နတ်တွေဖွက်ထားတဲ့ သစ်ပင်(သို့) အလွန်ရှားပြီး သိဒ္ဓိရှိသော ကျွန်းနက်အကြောင်း

နတ်တွေ ဖွက်ထားတဲ့ သစ်ပင် (သို့) အလွန်ရှားပြီး သိဒ္ဓိရှိသော ကျွန်းနက်အကြောင်း သိကောင်းစရာနဲ့ အစွမ်းသတ္တိများ

နတ်တွေ ဖွက်ထားတဲ့ သစ်ပင် (သို့) အလွန်ရှားပြီး သိဒ္ဓိရှိ ကျွန်းနက်အကြောင်း သိကောင်းစရာ၊ ကျွန်းနက် စစ် မစစ် စမ်းသပ်ပုံနဲ့ အစွမ်းသတ္တိများ အကြောင်း မသိသေးသူတွေအတွက် ဗဟုသုတဖြစ်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

ကျွန်းနက်ဆိုတာ ကျွန်းပင်အနက် မဟုတ်ပါ။ ကျွန်းနက်ဆိုတာ ရေအောက်မြေအောက်မှာ နှစ်ပေါင်းများစွာ အကြာကြီး နစ်မြုပ်နေတဲ့ ကျွန်းပင် ကျွန်းတုံးတွေကနေ ဓါတ်ပြောင်းလဲမှု ဖြစ်ပေါ်ပြီး အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်ပေသည်။ နှစ်အနည်းငယ်နဲ့တော့ ပြောင်းလဲခြင်း မဖြစ်ပေ။ ထန်းပင်များ မြေအောက်ရေအောက်မှာ နစ်မြုပ်ပြီး ထန်းကျောက်သား ဖြစ်သွားသလိုမျိုးဖြစ်သည်။

ကျွန်းနက်ကလည်း နစ်မြုပ်မှု ကြာလာသည်နှင့်အမျှ ကျောက်အဖြစ်သို့ ပြောင်းလဲလာပေသည်။ ကျွန်းနက်အဖြစ် ဓါတ်ပြောင်းလဲလာပါက မီးရှို့လိုက်ပါက ပြာသည် ရွှေရောင်ဖြစ်ခြင်း၊ ပြာသည်သံလိုက်ခြင်းစတဲ့ အစွမ်းသတ္တိတွေလဲ ပြောင်းလဲ ရရှိလာပါတယ်။

တစ်ခု ထူးခြားသည်က ပျဉ်းကတိုးနက်၊ ပိတောက်နက်တို့သည် ပြာရွှေရောင် ဖြစ်သော်လည်း ကျွန်းနက်ကဲ့သို့ ပြာသည် သံမလိုက်ပေ။ ဒါသည် ကျွန်းနက်ရဲ့ထူးခြားသော ဂမ္ဘီရ အစွမ်းသတ္တိ ဖြစ်ပေသည်။

ရုက္ခဗေဒ ပညာရပ်အရ ကျွန်းမျိုးစိတ်များစွာ ရှိပေမယ့် ကျွန်းနက် ဆိုသည်မှာတော့ မပါဝင်ပေ။ တစ်ချို့က ကျွန်းနက်ဆိုတာ ကျွန်းပင်အနက်၊ အပွင့်က ဘယ်လိုအရောင်ဆိုပြီး ပေါက်ကရတွေ ရေးနေကြတာ မြင်ရလို့ ရှင်းပြခြင်း ဖြစ်ပါသည်။

သူတို့ပြောသလို ရှိရင်လဲ ရှိပေမည်၊ သို့ရာတွင် ဓါတ်ကြီးလေးပါး ပြောင်းလဲမှုကြောင့် အသွင်ပြောင်း ဖြစ်ပေါ်လာသော သိဒ္ဓိဝင် ကျွန်းနက်လောက်တော့ ဂုဏ်သတ္တိရှိမည် မထင်ပေ။

ရေအာက်မြေအောက်တွင် ရှာဖွေသော်လည်း နေရာတိုင်း မရတတ်ပေ။ နတ်ဖွက်ထားသော သစ်မျိုးဆိုလဲ မမှားပေ။ ပေါပါတယ်ကွာ၊ ရောင်းမယ်ဆိုတဲ့သူတွေလဲ များပေမယ့် ယနေ့အချိန်ထိ သယ်ယူ ပို့ဆောင်မှု ခက်ခဲခြင်းနှင့် ထိုက်တန်မှု မရှိခြင်းတို့ကြောင့် သစ်မှ ငွေအဖြစ် မပြောင်းလဲနိုင်ကြတာလဲ အများအပြား ရှိကြပေသည်။ တစ်ချို့ကလဲ ရှာတော့ တွေ့ပါတယ်၊ ကျောက်ဖြစ်သွားတဲ့ အဆင့်မို့ ဘာမှ လုပ်မရတာတွေလဲ ရှိပါတယ်။


တစ်ချို့ကျတော့လဲ ရလာတုန်းကတော့ ကောင်းနေပြီး အသုံးပြုဖို့ စီစဉ်တော့မှ အထဲမှာ မွပြီး ဆွေးနေတာမျိုးတွေလဲ ရှိကြပါတယ်။ (ကိုယ်တိုင် အဓိဋ္ဌာန်တစ်ခုမှားပြီး ကြီးကြီးမားမား ဆုံးရှုံးဖူးပါတယ်) ကျွန်းနက်သည် ကျွန်းပင်အနက် မဟုတ်ပေ။

ကျွန်တော့်ဆီမှ ကျွန်းနက်များသည်လည်း ခက်ခက်ခဲခဲ ရှာဖွေ တွေ့ရှိထားသော ရေအောက် မြေအောက်မှ သဘာဝအတိုင်း ဂမ္ဘီရဆန်ဆန် ပြောင်းလဲလာသော သိဒ္ဓိဝင်အသားကိုသာ အသုံးပြုထားပါသည်။

အပင်လဲ ယနေ့ထိ မတွေ့ရှိ ဖူးပါခင်ဗျာ။ကျွန်းနက်သားဖြစ်စေ၊ ကျွန်းနက်ပုတီးဖြစ်စေ မသင်္ကာပါက မီးရှို့၍ စမ်းသပ်နိုင်ပါတယ်။

မီးရှို့လိုက်ပါကကျွန်းနက်အစစ်ရဲ့ ပြာအရောင်ဟာ ရွှေအိုရောင်လိုလို ဝါဖန့်ဖန့်အရောင်လိုမျိုး ရရှိပါတယ်။ ပြာကဝါဖန့်ဖန့် ရွေအိုရောင် ဖြစ်တိုင်းလဲ မစစ်သေးပါဘူး၊ ထိုပြာတွေဟာ သံလိုက်တုံးကိုပြေးပြီး ကပ်နေမှ အရည်အသွေးကောင်းမွန်သော ကျွန်းနက်သားစစ်စစ် ဖြစ်ပါတယ်ခင်ဗျာ။ အဂ္ဂိရတ်သမားများကတော့ ထိုသို့သော အသားမျိုးကိုအင်မတန် နှစ်သက်ကြပါတယ်။

သံလုံးအသန့် ရရှိစေရန် ကျွန်းနက်မှုန့်ဖြင့်ဖိုထိုးကြသောကြောင့် ဖြစ်ပါတယ်။ တချို့ပြာကတော့ ဝါပါရဲ့သံလိုက်တုံးကိုတော့ပြေးကပ်တာမျိုး မရှိတာတို့၊ ကပ်ချင်သလို မကပ်ချင်သလို သံဓါတ် နဲတာတို့လဲ တွေ့ဖူးပါတယ်။ကျွန်းနက်လို့ ပြောလို့ ရပေမယ့် ထင်သလောက် သိဒ္ဓိမရှိပါဘူး။

ကျွန်းနက်နှင့် အရောင်အဆင်း တူသော်လည်း ပြာရွှေရောင် မဖြစ်သော၊သံလိုက် မဆွဲသော အသားများကတော့ သစ်ကနက်၊ ယင်းတိုက်နှင့် တည်(တယ်) အသားတို့ ဖြစ်ပါတယ်။

ဂမ္ဘီရဓါတ်သဘောကို နားမလည်သောစီးပွားရေးသမားများ ကြိုက်ကြတဲ့ အသားတွေ ဖြစ်ပါတယ်။

(၁၀၈)လုံး ပုတီး တစ်ကုံးမှာ ရောထည့်ထားလျှင် မည်သူမှ သိမည် မဟုတ်ပေ။ ထို့ကြောင့် ဈေးကြီးပေး ဝယ်ရပြီး အမှန်တကယ် ဓါတ်သဘော အတိအကျ မှန်ကန်စေရန် “ကြိုက်တဲ့အလုံး ခွဲစမ်းနိုင်သည်” ဟု အာမခံပေးသော နေရာမျိုးတွင်သာ ဝယ်ယူသင့်သလို ကိုယ်တိုင်လည်း စမ်းစစ်ကြည့်သင့်ပေသည်။

မည်သည့်နေရာက ဝယ်ယူသည်ဖြစ်စေ အသားစစ် အသားမှန် ရရှိရန်အတွက် ထိုကဲ့သို့ အစမ်းသပ်ခံ/ စမ်းသပ်ပြီးမှ ဝယ်ယူသင့်ပေသည်။ဝယ်ယူ ပူဇော်ကြမည့်သူများအတွက်စေတနာ ဖြစ်သည်။

ထို့အပြင် ပုတီးဖြစ်ရင် ပြီးရောဆိုပြီး ဓါတ်သဘောများ နားမလည်ပါကလည်း ထိရောက်သင့်သလောက် မထိရောက်ဟု မပြောလိုသော်လည်းဓါတ်သဘော နားလည်ပါက မိမိတို့ရဲ့ တန်ဘိုးကြီးပုတီးသည် ပို၍ အဖိုးထိုက်တန်လာပေမည်။ ကျွန်းနက် သည်(၂၇) ပေါင်းခြင်း(၉) ဖြစ်သည်။ (၂၇) သည် ငွေနဝင်းဓါတ် ဖြစ်ပေသည်။

ကျွန်းနက် အတုံးလေးတတုံး (သို့) အချောင်းတချောင်းဖြင့် ရောင်းလိုသောမြေကွက် အလယ်ဗဟိုရှိ မြေကြီးပေါ် ထောက်၍ ရောင်းလိုသောဈေးဖြင့် အမြန်ရောင်းထွက်ဖို့ ဆုတောင်းရမှာပါ။

နောက်တနည်းကတော့ ရေသန့်ဗူးထဲကို ကျွန်းနက် လက်မလောက်လေးထည့်၊ ဘုရားအား ကပ်လှူ၍ ပရိတ်ပဋ္ဌာန်းများ ရွတ်ဖတ် ဆုတောင်းပြီးရောင်းလိုသော ကုန်၊ ကား၊ အိမ်ခြံတို့အား ပက်ဖျန်းခြင်းဖြင့် အလျင်အမြန် ရောင်းထွက်စေပါတယ်။

အိမ်အေးချမ်းမှု အပြည့်အ၀ ရရှိစေပါတယ်။ ဈေးရောင်း ဈေးဝယ် လုပ်သူများအနေဖြင့် မေတ္တာသုတ် ရွတ်ဖတ်၍ ပက်ဖြန်းခြင်းဖြင့်လည်း ဈေးဝယ်သူများ စည်ကားစေပါသတဲ့ ခင်ဗျာ။

ပုတီးတွင် တပ်ထားသော လိမ္မော်ရောင်ပန်းပွားသည် လိမ္မော် (၄၅) ဖြစ်၍ ပေါင်းခြင်း (၉) ပင် ဖြစ်သည်။(၄၅) သည် လာဘ်ပွင့်နဝင်းဖြစ်ပေသည်။ ထိုကဲ့သို့ ငွေနာမ်ကျွန်းနက်ပုတီးအား လာဘ်ပွင့်အရောင် ပန်းပွား တပ်ထားခြင်းသည် ကျွန်းနက်၏ ဟိတ်ကို ပို၍ ကောင်းမွန်စေပေသည်။ ကျွန်းနက်ပုတီးသည် ဈေးကြီးပေသည်။ထို့ကြောင့် အရောနှောမပါသော အစစ်ဖြစ်ရန် လိုသည်။ ဓါတ်သဘော မှန်ကန်သော ပုတီးဖြစ်ရန် လိုသည်။ အလွန်ရှားပြီး သိဒ္ဓိရှိပါတယ်။

ကျွန်းနက် ၂၇ ငွေနဝင်း အသားဖြစ်တဲ့အတွက် ပုတီးစီရင်ပြီး ထိုပုတီးဖြင့် ဂုဏ်တော် ၉ ပါး နေ့တိုင်းစိပ်ပါက လာဘ်ရွှင်စေပါတယ်။ လိုအပ်သောအခါ ပုတီးစောင့်နတ်က အိမ်မက်ပေးတယ်လို့လည်း ပြောကြပါတယ်။ ကျွန်းနက်အသားကို ဆောင်ထားရုံဖြင့် ပယောဂအတိုက် ကင်းစေတယ် သရဲမခြောက်စေ မကပ်စေပါဘူး။ (သရဲတစ္ဆေ ကြောက်တတ်သူများ အထူးဆောင်သင့်ပါတယ်)

အိမ်မက်ဆိုးတွေ မမက်စေပါဘူး။ အလွန်ရှားပါးပြီး သိဒ္ဓိဝင် အသားတစ်မျိုး ဖြစ်တာကြောင့် လောကီသားများ အကြိုက်လည်းဖြစ်ပါတယ်။ အိမ်တွင် ဘုရားထုလုပ် ပူဇော်လိုရာ ဆုတောင်းပြည့်စေသည့်အတွက် တချို့ဆို ၅ လက်မပတ်လည် ၁ တုံးကို ၄ သိန်းခွဲလောက်နဲ့ ဝယ်ပြီး ဘုရားထုကြတာလည်း မြင်တွေ့ဖူးပါတယ်။ (သစ်ကနက်သားထက် ၁၀ဆ ရှားပါတယ်)

ဘုရားထုမည်ဆို အိမ်စီးပွားတိုးဖို့ ဇဗ္ဗူ ပတိမဟာမုနိ ကုမဏ္ဍီရုံးခန်း ဈေးဆိုင်များတွင် ပူဇော် ကိုးကွယ်မည်ဆိုပါက လာဘမုနိ ရှင်သီဝလိ ရှင်ဥပဂုတ်တို့ ထုလုပ် ပူဇော်ကြပါတယ်။ မိတ်ဆွေတယောက် မှာယူပူဇော် ထုလုပ်တဲ့ ရှင်ဥပဂုတ်ဟာဆိုရင် ဆိုင်ရှေ့ အရောင်တင်နေတုန်းတွင်ပင် ဈေးဝယ်သူများ တဖွဲဖွဲကျလာ ထူးထူးခြားခြား မြင်တွေ့ရပါတယ်။

နောက်ပြီး ဝိဇ္ဇာဓာတ်နှင့် နဂါးသိုက်တို့နဲ့ဆက်စပ်ပြီး ပဌာန်းဆက် ရှိသူများသာ ပိုင်ဆိုင်ခွင့် ရှိပါတယ်။ အတက်ရောဂါ ရှိသူများကတော့ မီးရှို့ပြီး အငွေ့ကိုရှုစေခြင်းဖြင့် အတက်ရောဂါ သက်သာစေပါတယ်။ ဆေးအဖြစ်ကတော့ ကျွန်းနက်ပြာကို ပျားရည်နှင့်ရောကာ တစ်နေ့တစ်ဇွန်းစားပေးပါက လေငန်းရောဂါသွေးတိုးရောဂါတို့ပါ သက်သာစေတဲ့အပြင် အသက်ရှည်စေပါတယ်။

ဝိဇ္ဇာလမ်း ထွက်ရပ်လမ်းကို လိုက်သူများ အဂ္ဂိရတ် ထိုးရာတွင် သံဓာတ်လုံးထိုးရန် သံအနှစ်သားကျွန်းနက်မှ ထုတ်ယူကြပါတယ်။

စာချိုးအရ ပြောရမယ် ဆိုရင်တော့ လက်ခတ်သံကျွန်းဖိုသား သောင်းတိုင်က ကြားသလေလေ … ဆိုသောသီချင်းမှာ ကျွန်းနက်ကို ဆိုလိုကြောင်း မှတ်သားဖူးပါတယ်။ အထက်ကောင်းကင်အထိပင်လက်ခမောင်းခတ်လောက်အောင် သိဒ္ဓိဝင်စေသောသံမှာ ကျွန်းနက်သံ ဖြစ်သည်ဟုလည်း ဆိုကြပါတယ်။

ကျွန်းနက်ရဲ့ကောင်းကျိုးတွေကတော့ ရှာဖွေလေ တွေ့ရှိလေ ဖြစ်ပါတယ်။ လောကီအစီအရင်နဲ့ အဓိဋ္ဌာန် လောကမှာအလွန် အသုံးဝင်တဲ့ တန်ဖိုးကြီး ရှားပါး ဂမ္ဘီရ ပစ္စည်းတမျိုး ဖြစ်ကြောင်း ပြောလိုပါတယ်။

𝕮𝖗𝖉_𝕿𝖔_𝕺𝖜𝖓𝖊𝖗_ဇော်မြတ်မင်း (မြစကြာကျောင်းသား)

Zawgyi

နတ္ေတြ ဖြက္ထားတဲ့ သစ္ပင္ (သို႔) အလြန္ရွားၿပီး သိဒၶိရွိေသာ ကြၽန္းနက္အေၾကာင္း သိေကာင္းစရာနဲ႔ အစြမ္းသတၱိမ်ား

နတ္ေတြ ဖြက္ထားတဲ့ သစ္ပင္ (သို႔) အလြန္ရွားၿပီး သိဒၶိရွိ ကြၽန္းနက္အေၾကာင္း သိေကာင္းစရာ၊ ကြၽန္းနက္ စစ္ မစစ္ စမ္းသပ္ပုံနဲ႔ အစြမ္းသတၱိမ်ား အေၾကာင္း မသိေသးသူေတြအတြက္ ဗဟုသုတျဖစ္ေစဖို႔ ေဖာ္ျပေပးလိုက္ရပါတယ္။

ကြၽန္းနက္ဆိုတာ ကြၽန္းပင္အနက္ မဟုတ္ပါ။ ကြၽန္းနက္ဆိုတာ ေရေအာက္ေျမေအာက္မွာ ႏွစ္ေပါင္းမ်ားစြာ အၾကာႀကီး နစ္ျမဳပ္ေနတဲ့ ကြၽန္းပင္ ကြၽန္းတုံးေတြကေန ဓါတ္ေျပာင္းလဲမႈ ျဖစ္ေပၚၿပီး အနက္ေရာင္အျဖစ္သို႔ ေျပာင္းလဲသြားျခင္း ျဖစ္ေပသည္။ ႏွစ္အနည္းငယ္နဲ႔ေတာ့ ေျပာင္းလဲျခင္း မျဖစ္ေပ။ ထန္းပင္မ်ား ေျမေအာက္ေရေအာက္မွာ နစ္ျမဳပ္ၿပီး ထန္းေက်ာက္သား ျဖစ္သြားသလိုမ်ိဳးျဖစ္သည္။

ကြၽန္းနက္ကလည္း နစ္ျမဳပ္မႈ ၾကာလာသည္ႏွင့္အမွ် ေက်ာက္အျဖစ္သို႔ ေျပာင္းလဲလာေပသည္။ ကြၽန္းနက္အျဖစ္ ဓါတ္ေျပာင္းလဲလာပါက မီးရႈိ႕လိုက္ပါက ျပာသည္ ေ႐ႊေရာင္ျဖစ္ျခင္း၊ ျပာသည္သံလိုက္ျခင္းစတဲ့ အစြမ္းသတၱိေတြလဲ ေျပာင္းလဲ ရရွိလာပါတယ္။

တစ္ခု ထူးျခားသည္က ပ်ဥ္းကတိုးနက္၊ ပိေတာက္နက္တို႔သည္ ျပာေ႐ႊေရာင္ ျဖစ္ေသာ္လည္း ကြၽန္းနက္ကဲ့သို႔ ျပာသည္ သံမလိုက္ေပ။ ဒါသည္ ကြၽန္းနက္ရဲ႕ထူးျခားေသာ ဂမၻီရ အစြမ္းသတၱိ ျဖစ္ေပသည္။

႐ုကၡေဗဒ ပညာရပ္အရ ကြၽန္းမ်ိဳးစိတ္မ်ားစြာ ရွိေပမယ့္ ကြၽန္းနက္ ဆိုသည္မွာေတာ့ မပါဝင္ေပ။ တစ္ခ်ိဳ႕က ကြၽန္းနက္ဆိုတာ ကြၽန္းပင္အနက္၊ အပြင့္က ဘယ္လိုအေရာင္ဆိုၿပီး ေပါက္ကရေတြ ေရးေနၾကတာ ျမင္ရလို႔ ရွင္းျပျခင္း ျဖစ္ပါသည္။

သူတို႔ေျပာသလို ရွိရင္လဲ ရွိေပမည္၊ သို႔ရာတြင္ ဓါတ္ႀကီးေလးပါး ေျပာင္းလဲမႈေၾကာင့္ အသြင္ေျပာင္း ျဖစ္ေပၚလာေသာ သိဒၶိဝင္ ကြၽန္းနက္ေလာက္ေတာ့ ဂုဏ္သတၱိရွိမည္ မထင္ေပ။

ေရအာက္ေျမေအာက္တြင္ ရွာေဖြေသာ္လည္း ေနရာတိုင္း မရတတ္ေပ။ နတ္ဖြက္ထားေသာ သစ္မ်ိဳးဆိုလဲ မမွားေပ။ ေပါပါတယ္ကြာ၊ ေရာင္းမယ္ဆိုတဲ့သူေတြလဲ မ်ားေပမယ့္ ယေန႔အခ်ိန္ထိ သယ္ယူ ပို႔ေဆာင္မႈ ခက္ခဲျခင္းႏွင့္ ထိုက္တန္မႈ မရွိျခင္းတို႔ေၾကာင့္ သစ္မွ ေငြအျဖစ္ မေျပာင္းလဲႏိုင္ၾကတာလဲ အမ်ားအျပား ရွိၾကေပသည္။ တစ္ခ်ိဳ႕ကလဲ ရွာေတာ့ ေတြ႕ပါတယ္၊ ေက်ာက္ျဖစ္သြားတဲ့ အဆင့္မို႔ ဘာမွ လုပ္မရတာေတြလဲ ရွိပါတယ္။

တစ္ခ်ိဳ႕က်ေတာ့လဲ ရလာတုန္းကေတာ့ ေကာင္းေနၿပီး အသုံးျပဳဖို႔ စီစဥ္ေတာ့မွ အထဲမွာ မြၿပီး ေဆြးေနတာမ်ိဳးေတြလဲ ရွိၾကပါတယ္။ (ကိုယ္တိုင္ အဓိ႒ာန္တစ္ခုမွားၿပီး ႀကီးႀကီးမားမား ဆုံးရႈံးဖူးပါတယ္) ကြၽန္းနက္သည္ ကြၽန္းပင္အနက္ မဟုတ္ေပ။

ကြၽန္ေတာ့္ဆီမွ ကြၽန္းနက္မ်ားသည္လည္း ခက္ခက္ခဲခဲ ရွာေဖြ ေတြ႕ရွိထားေသာ ေရေအာက္ ေျမေအာက္မွ သဘာဝအတိုင္း ဂမၻီရဆန္ဆန္ ေျပာင္းလဲလာေသာ သိဒၶိဝင္အသားကိုသာ အသုံးျပဳထားပါသည္။

အပင္လဲ ယေန႔ထိ မေတြ႕ရွိ ဖူးပါခင္ဗ်ာ။ကြၽန္းနက္သားျဖစ္ေစ၊ ကြၽန္းနက္ပုတီးျဖစ္ေစ မသကၤာပါက မီးရႈိ႕၍ စမ္းသပ္ႏိုင္ပါတယ္။

မီးရႈိ႕လိုက္ပါကကြၽန္းနက္အစစ္ရဲ႕ ျပာအေရာင္ဟာ ေ႐ႊအိုေရာင္လိုလို ဝါဖန႔္ဖန႔္အေရာင္လိုမ်ိဳး ရရွိပါတယ္။ ျပာကဝါဖန႔္ဖန႔္ ေ႐ြအိုေရာင္ ျဖစ္တိုင္းလဲ မစစ္ေသးပါဘူး၊ ထိုျပာေတြဟာ သံလိုက္တုံးကိုေျပးၿပီး ကပ္ေနမွ အရည္အေသြးေကာင္းမြန္ေသာ ကြၽန္းနက္သားစစ္စစ္ ျဖစ္ပါတယ္ခင္ဗ်ာ။ အဂၢိရတ္သမားမ်ားကေတာ့ ထိုသို႔ေသာ အသားမ်ိဳးကိုအင္မတန္ ႏွစ္သက္ၾကပါတယ္။

သံလုံးအသန႔္ ရရွိေစရန္ ကြၽန္းနက္မႈန႔္ျဖင့္ဖိုထိုးၾကေသာေၾကာင့္ ျဖစ္ပါတယ္။ တခ်ိဳ႕ျပာကေတာ့ ဝါပါရဲ႕သံလိုက္တုံးကိုေတာ့ေျပးကပ္တာမ်ိဳး မရွိတာတို႔၊ ကပ္ခ်င္သလို မကပ္ခ်င္သလို သံဓါတ္ နဲတာတို႔လဲ ေတြ႕ဖူးပါတယ္။ကြၽန္းနက္လို႔ ေျပာလို႔ ရေပမယ့္ ထင္သေလာက္ သိဒၶိမရွိပါဘူး။

ကြၽန္းနက္ႏွင့္ အေရာင္အဆင္း တူေသာ္လည္း ျပာေ႐ႊေရာင္ မျဖစ္ေသာ၊သံလိုက္ မဆြဲေသာ အသားမ်ားကေတာ့ သစ္ကနက္၊ ယင္းတိုက္ႏွင့္ တည္(တယ္) အသားတို႔ ျဖစ္ပါတယ္။

ဂမၻီရဓါတ္သေဘာကို နားမလည္ေသာစီးပြားေရးသမားမ်ား ႀကိဳက္ၾကတဲ့ အသားေတြ ျဖစ္ပါတယ္။

(၁၀၈)လုံး ပုတီး တစ္ကုံးမွာ ေရာထည့္ထားလွ်င္ မည္သူမွ သိမည္ မဟုတ္ေပ။ ထို႔ေၾကာင့္ ေဈးႀကီးေပး ဝယ္ရၿပီး အမွန္တကယ္ ဓါတ္သေဘာ အတိအက် မွန္ကန္ေစရန္ “ႀကိဳက္တဲ့အလုံး ခြဲစမ္းႏိုင္သည္” ဟု အာမခံေပးေသာ ေနရာမ်ိဳးတြင္သာ ဝယ္ယူသင့္သလို ကိုယ္တိုင္လည္း စမ္းစစ္ၾကည့္သင့္ေပသည္။

မည္သည့္ေနရာက ဝယ္ယူသည္ျဖစ္ေစ အသားစစ္ အသားမွန္ ရရွိရန္အတြက္ ထိုကဲ့သို႔ အစမ္းသပ္ခံ/ စမ္းသပ္ၿပီးမွ ဝယ္ယူသင့္ေပသည္။ဝယ္ယူ ပူေဇာ္ၾကမည့္သူမ်ားအတြက္ေစတနာ ျဖစ္သည္။

ထို႔အျပင္ ပုတီးျဖစ္ရင္ ၿပီးေရာဆိုၿပီး ဓါတ္သေဘာမ်ား နားမလည္ပါကလည္း ထိေရာက္သင့္သေလာက္ မထိေရာက္ဟု မေျပာလိုေသာ္လည္းဓါတ္သေဘာ နားလည္ပါက မိမိတို႔ရဲ႕ တန္ဘိုးႀကီးပုတီးသည္ ပို၍ အဖိုးထိုက္တန္လာေပမည္။ ကြၽန္းနက္ သည္(၂၇) ေပါင္းျခင္း(၉) ျဖစ္သည္။ (၂၇) သည္ ေငြနဝင္းဓါတ္ ျဖစ္ေပသည္။

ကြၽန္းနက္ အတုံးေလးတတုံး (သို႔) အေခ်ာင္းတေခ်ာင္းျဖင့္ ေရာင္းလိုေသာေျမကြက္ အလယ္ဗဟိုရွိ ေျမႀကီးေပၚ ေထာက္၍ ေရာင္းလိုေသာေစ်းျဖင့္ အျမန္ေရာင္းထြက္ဖို႔ ဆုေတာင္းရမွာပါ။

ေနာက္တနည္းကေတာ့ ေရသန္႔ဗူးထဲကို ကြၽန္းနက္ လက္မေလာက္ေလးထည့္၊ ဘုရားအား ကပ္လႉ၍ ပရိတ္ပ႒ာန္းမ်ား ႐ြတ္ဖတ္ ဆုေတာင္းၿပီးေရာင္းလိုေသာ ကုန္၊ ကား၊ အိမ္ၿခံတို႔အား ပက္ဖ်န္းျခင္းျဖင့္ အလ်င္အျမန္ ေရာင္းထြက္ေစပါတယ္။

အိမ္ေအးခ်မ္းမႈ အျပည့္အ၀ ရရွိေစပါတယ္။ ေစ်းေရာင္း ေစ်း၀ယ္ လုပ္သူမ်ားအေနျဖင့္ ေမတၱာသုတ္ ႐ြတ္ဖတ္၍ ပက္ျဖန္းျခင္းျဖင့္လည္း ေစ်း၀ယ္သူမ်ား စည္ကားေစပါသတဲ့ ခင္ဗ်ာ။

ပုတီးတြင္ တပ္ထားေသာ လိေမၼာ္ေရာင္ပန္းပြားသည္ လိေမၼာ္ (၄၅) ျဖစ္၍ ေပါင္းျခင္း (၉) ပင္ ျဖစ္သည္။(၄၅) သည္ လာဘ္ပြင့္နဝင္းျဖစ္ေပသည္။ ထိုကဲ့သို႔ ေငြနာမ္ကြၽန္းနက္ပုတီးအား လာဘ္ပြင့္အေရာင္ ပန္းပြား တပ္ထားျခင္းသည္ ကြၽန္းနက္၏ ဟိတ္ကို ပို၍ ေကာင္းမြန္ေစေပသည္။ ကြၽန္းနက္ပုတီးသည္ ေဈးႀကီးေပသည္။ထို႔ေၾကာင့္ အေရာေႏွာမပါေသာ အစစ္ျဖစ္ရန္ လိုသည္။ ဓါတ္သေဘာ မွန္ကန္ေသာ ပုတီးျဖစ္ရန္ လိုသည္။ အလြန္ရွားၿပီး သိဒၶိရွိပါတယ္။

ကြၽန္းနက္ ၂၇ ေငြနဝင္း အသားျဖစ္တဲ့အတြက္ ပုတီးစီရင္ၿပီး ထိုပုတီးျဖင့္ ဂုဏ္ေတာ္ ၉ ပါး ေန႔တိုင္းစိပ္ပါက လာဘ္႐ႊင္ေစပါတယ္။ လိုအပ္ေသာအခါ ပုတီးေစာင့္နတ္က အိမ္မက္ေပးတယ္လို႔လည္း ေျပာၾကပါတယ္။ ကြၽန္းနက္အသားကို ေဆာင္ထား႐ုံျဖင့္ ပေယာဂအတိုက္ ကင္းေစတယ္ သရဲမေျခာက္ေစ မကပ္ေစပါဘူး။ (သရဲတေစၦ ေၾကာက္တတ္သူမ်ား အထူးေဆာင္သင့္ပါတယ္)

အိမ္မက္ဆိုးေတြ မမက္ေစပါဘူး။ အလြန္ရွားပါးၿပီး သိဒၶိဝင္ အသားတစ္မ်ိဳး ျဖစ္တာေၾကာင့္ ေလာကီသားမ်ား အႀကိဳက္လည္းျဖစ္ပါတယ္။ အိမ္တြင္ ဘုရားထုလုပ္ ပူေဇာ္လိုရာ ဆုေတာင္းျပည့္ေစသည့္အတြက္ တခ်ိဳ႕ဆို ၅ လက္မပတ္လည္ ၁ တုံးကို ၄ သိန္းခြဲေလာက္နဲ႔ ဝယ္ၿပီး ဘုရားထုၾကတာလည္း ျမင္ေတြ႕ဖူးပါတယ္။ (သစ္ကနက္သားထက္ ၁၀ဆ ရွားပါတယ္)

ဘုရားထုမည္ဆို အိမ္စီးပြားတိုးဖို႔ ဇဗၺဴ ပတိမဟာမုနိ ကုမ႑ီ႐ုံးခန္း ေဈးဆိုင္မ်ားတြင္ ပူေဇာ္ ကိုးကြယ္မည္ဆိုပါက လာဘမုနိ ရွင္သီဝလိ ရွင္ဥပဂုတ္တို႔ ထုလုပ္ ပူေဇာ္ၾကပါတယ္။ မိတ္ေဆြတေယာက္ မွာယူပူေဇာ္ ထုလုပ္တဲ့ ရွင္ဥပဂုတ္ဟာဆိုရင္ ဆိုင္ေရွ႕ အေရာင္တင္ေနတုန္းတြင္ပင္ ေဈးဝယ္သူမ်ား တဖြဲဖြဲက်လာ ထူးထူးျခားျခား ျမင္ေတြ႕ရပါတယ္။

ေနာက္ၿပီး ဝိဇၨာဓာတ္ႏွင့္ နဂါးသိုက္တို႔နဲ႔ဆက္စပ္ၿပီး ပဌာန္းဆက္ ရွိသူမ်ားသာ ပိုင္ဆိုင္ခြင့္ ရွိပါတယ္။ အတက္ေရာဂါ ရွိသူမ်ားကေတာ့ မီးရႈိ႕ၿပီး အေငြ႕ကိုရႈေစျခင္းျဖင့္ အတက္ေရာဂါ သက္သာေစပါတယ္။ ေဆးအျဖစ္ကေတာ့ ကြၽန္းနက္ျပာကို ပ်ားရည္ႏွင့္ေရာကာ တစ္ေန႔တစ္ဇြန္းစားေပးပါက ေလငန္းေရာဂါေသြးတိုးေရာဂါတို႔ပါ သက္သာေစတဲ့အျပင္ အသက္ရွည္ေစပါတယ္။

ဝိဇၨာလမ္း ထြက္ရပ္လမ္းကို လိုက္သူမ်ား အဂၢိရတ္ ထိုးရာတြင္ သံဓာတ္လုံးထိုးရန္ သံအႏွစ္သားကြၽန္းနက္မွ ထုတ္ယူၾကပါတယ္။

စာခ်ိဳးအရ ေျပာရမယ္ ဆိုရင္ေတာ့ လက္ခတ္သံကြၽန္းဖိုသား ေသာင္းတိုင္က ၾကားသေလေလ … ဆိုေသာသီခ်င္းမွာ ကြၽန္းနက္ကို ဆိုလိုေၾကာင္း မွတ္သားဖူးပါတယ္။ အထက္ေကာင္းကင္အထိပင္လက္ခေမာင္းခတ္ေလာက္ေအာင္ သိဒၶိဝင္ေစေသာသံမွာ ကြၽန္းနက္သံ ျဖစ္သည္ဟုလည္း ဆိုၾကပါတယ္။

ကြၽန္းနက္ရဲ႕ေကာင္းက်ိဳးေတြကေတာ့ ရွာေဖြေလ ေတြ႕ရွိေလ ျဖစ္ပါတယ္။ ေလာကီအစီအရင္နဲ႔ အဓိ႒ာန္ ေလာကမွာအလြန္ အသုံးဝင္တဲ့ တန္ဖိုးႀကီး ရွားပါး ဂမၻီရ ပစၥည္းတမ်ိဳး ျဖစ္ေၾကာင္း ေျပာလိုပါတယ္။

𝕮𝖗𝖉_𝕿𝖔_𝕺𝖜𝖓𝖊𝖗_ေဇာ္ျမတ္မင္း (ျမစၾကာေက်ာင္းသား)

Leave a Comment