မြန်မာနိုင်ငံမှာ တစ်ခုတည်းသာ ကျန်ရှိတော့တဲ့ ခဲသတ္တုပြားမိုး ရှေးဟောင်း သာသနိက အဆောက်အဦ

မြန်မာနိုင်ငံမှာ တစ်ခုတည်းသာ ကျန်ရှိတော့တဲ့ ခဲသတ္တုပြားမိုး ရှေးဟောင်း သာသနိက အဆောက်အဦ

ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄)၊ မိုင်းလားမြို့ ဟိုမိန်း စစ်ဆေးရေးဂိတ်မှ ကိုက် (၅၀) အလွန် တောင်ပေါ်သို့ မော်တော်ယာဉ်ဖြင့် အတက် (၂) နာရီခန့် ကြာသော် တောတွင်းနေရာမှာ တည်ရှိသော ဝပ်နှောင်လုံ ရှေးဟောင်းဘုန်းတော်ကြီးကျောင်း။

ရှမ်းအရှေ့ဒေသ တောအတွင်း အရောက် အပေါက်နည်းပြီး သွားလာရန် ခက်ခဲတဲ့နေရာမှာ အရမ်းကို ခန်းနားထည်ဝါပြီး မြို့တွင်းကလို ပြုပြင်မှုတွေ အစားထိုးမှုတွေ သိပ်မပြုလုပ်တဲ့အတွက် ရှေးလက်ရာအတိုင်း ဘုန်းတော်ကြီးကျောင်းအဟောင်းတွေကို မြင်တွေ့ရပါတယ်။

အနည်းဆုံး သက်တမ်း နှစ် (၆၀၀ – ၇၀၀) နီးပါး ရှိကြပါတယ်။
ရှမ်းအရှေ့ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းရဲ့ ခေါင်မိုးတွေဟာ များသောအားဖြင့် ရိုးရာ အုတ်ကြွပ်မိုးတွေ ဖြစ်ကြပါတယ်။

မြို့ပေါ်က ရှေးဟောင်း ဘုန်းတော်ကြီး ကျောင်းတွေတောင် ခေတ်အဆက်ဆက် အလှူရှင်တွေ ပြုပြင် မွမ်းမံ လာကြတာနဲ့ နောက်ပိုင်းမှာ ရိုးရာ အုတ်ကြွပ်ခေါင်မိုးတောင် သိပ်မတွေ့ရတော့ပါဘူး။

အခု ပုံမှာမြင်တွေ့ရတဲ့ ဝပ်နှောင်လုံဘုန်းတော်ကြီးကျောင်းရဲ့ ခေါင်အပေါ် တစ်ချို့ အဆင့် နေရာမှာ ခဲပြား သတ္တုမိုး တစ်ချို့ ယနေ့ထက်တိုင် မြင်တွေ့နိုင်ပါသေးတယ် ။

ခဲပြားသတ္တုမိုးတဲ့ ယဉ်ကျေးမှု ရှေးဗိသုကာ လက်ရာတစ်ချို့ ကျွန်တော် မမြင်ဖူးပေမဲ့ ကြားဖူးတာ တစ်ခုကတော့ လှိုင်းတက် မြို့ဟောင်း နန်းတော်ရာ ခေါ်တဲ့ နေရာဝင်း အတွင်းမှာလည်း ခဲပြားချပ်တွေ တူးဖော် တွေ့ရကြောင်း ဒေသခံ ယာလုပ် အဘတစ်ဦးထံကလည်း ကြားဖူးပါတယ်။

ခဲပြားသတ္တုတွေများ မိုးခဲ့လေသလားအတွေးတွေနဲ့ ကျွန်တော် ဖတ်ကြည့်ဖူးတဲ့ သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ နယ်လှည့် ရာဇဝင်စာအုပ် စာမျက်နှာ (၂၇၆) အပိုဒ်ရေထဲမှ တစ်ချို့ကို ထည့်တွဲဖော်ပြလိုက်ပါတယ် ။

ဆရာကြီးဒေါက်တာသန်းထွန်း ရေးသား ကိုးကားဖော်ပြတဲ့ (မန္တလေးနန်းတော် ၂၃ – ၄) မှ မန္တလေးနန်းတော်အမိုးနဲ့ ပက်သက်ပြီး အခုလိုဖော်ပြထားတာ ဖြစ်ပါတယ်။

“နန်းတော်အဆောက်အုံ ရှိသမျှ အားလုံးသည် တစ်ထပ်တည်းသာရှိ၏။ အမိုးများ တင်ထားပုံမှာလည်း သဘောလက္ခဏာ တူ၍ ဘုန်းတော်ကြီး ကျောင်းများမှာ မြင်ရပုံနှင့် မခြားနားချေ။

အဆောက်အဦး၏ အရေးပါပုံကို လိုက်၍ ဘုံပြာသာဒ် အဆင့်ဆင့် တင်သည်ကို တွေနိုင်ပါသည်။
အုတ်ကျွတ်မိုး ဖြစ်ကောင်း၏ ဟုမျှော်လင့်ထားသော်လည်း အခုံးငယ်များ ပါသည့် သာမာန် သွပ်ပြား မိုးထားသည်ကို တွေ့နေရပါသည်။

ဥရောပတိုက်မှ ရယူလာသည့် အလေ့ဟူ၍ လုံးဝ မယူဆနိုင်ချေ။ အိန္ဒိယနှင့် တရုတ်တို့၏ ရှေးပဝေသဏီမှ စ၍ နန်းတော်အတွက် အမိုးကို ငွေပြား သို့မဟုတ် ခဲပြား ဖြစ်စေလိုသော ဆန္ဒရှိပါသည်။

ရုတ် မှတ်တမ်းများတွင် မြန်မာမြို့တော်၏ နန်းတော်အမိုးသည် ငွေဟု ဖော်ပြဖူး၏။ ကမ္ဘောဇ နန်းတော်တို့၌လည်း ငွေမိုးပင် တွေ့နိုင်ပါသည်။

ထို့ကြောင့် မန္တလေး (နန်းတော်) မှာသွပ်မိုး တွေ့နေရခြင်းမှာ ရှေးထုံးကိုလိုက်၍ ငွေနှင့်ခဲ ထိုသတ္တုတို့ အရောင်ရှိသော သွပ်ပြားကို သုံးခြင်းဖြင့် ရှေးထုံးပယ်ရာလည်း မရောက်ဆိုပြီး

(မန္တလေးနန်းတော် ၂၃ – ၄) က ဖော်ပြထားသည့် အသစ် ပြန်လည် မွန်းမံတည်ဆောက်ခြင်းနှင့် ပက်သက်ပြီး ဖော်ပြထားဟန်ရှိတဲ့အချက်ကို ဖတ်ရှုမိရင်း ရှေးယခင်က ငွေအမိုး ခဲသတ္တပြာအမိုးတွေ မြန်မာနိုင်ငံမှာ အသုံးပြုခဲ့ကြောင်း အထောက်အထားတွေကို အခုလို ဖတ်မိတာနဲ့ တိုက်ဆိုင်ပြီး ရှမ်းအရှေ့မှာတောင် တစ်နေရာတည်းသာ ကျန်ရှိနေတဲ့ နှစ်(၇၀၀) ကျော်ဝန်းကျင်က ခဲသတ္တုပြားမိုး ရှေးအထောက် အထားကို ဖော်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

ဝပ်နှောင်လုံ ဘုန်းတော်ကြီးကျောင်း ခေါင်မိုးတစ်ချို့ဟာ ယနေ့ခေတ်မှာ နှစ်ကာလတွေပြောင်းလဲလာတာနဲ့အမျှ အထက်ပိုင်း ခဲမိုး လက်ကျန် ကျန်ရှိနေပြီး အောက်ပိုင်းခေါင်မိုး ရိုးရာ အုတ်ကြွပ်မိုးအဟောင်း နေရာတွေမှာတော့ ခေတ်မှီ ယနေ့ခေတ် အုတ်ကြွပ်မိုး ပြောင်ပြောင်ကြီးတွေ အစားထိုး ဝင်ရောက်နေပါပြီ။


ဒါကို အခုပိုစ့်ရဲ့ပုံတစ်ချို့မှာ မြင်တွေ့နိုင်ပါတယ်။

ကျွန်တော်ဟာ ဝါသနာရှင်တစ်ယောက် အနေနဲ့ လေ့လာမိသမျှ သိထားတဲ့ အချက်အနည်းငယ်မျှဖြင့်ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ စိတ်ဝင်စားတဲ့ မိတ်ဆွေတွေ လေ့လာမြင်တွေ့နိုင်စေဖို့ ရည်ရွယ်ပြီး အခုလို ဖော်ပြပေးလိုက်ပါတယ်။

Credit

Zawgyi

ျမန္မာႏိုင္ငံမွာ တစ္ခုတည္းသာ က်န္ရွိေတာ့တဲ့ ခဲသတၱဳျပားမိုး ေရွးေဟာင္း သာသနိက အေဆာက္အဦ

ရွမ္းျပည္နယ္ အေရွ႕ပိုင္း အထူးေဒသ (၄)၊ မိုင္းလားၿမိဳ႕ ဟိုမိန္း စစ္ေဆးေရးဂိတ္မွ ကိုက္ (၅၀) အလြန္ ေတာင္ေပၚသို႔ ေမာ္ေတာ္ယာဥ္ျဖင့္ အတက္ (၂) နာရီခန႔္ ၾကာေသာ္ ေတာတြင္းေနရာမွာ တည္ရွိေသာ ဝပ္ေႏွာင္လုံ ေရွးေဟာင္းဘုန္းေတာ္ႀကီးေက်ာင္း။

ရွမ္းအေရွ႕ေဒသ ေတာအတြင္း အေရာက္ အေပါက္နည္းၿပီး သြားလာရန္ ခက္ခဲတဲ့ေနရာမွာ အရမ္းကို ခန္းနားထည္ဝါၿပီး ၿမိဳ႕တြင္းကလို ျပဳျပင္မႈေတြ အစားထိုးမႈေတြ သိပ္မျပဳလုပ္တဲ့အတြက္ ေရွးလက္ရာအတိုင္း ဘုန္းေတာ္ႀကီးေက်ာင္းအေဟာင္းေတြကို ျမင္ေတြ႕ရပါတယ္။

အနည္းဆုံး သက္တမ္း ႏွစ္ (၆၀၀ – ၇၀၀) နီးပါး ရွိၾကပါတယ္။
ရွမ္းအေရွ႕ ေရွးေဟာင္း ဘုန္းေတာ္ႀကီးေက်ာင္းရဲ႕ ေခါင္မိုးေတြဟာ မ်ားေသာအားျဖင့္ ႐ိုးရာ အုတ္ႂကြပ္မိုးေတြ ျဖစ္ၾကပါတယ္။

ၿမိဳ႕ေပၚက ေရွးေဟာင္း ဘုန္းေတာ္ႀကီး ေက်ာင္းေတြေတာင္ ေခတ္အဆက္ဆက္ အလႉရွင္ေတြ ျပဳျပင္ မြမ္းမံ လာၾကတာနဲ႔ ေနာက္ပိုင္းမွာ ႐ိုးရာ အုတ္ႂကြပ္ေခါင္မိုးေတာင္ သိပ္မေတြ႕ရေတာ့ပါဘူး။

အခု ပုံမွာျမင္ေတြ႕ရတဲ့ ဝပ္ေႏွာင္လုံဘုန္းေတာ္ႀကီးေက်ာင္းရဲ႕ ေခါင္အေပၚ တစ္ခ်ိဳ႕ အဆင့္ ေနရာမွာ ခဲျပား သတၱဳမိုး တစ္ခ်ိဳ႕ ယေန႔ထက္တိုင္ ျမင္ေတြ႕ႏိုင္ပါေသးတယ္ ။

ခဲျပားသတၱဳမိုးတဲ့ ယဥ္ေက်းမႈ ေရွးဗိသုကာ လက္ရာတစ္ခ်ိဳ႕ ကြၽန္ေတာ္ မျမင္ဖူးေပမဲ့ ၾကားဖူးတာ တစ္ခုကေတာ့ လႈိင္းတက္ ၿမိဳ႕ေဟာင္း နန္းေတာ္ရာ ေခၚတဲ့ ေနရာဝင္း အတြင္းမွာလည္း ခဲျပားခ်ပ္ေတြ တူးေဖာ္ ေတြ႕ရေၾကာင္း ေဒသခံ ယာလုပ္ အဘတစ္ဦးထံကလည္း ၾကားဖူးပါတယ္။

ခဲျပားသတၱဳေတြမ်ား မိုးခဲ့ေလသလားအေတြးေတြနဲ႔ ကြၽန္ေတာ္ ဖတ္ၾကည့္ဖူးတဲ့ သမိုင္းဆရာႀကီး ေဒါက္တာသန္းထြန္းရဲ႕ နယ္လွည့္ ရာဇဝင္စာအုပ္ စာမ်က္ႏွာ (၂၇၆) အပိုဒ္ေရထဲမွ တစ္ခ်ိဳ႕ကို ထည့္တြဲေဖာ္ျပလိုက္ပါတယ္ ။

ဆရာႀကီးေဒါက္တာသန္းထြန္း ေရးသား ကိုးကားေဖာ္ျပတဲ့ (မႏၲေလးနန္းေတာ္ ၂၃ – ၄) မွ မႏၲေလးနန္းေတာ္အမိုးနဲ႔ ပက္သက္ၿပီး အခုလိုေဖာ္ျပထားတာ ျဖစ္ပါတယ္။

“နန္းေတာ္အေဆာက္အုံ ရွိသမွ် အားလုံးသည္ တစ္ထပ္တည္းသာရွိ၏။ အမိုးမ်ား တင္ထားပုံမွာလည္း သေဘာလကၡဏာ တူ၍ ဘုန္းေတာ္ႀကီး ေက်ာင္းမ်ားမွာ ျမင္ရပုံႏွင့္ မျခားနားေခ်။

အေဆာက္အဦး၏ အေရးပါပုံကို လိုက္၍ ဘုံျပာသာဒ္ အဆင့္ဆင့္ တင္သည္ကို ေတြႏိုင္ပါသည္။
အုတ္ကြၽတ္မိုး ျဖစ္ေကာင္း၏ ဟုေမွ်ာ္လင့္ထားေသာ္လည္း အခုံးငယ္မ်ား ပါသည့္ သာမာန္ သြပ္ျပား မိုးထားသည္ကို ေတြ႕ေနရပါသည္။

ဥေရာပတိုက္မွ ရယူလာသည့္ အေလ့ဟူ၍ လုံးဝ မယူဆႏိုင္ေခ်။ အိႏၵိယႏွင့္ တ႐ုတ္တို႔၏ ေရွးပေဝသဏီမွ စ၍ နန္းေတာ္အတြက္ အမိုးကို ေငြျပား သို႔မဟုတ္ ခဲျပား ျဖစ္ေစလိုေသာ ဆႏၵရွိပါသည္။

႐ုတ္ မွတ္တမ္းမ်ားတြင္ ျမန္မာၿမိဳ႕ေတာ္၏ နန္းေတာ္အမိုးသည္ ေငြဟု ေဖာ္ျပဖူး၏။ ကေမာၻဇ နန္းေတာ္တို႔၌လည္း ေငြမိုးပင္ ေတြ႕ႏိုင္ပါသည္။

ထို႔ေၾကာင့္ မႏၲေလး (နန္းေတာ္) မွာသြပ္မိုး ေတြ႕ေနရျခင္းမွာ ေရွးထုံးကိုလိုက္၍ ေငြႏွင့္ခဲ ထိုသတၱဳတို႔ အေရာင္ရွိေသာ သြပ္ျပားကို သုံးျခင္းျဖင့္ ေရွးထုံးပယ္ရာလည္း မေရာက္ဆိုၿပီး

(မႏၲေလးနန္းေတာ္ ၂၃ – ၄) က ေဖာ္ျပထားသည့္ အသစ္ ျပန္လည္ မြန္းမံတည္ေဆာက္ျခင္းႏွင့္ ပက္သက္ၿပီး ေဖာ္ျပထားဟန္ရွိတဲ့အခ်က္ကို ဖတ္ရႈမိရင္း ေရွးယခင္က ေငြအမိုး ခဲသတၱျပာအမိုးေတြ ျမန္မာႏိုင္ငံမွာ အသုံးျပဳခဲ့ေၾကာင္း အေထာက္အထားေတြကို အခုလို ဖတ္မိတာနဲ႔ တိုက္ဆိုင္ၿပီး ရွမ္းအေရွ႕မွာေတာင္ တစ္ေနရာတည္းသာ က်န္ရွိေနတဲ့ ႏွစ္(၇၀၀) ေက်ာ္ဝန္းက်င္က ခဲသတၱဳျပားမိုး ေရွးအေထာက္ အထားကို ေဖာ္ျပလိုက္ရျခင္း ျဖစ္ပါတယ္။

ဝပ္ေႏွာင္လုံ ဘုန္းေတာ္ႀကီးေက်ာင္း ေခါင္မိုးတစ္ခ်ိဳ႕ဟာ ယေန႔ေခတ္မွာ ႏွစ္ကာလေတြေျပာင္းလဲလာတာနဲ႔အမွ် အထက္ပိုင္း ခဲမိုး လက္က်န္ က်န္ရွိေနၿပီး ေအာက္ပိုင္းေခါင္မိုး ႐ိုးရာ အုတ္ႂကြပ္မိုးအေဟာင္း ေနရာေတြမွာေတာ့ ေခတ္မွီ ယေန႔ေခတ္ အုတ္ႂကြပ္မိုး ေျပာင္ေျပာင္ႀကီးေတြ အစားထိုး ဝင္ေရာက္ေနပါၿပီ။

ဒါကို အခုပိုစ့္ရဲ႕ပုံတစ္ခ်ိဳ႕မွာ ျမင္ေတြ႕ႏိုင္ပါတယ္။

ကြၽန္ေတာ္ဟာ ဝါသနာရွင္တစ္ေယာက္ အေနနဲ႔ ေလ့လာမိသမွ် သိထားတဲ့ အခ်က္အနည္းငယ္မွ်ျဖင့္ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္ေတြ စိတ္ဝင္စားတဲ့ မိတ္ေဆြေတြ ေလ့လာျမင္ေတြ႕ႏိုင္ေစဖို႔ ရည္႐ြယ္ၿပီး အခုလို ေဖာ္ျပေပးလိုက္ပါတယ္။

Credit

Leave a Comment