နေစရာအိမ်ဆောက်မယ်ဆိုရင် သိသူနည်းသွားပြီဖြစ်တဲ့ အိမ်ဆောက်နည်းများ

တန်ဖိုးရှိလွန်းလို့ သိမ်းထားခဲ့တာပါ။ အခုခေတ်မှာ လုပ်ဖို့ မပြောနဲ့။ သိသူတောင်နည်းသွားပြီ။

ဆရာကြီးဒဂုန်ရဲ့ စာတွေ ဖတ်ရင်း တွေ့မိလို့ သိမ်းထားခဲ့တဲ့ အထဲက အိမ်ဆောက်ရင် လိုအပ်ချက်တွေကို သိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။ မြင်လဲ မြင်ဆရာပါ။ သူရေးခဲ့တဲ့ စာစုကို ပြန်ဖော်ပြလိုက်ပါတယ်။

နေစရာ အိမ်ဆောက်မယ်ဆိုရင် ဝေဒင်္ဂတို့ နေ့စဉ်နှင့်အမျှ ရုန်းကန် လှုပ်ရှားနေရတဲ့ အကြောင်းအရင်းကတော့ စား – ဝတ် – နေ – ရေး ကြောင့်ပဲ မဟုတ်လား။

အဲဒီ စား – ဝတ် – နေ – ရေး ဆိုတဲ့ စကားလေး သုံးခွန်းဟာ နှုတ်က ပြောရာမှာ ဘာမှ မဟုတ်ပေမယ့် သေသေချာချာ တွေးကြည့်လေ လေးနက် ကျယ်ပြန့်လေပါပဲ။

စဉ်းစားကြည့်လေ၊ နေ့စဉ်နှင့်အမျှ မစားလို့ မဝတ်လို့၊ မနေလို့ ရလို့လား၊ မစားဘဲ၊ မဝတ်ဘဲ၊ မနေဘဲ ရနိုင်ရိုးလား။ ရှာရ၊ ဖွေရ၊ ရုန်းကန်လှုပ်ရှားနေရတာ၊ မပြောချင်၊ မဆိုချင် မဆက်ဆံချင်တဲ့ သူတွေနဲ့ ပြောဆို ဆက်ဆံရတာတွေဟာ အဲဒီ စားဝတ် နေ ဆိုတဲ့ ဟာကြီးကြောင့်ပါ။

ဗုဒ္ဓဝါဒီပီပီ ပြောရရင် ခန္ဓာအိမ် ရှိသရွေ့ စားနေရ၊ ဝတ်နေရ၊ နေနေရဦးမှာပါ။စားစရာ ရှိပေမယ့်၊ ဝတ်စရာ ရှိပေမယ့်။ နေစရာ မရှိရင် သိပ်ဒုက္ခရောက်ပါတယ်။ဝေဒင်္ဂတို့အတွက် နားခိုစရာ အမိုး၊ အကာ၊ အခင်းဟာလဲ စားစရာ၊ ဝတ်စရာ တွေလို အရေးပါသမှ သိပ်ကို အရေးပါလှပါတယ်။

ဒီနေစရာ အရေးပါလွန်းလို့လား မသိဘူး၊ ဝေဒင်္ဂတို့ရဲ့ဘိုးဘွားတွေဟာ အိမ်တစ်လုံးဆောက်ရင် ရွေးစရာ၊ ရှောင်စရာ၊ ဆောင်စရာ၊ ပြုလုပ်စရာတွေကို လင်္ကာနဲ့ စာသားနဲ့ မှတ်သားပြီး လမ်းညွှန်ခဲ့ပါတယ်။

အဲဒီ လမ်းညွှန်စရာတွေကို ဗိသုကာကျမ်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီကျမ်းကို ထိန်းသိမ်းရာလဲ ရောက်၊ အသုံးချချင်ရင် အသုံးလဲချလို့ ရအောင် ရှာဖွေစုဆောင်း လေ့လာမိသမျှ ပြန်ပြီး ပြောပြရရင်

အသက်တွက်ပြီးမှ အိမ်ဆောက်ပါ။

အိမ်ဆောက်တော့မယ်ဆိုရင် အသက်တွက်ပြီးမှ အိမ်ဆောက်သင့်တယ်လို့ ဆိုပါတယ်။ ဒီအချက်ကို လင်္ကာလေးနဲ့ ညွှန်းထားပုံက

အိမ်သစ်ဆောက်လို များလူဗိုလ်၊ သက်ကိုရှစ်ခုစား။ တစ်ခုကြွင်းမူ သူဌေးယူ၊ နှစ်မူသူကြွယ်သား။ လေးခုကြွင်းငြား ရွှေလှေခါး၊ ငါးကား ရွှေပြဿဒ်။ သုံး၊ခြောက်၊ခုနှစ်၊ သုံးဘုံလစ်၊ အိမ်သစ် မဆောက်အပ်တဲ့။ လင်္ကာရဲ့သဘောက ဒီလိုပါ။ ကိုယ့်ရဲ့ အသက်ကို (၈)နဲ့ စားလိုက်ပါ။

၁ = ကြွင်းရင် ဒီနှစ်မှာ အိမ်ဆောက်တဲ့အတွက် သူဌေး ဖြစ်နိုင်သလို

၂ = ကြွင်းရင်လည်း သူကြွယ် ဖြစ်တတ်ပါသတဲ့

၄ = ကြွင်းရင် ဘဝရဲ့ အဆင့်မြင့်မှုကို ရရှိပြီး

၅ = ကြွင်းရင်လည်း ထို့ထက် ကောင်းပါတယ်

၃၊ ၆၊ ၇ နဲ့ ဝ ကြွင်းရင်တော့ ဒီအသက်၊ ဒီနှစ်ထဲမှာ အိမ်သစ် မဆောက်သင့်ပါဘူး။ ဆောက်ရင် ဆောက်သူအဖို့ ဘေးရန်များတာ၊ စီးပွားကျတာ၊ ရောဂါဘယ ပွားများ တာတွေ ဖြစ်နိုင်တယ်နဲ့ တူပါတယ်။

အိမ်သစ်ဆောက်မယ့်မြေ ရွေးရဦးမယ်။

အိမ်သစ်ဆောက်သင့်တဲ့ အသက်ရောက်လိုက အိမ်သစ်ဆောက်ဖို့ စီစဉ်ပြီဆိုရင်၊ ဆောက်မယ့်မြေလည်း ရွေးချယ်ရပါဦးမယ်။

စနစ်တကျ ရွေးချယ်မှ အိမ်ရှင်အတွက် ကောင်းမွန်ပြီး ဘေးရန်အသွယ်သွယ်က ကင်းဝေးနိုင်ပါမယ်။

မြေရွေးနည်း လင်္ကာကတော့ ဒီလိုပါ။

အဆင်းဖြူငြား မြေပုဏ္ဏား၊ စီးပွားဖြစ်တတ်စွာ။ အဆင်းနီလွင် မြေဘုရင်၊ မင်းလျှင် ဖြစ်တတ်ပါ။ အဆင်းနက်က မြေဒါသ၊ ဒုက္ခဘေးတွေ့ရာ။

အဆင်းဝါဘိ မြေပကတိ၊ သုခိအဝေရာ။ အဆင်းပြာလျှံ၊ ကေသပံ၊ နိုင်ငံတည်ထောင်ရာ။‌ မြေမင်းပုဏ္ဏား ကျောင်းအိမ်များ၊ ဆောက်ထား ဇရပ်သာ။ မြေဒါသမှာ ဥယျာဉ်သာ၊ လယ်မှာ လုပ်လေပါ၊ မြေပကတိကို ရဟန်းဆို၊ နေလို့ကောင်းလေစွ။

လင်္ကာရဲ့သဘောက မြေရဲ့အဆင်းအရောင်ကို ကြည့်ပြီး အိမ်၊ ကျောင်း၊ ဇရပ်၊ ဥယျာဉ်တို့ တည်ထား သင့်တယ် ဆိုတဲ့ သဘောပါ။

သေသေချာချာ ပြောရရင် အဆင်းဖြူတဲ့ မြေကို မြေပုဏ္ဏားလို့ ခေါ်တယ်။ ဒီမြေမှာအိမ်ဆောက်ရင် အိမ်ရှင်ဟာ စီးပွားတက်မယ်။ ချမ်းသာမယ်။

မြေအဆင်းနီရင် ဒီမြေကို မြေဘုရင်လို့ သတ်မှတ်တယ်။ ဒီမြေမှာ အိမ်ဆောက်ရင် အိမ်ရှင်ဟာ အကြီးအကဲ ဖြစ်မယ်။ အများရဲ့ ကြည်ညို လေးစားမှုကို ခံရမယ်။

အဆင်းနက်တဲ့ (မြေသြဇာ၊ မြေဆီမြေနှစ်များတဲ့) မြေကို မြေဒါသလို့ ခေါ်တယ်။ ဒီမြေမှာ အိမ်မဆောက်သင့်ဘူး။ ဘေးရန်များတတ်တယ်။ ဒီမြေဟာ (မြေဆီ မြေနှစ် များတဲ့အတွက်) ဥယျာဉ် စိုက်ပျိုးတာ၊ လယ်လုပ်ကိုင်တာသာ လုပ်သင့်ပါ သတဲ့။

အဆင်းအရောင် ခပ်ပြာပြာ ရှိတဲ့မြေကိုတော့ ကေသပလို့ ခေါ်ပြီး နိုင်ငံအကြီးအကဲတွေရဲ့ အရေးပါတဲ့ အဆောက်အအုံတွေ ဆောက်သင့်တယ်လို့ ယူဆရပါတယ်။ မြေအဆင်းဟာ ဝါရင် ပကတိ မြေသားအဖြစ် သတ်မှတ်ပါတယ်။

ဒီမြေဟာ အိမ်တို့၊ ဇရပ်တို့ထက် ရဟန်း သံဃာတော်များ သီတင်းသုံးရာ ကျောင်းဆောက်သင့်ပါတယ်။ ရဟန်းသံဃာတော်များ ကြည်လင် အေးချမ်းစွာ သီတင်းသုံးပျော်မွေ့စေနိုင်တဲ့ မြေမျိုးပါ။

ဒီလမှာ အိမ်သစ်ဆောက်ပါ။ အိမ်သစ်ဆောက်ဖို့ အသက်လဲ ရောက်ပြီ။ ဆောက်သင့်တဲ့ မြေလဲ ရပြီ။ ကဲ အိမ်သစ်ဆောက်ကြစို့။ အဲတစ်ခု ကျန်သေးတယ်။ ဘယ်လမှာ ဆောက်မလဲ။ လင်္ကာလေးကို ဖက်ကြည့်ပါဦး။

လတန်ခူးမှာ အိမ်ဆောက်ခါ၊ ချမ်းသာပြည့်ကြွယ်ဝ။ လကဆုန်ကား ဆန်စပါး၊ ပေါများ ကြွယ်တက်လှ။ ဝါခေါင်လမှာအိမ်ဆောက်ခါ၊ ဥစ္စာတိုးပွားရ။ နတ်တော်လတွင် အိမ်ဆောက်လျှင်၊ ပေါ်ထင်ကျော်စောစွ။ ပြာသိုလမှာ လူတကာ၊ များစွာချီးမွမ်းရ။ တပေါင်းလဝယ်၊ ချမ်းသာကြွယ်၊ ဆောင်ဖွယ် ဤခြောက်လ။

လင်္ကာက ပြောထားတာကလေးက ရှင်းရှင်းကလေးပါနော်၊ အကျဉ်းရုံး ပြောရရင် တန်ခူးလ၊ ကဆုန်လ၊ ဝါခေါင်လ၊ နတ်တော်လ၊ ပြာသိုလ၊ တပေါင်းလ စတဲ့ မြန်မာလတွေမှာ အိမ်သစ်ဆောက်သင့်တယ်။

ဆောက်ရင် ကောင်းတယ်။ သူ့လနဲ့သူစီးပွားတက်တာ၊ စပါးထွက်တာ၊ ချမ်းသာတာ၊ ထင်ပေါ်ကျော်ကြားတာတွေ ဖြစ်မယ်။ ဒါကြောင့် အဲဒီခြောက်လမှာ အိမ်သစ် ဆောက်သင့်ပြီး

စပါးစိုက်တဲ့လ အလုပ်များတဲ့ လတွေမှာဖြစ်တဲ့ နယုန်လ၊ ဝါဆိုလ၊ ဝါဆိုလ၊ တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း။ တပိုတွဲစတဲ့ လတွေမှာ အိမ်သစ် မဆောက်သင့်ပါဘူး။

လရွေးပြီးရင်၊ နေ့လဲ ရွေးပေးဦး။

အဲဒီလို အိမ်သစ်ဆောက်ဖို့ လရွေးပြီးတာနဲ့ ကြိုက်တဲ့နေ့မှာ စတင်ပြီး ဆောက်လို့ မဖြစ်သေးပါဘူး။ သင့်လျှော်တဲ့နေ့ ရွေးဖို့ကိုလဲ လင်္ကာနဲ့ပဲ လမ်းညွန်ထားပါတယ်။ လင်္ကာကလေးက ဒီလိုပါ။

တနင်္ဂနွေတွင် အိမ်ဆောက်လျှင်၊ မရွှင်စိတ်သောက။ နေ့တနင်္လာ လွန်ချမ်းသာ၊ အင်္ဂါ လာဘ်ကြီးရ။ ဗုဒ္ဓဆောက်ခါ ဆင်းရဲစွာ၊ ရံံခါ ချမ်းသာရ။ ကြာသပတေးမှာအိမ်ဆောက်ခါ၊ ရောဂါကင်းစင်ပ။ နေ့ကားသောကြာ အေးကြည်စွာ၊ ရံဖန်ပူပင်ရ။ စနေနေ့မူ အိမ်ဆောက်သူ၊ ဗိုလ်လူညှင်းပမ်းကြ။

ဒီလင်္ကာသဘောအရ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေတို့မှာ အိမ်သစ် စမဆောက်သင့်ဘူး၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မှာ အသင့်အသင့် ကောင်းပေမယ့် စနေ၊ တနင်္ဂနွေမှာတော့ လုံး၀ မကောင်းနိုင်ဘူး။

စပြီး ဆောက်သင့်တဲ့ ရက်တွေကတော့ တနင်္လာနေ့၊ အင်္ဂါနေ့၊ ကြာသပတေးနေ့ တို့ပါပဲ။ ဘာကြောင့် ဆောက်လုပ်သင့်သလဲ ဆိုတာကတော့ လင်္ကာမှာ ပါပြီးသားပါ။

မြေကျစ်အားကဟောတဲ့ ဗေဒင်ကိုယ်

အိမ်ဆောက်ဖို့ ရွေးထားတဲ့မြေရဲ့မြေကျစ်အား (မြေရဲ့သိပ်သည်းခြင်း) က ကိုယ့်ကိုဗေဒင်ဟောတတ်ပါသတဲ့ ။

ဟောပုံက

အိမ်ကျောင်းဆောက်ရာ၊ မြေကိုသာ၊ သေချာမှတ်ပြီးမှ။ ပေါက်ပေါက်ဆန်ပန်း ဓိဌာန်မှန်း၊ ချိန်နော် ကြည့်အပ်လှ။ တစ်ကျပ်ပြည့်လတန်၊ ဆင်းရဲတက် နှစ်ကျပ် ဒုက္ခရ။

သုံးကျပ်လေးကျပ်၊ မတောင်းတက်၊ ငါးကျပ် မေတ္တာမျှ။ ခြောက်ကျပ်မှာ လာဘ်၊ ခုနှစ်ကျပ် အရပ်ပြောင်းရွေ့ရ။ ရှစ်ကျပ်ဥစ္စာ ၊ ပေါများပါ၊ ကိုးမှာ သိဒ္ဓိကပ်၊

တစ်ဆယ်ဘေးမှတ်၊ ဆယ့်တစ်ကျပ်၊တိုးတက် သက်ဇီဝ။ ဆယ့်နှစ် ဆယ့်သုံး၊ ချိန်ကျပ်နှုန်း ရွှင်ပြုံးချမ်းသုခ။ ဆယ့်လေးချစ်ခင်၊ ဆယ့်ငါးကွင်း လူရှင်မှန်တတ်စွ။

ဆယ့်ခြောက်ကောင်းစွန်၊ တစ်ဆယ့်ခွန်၊အလွန်မျက်ထွက်စွ။ ချိန်ကျပ်ကောင်းစွာ၊ အိမ်ကျောင်းရာ၊ ဆောက်ခါ နေထိုင်ကြ။ ကြံတိုင်းလည်းအောင်၊ သိဒ္ဓိဆောင်၊လူ့ဘောင်ကျော် စောလှတဲ့။

ဒီလင်္ကာကို (Burmese to Burmese) ဘာသာပြန်ရရင်

အိမ်တို့၊ ကျောင်းတို့ဆောက်ဖို့ မြေနေရာ တိတိကျကျ ရပြီဆိုရင် မြေပေါ်မှာ ဆန်၊ ပန်း၊ ပေါက်ပေါက်နဲ့ ဖြန့်ကြဲ ပူဇော်ရမယ်၊ အဓိဋ္ဌာန်ပြု သစ္စာဆိုပြီး တိကျမှန်ကန်တဲ့ အတိတ်နမိတ် ပေါ်အောင် ဆုတောင်းရမယ်။ ပြီးရင် တူရွင်းနဲ့ မြေကို တစ်ကော်လောက် ကော်လိုက်ရမယ်။

ရတဲ့ မြေ တစ်ကော်စာကို ကျပ်သားနဲ့ ချိန်ကြည့်ရမယ်။ မြေတစ်ကော်စာချင်း တူပေမယ့် အလေးချိန် မတူနိုင်ဘူး။ ဒါက မြေကျပ်အား (ဝါ) မြေရဲ့ သိပ်သည်းမှုချင်း မတူလို့ပါ။ ဒီမြေကျစ်အားဟာ အိမ်ဆောက်မယ့်သူအတွက် အတိတ်နိမိတ်ပါပဲ။

ဘယ်လို အတိတ်နမိတ်လဲဆိုတော့

တူရင်းမြေတစ်ကော်စာဟာ တစ်ကျပ်သားရှိရင် ဆင်းရဲမယ်။ နှစ်ကျပ်သားရှိရင် ဘေးဒုက္ခတွေ့မယ်။ သုံးကျပ်သားရှိရင် လေးကျပ်သားရှိရင် သိပ်မကောင်းဘူး။ ငါးကျပ်သားရှိရင် လူတကာရဲ့ ချစ်ခင်မှုကို ခံရမယ်။

ခြောက်ကျပ်သားရှိရင် လာဘ်ရမယ်။ ခုနှစ်ကျပ်သားရှိရင် အရပ်တစ်ပါးကို ပြောင်းရွေ့ ရတတ်တယ်။ ရှစ်ကျပ်သားရှိရင် ဥစ္စာဓန ပေါများမယ်။ ကိုးကျပ်သားရှိရင် သိဒ္ဓိအပေါင်းနဲ့ ပြည့်စုံနိုင်တယ်။

ဆယ်ကျပ်သား ရှိရင်တော့ ဘေးဥပါဒ်အန္တရာယ် တွေ့ ကြုံရတက်တယ်။ ဆယ့်တစ်ကျပ်သားရှိရင် အသက်ရှင်မယ်။ ဆယ့်နှစ်ကျပ်၊ ဆယ့်သုံးကျပ်သား ရှိရင် ပျော်ရွှင် ချမ်းသာစွာ နေရမယ်။

ဆယ့်လေးကျပ်သားရှိရင် ချစ်သူခင်သူပေါများမယ်။ ဆယ့်ငါးကျပ်သားရှိရင်တော်မှန်တဲ့သူ ဖြစ်မယ်။ ဆယ့်ခြောက်ကျပ်သားရှိရင် ကောင်းတယ်။ ဆယ့်ခုနှစ်ကျပ်သား ရှိရင်တော့ ဒေါသထွက်စရာ။ အမျက်ထွက်တာတွေ ဖြစ်မယ်။

ရိုးရာဓလေ့ ပန္နက်ရိုက်ပုံ

ဒီလိုမြေကို စနစ်တကျရွေး၊ အိမ်ဆောက်မယ့်၊ နှစ်၊ လ၊ ရက်တွေ သေသေချာချာရွေးပြီးလို့ အိမ်ဆောက်ပြီဆိုရင် စစချင်း ဆောင်ရွက်ရမှာက ပန္နက်ရိုက်ခြင်း ပါပဲ။

ပန္နက်ရိုက်ရာမှာ ထုံးတမ်း အစဉ်အလာအရ မြေစောင့်နတ်ကို ပူဇော်ရပါတယ်။ ပူဇော်ရာမှာ တင်လှူရတဲ့၊ အရာတွေကတော့ အသားသက်လွတ် ထမင်းနှင့် ယိုစုံပါ။

ဒါတွေကို ဖက်သန့်သန့်နဲ့ထည့်ပြီး ပူဇော်ရပါတယ်။ ပူဇော်ရာမှာရတဲ့ ဆုတောင်း ကတော့ ဒီလိုပါ။ (ရိုးရာ အစဉ်အလာ ထိန်းသိမ်း မှတ်တမ်းတင်တဲ့အနေနဲ့ ထည့်သွင်းဖော်ပြပါရစေ)။

ဥုံ ဘုမ္မိရာဇာ၊ မြေသင်္ချာကို၊ အစိုးရသည့် နဂါး သနင်း၊မြေနတ်မင်း၊ ကောင်းခြင်းတိုင်မြဲ၊ ပန္နက်သဲက၊ စသည် ရုံပေါင်း၊ ခြပုန်းတောင်ပို့၊ ဤသို့တစ်ကြောင်း၊ ရှေးသူဟောင်းတို့၊ မကောင်းချွတ်လွဲ၊ မြေထဲလားမြုပ်၊ အရုပ်ဆင်းချ၊ ဆိုရေးစသား၊ ဒေါသကင်းရေး၊ ကောင်းရာဆေးလော့၊ သူ့သွေးသွန်ရာ၊ ဆရာပြုဟောင်း၊ မကောင်းတစ္ဆေ၊ နေ့တွင်သည်ကား၊ ဝေးဝေးရှား၊ ဘုရားရုပ်တု၊ ဆင်းတုမလွတ်၊ ဓာတ်တော် မွေတော်၊ ရှိငြားသော်လည်း၊ ကော်ရော်ရိုညွတ် နတ်တကာတို့၊ မပါစေကြောင်း။ ရေကြောင်းဆေးမည်။ အလျှံတည်၊ အရောင်ညီးညီး၊ လင်ပန်းကြီးနှင့်၊ ပွဲကြိုနတ်ယကာ၊ ကိုင်စွဲကာဖြင့်၊ အင်းကားလက်ျာ၊ ဆေးကားလက်ဝဲ၊ ကိုင်စွဲအနေ မြေတွင်ချ ၊ ပသမလွတ်၊ ယွင်းချွတ်သော်လည်း၊ နတ်ရှင့်ပွဲတော်၊ စားတော်ခေါ်လော့၊ ဇဟိံ တတ္တိံ ဘုံဉ္ဇာဟိ ဘုဉ္ဇာဟိ ဒီလို ပူဇော် ဆုတောင်းပြီးရင် ဆန်ပေါက်ပေါက်တွေနဲ့ မြေကွက်အနှံ့ ကြဲဖြန့်ရပါတယ်။ ပြီးတော့မှ ပန္နက်ချကြလေ့ ရှိကြပါတယ်။

တိုင်ထူရင် ရှောင်ရမယ့်အသား

အိမ်ဆောက်ရာမှာ မသုံးသင့်တဲ့ အသားတွေကိုလဲ ညွန်ပြထားတာ ရှိပါသေးတယ်။ အဲဒီအသားတွေကတော့ မိချောင်း၊ မအူ၊ သခွပ်၊ သျှိသျှား၊ သီးသား၊သပြေသား၊ သစ်ဆိမ့်သား၊ ရေသာသား၊ ကလောသား၊ လက်ပံသား၊ လဲဝါတို့ ဖြစ်ပါတယ်။

မိဘတိုင်ခြောက်လုံးရဲ့ အမည်သညာ

မြန်မာ့ရိုးရာ အိမ်ပုံစံအရ အဓိကကျတဲ့ တိုင်ခြောက်လုံး ရှိပါတယ်။ ဒီတိုင်ခြောက်လုံးတည်ပုံနဲ့ အမည်တွေကတော့ ဟောဒီပုံစံအတိုင်းပါပဲဗျာ။

အရှေ့မြောက် (စုံပင်လယ်)

အရှေ့တောင် (ဦးယူ)

အလယ်မြောက် (ကျငန်းမ)

အလယ်တောင် (ကျငန်းဖို)

အနောက်မြောက် (သပြေ)

အနောက်တောင် (ကုမ္ဘီ)

အဲဒီ တိုင်ခြောက်လုံး မထူခင်မှာ တိုင်စိုက်မယ့် ကျင်းထဲကို ဟောဒီအတိုင်း ဆိုင်ရာ သွန်းလောင်း မြုပ်နှံရပါတယ်။ ကျငန်းဖိုကျင်းထဲ ပတ္တမြားစိမ်းရေ လောင်းရမယ်။ ကျငန်းမ ကျင်းထဲကို ခဲရေ လောင်းရမယ်။ ဦးယူတိုင်စိုက်မယ့် ကျင်းထဲကို ကြေးနီ မြှုပ်ရမယ်။ စုံပင်လယ်တိုင်စိုက်မယ့် ကျင်းထဲကို ဆန် မြှုပ်ရမယ်။ ကုမ္ဘီတိုင်စိုက်မယ့် ကျင်းထဲကို ကြေးဖြူမြှုပ်ရမယ်။ သပြေတိုင်စိုက်မယ့် ကျင်းထဲကို ခဲမဖြူ မြှုပ်ရမယ်။

ဒီတိုင်တွေကို မစိုက်မီက တစ်ခါတည်း မှန်ကန်အောင် စနစ်တကျ စိုက်ထူရမယ်။ ပန္နတ် သေသေချာချာ ချပြီးမှ ထူရမယ်။ ထူပြီးတော့မှ မကြိုက်လို့ သဘောမကျလို့ဆိုပြီး ပြန်နှုတ်၊ ပြန်စိုက်တာမျိုး မဖြစ်စေရဘူး။

ဒါတွေလဲ ရှောင်ရဦးမယ်

အိမ်ဆောက်ရာမှာ ရှောင်သင့်တာတွေလဲ ရှိပါသေးတယ်။ အဲဒါတွေကတော့ အိမ်ဖြစ်တဲ့အတွက် တိုင်တွေ၊ ဘောင်တွေမှာ ကနုတ် ပန်းဆွဲတွေ ဘာတွေနဲ့ တန်ဆာ မဆင်ရဘူး။ ထုတ်တန်းမစွပ်ခင် ယက်မတင်တာမျိုး မလုပ်ရဘူး။

ယက်မတင်ပြီးမှ ထုတ်တန်းစွပ်ရမယ်။ ကြမ်းခင်းထက်ကျော်ပြီး ရှည်ထွက်နေတဲ့ တိုင်တွေ မရှိသင့်ဘူး။ ရှိနေရင် ဖြတ်ပစ်ရမယ်။ ခေါင်ရိုးနဲ့ (ခေါင်လျှောက်ခွ) မတင်ခင်မှာလဲ ကြမ်းမဖောက်ရဘူး။

ထုတ်တွေ၊ တန်းတွေ အစွန်းထွက်တာ မရှိစေရဘူး။ ရှည်ထွက်နေရင် ဖြတ်ပစ်ရမယ်။ ပြီးတော့ အိမ်မဆောက်ခင်က ဝင်းထရံကို ကြိုပြီး ခတ်မထားရဘူး။ အိမ်ဆောက်ပြီးမှ ဝင်းခတ်ရမယ်။

အိမ်သစ်ပြီးလို့ အိမ်သစ်တက်တော့မယ်ဆိုရင် သပြေသား ကိုင်ပြီးမှ တတ်ရပါပါမယ်။ ကျောင်းသစ် တက်တော့မယ်ဆိုရင် သနပ်သားဆောင်ပြီးမှ တက်ရမယ်။ ဒါမှ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းမယ်လို့ ဆိုပါတယ်။

အိမ်အကာအကွယ် အိမ်သစ်မှာ နေထိုင်ကြမယ့် မိသားစုတွေ ဘေးဥပါဒ် အန္တရာယ်တွေ ကင်းဝေးအောင် ကာကွယ်ကြပုံလဲ ရှိပါသေးတယ်။

ကာကွယ်ပုံမှာ

အရှေ့တောင်ကတိုင်မှာ သိ ၊အနောက်တောင်က တိုင်မှာ န ၊ အနောက်မြောက်ကတိုင်မှာ ဗိ ၊အရှေ့မြောက်ကတိုင်မှာ ဘု ဆိုပြီး ရေးသားရခြင်းပါပဲ။

အဲဒီ စာတစ်လုံးစီရဲ့ အရှည်ကတော့ – သိ = သိကြား ၊န = နဂါး ၊ဗိ = ဗိဿနိုး ၊ဘု = ဘုရား ဖြစ်ပါတယ်။ ဒီစာရေးထားတဲ့ တိုင်တွေကိုလဲ ရွှေရည်၊ ငွေရည်၊ စိန်ရည်၊ ကျောက်ရည်တို့ သွန်းလောင်းပေးရပါတယ်။

ဒီလိုပြုခြင်းအားဖြင့် အိမ်သူအိမ်သားများဖို့ ဥပါဒ် အန္တရာယ် ကင်းရှင်းပြီး စိတ်ရဲ့ချမ်းသာခြင်း၊ ကိုယ်ရဲ့ချမ်းသာခြင်းတို့နဲ့ ပြည့်စုံနိုင်ပါသတဲ့ ခင်ဗျာ။

အခုတင်ပြခဲတဲ့ အကြောင်းအရာတွေကတော့ မြန်မာ့ ရိုးရာထုံးတမ်းအစဉ်အလာအရ အိမ်သစ်၊ ကျောင်းသစ် ဆောက်ရာမှာ ပြုလုပ်ဆောင်ရွက်၊ ရှောင်ကြ၊ ဆောင်ကြတဲ့ အချက်တွေပါ။

ခေတ်နဲ့ လျော်ညီစွာ ရှိတယ်၊ မလျော်ညီတယ် ဆိုတာကိုတော့ စာဖတ်သူတို့ကို ဆုံးဖြတ်ခွင့်ပေးပြီး ရိုးရာဓလေ့ ထုံးစံတစ်ရပ်ကို မှတ်တမ်းတင်တဲ့အနေနဲ့ ဖော်ပြလိုက်ရပါတယ်။

ခရက်ဒစ် … ဦးဖိုးနီ

Zawgyi

တန္ဖိုးရွိလြန္းလို႔ သိမ္းထားခဲ့တာပါ။ အခုေခတ္မွာ လုပ္ဖို႔ မေျပာနဲ႔။ သိသူေတာင္နည္းသြားၿပီ။

ဆရာႀကီးဒဂုန္ရဲ႕ စာေတြ ဖတ္ရင္း ေတြ႕မိလို႔ သိမ္းထားခဲ့တဲ့ အထဲက အိမ္ေဆာက္ရင္ လိုအပ္ခ်က္ေတြကို သိႏိုင္ဖို႔ ေဖာ္ျပလိုက္ပါတယ္။ ျမင္လဲ ျမင္ဆရာပါ။ သူေရးခဲ့တဲ့ စာစုကို ျပန္ေဖာ္ျပလိုက္ပါတယ္။

ေနစရာ အိမ္ေဆာက္မယ္ဆိုရင္ ေဝဒဂၤတို႔ ေန႔စဥ္ႏွင့္အမွ် ႐ုန္းကန္ လႈပ္ရွားေနရတဲ့ အေၾကာင္းအရင္းကေတာ့ စား – ဝတ္ – ေန – ေရး ေၾကာင့္ပဲ မဟုတ္လား။

အဲဒီ စား – ဝတ္ – ေန – ေရး ဆိုတဲ့ စကားေလး သုံးခြန္းဟာ ႏႈတ္က ေျပာရာမွာ ဘာမွ မဟုတ္ေပမယ့္ ေသေသခ်ာခ်ာ ေတြးၾကည့္ေလ ေလးနက္ က်ယ္ျပန႔္ေလပါပဲ။

စဥ္းစားၾကည့္ေလ၊ ေန႔စဥ္ႏွင့္အမွ် မစားလို႔ မဝတ္လို႔၊ မေနလို႔ ရလို႔လား၊ မစားဘဲ၊ မဝတ္ဘဲ၊ မေနဘဲ ရႏိုင္႐ိုးလား။ ရွာရ၊ ေဖြရ၊ ႐ုန္းကန္လႈပ္ရွားေနရတာ၊ မေျပာခ်င္၊ မဆိုခ်င္ မဆက္ဆံခ်င္တဲ့ သူေတြနဲ႔ ေျပာဆို ဆက္ဆံရတာေတြဟာ အဲဒီ စားဝတ္ ေန ဆိုတဲ့ ဟာႀကီးေၾကာင့္ပါ။

ဗုဒၶဝါဒီပီပီ ေျပာရရင္ ခႏၶာအိမ္ ရွိသေ႐ြ႕ စားေနရ၊ ဝတ္ေနရ၊ ေနေနရဦးမွာပါ။စားစရာ ရွိေပမယ့္၊ ဝတ္စရာ ရွိေပမယ့္။ ေနစရာ မရွိရင္ သိပ္ဒုကၡေရာက္ပါတယ္။ေဝဒဂၤတို႔အတြက္ နားခိုစရာ အမိုး၊ အကာ၊ အခင္းဟာလဲ စားစရာ၊ ဝတ္စရာ ေတြလို အေရးပါသမွ သိပ္ကို အေရးပါလွပါတယ္။

ဒီေနစရာ အေရးပါလြန္းလို႔လား မသိဘူး၊ ေဝဒဂၤတို႔ရဲ႕ဘိုးဘြားေတြဟာ အိမ္တစ္လုံးေဆာက္ရင္ ေ႐ြးစရာ၊ ေရွာင္စရာ၊ ေဆာင္စရာ၊ ျပဳလုပ္စရာေတြကို လကၤာနဲ႔ စာသားနဲ႔ မွတ္သားၿပီး လမ္းၫႊန္ခဲ့ပါတယ္။

အဲဒီ လမ္းၫႊန္စရာေတြကို ဗိသုကာက်မ္းအျဖစ္ သတ္မွတ္ခဲ့ပါတယ္။ ဒီက်မ္းကို ထိန္းသိမ္းရာလဲ ေရာက္၊ အသုံးခ်ခ်င္ရင္ အသုံးလဲခ်လို႔ ရေအာင္ ရွာေဖြစုေဆာင္း ေလ့လာမိသမွ် ျပန္ၿပီး ေျပာျပရရင္

အသက္တြက္ၿပီးမွ အိမ္ေဆာက္ပါ။

အိမ္ေဆာက္ေတာ့မယ္ဆိုရင္ အသက္တြက္ၿပီးမွ အိမ္ေဆာက္သင့္တယ္လို႔ ဆိုပါတယ္။ ဒီအခ်က္ကို လကၤာေလးနဲ႔ ၫႊန္းထားပုံက

အိမ္သစ္ေဆာက္လို မ်ားလူဗိုလ္၊ သက္ကိုရွစ္ခုစား။ တစ္ခုႂကြင္းမူ သူေဌးယူ၊ ႏွစ္မူသူႂကြယ္သား။ ေလးခုႂကြင္းျငား ေ႐ႊေလွခါး၊ ငါးကား ေ႐ႊျပႆဒ္။ သုံး၊ေျခာက္၊ခုႏွစ္၊ သုံးဘုံလစ္၊ အိမ္သစ္ မေဆာက္အပ္တဲ့။ လကၤာရဲ႕သေဘာက ဒီလိုပါ။ ကိုယ့္ရဲ႕ အသက္ကို (၈)နဲ႔ စားလိုက္ပါ။

၁ = ႂကြင္းရင္ ဒီႏွစ္မွာ အိမ္ေဆာက္တဲ့အတြက္ သူေဌး ျဖစ္ႏိုင္သလို

၂ = ႂကြင္းရင္လည္း သူႂကြယ္ ျဖစ္တတ္ပါသတဲ့

၄ = ႂကြင္းရင္ ဘဝရဲ႕ အဆင့္ျမင့္မႈကို ရရွိၿပီး

၅ = ႂကြင္းရင္လည္း ထို႔ထက္ ေကာင္းပါတယ္

၃၊ ၆၊ ၇ နဲ႔ ဝ ႂကြင္းရင္ေတာ့ ဒီအသက္၊ ဒီႏွစ္ထဲမွာ အိမ္သစ္ မေဆာက္သင့္ပါဘူး။ ေဆာက္ရင္ ေဆာက္သူအဖို႔ ေဘးရန္မ်ားတာ၊ စီးပြားက်တာ၊ ေရာဂါဘယ ပြားမ်ား တာေတြ ျဖစ္ႏိုင္တယ္နဲ႔ တူပါတယ္။

အိမ္သစ္ေဆာက္မယ့္ေျမ ေ႐ြးရဦးမယ္။

အိမ္သစ္ေဆာက္သင့္တဲ့ အသက္ေရာက္လိုက အိမ္သစ္ေဆာက္ဖို႔ စီစဥ္ၿပီဆိုရင္၊ ေဆာက္မယ့္ေျမလည္း ေ႐ြးခ်ယ္ရပါဦးမယ္။

စနစ္တက် ေ႐ြးခ်ယ္မွ အိမ္ရွင္အတြက္ ေကာင္းမြန္ၿပီး ေဘးရန္အသြယ္သြယ္က ကင္းေဝးႏိုင္ပါမယ္။

ေျမေ႐ြးနည္း လကၤာကေတာ့ ဒီလိုပါ။

အဆင္းျဖဴျငား ေျမပုဏၰား၊ စီးပြားျဖစ္တတ္စြာ။ အဆင္းနီလြင္ ေျမဘုရင္၊ မင္းလွ်င္ ျဖစ္တတ္ပါ။ အဆင္းနက္က ေျမဒါသ၊ ဒုကၡေဘးေတြ႕ရာ။

အဆင္းဝါဘိ ေျမပကတိ၊ သုခိအေဝရာ။ အဆင္းျပာလွ်ံ၊ ေကသပံ၊ ႏိုင္ငံတည္ေထာင္ရာ။‌ ေျမမင္းပုဏၰား ေက်ာင္းအိမ္မ်ား၊ ေဆာက္ထား ဇရပ္သာ။ ေျမဒါသမွာ ဥယ်ာဥ္သာ၊ လယ္မွာ လုပ္ေလပါ၊ ေျမပကတိကို ရဟန္းဆို၊ ေနလို႔ေကာင္းေလစြ။

လကၤာရဲ႕သေဘာက ေျမရဲ႕အဆင္းအေရာင္ကို ၾကည့္ၿပီး အိမ္၊ ေက်ာင္း၊ ဇရပ္၊ ဥယ်ာဥ္တို႔ တည္ထား သင့္တယ္ ဆိုတဲ့ သေဘာပါ။

ေသေသခ်ာခ်ာ ေျပာရရင္ အဆင္းျဖဴတဲ့ ေျမကို ေျမပုဏၰားလို႔ ေခၚတယ္။ ဒီေျမမွာအိမ္ေဆာက္ရင္ အိမ္ရွင္ဟာ စီးပြားတက္မယ္။ ခ်မ္းသာမယ္။

ေျမအဆင္းနီရင္ ဒီေျမကို ေျမဘုရင္လို႔ သတ္မွတ္တယ္။ ဒီေျမမွာ အိမ္ေဆာက္ရင္ အိမ္ရွင္ဟာ အႀကီးအကဲ ျဖစ္မယ္။ အမ်ားရဲ႕ ၾကည္ညိဳ ေလးစားမႈကို ခံရမယ္။

အဆင္းနက္တဲ့ (ေျမၾသဇာ၊ ေျမဆီေျမႏွစ္မ်ားတဲ့) ေျမကို ေျမဒါသလို႔ ေခၚတယ္။ ဒီေျမမွာ အိမ္မေဆာက္သင့္ဘူး။ ေဘးရန္မ်ားတတ္တယ္။ ဒီေျမဟာ (ေျမဆီ ေျမႏွစ္ မ်ားတဲ့အတြက္) ဥယ်ာဥ္ စိုက္ပ်ိဳးတာ၊ လယ္လုပ္ကိုင္တာသာ လုပ္သင့္ပါ သတဲ့။

အဆင္းအေရာင္ ခပ္ျပာျပာ ရွိတဲ့ေျမကိုေတာ့ ေကသပလို႔ ေခၚၿပီး ႏိုင္ငံအႀကီးအကဲေတြရဲ႕ အေရးပါတဲ့ အေဆာက္အအုံေတြ ေဆာက္သင့္တယ္လို႔ ယူဆရပါတယ္။ ေျမအဆင္းဟာ ဝါရင္ ပကတိ ေျမသားအျဖစ္ သတ္မွတ္ပါတယ္။

ဒီေျမဟာ အိမ္တို႔၊ ဇရပ္တို႔ထက္ ရဟန္း သံဃာေတာ္မ်ား သီတင္းသုံးရာ ေက်ာင္းေဆာက္သင့္ပါတယ္။ ရဟန္းသံဃာေတာ္မ်ား ၾကည္လင္ ေအးခ်မ္းစြာ သီတင္းသုံးေပ်ာ္ေမြ႕ေစႏိုင္တဲ့ ေျမမ်ိဳးပါ။

ဒီလမွာ အိမ္သစ္ေဆာက္ပါ။ အိမ္သစ္ေဆာက္ဖို႔ အသက္လဲ ေရာက္ၿပီ။ ေဆာက္သင့္တဲ့ ေျမလဲ ရၿပီ။ ကဲ အိမ္သစ္ေဆာက္ၾကစို႔။ အဲတစ္ခု က်န္ေသးတယ္။ ဘယ္လမွာ ေဆာက္မလဲ။ လကၤာေလးကို ဖက္ၾကည့္ပါဦး။

လတန္ခူးမွာ အိမ္ေဆာက္ခါ၊ ခ်မ္းသာျပည့္ႂကြယ္ဝ။ လကဆုန္ကား ဆန္စပါး၊ ေပါမ်ား ႂကြယ္တက္လွ။ ဝါေခါင္လမွာအိမ္ေဆာက္ခါ၊ ဥစၥာတိုးပြားရ။ နတ္ေတာ္လတြင္ အိမ္ေဆာက္လွ်င္၊ ေပၚထင္ေက်ာ္ေစာစြ။ ျပာသိုလမွာ လူတကာ၊ မ်ားစြာခ်ီးမြမ္းရ။ တေပါင္းလဝယ္၊ ခ်မ္းသာႂကြယ္၊ ေဆာင္ဖြယ္ ဤေျခာက္လ။

လကၤာက ေျပာထားတာကေလးက ရွင္းရွင္းကေလးပါေနာ္၊ အက်ဥ္း႐ုံး ေျပာရရင္ တန္ခူးလ၊ ကဆုန္လ၊ ဝါေခါင္လ၊ နတ္ေတာ္လ၊ ျပာသိုလ၊ တေပါင္းလ စတဲ့ ျမန္မာလေတြမွာ အိမ္သစ္ေဆာက္သင့္တယ္။

ေဆာက္ရင္ ေကာင္းတယ္။ သူ႔လနဲ႔သူစီးပြားတက္တာ၊ စပါးထြက္တာ၊ ခ်မ္းသာတာ၊ ထင္ေပၚေက်ာ္ၾကားတာေတြ ျဖစ္မယ္။ ဒါေၾကာင့္ အဲဒီေျခာက္လမွာ အိမ္သစ္ ေဆာက္သင့္ၿပီး

စပါးစိုက္တဲ့လ အလုပ္မ်ားတဲ့ လေတြမွာျဖစ္တဲ့ နယုန္လ၊ ဝါဆိုလ၊ ဝါဆိုလ၊ ေတာ္သလင္း၊ သီတင္းကြၽတ္၊ တန္ေဆာင္မုန္း။ တပိုတြဲစတဲ့ လေတြမွာ အိမ္သစ္ မေဆာက္သင့္ပါဘူး။

လေ႐ြးၿပီးရင္၊ ေန႔လဲ ေ႐ြးေပးဦး။

အဲဒီလို အိမ္သစ္ေဆာက္ဖို႔ လေ႐ြးၿပီးတာနဲ႔ ႀကိဳက္တဲ့ေန႔မွာ စတင္ၿပီး ေဆာက္လို႔ မျဖစ္ေသးပါဘူး။ သင့္ေလွ်ာ္တဲ့ေန႔ ေ႐ြးဖို႔ကိုလဲ လကၤာနဲ႔ပဲ လမ္းၫြန္ထားပါတယ္။ လကၤာကေလးက ဒီလိုပါ။

တနဂၤေႏြတြင္ အိမ္ေဆာက္လွ်င္၊ မ႐ႊင္စိတ္ေသာက။ ေန႔တနလၤာ လြန္ခ်မ္းသာ၊ အဂၤါ လာဘ္ႀကီးရ။ ဗုဒၶေဆာက္ခါ ဆင္းရဲစြာ၊ ရံံခါ ခ်မ္းသာရ။ ၾကာသပေတးမွာအိမ္ေဆာက္ခါ၊ ေရာဂါကင္းစင္ပ။ ေန႔ကားေသာၾကာ ေအးၾကည္စြာ၊ ရံဖန္ပူပင္ရ။ စေနေန႔မူ အိမ္ေဆာက္သူ၊ ဗိုလ္လူညႇင္းပမ္းၾက။

ဒီလကၤာသေဘာအရ တနဂၤေႏြ၊ ဗုဒၶဟူး၊ ေသာၾကာ၊ စေနတို႔မွာ အိမ္သစ္ စမေဆာက္သင့္ဘူး၊ ဗုဒၶဟူးနဲ႔ ေသာၾကာေန႔မွာ အသင့္အသင့္ ေကာင္းေပမယ့္ စေန၊ တနဂၤေႏြမွာေတာ့ လုံး၀ မေကာင္းႏိုင္ဘူး။

စၿပီး ေဆာက္သင့္တဲ့ ရက္ေတြကေတာ့ တနလၤာေန႔၊ အဂၤါေန႔၊ ၾကာသပေတးေန႔ တို႔ပါပဲ။ ဘာေၾကာင့္ ေဆာက္လုပ္သင့္သလဲ ဆိုတာကေတာ့ လကၤာမွာ ပါၿပီးသားပါ။

ေျမက်စ္အားကေဟာတဲ့ ေဗဒင္ကိုယ္

အိမ္ေဆာက္ဖို႔ ေ႐ြးထားတဲ့ေျမရဲ႕ေျမက်စ္အား (ေျမရဲ႕သိပ္သည္းျခင္း) က ကိုယ့္ကိုေဗဒင္ေဟာတတ္ပါသတဲ့ ။

ေဟာပုံက

အိမ္ေက်ာင္းေဆာက္ရာ၊ ေျမကိုသာ၊ ေသခ်ာမွတ္ၿပီးမွ။ ေပါက္ေပါက္ဆန္ပန္း ဓိဌာန္မွန္း၊ ခ်ိန္ေနာ္ ၾကည့္အပ္လွ။ တစ္က်ပ္ျပည့္လတန္၊ ဆင္းရဲတက္ ႏွစ္က်ပ္ ဒုကၡရ။

သုံးက်ပ္ေလးက်ပ္၊ မေတာင္းတက္၊ ငါးက်ပ္ ေမတၱာမွ်။ ေျခာက္က်ပ္မွာ လာဘ္၊ ခုႏွစ္က်ပ္ အရပ္ေျပာင္းေ႐ြ႕ရ။ ရွစ္က်ပ္ဥစၥာ ၊ ေပါမ်ားပါ၊ ကိုးမွာ သိဒၶိကပ္၊

တစ္ဆယ္ေဘးမွတ္၊ ဆယ့္တစ္က်ပ္၊တိုးတက္ သက္ဇီဝ။ ဆယ့္ႏွစ္ ဆယ့္သုံး၊ ခ်ိန္က်ပ္ႏႈန္း ႐ႊင္ၿပဳံးခ်မ္းသုခ။ ဆယ့္ေလးခ်စ္ခင္၊ ဆယ့္ငါးကြင္း လူရွင္မွန္တတ္စြ။

ဆယ့္ေျခာက္ေကာင္းစြန္၊ တစ္ဆယ့္ခြန္၊အလြန္မ်က္ထြက္စြ။ ခ်ိန္က်ပ္ေကာင္းစြာ၊ အိမ္ေက်ာင္းရာ၊ ေဆာက္ခါ ေနထိုင္ၾက။ ႀကံတိုင္းလည္းေအာင္၊ သိဒၶိေဆာင္၊လူ႔ေဘာင္ေက်ာ္ ေစာလွတဲ့။

ဒီလကၤာကို (Burmese to Burmese) ဘာသာျပန္ရရင္

အိမ္တို႔၊ ေက်ာင္းတို႔ေဆာက္ဖို႔ ေျမေနရာ တိတိက်က် ရၿပီဆိုရင္ ေျမေပၚမွာ ဆန္၊ ပန္း၊ ေပါက္ေပါက္နဲ႔ ျဖန႔္ႀကဲ ပူေဇာ္ရမယ္၊ အဓိ႒ာန္ျပဳ သစၥာဆိုၿပီး တိက်မွန္ကန္တဲ့ အတိတ္နမိတ္ ေပၚေအာင္ ဆုေတာင္းရမယ္။ ၿပီးရင္ တူ႐ြင္းနဲ႔ ေျမကို တစ္ေကာ္ေလာက္ ေကာ္လိုက္ရမယ္။

ရတဲ့ ေျမ တစ္ေကာ္စာကို က်ပ္သားနဲ႔ ခ်ိန္ၾကည့္ရမယ္။ ေျမတစ္ေကာ္စာခ်င္း တူေပမယ့္ အေလးခ်ိန္ မတူႏိုင္ဘူး။ ဒါက ေျမက်ပ္အား (ဝါ) ေျမရဲ႕ သိပ္သည္းမႈခ်င္း မတူလို႔ပါ။ ဒီေျမက်စ္အားဟာ အိမ္ေဆာက္မယ့္သူအတြက္ အတိတ္နိမိတ္ပါပဲ။

ဘယ္လို အတိတ္နမိတ္လဲဆိုေတာ့

တူရင္းေျမတစ္ေကာ္စာဟာ တစ္က်ပ္သားရွိရင္ ဆင္းရဲမယ္။ ႏွစ္က်ပ္သားရွိရင္ ေဘးဒုကၡေတြ႕မယ္။ သုံးက်ပ္သားရွိရင္ ေလးက်ပ္သားရွိရင္ သိပ္မေကာင္းဘူး။ ငါးက်ပ္သားရွိရင္ လူတကာရဲ႕ ခ်စ္ခင္မႈကို ခံရမယ္။

ေျခာက္က်ပ္သားရွိရင္ လာဘ္ရမယ္။ ခုႏွစ္က်ပ္သားရွိရင္ အရပ္တစ္ပါးကို ေျပာင္းေ႐ြ႕ ရတတ္တယ္။ ရွစ္က်ပ္သားရွိရင္ ဥစၥာဓန ေပါမ်ားမယ္။ ကိုးက်ပ္သားရွိရင္ သိဒၶိအေပါင္းနဲ႔ ျပည့္စုံႏိုင္တယ္။

ဆယ္က်ပ္သား ရွိရင္ေတာ့ ေဘးဥပါဒ္အႏၲရာယ္ ေတြ႕ ႀကဳံရတက္တယ္။ ဆယ့္တစ္က်ပ္သားရွိရင္ အသက္ရွင္မယ္။ ဆယ့္ႏွစ္က်ပ္၊ ဆယ့္သုံးက်ပ္သား ရွိရင္ ေပ်ာ္႐ႊင္ ခ်မ္းသာစြာ ေနရမယ္။

ဆယ့္ေလးက်ပ္သားရွိရင္ ခ်စ္သူခင္သူေပါမ်ားမယ္။ ဆယ့္ငါးက်ပ္သားရွိရင္ေတာ္မွန္တဲ့သူ ျဖစ္မယ္။ ဆယ့္ေျခာက္က်ပ္သားရွိရင္ ေကာင္းတယ္။ ဆယ့္ခုႏွစ္က်ပ္သား ရွိရင္ေတာ့ ေဒါသထြက္စရာ။ အမ်က္ထြက္တာေတြ ျဖစ္မယ္။

႐ိုးရာဓေလ့ ပႏၷက္႐ိုက္ပုံ

ဒီလိုေျမကို စနစ္တက်ေ႐ြး၊ အိမ္ေဆာက္မယ့္၊ ႏွစ္၊ လ၊ ရက္ေတြ ေသေသခ်ာခ်ာေ႐ြးၿပီးလို႔ အိမ္ေဆာက္ၿပီဆိုရင္ စစခ်င္း ေဆာင္႐ြက္ရမွာက ပႏၷက္႐ိုက္ျခင္း ပါပဲ။

ပႏၷက္႐ိုက္ရာမွာ ထုံးတမ္း အစဥ္အလာအရ ေျမေစာင့္နတ္ကို ပူေဇာ္ရပါတယ္။ ပူေဇာ္ရာမွာ တင္လႉရတဲ့၊ အရာေတြကေတာ့ အသားသက္လြတ္ ထမင္းႏွင့္ ယိုစုံပါ။

ဒါေတြကို ဖက္သန႔္သန႔္နဲ႔ထည့္ၿပီး ပူေဇာ္ရပါတယ္။ ပူေဇာ္ရာမွာရတဲ့ ဆုေတာင္း ကေတာ့ ဒီလိုပါ။ (႐ိုးရာ အစဥ္အလာ ထိန္းသိမ္း မွတ္တမ္းတင္တဲ့အေနနဲ႔ ထည့္သြင္းေဖာ္ျပပါရေစ)။

ဥဳံ ဘုမၼိရာဇာ၊ ေျမသခ်ၤာကို၊ အစိုးရသည့္ နဂါး သနင္း၊ေျမနတ္မင္း၊ ေကာင္းျခင္းတိုင္ၿမဲ၊ ပႏၷက္သဲက၊ စသည္ ႐ုံေပါင္း၊ ျခပုန္းေတာင္ပို႔၊ ဤသို႔တစ္ေၾကာင္း၊ ေရွးသူေဟာင္းတို႔၊ မေကာင္းခြၽတ္လြဲ၊ ေျမထဲလားျမဳပ္၊ အ႐ုပ္ဆင္းခ်၊ ဆိုေရးစသား၊ ေဒါသကင္းေရး၊ ေကာင္းရာေဆးေလာ့၊ သူ႔ေသြးသြန္ရာ၊ ဆရာျပဳေဟာင္း၊ မေကာင္းတေစၦ၊ ေန႔တြင္သည္ကား၊ ေဝးေဝးရွား၊ ဘုရား႐ုပ္တု၊ ဆင္းတုမလြတ္၊ ဓာတ္ေတာ္ ေမြေတာ္၊ ရွိျငားေသာ္လည္း၊ ေကာ္ေရာ္႐ိုၫြတ္ နတ္တကာတို႔၊ မပါေစေၾကာင္း။ ေရေၾကာင္းေဆးမည္။ အလွ်ံတည္၊ အေရာင္ညီးညီး၊ လင္ပန္းႀကီးႏွင့္၊ ပြဲႀကိဳနတ္ယကာ၊ ကိုင္စြဲကာျဖင့္၊ အင္းကားလက္်ာ၊ ေဆးကားလက္ဝဲ၊ ကိုင္စြဲအေန ေျမတြင္ခ် ၊ ပသမလြတ္၊ ယြင္းခြၽတ္ေသာ္လည္း၊ နတ္ရွင့္ပြဲေတာ္၊ စားေတာ္ေခၚေလာ့၊ ဇဟႎ တတၱႎ ဘုံၪၨာဟိ ဘုၪၨာဟိ ဒီလို ပူေဇာ္ ဆုေတာင္းၿပီးရင္ ဆန္ေပါက္ေပါက္ေတြနဲ႔ ေျမကြက္အႏွံ႔ ႀကဲျဖန႔္ရပါတယ္။ ၿပီးေတာ့မွ ပႏၷက္ခ်ၾကေလ့ ရွိၾကပါတယ္။

တိုင္ထူရင္ ေရွာင္ရမယ့္အသား

အိမ္ေဆာက္ရာမွာ မသုံးသင့္တဲ့ အသားေတြကိုလဲ ၫြန္ျပထားတာ ရွိပါေသးတယ္။ အဲဒီအသားေတြကေတာ့ မိေခ်ာင္း၊ မအူ၊ သခြပ္၊ သွ်ိသွ်ား၊ သီးသား၊သေျပသား၊ သစ္ဆိမ့္သား၊ ေရသာသား၊ ကေလာသား၊ လက္ပံသား၊ လဲဝါတို႔ ျဖစ္ပါတယ္။

မိဘတိုင္ေျခာက္လုံးရဲ႕ အမည္သညာ

ျမန္မာ့႐ိုးရာ အိမ္ပုံစံအရ အဓိကက်တဲ့ တိုင္ေျခာက္လုံး ရွိပါတယ္။ ဒီတိုင္ေျခာက္လုံးတည္ပုံနဲ႔ အမည္ေတြကေတာ့ ေဟာဒီပုံစံအတိုင္းပါပဲဗ်ာ။

အေရွ႕ေျမာက္ (စုံပင္လယ္)

အေရွ႕ေတာင္ (ဦးယူ)

အလယ္ေျမာက္ (က်ငန္းမ)

အလယ္ေတာင္ (က်ငန္းဖို)

အေနာက္ေျမာက္ (သေျပ)

အေနာက္ေတာင္ (ကုမၻီ)

အဲဒီ တိုင္ေျခာက္လုံး မထူခင္မွာ တိုင္စိုက္မယ့္ က်င္းထဲကို ေဟာဒီအတိုင္း ဆိုင္ရာ သြန္းေလာင္း ျမဳပ္ႏွံရပါတယ္။ က်ငန္းဖိုက်င္းထဲ ပတၱျမားစိမ္းေရ ေလာင္းရမယ္။ က်ငန္းမ က်င္းထဲကို ခဲေရ ေလာင္းရမယ္။ ဦးယူတိုင္စိုက္မယ့္ က်င္းထဲကို ေၾကးနီ ျမႇဳပ္ရမယ္။ စုံပင္လယ္တိုင္စိုက္မယ့္ က်င္းထဲကို ဆန္ ျမႇဳပ္ရမယ္။ ကုမၻီတိုင္စိုက္မယ့္ က်င္းထဲကို ေၾကးျဖဴျမႇဳပ္ရမယ္။ သေျပတိုင္စိုက္မယ့္ က်င္းထဲကို ခဲမျဖဴ ျမႇဳပ္ရမယ္။

ဒီတိုင္ေတြကို မစိုက္မီက တစ္ခါတည္း မွန္ကန္ေအာင္ စနစ္တက် စိုက္ထူရမယ္။ ပႏၷတ္ ေသေသခ်ာခ်ာ ခ်ၿပီးမွ ထူရမယ္။ ထူၿပီးေတာ့မွ မႀကိဳက္လို႔ သေဘာမက်လို႔ဆိုၿပီး ျပန္ႏႈတ္၊ ျပန္စိုက္တာမ်ိဳး မျဖစ္ေစရဘူး။

ဒါေတြလဲ ေရွာင္ရဦးမယ္

အိမ္ေဆာက္ရာမွာ ေရွာင္သင့္တာေတြလဲ ရွိပါေသးတယ္။ အဲဒါေတြကေတာ့ အိမ္ျဖစ္တဲ့အတြက္ တိုင္ေတြ၊ ေဘာင္ေတြမွာ ကႏုတ္ ပန္းဆြဲေတြ ဘာေတြနဲ႔ တန္ဆာ မဆင္ရဘူး။ ထုတ္တန္းမစြပ္ခင္ ယက္မတင္တာမ်ိဳး မလုပ္ရဘူး။

ယက္မတင္ၿပီးမွ ထုတ္တန္းစြပ္ရမယ္။ ၾကမ္းခင္းထက္ေက်ာ္ၿပီး ရွည္ထြက္ေနတဲ့ တိုင္ေတြ မရွိသင့္ဘူး။ ရွိေနရင္ ျဖတ္ပစ္ရမယ္။ ေခါင္႐ိုးနဲ႔ (ေခါင္ေလွ်ာက္ခြ) မတင္ခင္မွာလဲ ၾကမ္းမေဖာက္ရဘူး။

ထုတ္ေတြ၊ တန္းေတြ အစြန္းထြက္တာ မရွိေစရဘူး။ ရွည္ထြက္ေနရင္ ျဖတ္ပစ္ရမယ္။ ၿပီးေတာ့ အိမ္မေဆာက္ခင္က ဝင္းထရံကို ႀကိဳၿပီး ခတ္မထားရဘူး။ အိမ္ေဆာက္ၿပီးမွ ဝင္းခတ္ရမယ္။

အိမ္သစ္ၿပီးလို႔ အိမ္သစ္တက္ေတာ့မယ္ဆိုရင္ သေျပသား ကိုင္ၿပီးမွ တတ္ရပါပါမယ္။ ေက်ာင္းသစ္ တက္ေတာ့မယ္ဆိုရင္ သနပ္သားေဆာင္ၿပီးမွ တက္ရမယ္။ ဒါမွ ေဘးရန္ခပ္သိမ္း ကင္းၿငိမ္းမယ္လို႔ ဆိုပါတယ္။

အိမ္အကာအကြယ္ အိမ္သစ္မွာ ေနထိုင္ၾကမယ့္ မိသားစုေတြ ေဘးဥပါဒ္ အႏၲရာယ္ေတြ ကင္းေဝးေအာင္ ကာကြယ္ၾကပုံလဲ ရွိပါေသးတယ္။

ကာကြယ္ပုံမွာ

အေရွ႕ေတာင္ကတိုင္မွာ သိ ၊အေနာက္ေတာင္က တိုင္မွာ န ၊ အေနာက္ေျမာက္ကတိုင္မွာ ဗိ ၊အေရွ႕ေျမာက္ကတိုင္မွာ ဘု ဆိုၿပီး ေရးသားရျခင္းပါပဲ။

အဲဒီ စာတစ္လုံးစီရဲ႕ အရွည္ကေတာ့ – သိ = သိၾကား ၊န = နဂါး ၊ဗိ = ဗိႆႏိုး ၊ဘု = ဘုရား ျဖစ္ပါတယ္။ ဒီစာေရးထားတဲ့ တိုင္ေတြကိုလဲ ေ႐ႊရည္၊ ေငြရည္၊ စိန္ရည္၊ ေက်ာက္ရည္တို႔ သြန္းေလာင္းေပးရပါတယ္။

ဒီလိုျပဳျခင္းအားျဖင့္ အိမ္သူအိမ္သားမ်ားဖို႔ ဥပါဒ္ အႏၲရာယ္ ကင္းရွင္းၿပီး စိတ္ရဲ႕ခ်မ္းသာျခင္း၊ ကိုယ္ရဲ႕ခ်မ္းသာျခင္းတို႔နဲ႔ ျပည့္စုံႏိုင္ပါသတဲ့ ခင္ဗ်ာ။

အခုတင္ျပခဲတဲ့ အေၾကာင္းအရာေတြကေတာ့ ျမန္မာ့ ႐ိုးရာထုံးတမ္းအစဥ္အလာအရ အိမ္သစ္၊ ေက်ာင္းသစ္ ေဆာက္ရာမွာ ျပဳလုပ္ေဆာင္႐ြက္၊ ေရွာင္ၾက၊ ေဆာင္ၾကတဲ့ အခ်က္ေတြပါ။

ေခတ္နဲ႔ ေလ်ာ္ညီစြာ ရွိတယ္၊ မေလ်ာ္ညီတယ္ ဆိုတာကိုေတာ့ စာဖတ္သူတို႔ကို ဆုံးျဖတ္ခြင့္ေပးၿပီး ႐ိုးရာဓေလ့ ထုံးစံတစ္ရပ္ကို မွတ္တမ္းတင္တဲ့အေနနဲ႔ ေဖာ္ျပလိုက္ရပါတယ္။

ခရက္ဒစ္ … ဦးဖိုးနီ

Leave a Comment