စေတနာသည်သာလျှင် ကံမည်၏ ဆိုတဲ့ စကားကို သက်သေပြသွားတဲ့ ဖြစ်ရပ် (ကံကံ၏ အကျိုး)
စေတနာသည်သာလျှင် ကံမည်၏ ဆိုတဲ့ စကားကို သက်သေပြသွားတဲ့ ဖြစ်ရပ် (ကံကံ၏ အကျိုး)
စေတနာသည်သာလျှင် ကံမည်၏ ဆိုတဲ့ စကားကို သက်သေပြသွားတဲ့ ဖြစ်ရပ် (ကံကံ၏ အကျိုး)မြို့တမြို့၏ဆေးကုမ္မဏီတစ်ခုရှေ့သိုစိတ် မနှံ့သော သူတစ်ဦးရောက်လာပြီး “ငွေနှစ်ရာလောက်ပေးပါခင်ဗျာ”” “”ထီထိုးချင်လို့ပါ”” ဟုကုမ္မဏီရှေ့ထိုင်ခုံတွင်ထိုင်နေသော ဆေး
ကိုယ်စားလှယ်ဧည့်သည်ထံသို့တောင်းလေသည်။ဆေးကိုယ်စားလှယ်ဧည့်သည်သည်ငွေနှစ်ရာကျပ်အားပေးလိုက်ပြီး စိတ်မနှံ့သူက ထီထိုးမယ်ဆိုသည်ကို တွေးတောနေလေသည် ထိုအဖြစ်အပျက်ကို ကုမ္မဏီပိုင်ရှင်တွေ့မြင်သွားပြီ
း ဧည့်သည်ဆေးကိုယ်စားလှယ်အားစိတ်ဝင်စားလျှင် ယခုအဖြစ်အပျက်အားပြောပြမည့်အကြောင်းကိုပြောဆိုလေ၏ ဆေးကိုယ်စားလှယ်ဧည့်သည်လည်း စိတ်ဝင်စားကြောင်းနှင့် ပြောပြပါရန်တောင်းဆိုလေတော့သည်
ဆေးကုမ္မဏီပိုင်ရှင်ကစတင်၍ “”အဖြစ်ကသည်လိုပါဗျာ……… တစ်ချိန်ကယ္ခုမြို့စွန်ရပ်ကွက်တွင်မုဆိုးမကြီးဒေါ်ဟေတု ဟာ သူ့သားရှစ်တန်းကျောင်းသားလေးနှင့်အတူ
ခြံဝင်းတခုထဲမှာ မြေငှားပြီးကိုယ်ဘာသာအိမ်ဆောက်နေကြပါတယ် ခြံဝိုင်းထဲမှာကအိမ်သုံးလုံးရှိပါတယ် အိမ်ပိုင်ရှင်ကအိမ်တစ်လုံး ဒေါ်ဟေတု သားအမိက
တစ်လုံး ဒေါ်ဟေတုတို့လိုလက်သမားလင်မယား မြေငှားအိမ်ဆောက်တဲ့အိမ်ကတစ်လုံးပါဒေါ်ဟေတုကစာမတတ်ပါဖူး ပဲပြုတ်ရောင်းပါတယ် သူအမြဲရွတ်တဲ့ဂါထာက ဟေတုပစ္စယောတခုတည်းပါ
ဒါကိုကြောင်းပြုပြီး အများကဒေါ်ဟေတုလို့ပဲခေါ်ရင်း ဒေါ်ဟေတု အမည် တွင်သွားပါတယ် ဒေါ်ဟေတုက လစဉ်ထီတစောင်ထိုးပါတယ် တစ်နေ့မနက်ထီဖွင့်ရက်မှာထီရောင်းတဲ့ဆိုင်
ပဲပြုတ်ရောင်းအပြီးအပြန် ထီပေ ါက်စဉ်တစ်စောင်ဝယ်လာခဲ့ပါတယ်အိမ်ခြံဝင်းထဲအဝင် လက်သမားအိမ်ငှားက ပက်လက်ကုလားထိုင်ပေါ် ထိုင်နေတာတွေ့တော့ “”ဟေ့ကောင်လေး
မင်းဒီနေ့အလုပ်မသွားဖူးလား”” လို့မေးလိုက်တယ် လက်သမားအိမ်ငှားက “”ဒီနေ့အလုပ်နားတယ်လေဒေါ်ဟေတု”” “”အဲ့တာဆို
နင်အခုအားရင် ငါထီပေါက်စဉ် ဝယ်လာတယ် အဲ့တာထီတိုက်ပေးစမ်းပါတော်””လို့ပြောလိုက်တယ်လက်သမားလာတော့ ဒေါ်ဟေတုဘုရားစင်မှာ တင်ထားတဲ့ ထီလက်မှတ်ကလေး ယူပေးလိုက်ပြီး “”နင်ထီတိုက်ထားနော် ငါထမင်းအိုးတည်အုံးမယ်”” ပြောပြီးမီးဖိုချောင်ကိုဝင်သွားတယ်
လက်သမားကထီတိုက်နေရင်း လက်တွေတုန် အာတွေခြောက်ပြီးရင်တွေပါတုန်လာတယ် ထီလက်မှတ်ကဖြင့် ခုနှစ်သိန်းဆုပေါက်နေပြီ သူလည်းထီတစ်စောင်ထိုးထားပါတယ် ပေါက်ဖို့ကမသေချာဖူး ချက်ခြင်းလက် သမားကအိမ်ပြန်ပြီးသူ့ထီလက်မှတ်အပြေးယူပြီး ဒေါ်ဟေတုထီလက်မှတ်နဲ့လဲလိုက်ပါတယ်
ထို့နောက် “”ဗျို့ဒေါ်ဟေတုခင်ဗျားထီလက်မှတ်က မပေါက်ပါဖူးဗျာ” ဟုပြောလိုက်လေသည် ဒေါ်ဟေတုက””မပေါက်လည်းစားပွဲခုံပေါ်မှာ
အကြမ်းပုဂံလုံးနဲ့ဖိခဲ့ ငါ့သားကျောင်းဆင်းမှ ထပ်တိုက်ခိုင်းအုံးမယ်”” ဟုပြောပြီးထမင်းအိုးတည်နေလေသည် ညနေဒေါ်ဟေတုသားကျောင်းဆင်းလာသည့်အခါ ဒေါ်ဟေတုက “”သားလူလေးစားပွဲခုံပေါ်ကထီကိုတိုက်ကြည့်စမ်း”” ဟုခိုင်းလေသည်
ဒေါ်ဟေတုသားလည်းထီကိုသေခြာတိုက်ကြည့်ရာ သိန်းငါးရာဆုကြီးပေါက်နေလေသည်”ဝမ်းသာအားရဖြင့်အမေသိန်းငါးရာဆုကြီးပေါက်နေပြီဗျ…”” ဟုဝမ်းသာအားရနှင့်ပြောလေသည် အနီးအနားမှလူများနှင့်
ရပ်ကွက်လူကြီးပါ ရောက်လာကြပြီး အားလုံးဝမ်းသာနေကြလေသည် ထိုသတင်းကတမဟုတ်ချင်းပျံ့နှံ့သွားလေရာ အရက်ဆိုင်တွင် ပျော်ရွှင်နေသောလက်သမားမှာအံ့သြသွားပြီး
ဒေါ်ဟေတုအိမ်သို့ဦးတည်ပြီးရောက်လာလေသည်
ထို့နောက် ”ဒေါ်ဟေတု အခုခင်ဗျားလက်ထဲကသိန်းငါးရာဆု ထီလက်မှတ်ကကျွန်တော့်ထီလက်မှတ်ပါ “”ခင်ဗျားထီလက်မှတ်ကဒီမှာခုနှစ်သိန်းဆုပဲပေါက်တာ””ဟုငြင်းလေသည်
ထိုကိစ္စအား ရပ်ကွက်ရုံးတွင် မကတရားရုံးအထိ ဖြေရှင်းကြရာ ထီလက် မှတ်နောက်ကျောတွင် ထီလက်မှတ်လက်ဝယ်ရှိသူသာ ထီဆုနှင့်သက်ဆိုင်ကြောင်းဥပဒေအရဖြင့်
ဒေါ်ဟေတုအားအနိုင်ပေးလိုက်လေသည်ထိုအချိန်မှစ၍ လက်သမားလည်း သူရရှိသော ဆုငွေခုနှစ်သိန်းအား အကုန်သုံးဖြုံးမူးယစ်ပစ်လိုက်ပြီး နောက်ဆုံးစိတ်ရောဂါရရှိပြီးနောက်ပိုင်းတွင်…
လမ်းတွေ့သမျှလူအားထီထိုးချင်လို့ ပိုက်က်ဆံနှစ်ရာပေးပါဟု တောင်းနေလေတော့သည်ဒေါ်ဟေတုသားကားယခု
ဆေးကုမ္မဏီပိုင်ရှင်ဖြစ်နေလေပြီ ။ ။ ကျွန်တော်ဖတ်မှတ်ခဲ့ဖူးသော
ဖြစ်ရပ်မှန်ဇာတ်လမ်းအားမှတ်မိပြန်လည်ရေးသားပါသည်။အားလုံးကိုကျေးဇူးတင်လျှက်ယဲဏောင်(မြန်မာစာ.ထီလာ)
Zawgyi
Leave a Comment