ်ကွက်ကို သူလည်းရချင် ငါလည်းရချင် ဖြစ်ပြီး မလိုအပ်တဲ့ ပြက်ဿနာ တွေ ဖြစ်လာမယ်လို့ သူတို့ ယူဆတာကြောင့် emporium မှာ ကျောက်ကောင်းတွေ မတင်မဖြစ် တစ်လုံး နှစ်လုံးသာ တင်ကြတာပါ။

ပြီးတော့ သိပ်မကောင်းတဲ့ ကျောက်တွေ ဂိုဒေါင်လိုက် တင်တယ်။ အဲ ကျောက်စိမ်း ဘယ်နှစ်တန် ရောင်းတယ်ပေါ့။ တကယ်တော့ အဲဒီ တန်လိုက် ဆိုတဲ့ ကျောက်စိမ်းတွဲတွေ ဟာ ကျောက်ကောင်း ၃ ပိဿ လောက်တစ်လုံး ကို မမှီပါဘူး။

ဒါဟာ မှော်စီဇာရဲ့ အကြမ်းဖျင်း မှတ်စု အဆင့်ပဲ ရှိပါတယ်။

ဒါကြောင့် နိုင်ငံတော်မှ ဖါးကန့် ဒေသ ကို စနစ်ကျတဲ့ ကြီးကြပ်မှုတွေ နဲ့ လုပ်ကိုင်စေပြီး ဆင်းရဲတဲ့ လက်လုပ်လက်စားတွေ ရဲ့ ဘဝကို ပြောင်းလဲပေး နိုင်မှုကိုပါ ထောက်ရှု ပေးရပါလိမ့်မယ်။ (ဆင်းရဲသားများ လုပ်ကိုင်နိုင်မည့် နည်းလမ်းများ ချမှတ်ပေးခြင်းကို ဆိုလိုသည်။)

Credit Jan Khone

Zawgyi

ကမာၻ႔သက္တမ္း အရင့္ဆုံး ေက်ာက္စိမ္း ထြက္ရွိတဲ့ ေမွာ္စီဇာေမွာ္ဆိုတာ

ဒီေဆာင္းပါး ေရးရတာဟာ ျမန္မာ ျပည္သားေတြ ကိုယ့္ႏိုင္ငံက ထြက္တဲ့ ေက်ာက္စိမ္းရဲ႕ တန္ဖိုးကို သိေစခ်င္တာရယ္ ဒီက အေကာင္းဆုံး ေက်ာက္စိမ္းေတြ ဘာ့ေၾကာင့္ ေက်ာက္မ်က္ ေရာင္းခ်တဲ့ emporium မွာမျမင္ရတာလဲ ဆိုတာရယ္ စသည္တို႔ကို သိေစခ်င္လို႔ပါ။

ေမွာ္စီဇာဆိုတာ ဖါးကန္႔ နဲ႔ လုံးခင္း ၾကားက ေမွာ္ပါ။ အရင္က လုံးခင္းနဲ႔ ပိုနီးတဲ့ေနရာကိုသာ ေခၚေပမယ့္ ခုေတာ့ လုံးခင္းကေန ဖါးကန္႔နားထိ တေၾကာလုံးကို ေခၚေနပါေတာ့တယ္။

အေကာင္းဆုံး ေက်ာက္ေတြက လုံးခင္းနဲ႔ ပိုနီးတဲ့ ေနရာမွာ ထြက္ပါတယ္။ေမွာ္စီဇာေမွာ္က ေက်ာက္သားဟာ ကမာၻမွာ အဆင့္ျမင့္ဆုံး ျဖစ္တယ္။ ေက်ာက္စိမ္းမွာေတာ့ မာျခင္းအဆင့္မွာ ဒီေမွာ္က ေက်ာက္ကို ဘယ္ေမွာ္မွ မမွီဘူး။ အသားေကာင္းတယ္။ အျမဳပ္ ရွင္းတယ္။

ဒီဓာတ္ပုံ 1 က ေက်ာက္စိမ္းက ေဘာ္လီအရည္စြဲ လို႔ ေခၚပါတယ္။ ဖန္သားမွန္သားမွာ အရည္စြဲတာ။ ေရာင္းလိုက္တာ $ 15 သန္း က်ပ္ သန္း တစ္ေသာင္း ခုႏွစ္ေထာင္ေက်ာ္ ရပါတယ္တဲ့။ အမ်ားႀကီးရတာ မထင္နဲ႔။ ႏိုင္ငံတကာေစ်း ထက္ အမ်ားႀကီးေလ်ာ့နည္း ပါတယ္။

ေမွာ္စီဇာ ဆိုတာ ဒီလို ေဘာ္လီသား နဲ႔ အသားအေကာင္းဆုံး ေက်ာက္စိမ္းေကာင္းေတြ ထြက္တဲ့ေနရာပါ။ အခုလက္ရွိလို ယႏၲရား အင္အားနဲ႔ လုပ္ကိုင္ရင္ ေမွာ္စီဇာတစ္ေမွာ္လုံး အတိုင္းအတာနဲ႔ဆို တစ္ရက္ တစ္ရက္ အလုံး ၅၀ ေလာက္ ထြက္မယ္ ခန္႔မွန္းတယ္။

၂၀၁၂ က တိုက္ပြဲေတြျဖစ္ေနၿပီး ကုမၸဏီေတြ လုပ္ငန္းရပ္ထားခ်ိန္ ႀကိဳင္လုပ္ကြက္လို႔ ေခၚတဲ့ ေနရာဟာ ေမွာ္စီဇာမွာ နာမည္အႀကီးဆုံးပါပဲ။ ေခါင္းေပါင္းက်င္းထားၿပီးသလို ျဖစ္တဲ့ အဲ့လုပ္ကြက္မွာ တစ္ခ်ိဳ႕ လူေတြဆို ၃ ေယာက္တူးတာ တစ္ရက္ ႏွစ္ရက္နဲ႔ သိန္း ေလး/ငါး ေသာင္း ရသြားတာ ရွိပါတယ္။ စာေရးသူ ကိုယ္ေတြ႕ ပါ။

၂၀၁၃ ေလာက္က ႀကိဳင္လုပ္ကြက္မွာ တႏိုင္တပိုင္ ဝင္လုပ္တဲ့သူ တစ္ေထာင္နီးပါးရွိတယ္။ စာေရးသူရဲ႕ မ်က္စိေရွ႕ သုံးလအတြင္း သိန္းေငြ မရတဲ့ က်င္းသား မရွိ။ က်ပ္ သိန္း ဆယ္ႀကီး ရာေငြ မရတဲ့ ေငြေထာက္ ေလာပန္း မရွိပါဘူး။

အဲဒီ လူတစ္ေထာင္ေလာက္နဲ႔ တူးတဲ့ ၃ လ ဆိုတာ အခု ယႏၲရားအားနဲ႔ တူးရင္ ၃ ရက္မလိုဘူး ကုန္မွာ။ ၃ လ အတြင္း မိသားစု ေထာင္ခ်ီ ကို အဆင္ေျပေစ သည့္အျပင္ အပို ကားဝယ္ အိမ္ဝယ္ နဲ႔ လူအမ်ားႀကီး ဘဝေတြ စိုေျပေစခဲ့တာေပါ့။ ဒါ ၃/၄ ဧက ေလာက္ ရွိတဲ့ ႀကိဳင္လုပ္ကြက္ တစ္ခုထဲေနာ္။ ဒီလို လုပ္ကြက္ေပါင္း ရာခ်ီ ဖါးကန္႔ လုံးခင္းၾကားမွာ ရွိပါတယ္။

ဒီေနရာ တစ္ေၾကာပဲနဲ႔ကို တစ္ရက္ us$ ေဒၚလာ သန္းဆယ္ႀကီး ရာ ေငြ ရႏိုင္တယ္ လို႔ေျပာရင္ ပိုတယ္လို႔ မထင္ပါနဲ႔။
ဒါဆိုရင္ပဲ Global Witness က ေဖာ္ျပတဲ့ တစ္ႏွစ္ us $ 31 billions ဟာ မ႐ိုင္းပါဘူး။

emporium မွာ အခြန္ေငြ ေရာင္းရေငြမွ ၂၀% ကေန ၂၅% ထိ အစိုးရကို ေပးရပါတယ္။ အခြန္ေဆာင္တာေပါ့။ အခြန္ မေဆာင္ခ်င္တာရယ္ မိမိရဲ႕ ေက်ာက္စိမ္းက ရတဲ့ ဝင္ေငြကို လွ်ိဳ႕ဝွက္ထားခ်င္တာရယ္ တို႔ေၾကာင့္ ေမွာင္ခို ေက်ာက္စိမ္း တင္ပို႔ေရာင္းခ် ၾကတာပါ။

မိမိရဲ႕ ေက်ာက္စိမ္းက ရေငြကို ေဖာ္ျပလိုက္ရင္ (emporium တင္ျခင္းျဖင့္) လုပ္လိုက္ရင္ မိမိတူးေနတဲ့ လုပ္ကြက္ဟာ အရမ္း နာမည္ႀကီးသြားၿပီး အၿပိဳင္အဆိုင္ ဝင္လာမယ္။

ဒါဆို အလကား နီးနီး ရထားတဲ့ လုပ္ကြက္ကို သူလည္းရခ်င္ ငါလည္းရခ်င္ ျဖစ္ၿပီး မလိုအပ္တဲ့ ျပက္ႆနာ ေတြ ျဖစ္လာမယ္လို႔ သူတို႔ ယူဆတာေၾကာင့္ emporium မွာ ေက်ာက္ေကာင္းေတြ မတင္မျဖစ္ တစ္လုံး ႏွစ္လုံးသာ တင္ၾကတာပါ။

ၿပီးေတာ့ သိပ္မေကာင္းတဲ့ ေက်ာက္ေတြ ဂိုေဒါင္လိုက္ တင္တယ္။ အဲ ေက်ာက္စိမ္း ဘယ္ႏွစ္တန္ ေရာင္းတယ္ေပါ့။ တကယ္ေတာ့ အဲဒီ တန္လိုက္ ဆိုတဲ့ ေက်ာက္စိမ္းတြဲေတြ ဟာ ေက်ာက္ေကာင္း ၃ ပိႆ ေလာက္တစ္လုံး ကို မမွီပါဘူး။
ဒါဟာ ေမွာ္စီဇာရဲ႕ အၾကမ္းဖ်င္း မွတ္စု အဆင့္ပဲ ရွိပါတယ္။

ဒါေၾကာင့္ ႏိုင္ငံေတာ္မွ ဖါးကန္႔ ေဒသ ကို စနစ္က်တဲ့ ႀကီးၾကပ္မႈေတြ နဲ႔ လုပ္ကိုင္ေစၿပီး ဆင္းရဲတဲ့ လက္လုပ္လက္စားေတြ ရဲ႕ ဘဝကို ေျပာင္းလဲေပး ႏိုင္မႈကိုပါ ေထာက္ရႈ ေပးရပါလိမ့္မယ္။ (ဆင္းရဲသားမ်ား လုပ္ကိုင္ႏိုင္မည့္ နည္းလမ္းမ်ား ခ်မွတ္ေပးျခင္းကို ဆိုလိုသည္။)

Credit Jan Khone

Leave a Comment